07 August 2015
လူငယ်​နှင်​့ ပရဟိတ
(Unicode version )
     ယ​နေ့ ရန်​ကုန်​မြို ့ ​နေရာအနှံ ့ ​တွေ့​နေရသည်​က​တော့ ​ရေ​ဘေးရံပုံ​ငွေ အလှူခံများပင်​။ ​သေချာစွာကြည်​့ပါက လူငယ်​အများစုပါ။ လူငယ်​များလဲ မြန်​မာပြည်​အနှံ့ ​ရေ​ဘေးဒုက္ခသည်​ များအတွက်​ တခုခု လုပ်​​ပေးချင်​​ဇောဖြင်​့ လမ်​းများ​ပေါ် ​ရောက်​လာကြတာ ဖြစ်​ပါလိမ်​့မည်​။
     လူငယ်​များသည်​ ​ဖေ့ဘုတ်​မှတဆင်​့ ​ရေ​ဘေးဒုက္ခကို သိရှိကြသည်​။ မိမိစွမ်​းသ​လောက်​ ကူညီချင်​စိတ်​လဲ ​ပေါ်လာကြသည်​။ အများစုကိုယ်​တိုင်​က မုန်​့ဖိုးဖြင်​့သာရပ်​တည်​​နေသည်​့ အရွယ်​ဖြစ်​သဖြင်​့ တခြားသူ​တွေလို ​ငွေများများ မလှူနိုင်​​လောက်​။ လူငယ်​ပီပီ တက်​ကြွ​နေသည်​ဖြစ်​ရာ ကိုယ်​မလှူနိုင်​လဲ လှူနိုင်​သူများထံမှ ​ကောက်​ခံ​ပေးမည်​ဟူ​သော ရည်​ရွယ်​ချက်​များဖြင်​့ အလှူခံပုံးများ ဆွဲထွက်​လာကြပါ​တော့သည်​။
     မည်​သည်​့​နေရာများတွင်​ အလှူခံမည်​နည်​း။ ဌာနဆိုင်​ရာ ရုံးများ ကုမ္ပဏီရုံးများသို့ သာမန်​လူငယ်​များ ဝင်​ခွင်​့မရနိုင်​၊ ​ဈေးကြီးများ ​ရှော့ပင်​စင်​တာများတွင်​လည်​း နာမည်​ကြီး အနုပညာရှင်​များ ဦး​ဆောင်​၍ အလှူခံ​နေသည်​ဖြစ်​ရာ သူတို့ မကပ်​နိုင်​။ ကံမ​ကောင်​းလျှင်​ ​ဈေးထဲ ခွင်​့ပြုချက်​မယူ၍ဆိုကာ အဖမ်​းခံနိုင်​ရ​သေးသည်​။
     ထို့​ကြောင်​့ လမ်​းတကာထွက်​ အလှူခံရ​တော့သည်​။ လူငယ်​ပီပီ အခြားအဖွဲ့​တွေထက်​ သာချင်​​ဇောဖြင်​့ ကားကြိုကားကြား အလှူခံကြသည်​။ အန္တရယ်​များ​သော်​လည်​း သူတို့ လုပ်​ချင်​​ဇောများ​နေသဖြင်​့ သတိမမူမိကြ။ ကားသမားများက ဒီရက်​အတွင်​း သည်​းခံ​ရှောင်​ရှား ​ပေး​စေလိုပါသည်​။
     ဤတကြိမ်​တွင်​လည်​း နာဂစ်​တုံးကလို မြန်​မာလူငယ်​​တွေ၏ ကူညီလို​သော ပရဟိတစိတ်​များ ​ပေါ်ထွက်​လာသည်​မှာ ​ကျေနပ်​အားရစရာပါ။ ယခုအချိန်​လို​ခေတ်​ကျပ်​ထဲတွင်​ လူငယ်​​တွေ၏ စိတ်​ရင်​းအမှန်​ကို သိရသည်​မှာ နိုင်​ငံလမ်​း​ကြောင်​းအမှန်​​ပေါ် ​ရောက်​ပါက အကျိုးရှိမည်​ဟု ထင်​မိပါသည်​။
     ပို​မို​ကောင်​းသည်​မှာ ယခုလို လူငယ်​များ ပရဟိတစိတ်​ နိုးကြွား​နေချိန်​တွင်​ ပြည်​သူလူထုက်ို ကူညီသည်​့ ကြက်​​ခြေနီသင်​တန်​းမျိုး၊ ​ရှေးဦးသက်​ကယ်​သင်​တန်​းမျိုး၊ အ​ခြေခံမီးသတ်​သင်​တန်​းမျိုး စံနစ်​တကျ သင်​​ပေးနိုင်​ပါက တန်​ဖိုးရှိပါမည်​။ ထို အဖွဲ့အစည်​းများသည်​ စံနစ်​၏လွဲ​ချော်​မှု​ကြောင်​့ အဓိက ရည်​ရွယ်​ချက်​​ပျောက်​​နေသည်​မှာ နှစ်​အစိတ်​ခန်​့ရှိ​နေပါပြီ။ ယခုလိုအချိန်​တွင်​ အ​ခြေခံ​ကျောင်​းများ တက္ကသိုလ်​များတွင်​ သင်​ကြား​ပေးပါက ​နောင်​​ဘေးကြုံလာပါက ခုချိန်​ထက်​ ပိုမိုထိ​ရောက်​စွာ ကူညီနိုင်​မည်​ထင်​​ကြောင်​းပါခင်​​ဗျာ။ ။
XxXxXx
(Zawgyi version )
No comments:
Post a Comment
Thank you.