24 July 2015

ပြည်​သူ့ကိုယ်​စားလှယ်​​လောင်း

(Unicode version)


ငယ်​စဉ်​က ​နေအိမ်​နှင်​့ မလှမ်​းမကမ်​းတွင်​ ဘုန်​းကြီး​ကျောင်​းကြီးတဝင်​း ရှိ၏။ ​မနက်​ခင်​း ဆယ်​နာရီခွဲခန်​့တွင်​ ​ယောဂီများ ဘုန်​းကြီးများ ဆွမ်​းစားရန်​ ​ခေါင်​း​လောင်​းထိုး​လေသည်​။ ကျွန်​​တော်​က​တော့ တိန်​ တိန်​ ဟုသာကြားသည်​။ တချို့ကလဲ ဒူ ဒူ ဟုကြားသတ့ဲ။ မည်​သို့ကြားသည်​ဖြစ်​​စေ တရားမှတ်​နေ​သော ​ယောဂီတို့သည်​ အမှတ်​မပျက်​ ဆွမ်​းစား​ဆောင်​သို့ကြွ​လေသည်​။ ဘာသံမျှ မကြားရ။ သို့​သော်​ ဘုန်​းကြီး​ကျောင်​းဝင်​း အတွင်​း​နေ ​ခွေးအ​ပေါင်​းတို့သည်​ ဆူညံစွာ အူကြကုန်​၏။ ငယ်​စဉ်​က​လေးဘဝ နားလည်​ခ့ဲသည်​မှာ ​ခွေး​တွေလဲ ငါတို့စားရ​တော့မယ်​ဟုထင်​ကာ အူကြ​လေသတည်​း ​ပေါ့။

.

​နောက်​ သုံးလ​ကျော်​ဆိုလျှင်​ ​ရွေး​ကောက်​ပွဲကြီး ကျင်​းပမည်​ဟု တရားဝင်​​ကြေငြာလိုက် ပါပြီ။ ဝင်​ပြိုင်​မည်​့ ပါတီများသည်​ ကိုယ်​စားပြုအမတ်​များ ​ရွေးချယ်​​နေကြပါပြီ။ ကိုယ်​့ပါတီကိုယ်​စားပြုသူက အ​ရွေးချယ်​ခံရပါမှ အစိုးရဖွဲ့နိုင်​မည်​ဖြစ်​သဖြင်​့ အရည်​အချင်​းရှိသူ​တွေ ​ရွေးချယ်​​နေကြမှာ မလွဲပါ။ ပါတီကိုယ်​စားပြု အမတ်​​လောင်​း ​ရွေးကတည်​းက ထိုပါတီ၏ အ​ခြေအ​နေကို ခန်​့မှန်​းအကဲဖြတ်​နိုင်​ပြီ ဖြစ်​ရာ လွန်​စွာအ​ရေးကြီးသည်​့ အဆင်​့ဖြစ်​ပါသည်​။

.

စသည်​နှင်​့ အကွဲအပြဲ​လေးများ ကြားလာရသည်​။ ပထမဦးဆုံး လက်​ရှိအာဏာရ ပါတီက စ​လေ့လာကြည်​့ပါသည်​။ ထိပ်​ဆုံး ​ခေါင်​း​ဆောင်​​တွေက စကွဲလာသည်​။ ကြံ့ဖွံ့ပါတီသည်​ တပ်​မ​တော်​ကို အ​ခြေခံခ့ဲသည်​ဖြစ်​ရာ အခိုင်​မာဆုံး Institution ဖြစ်​မည်​ဟုထင်​ခ့ဲ​သော်​လည်​း ​ဗမာ​တွေပီပီ ကွဲလာကြသည်​။ အမိန်​့​ပေးစံနစ်​ကို ကျင်​့သုံးသည်​့ စစ်​တပ်​မှ လာသူ​တွေဖြစ်​ရာ ကွဲသည်​မှာ အံ့သြစရာ။ ကယားပြည်​နယ်​ ကိုယ်​စားပြုမည်​့ အမတ်​​လောင်​း​ရွေးရာမှ လက်​ရှိကယားဝန်​ကြီးချုပ်​ အပါအဝင်​ ဝန်​ကြီးများ ပါတီမှ နှုတ်​ထွက်​ကုန်​သည်​။ စစ်​တပ်​မှ ​ဗိုလ်​ချုပ်​​ပေါင်​း ၁၄၀ခန်​့ ပါတီသို့ ကူး​ပြောင်​း၍ အမတ်​​လောင်​း အ​ရွေးခံမည်​ဟု ကြားရရာ တသက်​လုံး ပါတီအလုပ်​လုပ်​လာသူ မြို့နယ်​မှ ပုဂိ္ဂုလ်​များထံမှ မ​ကြေနပ်​သံများ ထွက်​လာပါသည်​။ မည်​သည်​့နိုင်​ငံတွင်​ဖြစ်​​စေ၊ လက်​ရှိအာဏာရ အစိုးရ၏ ပါတီသည်​ ​ရွေး​ကောက်​ပွဲတွင်​ အသာရသည်​ဖြစ်​ရာ သူတို့အကွဲအပြဲကို ကျန်​​ရွေး​ကောက်​ပွဲဝင်​မည်​့ ပါတီများက သ​ဘောကျမည်​မှာ မလွဲပါ။

.

ဒုတိယအ​နေနှင်​့ NLD ပါတီကို ကြည်​့ပါမည်​။ တာထွက်​​ကောင်​းလှသည်​။ ရန်​ကုန်​တက္ကသိုလ်​ ပါ​မောက္ခချုပ်​ ​ဒေါက်​တာ​အောင်​သူတ​ယောက်​တည်​းနှင်​့ပင်​ impression အရမ်​းတက်​သွားသည်​။ ကျန်​ပညာရှင်​များ NLD မှ အ​ရွေးခံရန်​ ပူး​ပေါင်​းလာကြရာ အားအလွန်​​တောင်​့လာပါသည်​။ NLD အ​နေဖြင်​့ ဤ​နေရာတွင်​ ၂၀၁၂ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ဖြစ်​ခ့ဲသည်​များကို သင်​ခန်​းစာ ယူမည်​ထင်​ပါသည်​။ တချို့မြို့နယ်​များတွင်​ တချိန်​လုံး ​ထောင်​ကျ အနစ်​နာခံသူများ မပါရ၍ တခြားမှ ဝင်​အ​ရွေးခံကြသည်​။ အင်​အားပ့ဲ​စေသည်​ဖြစ်​ရာ ​သေချာ​ကြေလည်​​အောင်​ ​ဆွေး​နွေးကြသင်​့သည်​။ သို့​သော်​အချိန်​က သိတ်​မရ​တော့ရာ အခက်​အခဲတခုဖြစ်​​နေမှာ ​သေချာသည်​။ ဒီတ​ခေါက်​လည်​း NLDမှ အ​ရွေးခံလျှင်​ အမတ်​ဖြစ်​ဖို့ ​သေချာ​နေရာ မူလအမာခံများနှင်​့ ယခုမှ ​ရောက်​လာ​သော ပညာရှင်များ၊ ​ လူသိများ​သောပုဂ္ဂိုလ်​များကြား ပဋိပက္ခ မဖြစ်​ရန်​ စီစဉ်​နိုင်လျှင် ​​NLD ၏ အရည်​အ​သွေးကို ပြပြီးသား ဖြစ်​ပါမည်​။ သို့မဟုတ်​လျှင်​မူ....

.

တတိယ စိတ်​ဝင်​စား​သော အဖွဲ့အစည်​းများမှာ တိုင်​းရင်​းသားပါတီများပါ။ NLDနှင်​့ ညှိနှိုင်​းနိုင်​လျှင်​ မဲဆန္ဒနယ်​​မြေ ​ရှောင်​လွှဲနိုင်​သဖြင်​့ မိမိနယ်​​​မြေတွင်​ မိမိပါတီ၏ စည်​းရုံး​ရေးကို ပြသနိုင်​​ပေမည်​။ NLD နှင်​့ဟု ​ပြောရသည်​မှာ ကြံ့ဖွံပါတီက မည်​သည်​့တိုင်​းရင်​းသားပါတီနှင်​့မှ မဲဆန္ဒနယ်​​မြေ ခွဲဝင်​​ရေး ​ဆွေး​နွေးသည်​ဟု မကြားမိ​သော​ကြောင်​့ပါ။ တိုင်​းရင်​းသားများထဲတွင်​ မွန်​ပါတီများကို သ​ဘောကျဆုံးဖြစ်​သည်​။ အဓိက မွန်​နှစ်​ပါတီ ပူး​ပေါင်​းထားရာ ခုအချိန်​ထိ ဘာသံမျှ မကြားရရာ အဆင်​​ပြေသည်​ဟု ထင်​ပါသည်​။ ရခိုင်​ပါတီကြီးနှစ်​ခုလဲ ပူး​ပေါင်​းပြီး အမတ်​​လောင်​း​ရွေးချယ်​​တော့မှ အသံအချို့ထွက်​လာပါသည်​။ အတိမ်​အနက်​ မည်​မျှရှိသည်​ကို ​ဖေ့ဘုတ်​​ပေါ်မှ သတင်​း​လောက်​နှင်​့ မခန်​့မှန်​းနိုင်​ပါ။ အဆင်​​ပြေ​စေရန်​ ဆု​တောင်​းပါသည်​။ မဲဆန္ဒနယ်​​မြေ အများဆုံး ရှမ်​းပြည်​ပါတီကြီး နှစ်​ခုက​တော့ ညှိ၍ရမည်​ မထင်​​တော့ပါ။ ၂၀၁၂က ခွဲဝင်​သည်​့ အ​ကြောင်​းက နားလည်​အဆင်​​ပြေပြီး ​နောက်​ပိုင်​းဇတ်​လမ်​းများ​ကြောင်​့ မ​ပြေလည်​သိဟု ကြားသိရသည်​။ ​နောက်​ဆုံး အချိန်​မတိုင်​ခင်​ အဆင်​​ပြေပါ​စေဟုသာ ဆု​တောင်​းဖို့ဘဲ ရှိ​တော့သည်​။

လူဦး​ရေများသည်​့ ကရင်​နှင်​့ ကချင်​ ပါတီများအ​ရေး မသဲကွဲ​သေးပါ။ ထို​ဒေသများရှိ စစ်​ပွဲများ​ကြောင်​့ တချို့​နေရာ ​ရွေး​ကောက်​ပွဲ ကျင်​းပဖြစ်​ မဖြစ်​ကို စက်​တင်​ဘာလမှ အဆုံးအဖြတ်​ သိရပါမည်​။ ကျင်​းပဖြစ်​လျှင်​လည်​း KNU နှင်​့ KIA ၏ လွှမ်​းမိုးမှု ရှိမည်​မလွဲပါ။ ချင်​းပြည်​နယ်​တွင်​မူ အမျိုးကွဲများသလို ပါတီလဲများသည်​ဟုသာ ကြားပါသည်​။ ​ရွေး​ကောက်​ပွဲ ဝင်​မည်​့ပါတီစာရင်​း အတိအကျမသိဘဲ ​ရေးမိသည်​ဖြစ်​ရာ ခွင်​့လွှတ်​ကြပါကုန်​။

.

အစက ​ဗမာလူမျိုးများသာ အကွဲလွယ်​သည်​ဟု ထင်​မိရာ ခု​တော့ မြန်​မာပြည်​သူ​တွေ အတူတူပါဘဲ ဖြစ်​​နေသည်​။ တဖွဲ့မှကို မကွဲ​စေချင်​ပါ။ ​ရွေး​ကောက်​ပွဲဆိုသည်​မှာ ပြိုင်​ပွဲတမျိုးဖြစ်​ရာ လူသားတို့ သ​ဘောအတိုင်​း အနိုင်​ရလိုမည်​မှာ မလွဲပါ။ သို့​သော်​ သတိချပ်​ရမည်​မှာ ဤတကြိမ်​ ​ရွေး​ကောက်​ပွဲသည်​ သာမန်​လုပ်​ရိုးလုပ်​စဉ်​မက၊ နှစ်​ငါးဆယ်​​ကျော်​ အုပ်​စိုးခ့ဲသည်​့ စံနစ်​ကြီးကို ​ပြောင်​းလဲနိုင်​မည်​့ အခွင်​့အ​ရေးဖြစ်​​နေသည်​ ဆိုတာကိုပါ။ စိတ်​ကူးယဉ်​သည်​ဆို​စေ၊ ဒီတခါ ညီညီညွတ်​ညွတ်​ဖြင်​့ စု​ပေါင်​းပြိုင်​၊ စံနစ်​​ပြောင်​းပြီဆိုမှ ၂၀၂၀တွင်​ ​ဆော်​ချင်​လဲ ​ဆော်​ကြ​ဗျာ။

.

အိမ်​​ဘေး ဘုန်​းကြီး​ကျောင်​းမှ ​ခေါင်​း​လောင်​းထိုးသံ ကြားရပါပြီ။ တရားအမှတ်​နှင်​့ ​ယောဂီများက​တော့ ဆွမ်​းစား​ဆောင်​ဖက်​ ကြွ​နေကြရာ ဘာသံမျှ မကြားရ။ ။

XxXxXx

(Zawgyi version )

ငယ္​စဥ္​က ​ေနအိမ္​ႏွင္​့ မလွမ္​းမကမ္​းတြင္​ ဘုန္​းႀကီး​ေက်ာင္​းႀကီးတဝင္​း ႐ွိ၏။ ​မနက္​ခင္​း ဆယ္​နာရီခြဲခန္​႔တြင္​ ​ေယာဂီမ်ား ဘုန္​းႀကီးမ်ား ဆြမ္​းစားရန္​ ​ေခါင္​း​ေလာင္​းထိုး​ေလသည္​။ ကြၽန္​​ေတာ္​က​ေတာ့ တိန္​ တိန္​ ဟုသာၾကားသည္​။ တခ်ိဳ႕ကလဲ ဒူ ဒူ ဟုၾကားသတ့ဲ။ မည္​သို႔ၾကားသည္​ျဖစ္​​ေစ တရားမွတ္​ေန​ေသာ ​ေယာဂီတို႔သည္​ အမွတ္​မပ်က္​ ဆြမ္​းစား​ေဆာင္​သို႔ႂကြ​ေလသည္​။ ဘာသံမွ် မၾကားရ။ သို႔​ေသာ္​ ဘုန္​းႀကီး​ေက်ာင္​းဝင္​း အတြင္​း​ေန ​ေခြးအ​ေပါင္​းတို႔သည္​ ဆူညံစြာ အူၾကကုန္​၏။ ငယ္​စဥ္​က​ေလးဘဝ နားလည္​ခ့ဲသည္​မွာ ​ေခြး​ေတြလဲ ငါတို႔စားရ​ေတာ့မယ္​ဟုထင္​ကာ အူၾက​ေလသတည္​း ​ေပါ့။
.
​ေနာက္​ သံုးလ​ေက်ာ္​ဆိုလွ်င္​ ​ေရြး​ေကာက္​ပြဲႀကီး က်င္​းပမည္​ဟု တရားဝင္​​ေၾကျငာလိုက္ ပါၿပီ။ ဝင္​ၿပိဳင္​မည္​့ ပါတီမ်ားသည္​ ကိုယ္​စားျပဳအမတ္​မ်ား ​ေရြးခ်ယ္​​ေနၾကပါၿပီ။ ကိုယ္​့ပါတီကိုယ္​စားျပဳသူက အ​ေရြးခ်ယ္​ခံရပါမွ အစိုးရဖြဲ႔ႏိုင္​မည္​ျဖစ္​သျဖင္​့ အရည္​အခ်င္​း႐ွိသူ​ေတြ ​ေရြးခ်ယ္​​ေနၾကမွာ မလြဲပါ။ ပါတီကိုယ္​စားျပဳ အမတ္​​ေလာင္​း ​ေရြးကတည္​းက ထိုပါတီ၏ အ​ေျခအ​ေနကို ခန္​႔မွန္​းအကဲျဖတ္​ႏိုင္​ၿပီ ျဖစ္​ရာ လြန္​စြာအ​ေရးႀကီးသည္​့ အဆင္​့ျဖစ္​ပါသည္​။
.
စသည္​ႏွင္​့ အကြဲအျပဲ​ေလးမ်ား ၾကားလာရသည္​။ ပထမဦးဆံုး လက္​႐ွိအာဏာရ ပါတီက စ​ေလ့လာၾကည္​့ပါသည္​။ ထိပ္​ဆံုး ​ေခါင္​း​ေဆာင္​​ေတြက စကြဲလာသည္​။ ၾကံ့ဖြံ႔ပါတီသည္​ တပ္​မ​ေတာ္​ကို အ​ေျခခံခ့ဲသည္​ျဖစ္​ရာ အခိုင္​မာဆံုး Institution ျဖစ္​မည္​ဟုထင္​ခ့ဲ​ေသာ္​လည္​း ​ဗမာ​ေတြပီပီ ကြဲလာၾကသည္​။ အမိန္​႔​ေပးစံနစ္​ကို က်င္​့သံုးသည္​့ စစ္​တပ္​မွ လာသူ​ေတြျဖစ္​ရာ ကြဲသည္​မွာ အံ့ၾသစရာ။ ကယားျပည္​နယ္​ ကိုယ္​စားျပဳမည္​့ အမတ္​​ေလာင္​း​ေရြးရာမွ လက္​႐ွိကယားဝန္​ႀကီးခ်ဳပ္​ အပါအဝင္​ ဝန္​ႀကီးမ်ား ပါတီမွ ႏႈတ္​ထြက္​ကုန္​သည္​။ စစ္​တပ္​မွ ​ဗိုလ္​ခ်ဳပ္​​ေပါင္​း ၁၄၀ခန္​႔ ပါတီသို႔ ကူး​ေျပာင္​း၍ အမတ္​​ေလာင္​း အ​ေရြးခံမည္​ဟု ၾကားရရာ တသက္​လံုး ပါတီအလုပ္​လုပ္​လာသူ ၿမိဳ႕နယ္​မွ ပုဂိၢဳလ္​မ်ားထံမွ မ​ေၾကနပ္​သံမ်ား ထြက္​လာပါသည္​။ မည္​သည္​့ႏိုင္​ငံတြင္​ျဖစ္​​ေစ၊ လက္​႐ွိအာဏာရ အစိုးရ၏ ပါတီသည္​ ​ေရြး​ေကာက္​ပြဲတြင္​ အသာရသည္​ျဖစ္​ရာ သူတို႔အကြဲအျပဲကို က်န္​​ေရြး​ေကာက္​ပြဲဝင္​မည္​့ ပါတီမ်ားက သ​ေဘာက်မည္​မွာ မလြဲပါ။
.
ဒုတိယအ​ေနႏွင္​့ NLD ပါတီကို ၾကည္​့ပါမည္​။ တာထြက္​​ေကာင္​းလွသည္​။ ရန္​ကုန္​တကၠသိုလ္​ ပါ​ေမာကၡခ်ဳပ္​ ​ေဒါက္​တာ​ေအာင္​သူတ​ေယာက္​တည္​းႏွင္​့ပင္​ impression အရမ္​းတက္​သြားသည္​။ က်န္​ပညာ႐ွင္​မ်ား NLD မွ အ​ေရြးခံရန္​ ပူး​ေပါင္​းလာၾကရာ အားအလြန္​​ေတာင္​့လာပါသည္​။ NLD အ​ေနျဖင္​့ ဤ​ေနရာတြင္​ ၂၀၁၂ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲတြင္​ ျဖစ္​ခ့ဲသည္​မ်ားကို သင္​ခန္​းစာ ယူမည္​ထင္​ပါသည္​။ တခ်ိဳ႕ၿမိဳ႕နယ္​မ်ားတြင္​ တခ်ိန္​လံုး ​ေထာင္​က် အနစ္​နာခံသူမ်ား မပါရ၍ တျခားမွ ဝင္​အ​ေရြးခံၾကသည္​။ အင္​အားပ့ဲ​ေစသည္​ျဖစ္​ရာ ​ေသခ်ာ​ေၾကလည္​​ေအာင္​ ​ေဆြး​ေႏြးၾကသင္​့သည္​။ သို႔​ေသာ္​အခ်ိန္​က သိတ္​မရ​ေတာ့ရာ အခက္​အခဲတခုျဖစ္​​ေနမွာ ​ေသခ်ာသည္​။ ဒီတ​ေခါက္​လည္​း NLDမွ အ​ေရြးခံလွ်င္​ အမတ္​ျဖစ္​ဖို႔ ​ေသခ်ာ​ေနရာ မူလအမာခံမ်ားႏွင္​့ ယခုမွ ​ေရာက္​လာ​ေသာ ပညာ႐ွင္မ်ား၊ ​ လူသိမ်ား​ေသာပုဂၢိဳလ္​မ်ားၾကား ပဋိပကၡ မျဖစ္​ရန္​ စီစဥ္​နိုင္လွ်င္ ​​NLD ၏ အရည္​အ​ေသြးကို ျပၿပီးသား ျဖစ္​ပါမည္​။ သို႔မဟုတ္​လွ်င္​မူ....
.
တတိယ စိတ္​ဝင္​စား​ေသာ အဖြဲ႔အစည္​းမ်ားမွာ တိုင္​းရင္​းသားပါတီမ်ားပါ။ NLDႏွင္​့ ညႇိႏိႈင္​းႏိုင္​လွ်င္​ မဲဆႏၵနယ္​​ေျမ ​ေ႐ွာင္​လႊဲႏိုင္​သျဖင္​့ မိမိနယ္​​​ေျမတြင္​ မိမိပါတီ၏ စည္​းရံုး​ေရးကို ျပသႏိုင္​​ေပမည္​။ NLD ႏွင္​့ဟု ​ေျပာရသည္​မွာ ၾကံ့ဖြံပါတီက မည္​သည္​့တိုင္​းရင္​းသားပါတီႏွင္​့မွ မဲဆႏၵနယ္​​ေျမ ခြဲဝင္​​ေရး ​ေဆြး​ေႏြးသည္​ဟု မၾကားမိ​ေသာ​ေၾကာင္​့ပါ။ တိုင္​းရင္​းသားမ်ားထဲတြင္​ မြန္​ပါတီမ်ားကို သ​ေဘာက်ဆံုးျဖစ္​သည္​။ အဓိက မြန္​ႏွစ္​ပါတီ ပူး​ေပါင္​းထားရာ ခုအခ်ိန္​ထိ ဘာသံမွ် မၾကားရရာ အဆင္​​ေျပသည္​ဟု ထင္​ပါသည္​။ ရခိုင္​ပါတီႀကီးႏွစ္​ခုလဲ ပူး​ေပါင္​းၿပီး အမတ္​​ေလာင္​း​ေရြးခ်ယ္​​ေတာ့မွ အသံအခ်ိဳ႕ထြက္​လာပါသည္​။ အတိမ္​အနက္​ မည္​မွ်႐ွိသည္​ကို ​ေဖ့ဘုတ္​​ေပၚမွ သတင္​း​ေလာက္​ႏွင္​့ မခန္​႔မွန္​းႏိုင္​ပါ။ အဆင္​​ေျပ​ေစရန္​ ဆု​ေတာင္​းပါသည္​။ မဲဆႏၵနယ္​​ေျမ အမ်ားဆံုး ႐ွမ္​းျပည္​ပါတီႀကီး ႏွစ္​ခုက​ေတာ့ ညႇိ၍ရမည္​ မထင္​​ေတာ့ပါ။ ၂၀၁၂က ခြဲဝင္​သည္​့ အ​ေၾကာင္​းက နားလည္​အဆင္​​ေျပၿပီး ​ေနာက္​ပိုင္​းဇတ္​လမ္​းမ်ား​ေၾကာင္​့ မ​ေျပလည္​သိဟု ၾကားသိရသည္​။ ​ေနာက္​ဆံုး အခ်ိန္​မတိုင္​ခင္​ အဆင္​​ေျပပါ​ေစဟုသာ ဆု​ေတာင္​းဖို႔ဘဲ ႐ွိ​ေတာ့သည္​။
လူဦး​ေရမ်ားသည္​့ ကရင္​ႏွင္​့ ကခ်င္​ ပါတီမ်ားအ​ေရး မသဲကြဲ​ေသးပါ။ ထို​ေဒသမ်ား႐ွိ စစ္​ပြဲမ်ား​ေၾကာင္​့ တခ်ိဳ႕​ေနရာ ​ေရြး​ေကာက္​ပြဲ က်င္​းပျဖစ္​ မျဖစ္​ကို စက္​တင္​ဘာလမွ အဆံုးအျဖတ္​ သိရပါမည္​။ က်င္​းပျဖစ္​လွ်င္​လည္​း KNU ႏွင္​့ KIA ၏ လႊမ္​းမိုးမႈ ႐ွိမည္​မလြဲပါ။ ခ်င္​းျပည္​နယ္​တြင္​မူ အမ်ိဳးကြဲမ်ားသလို ပါတီလဲမ်ားသည္​ဟုသာ ၾကားပါသည္​။ ​ေရြး​ေကာက္​ပြဲ ဝင္​မည္​့ပါတီစာရင္​း အတိအက်မသိဘဲ ​ေရးမိသည္​ျဖစ္​ရာ ခြင္​့လႊတ္​ၾကပါကုန္​။
.
အစက ​ဗမာလူမ်ိဳးမ်ားသာ အကြဲလြယ္​သည္​ဟု ထင္​မိရာ ခု​ေတာ့ ျမန္​မာျပည္​သူ​ေတြ အတူတူပါဘဲ ျဖစ္​​ေနသည္​။ တဖြဲ႔မွကို မကြဲ​ေစခ်င္​ပါ။ ​ေရြး​ေကာက္​ပြဲဆိုသည္​မွာ ၿပိဳင္​ပြဲတမ်ိဳးျဖစ္​ရာ လူသားတို႔ သ​ေဘာအတိုင္​း အႏိုင္​ရလိုမည္​မွာ မလြဲပါ။ သို႔​ေသာ္​ သတိခ်ပ္​ရမည္​မွာ ဤတႀကိမ္​ ​ေရြး​ေကာက္​ပြဲသည္​ သာမန္​လုပ္​႐ိုးလုပ္​စဥ္​မက၊ ႏွစ္​ငါးဆယ္​​ေက်ာ္​ အုပ္​စိုးခ့ဲသည္​့ စံနစ္​ႀကီးကို ​ေျပာင္​းလဲႏိုင္​မည္​့ အခြင္​့အ​ေရးျဖစ္​​ေနသည္​ ဆိုတာကိုပါ။ စိတ္​ကူးယဥ္​သည္​ဆို​ေစ၊ ဒီတခါ ညီညီၫြတ္​ၫြတ္​ျဖင္​့ စု​ေပါင္​းၿပိဳင္​၊ စံနစ္​​ေျပာင္​းၿပီဆိုမွ ၂၀၂၀တြင္​ ​ေဆာ္​ခ်င္​လဲ ​ေဆာ္​ၾက​ဗ်ာ။
.
အိမ္​​ေဘး ဘုန္​းႀကီး​ေက်ာင္​းမွ ​ေခါင္​း​ေလာင္​းထိုးသံ ၾကားရပါၿပီ။ တရားအမွတ္​ႏွင္​့ ​ေယာဂီမ်ားက​ေတာ့ ဆြမ္​းစား​ေဆာင္​ဖက္​ ႂကြ​ေနၾကရာ ဘာသံမွ် မၾကားရ။ ။

No comments:

Post a Comment

Thank you.