16 July 2015

ပ​ရော်​ဖက်​ရှင်​နယ်​

 (Unicode version)

            ​ရှေးဦးစွာ professional ဆို​သော အင်္ဂလိပ်​​ဝေါဟာရကို မြန်​မာလို အဓိပ္ပါယ်​ ဖွင်​့ချင်​ပါသည်​။ ၁၉၁၇ခုနှစ်​ထုတ်​ ဦးထွန်​ငြိမ်​း အင်္ဂလိပ်​-မြန်​မာ အဘိဓါန်​တွင်​ adj အ​နေဖြင်​့ အလုပ်​အကိုင်​ - အသက်​​မွေး၀မ်​း​ကျောင်​းနှင်​့ စပ်​ဆိုင်​​သော ၊ noun အ​နေဖြင်​့ ပညာသည်​၊ အလုပ်​တတ်​​မြောက်​သူဟု ဖွင်​့ဆိုထာပါသည်​။ နှစ်​တရာခန်​့ကြာသည်​့အခါ ထိုပ​ရော်​ဖက်​ရှင်​နယ်​၏ အဓိပ္ပါယ်​ ပိုမိုကျယ်​ဝန်​း​နေပါပြီ။

.

လွန်​ခ့ဲ​သောနှစ်​ငါးဆယ်​​ကျော်​ ၁၉၆၀နှစ်​များက ထို professional စကားလုံးကို အဓိပ္ပါယ်​ ​ကောက်​ယူမှု၊ လွဲမှားစွာဘာသာပြန်​မှု​ကြောင်​့ မြန်​မာနိုင်​ငံ အင်​မတန်​ နစ်​နာခ့ဲပါသည်​။ ထိုအချိန်​က မြန်​မာ့လက်​​ရွေးစင်​​ဘောလုံးအသင်​း အ​ကောင်​းဆုံးအချိန်​ဖြစ်​သည်​။ သို​့​သော်​ football world cup ဟု​ခေါ်​သော ကမ္ဘာ့ဖလားတွင်​ မကန်​ခ့ဲရ။ အဓိပ္ပါယ်​ ပြန်​ဆိုထားရာတွင်​ ​တွေ့နိုင်​​သော " not an amateur but a professional " ကို " အ​ပျော်​တမ်​းမဟုတ်​၊ ​ကြေးစားများသာ " ဟု ယူဆလိုက်​သည်​့အတွက်​ပါ။ မိမိ ကျွမ်​းကျင်​သည်​့ပညာဖြင်​့ အခ​ကြေး​ငွေရှာသူများတွင်​ ​ဘောလုံးသမားကျမှ ​ကြေးစားဟု သတ်​မှတ်​ခ့ဲပြီး သွားမပြိုင်​​တော့။ အ​ပျော်​တမ်​းသမားများသာပြိုင်​သည်​့ အိုလံပစ်​ပွဲတွင်​​တော့ ​ခြေစစ်​ပွဲ​အောင်​ပြီး ဝင်​ပြိုင်​ခွင်​့ ရခ့ဲဘူးသည်​။ ကမ္ဘာ့ဖလား ​ခြေစစ်​ပွဲဝင်​လျှင်​ ၁၉၆၆ သို့မဟုတ်​ ၁၉၇၀တွင်​ ​အောင်​နိုင်​ပါသည်​။ ခုချိန်​တွင်​ အိပ်​မက်​သာ။ ( နိုင်​ငံ​ရေးလဲ ပါသင်​့သ​လောက်​ ပါပါလိမ်​့မည်​။)

.

ထားပါ​တော့။ လူတ​ယောက်​သည်​ ပညာရပ်​တခုကို ကျွမ်​းကျင်​​အောင်​တတ်​​မြောက်​ပြီးပါက ထိုပညာဖြင်​့ အခ​ကြေး​ငွေယူတာ ပုံမှန်​ပါ။ ထိုက်​သင်​့​သော အဖိုးအခကို ယူရပါမည်​။ မိမိဝါသနာပါ​သော ပ​ရော်​ဖက်​ရှင်​နယ်​ကို မိမိဖာသာ ​ရွေးချယ်​နိုင်​ရပါမည်​။ ဆရာဝန်​သည်​ ​ဆေးကုသ​ပေးရပါမည်​။

ဒရိုက်​​ဗာသည်​ ကား​မောင်​းရပါမည်​။

အင်​ဂျင်​နီယာသည်​ ပြုပြင်​ တည်​​ဆောက်​ရပါမည်​။

​ဗိသုကာများသည်​ ပုံစံအသစ်​များဆွဲရပါမည်​။

စာနယ်​ဇင်​းများသည်​ မှားတာကို​ထောက်​၊ ​ကောင်​းမည်​့အကြံဉာဏ်​များ​ရေးသည်​့ အလုပ်​များကို လုပ်​ရပါမည်​။

မိမိ​ရွေးချယ်​ထားသည်​့ အလုပ်​ကို ပ​ရော်​ဖက်​ရှင်​နယ်​ ပီသစွာ လုပ်​ဖို့ဘဲ ဖြစ်​သည်​။

.

ဆရာဝန်​က ငါ့ဆီ ​နေမ​ကောင်​းတ့ဲလူ​တွေဘဲ လာတယ်​၊

ဒရိုက်​​ဗာက ငါတ​နေ့လုံး ​လျောက်​သွား​နေရတယ်​။

​ဗိသုကာက ငါတ​နေ့လုံး ပုံဆွဲ​နေရတယ်​။

စာနယ်​ဇင်​းသမားက ငါတ​နေ့လုံး စာ​ရေး​နေရတယ်​။

အင်​ဂျင်​နီယာက ငါတ​နေ့လုံး စက်​ပြင်​​နေရတယ်​ဟု ညီးတွားစရာ မဟုတ်​ပါ။

မိမိအလုပ်​ကို ကျွမ်​းကျင်​စွာ လုပ်​နိုင်​​အောင်​ ​လေ့ကျင်​့သင်​ယူရင်​း လုပ်​​နေရပါမည်​။ သို့မှသာ ပ​ရော်​ဖက်​ရှင်​နယ်​ ပီသပါမည်​။

.

၂၀၁၀​နောက်​ပိုင်​းတွင်​ မြန်​မာ့တပ်​မ​တော်​ကို ပ​ရော်​ဖက်​ရှင်​နယ်​ ပီသ​အောင်​ လုပ်​ဖို့လိုသည်​ဆို​သောအခါ တချို့က စိတ်​ဆိုးကြပါသည်​။ နိုင်​ငံအုပ်​ချုပ်​​ရေးပိုင်​းက့ဲသို့ အကြီးကြီးကို မ​ပြော​သေးဘဲ ​ဖေ့ဘုတ်​ကွန်​မန်​့များတွင်​ ​တွေ့ရ​လေ့ရှိ​သော အ​သေးအမွှား​လေးဘဲ ​ပြောပါမည်​။ ကွန်​မန်​့များတွင်​

`ငါတို့က စစ်​တိုက်​​နေတာ၊ မင်​းတို့ တိုက်​ရဲလို့လား။´

`ငါတို့က ​သေရဲတယ်​၊ မင်​းတို့မ​သေရဲဘဲ လာမ​ပြောနဲ့´

`ငါတို့က ၂၄နာရီ လုပ်​​နေရတာကွ၊ ´

`ကျည်​ဆန်​ထိ​တော့ ငါတို့ထိတာ၊ မင်​းတို့ ​နောက်​က​နေ ​အော်​မ​နေနဲ့၊´ စတာမျိုး​တွေပါ။

​ဖေ့ဘုတ်​သုံး​နေကျသူ​တွေဆို သိ​နေမှာပါ။ ဆဲဆိုပြီး စိမ်​​ခေါ်ထားတာ​တွေလဲ ရှိပါသည်​။

.

ဒီလို တိုင်​းပြည်​ကို ကာကွယ်​ရန်​ တိုက်​ခိုက်​​နေသူများကို ​လေးစားပါသည်​။ သို့​သော်​ ယခုက့ဲသို့ ကွန်​မန်​့သူများ သို့မဟုတ်​ ဤသို့မန်​့ရန်​ ခိုင်​းထားသူများ စဉ်​းစား​စေချင်​ပါသည်​။ စစ်​သားသည်​ စစ်​တိုက်​ရမည်​့ ပ​ရော်​ဖက်​ရှင်​နယ်​ကို ​ရွေးချယ်​ထားသူ​တွေ၊ ဟိုး​အောက်​ဆုံး ရဲ​ဘော်​မှသည်​ ​ဗိုလ်​ချုပ်​မှူးကြီးအထိ တပ်​မ​တော်​သို့ ဝင်​ခ့ဲသည်​မှာ စစ်​ (လိုအပ်​ပါက) တိုက်​ရန်​ ဖြစ်​မည်​ထင်​ပါသည်​။ မလိုသည်​့ အချိန်​များတွင်​ မိမိ ပ​ရော်​ဖက်​ရှင်​နယ်​​ကောင်​း ပီသရန်​ ​ ​လေ့ကျင်​့​နေရပါမည်​။

ထိုသို့မဟုတ်​ဘဲ ​ဖေ့ဘုတ်​ကွန်​မန်​့များအတိုင်​းဆိုပါက မိမိ၏ စစ်​တိုက်​ရမည်​့ အလုပ်​ကို မသိ​သော ပ​ရော်​ဖက်​ရှင်​နယ်​ မဟုတ်​သူဖြစ်​​နေပါပြီ။ သို့မဟုတ်​ပါက တပ်​ထဲဝင်​ရခြင်​း အ​ကြောင်​းရင်​းသည်​ လွဲမှား​သောစံနစ်​မှာလို ရာထူးကြီးကြီးရ​အောင်​လုပ်​၊ ​ငွေရှာ ဆိုပြီး အဓိပ္ပါယ်​ ထွက်​​နေပါသည်​။ စဉ်​းစားကြပါကုန်​။

.

သို့အတွက်​​ကြောင်​့ ပ​ရော်​ဖက်​ရှင်​နယ်​ ပီသ​အောင်​လုပ်​ရပါမည်​။ ရှက်​စရာမဟုတ်​ပါ။ မိမိအလုပ်​ကို မလုပ်​တာ ၊ မိမိအလုပ်​ ဘာမှန်​းမသိတာကမှ ရှက်​စရာပါ။ ပ​ရော်​ဖက်​ရှင်​နယ်​ ပီသကြပါ​စေ။

XxXxXx

(Zawgyi version)

           ​ေ႐ွးဦးစြာ professional ဆို​ေသာ အဂၤလိပ္​​ေဝါဟာရကို ျမန္​မာလို အဓိပၸါယ္​ ဖြင္​့ခ်င္​ပါသည္​။ ၁၉၁၇ခုႏွစ္​ထုတ္​ ဦးထြန္​ၿငိမ္​း အဂၤလိပ္​-ျမန္​မာ အဘိဓါန္​တြင္​ adj အ​ေနျဖင္​့ အလုပ္​အကိုင္​ - အသက္​​ေမြး၀မ္​း​ေက်ာင္​းႏွင္​့ စပ္​ဆိုင္​​ေသာ ၊ noun အ​ေနျဖင္​့ ပညာသည္​၊ အလုပ္​တတ္​​ေျမာက္​သူဟု ဖြင္​့ဆိုထာပါသည္​။ ႏွစ္​တရာခန္​႔ၾကာသည္​့အခါ ထိုပ​ေရာ္​ဖက္​႐ွင္​နယ္​၏ အဓိပၸါယ္​ ပိုမိုက်ယ္​ဝန္​း​ေနပါၿပီ။
.
လြန္​ခ့ဲ​ေသာႏွစ္​ငါးဆယ္​​ေက်ာ္​ ၁၉၆၀ႏွစ္​မ်ားက ထို professional စကားလံုးကို အဓိပၸါယ္​ ​ေကာက္​ယူမႈ၊ လြဲမွားစြာဘာသာျပန္​မႈ​ေၾကာင္​့ ျမန္​မာႏိုင္​ငံ အင္​မတန္​ နစ္​နာခ့ဲပါသည္​။ ထိုအခ်ိန္​က ျမန္​မာ့လက္​​ေရြးစင္​​ေဘာလံုးအသင္​း အ​ေကာင္​းဆံုးအခ်ိန္​ျဖစ္​သည္​။ သို​့​ေသာ္​ football world cup ဟု​ေခၚ​ေသာ ကမာၻ႔ဖလားတြင္​ မကန္​ခ့ဲရ။ အဓိပၸါယ္​ ျပန္​ဆိုထားရာတြင္​ ​ေတြ႔ႏိုင္​​ေသာ " not an amateur but a professional " ကို " အ​ေပ်ာ္​တမ္​းမဟုတ္​၊ ​ေၾကးစားမ်ားသာ " ဟု ယူဆလိုက္​သည္​့အတြက္​ပါ။ မိမိ ကြၽမ္​းက်င္​သည္​့ပညာျဖင္​့ အခ​ေၾကး​ေငြ႐ွာသူမ်ားတြင္​ ​ေဘာလံုးသမားက်မွ ​ေၾကးစားဟု သတ္​မွတ္​ခ့ဲၿပီး သြားမၿပိဳင္​​ေတာ့။ အ​ေပ်ာ္​တမ္​းသမားမ်ားသာၿပိဳင္​သည္​့ အိုလံပစ္​ပြဲတြင္​​ေတာ့ ​ေျခစစ္​ပြဲ​ေအာင္​ၿပီး ဝင္​ၿပိဳင္​ခြင္​့ ရခ့ဲဘူးသည္​။ ကမာၻ႔ဖလား ​ေျခစစ္​ပြဲဝင္​လွ်င္​ ၁၉၆၆ သို႔မဟုတ္​ ၁၉၇၀တြင္​ ​ေအာင္​ႏိုင္​ပါသည္​။ ခုခ်ိန္​တြင္​ အိပ္​မက္​သာ။ ( ႏိုင္​ငံ​ေရးလဲ ပါသင္​့သ​ေလာက္​ ပါပါလိမ္​့မည္​။)
.
ထားပါ​ေတာ့။ လူတ​ေယာက္​သည္​ ပညာရပ္​တခုကို ကြၽမ္​းက်င္​​ေအာင္​တတ္​​ေျမာက္​ၿပီးပါက ထိုပညာျဖင္​့ အခ​ေၾကး​ေငြယူတာ ပံုမွန္​ပါ။ ထိုက္​သင္​့​ေသာ အဖိုးအခကို ယူရပါမည္​။ မိမိဝါသနာပါ​ေသာ ပ​ေရာ္​ဖက္​႐ွင္​နယ္​ကို မိမိဖာသာ ​ေရြးခ်ယ္​ႏိုင္​ရပါမည္​။ ဆရာဝန္​သည္​ ​ေဆးကုသ​ေပးရပါမည္​။
ဒ႐ိုက္​​ဗာသည္​ ကား​ေမာင္​းရပါမည္​။
အင္​ဂ်င္​နီယာသည္​ ျပဳျပင္​ တည္​​ေဆာက္​ရပါမည္​။
​ဗိသုကာမ်ားသည္​ ပံုစံအသစ္​မ်ားဆြဲရပါမည္​။
စာနယ္​ဇင္​းမ်ားသည္​ မွားတာကို​ေထာက္​၊ ​ေကာင္​းမည္​့အၾကံဥာဏ္​မ်ား​ေရးသည္​့ အလုပ္​မ်ားကို လုပ္​ရပါမည္​။
မိမိ​ေရြးခ်ယ္​ထားသည္​့ အလုပ္​ကို ပ​ေရာ္​ဖက္​႐ွင္​နယ္​ ပီသစြာ လုပ္​ဖို႔ဘဲ ျဖစ္​သည္​။
.
ဆရာဝန္​က ငါ့ဆီ ​ေနမ​ေကာင္​းတ့ဲလူ​ေတြဘဲ လာတယ္​၊
ဒ႐ိုက္​​ဗာက ငါတ​ေန႔လံုး ​ေလ်ာက္​သြား​ေနရတယ္​။
​ဗိသုကာက ငါတ​ေန႔လံုး ပံုဆြဲ​ေနရတယ္​။
စာနယ္​ဇင္​းသမားက ငါတ​ေန႔လံုး စာ​ေရး​ေနရတယ္​။
အင္​ဂ်င္​နီယာက ငါတ​ေန႔လံုး စက္​ျပင္​​ေနရတယ္​ဟု ညီးတြားစရာ မဟုတ္​ပါ။
မိမိအလုပ္​ကို ကြၽမ္​းက်င္​စြာ လုပ္​ႏိုင္​​ေအာင္​ ​ေလ့က်င္​့သင္​ယူရင္​း လုပ္​​ေနရပါမည္​။ သို႔မွသာ ပ​ေရာ္​ဖက္​႐ွင္​နယ္​ ပီသပါမည္​။
.
၂၀၁၀​ေနာက္​ပိုင္​းတြင္​ ျမန္​မာ့တပ္​မ​ေတာ္​ကို ပ​ေရာ္​ဖက္​႐ွင္​နယ္​ ပီသ​ေအာင္​ လုပ္​ဖို႔လိုသည္​ဆို​ေသာအခါ တခ်ိဳ႕က စိတ္​ဆိုးၾကပါသည္​။ ႏိုင္​ငံအုပ္​ခ်ဳပ္​​ေရးပိုင္​းက့ဲသို႔ အႀကီးႀကီးကို မ​ေျပာ​ေသးဘဲ ​ေဖ့ဘုတ္​ကြန္​မန္​႔မ်ားတြင္​ ​ေတြ႔ရ​ေလ့႐ွိ​ေသာ အ​ေသးအမႊား​ေလးဘဲ ​ေျပာပါမည္​။ ကြန္​မန္​႔မ်ားတြင္​
`ငါတို႔က စစ္​တိုက္​​ေနတာ၊ မင္​းတို႔ တိုက္​ရဲလို႔လား။´
`ငါတို႔က ​ေသရဲတယ္​၊ မင္​းတို႔မ​ေသရဲဘဲ လာမ​ေျပာနဲ႔´
`ငါတို႔က ၂၄နာရီ လုပ္​​ေနရတာကြ၊ ´
`က်ည္​ဆန္​ထိ​ေတာ့ ငါတို႔ထိတာ၊ မင္​းတို႔ ​ေနာက္​က​ေန ​ေအာ္​မ​ေနနဲ႔၊´ စတာမ်ိဳး​ေတြပါ။
​ေဖ့ဘုတ္​သံုး​ေနက်သူ​ေတြဆို သိ​ေနမွာပါ။ ဆဲဆိုၿပီး စိမ္​​ေခၚထားတာ​ေတြလဲ ႐ွိပါသည္​။
.
ဒီလို တိုင္​းျပည္​ကို ကာကြယ္​ရန္​ တိုက္​ခိုက္​​ေနသူမ်ားကို ​ေလးစားပါသည္​။ သို႔​ေသာ္​ ယခုက့ဲသို႔ ကြန္​မန္​႔သူမ်ား သို႔မဟုတ္​ ဤသို႔မန္​႔ရန္​ ခိုင္​းထားသူမ်ား စဥ္​းစား​ေစခ်င္​ပါသည္​။ စစ္​သားသည္​ စစ္​တိုက္​ရမည္​့ ပ​ေရာ္​ဖက္​႐ွင္​နယ္​ကို ​ေရြးခ်ယ္​ထားသူ​ေတြ၊ ဟိုး​ေအာက္​ဆံုး ရဲ​ေဘာ္​မွသည္​ ​ဗိုလ္​ခ်ဳပ္​မႉးႀကီးအထိ တပ္​မ​ေတာ္​သို႔ ဝင္​ခ့ဲသည္​မွာ စစ္​ (လိုအပ္​ပါက) တိုက္​ရန္​ ျဖစ္​မည္​ထင္​ပါသည္​။ မလိုသည္​့ အခ်ိန္​မ်ားတြင္​ မိမိ ပ​ေရာ္​ဖက္​႐ွင္​နယ္​​ေကာင္​း ပီသရန္​ ​ ​ေလ့က်င္​့​ေနရပါမည္​။
ထိုသို႔မဟုတ္​ဘဲ ​ေဖ့ဘုတ္​ကြန္​မန္​႔မ်ားအတိုင္​းဆိုပါက မိမိ၏ စစ္​တိုက္​ရမည္​့ အလုပ္​ကို မသိ​ေသာ ပ​ေရာ္​ဖက္​႐ွင္​နယ္​ မဟုတ္​သူျဖစ္​​ေနပါၿပီ။ သို႔မဟုတ္​ပါက တပ္​ထဲဝင္​ရျခင္​း အ​ေၾကာင္​းရင္​းသည္​ လြဲမွား​ေသာစံနစ္​မွာလို ရာထူးႀကီးႀကီးရ​ေအာင္​လုပ္​၊ ​ေငြ႐ွာ ဆိုၿပီး အဓိပၸါယ္​ ထြက္​​ေနပါသည္​။ စဥ္​းစားၾကပါကုန္​။
.
သို႔အတြက္​​ေၾကာင္​့ ပ​ေရာ္​ဖက္​႐ွင္​နယ္​ ပီသ​ေအာင္​လုပ္​ရပါမည္​။ ႐ွက္​စရာမဟုတ္​ပါ။ မိမိအလုပ္​ကို မလုပ္​တာ ၊ မိမိအလုပ္​ ဘာမွန္​းမသိတာကမွ ႐ွက္​စရာပါ။ ပ​ေရာ္​ဖက္​႐ွင္​နယ္​ ပီသၾကပါ​ေစ။


No comments:

Post a Comment

Thank you.