28 July 2013

ဒေါက်တာမောင်မောင်၏ ရှစ်လေးလုံးစာအုပ်













(Unicode version )

၁၉၉၄ ခုနှစ်ဇူလိုင်လ ၂ ရက်နေ့တွင် ကွယ်လွန်သော မြန်မာနိုင်ငံ မဆလခေတ်၏ နောက်ဆုံးသမတကြီး ဒေါက်တာမောင်မောင် ၁၉၉၄ ခုနှစ် ဇွန်လ အမှာစာ ဖြင့်ရေးထားခ့ဲသော မြန်မာနိုင်ငံ၏ ၁၉၈၈ခုနှစ် အရေးအခင်း (ပထမတွဲ) ကို ဖတ်လိုက်ရပါသည်။ ဒုတိယတွဲပါဖတ်ပြီးမှ ရေးသင့်သော်လည်း မအောင့်နို်င်၍ ရေးလိုက်သည်ဟုသာ မှတ်ယူကြပါကုန်။

ပထမဆုံးအနေဖြင့် ပြောချင်သည်မှာ ဒီစာအုပ်ကို ဦးမောင်မောင်ကိုယ်တို်င် အစအဆုံး ရေးခ့ဲသည်ဟု မှတ်ယူပါသည်။ စိတ်အထင်တော့ ဒိုင်ယာရီမှတ်ထားခ့ဲသမျှကို အချိန်ကျ၍ ထုတ်သည်ဟု ထင်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့တွင်ကွယ်လွန်သဖြင့် နောက်ဆုံးဇွန်လ ၁ ရက်နေ့တွင် အမှာစာရေးလျှင်ပင် သတိချို့ယွင်းနိုင်သဖြင့် အကုန်အတိအကျ ရဖို့မလွယ်ဟု ထင်ပါသည်။ ခုတော့ တော်တော်ကိုတိတိကျကျ ရေးထားခ့ဲပါသည်။

ဒုတိယအနေဖြင့် ဤစာအုပ်ထုတ်သည့် အချိန်ကို သံသယဖြစ်မိသည်။ ခုခေတ် စာပေစီစစ်ရေးမရှိမှ ထုတ်ရတာဟု အကြောင်းပြနိုင်သော်လည်း ပထမတွဲ အထိပါသော ဦးနေ၀င်းကို Cover လုပ်ထားသောအကြောင်းများကို မြေးများ အာဏာသိမ်းရန် မကြံခင်အချိန်အထိ ထုတ်နိုင်ပါသည်။ ကျွန်တော့်အထင်ပြောရလျှင် ယခု ထုတ်ချင်တာထုတ်ခွင့် ရလာချိန် ဦးနေ၀င်း မကောင်းကြောင်းတွေရေးတာ များလာသဖြင့် ဆင်သေကို ဆိတ်သရေဖြင့် ဖုံးရန်ကြံစည်မှုဟုသာ ထင်ပါသည်။

ဤစာအုပ်ကို ယခုချိန်ထုတ်သူများသည် ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးအခင်း ငွေရတုအခမ်းအနားများပြုလုပ်မည့် အချိန်နှင့်တိုက်၍ ရှစ်လေးလုံး ကိစ္စသည် ဦးနေ၀င်းနှင့် လုံး၀မသက်ဆိုင်တော့ကြောင်း ဖေါ်ပြချင်ဟန်တူပါသည်။ မည်သူများနောက်ကွယ်မှ ထုတ်ေ၀ရန်တာ၀န်ယူသည် မသိသော်လည်း နေပြည်တော်၀န်ကြီးဌာနမှ သတင်းစာများတွင်ရှာဖွေခ့ဲသော ၈၈ စက်တင်ဘာလအတွင်း ထုတ်ေ၀ခ့ဲသော ဒို့ရေးဒို့ရာ ဂျာနယ်မှ ဆရာ၀န်တစ်ဦးထံမှ အိတ်ဖွင့်ပေးစာ "မီး ဟုန်းဟုန်း တောက်တော့မည့် မြန်မာပြည် " ဆောင်းပါးကို ပုံရော၊ စာပါ Reference အနေနှင့် ထည့်ထားတာတော့ ထူးဆန်းသည့် တိုက်ဆိုင်မှုသာ ဖြစ်ပါလိမ့်မည်။

မဆလဥက္ကဌကြီး ဦးနေ၀င်းသည် ၁၉၈၈ ခုနှစ်ဇူလိုင်လတွင် ကျင်းပသော အရေးပေါ်ပါတီညီလာခံအပြီးတွင် မြန်မာနိုင်ငံရေးနှင့် လုံး၀မပါတ်သက်တော့ဟန် ဒေါက်တာမောင်မောင်မှ ရေးထားခ့ဲပါသည်။ " စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး။ " ဆိုသောကမ္ဘာကျော်မိန့်ခွန်းကို ပြောပြီးနောက် ပါတီမှရော နိုင်ငံရေးလောကမှပါ ထွက်သွားသည်ဟု ရေးထားပါသည်။

တကယ်တော့ မဖြစ်နိုင်ပါ။ ထိုမိန့်ခွန်းတွင် တစ်ပါတီ မဆလအစိုးရမှ ပါတီစုံအစိုးရ စံနစ်သို့ ပြောင်းချင်လျှင် လူထုဆန္ဒခံယူ၍ ပြောင်းဟုပြောခ့ဲပါသည်။ ထိုအချိန်သည် သူပြောသမျှ အမိန့်ဖြစ်၍ မည်သူမျှ သူ့သဘောမပါဘဲ ပြောင်းရမည် မဟုတ်ပါ။ သို့သော် နောက်ရက်များ ပါတီညီလာခံ ပြန်စသောအခါ လူထုဆန္ဒမခံယူတော့ဘဲ ပါတီ CEC ၏သဘောအရဆိုကာဦးစိန်လွင်ကို ဥက္ကဌတင်၍ ပွဲကြမ်းပါတော့သည်။ ဦးစိန်လွင်သည် ဦးနေ၀င်း၏ တပည့်အရင်းမှာမှ အဖေကြီးဟု ခေါ်သည်အထိ ရင်းနှီးသူဖြစ်သည်။ ဦးနေ၀င်းသဘောမတူလျှင် လေတောင်ရဲရဲလည်၀့ံမည်သူ မဟုတ်ပါ။ ဤလိုသူသည် အဖေကြီးဆန္ဒကို ဆန့်ကျင်ပြီး လမ်းမများပေါ်ဆန္ဒပြနေသည့် လူများကို သတ်ပစ်သည်အထိ လုပ်၀့ံမည်မဟုတ်ပါ။ အနည်းဆုံး အဖေကြီး၊ကျွန်တော်တော့ နည်းနည်းကြမ်းကြည့်ချင်တယ်။ နဲနဲကြမ်းလိုက်ရင် ရမှာပါဟု သွားပြောပါလိမ့်မည်။ ဟိုကလဲ ချကွာ။နဲနဲမှတ်လောက်အောင်လုပ်လိုက်၊ မိုးပေါ်တော့ ထောင်မပစ်နဲ့၊ ငါ သိက္ခာကျ နေမည် ဟု ပြန်ပြောမည်ထင်ပါသည်။ သေချာသည်မှာ ထိုအပြောင်းအလဲများကို ပါတီ CEC မှ ဆုံးဖြတ်၍ လုပ်သည်ဆိုသော်လည်း CEC နှစ်ကြိမ်ဖြစ်ဖူးသူကြီး ဒေါက်တာမောင်မောင် သိဟန်မတူပါ။ ဘယ်သူ နောက်ကွယ်မှ ခိုင်းပါသလဲ။

ပိုဆိုးသည်က ဦးစိန်လွင် ၁၇ရက်ကြာ ဆန္ဒပြလူထုကို ရက်ရက်ဆက်ဆက် နှိပ်ကွပ်၍ မရသောအခါ ပါတီ CEC က အပြော့ဆွဲတတ်သော ဦးမောင်မောင်ကို သမတလုပ်ဖို့ တာ၀န်ပေးသတ့ဲ။ ဒီတကြိမ်မှာလဲ ဦးမောင်မောင်ကိုယ်တိုင်မသိကြောင်း ရေးထားပါသည်။ မည်သူကစေခိုင်းမည်နည်း။ ဥိးနေ၀င်းကိုယ်တိုင် ဖုန်းဆက်၍ နောက်ကွယ်မှထောက်ခံမှုပေး၍ သမတလုပ်ခိုင်းကြောင်းကို ဒေါက်တာမောင်မောင်မှ စကားလုံးလှလှ လေးများဖြင့် ရေးသားဖေါ်ပြထားပါသည်။

 သူ့ရှေ့မှ ပြုတ်သွားသော ဦးစိန်လွင်ကလည်းဖုန်းဆက်၍ ချီးကျူးယင်း သိတ်ပျော့ပျော့ပြောင်းပြောင်း မကိုင်တွယ်ဖို့ ပြောသေးသတ့ဲ။ ဒီနေရာမှာတော့ ဦးစိန်လွင် မကောင်းကြောင်းကိုပါးပါးလေး ဖေါ်ပြထားပါသေးသည်။ ဦးစိန်လွင်ပြောပုံက သူ့သဘောနှင့် သူ သမတရာထူးမှ နှုတ်ထွက်ဟန်မတူပါ။

ရှင်းပါသည်။ဒေါက်တာမောင်မောင်သည် ဦးနေ၀င်းကို အဖေတစ်ဦးက့ဲသို့ သဘောထားခ့ဲပါသည်။ ဒါကြောင့်လဲ Burma and General Ne Win ဆိုသောစာအုပ်ရေးခ့ဲယုံ သာမက ယခုစာအုပ်ကိုပါ ရေးခ့ဲတာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်ယုံသည်မှာ ဒေါက်တာမောင်မောင်သည်သူ့ကို ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး ရှေ့နေချုပ်ဖြစ်အောင် ရာထူးပေးခ့ဲသူကို အညာသားမြန်မာလူမျိုးပီပီ ကျေးဇူးရှင်အဖြစ် သတ်မှတ်ခ့ဲပါသည်။ ဤစာအုပ်တွင် အခြားသူများ၊ ကုန်ကုန်ပြောရလျှင် မဆလ တစ်ဖွဲ့လုံး ညာစားနေသည်ဟု သွယ်၀ိုက် အပြစ်တင်ခ့ဲသော်လည်း ဦးနေ၀င်းတွင် အပြင်မြူမှုန်မျှ မရှိအောင် တင်ပြထားပါသည်။ ဒါကတော့ ဒေါက်တာမောင်မောင်၏ ရိုးသားသောအချက်ပင် ဖြစ်ပါလိမ့မည်။ ဒါကို အသုံးချ၍များ ဤစာအုပ်ကို အသုံးချ လိုက်သလားမသိပါ။

သို့သော် သိစေချင်ပါသည်။ ကိစ္စတစ်ခု၊ ကြီးကြီးကျယ်ကျယ်ပြောရလျှင် စံနစ်တစ်ခု အောင်မြင်လျှင်ဖြစ်စေ၊ ကျဆုံးလျှင်ဖြစ်စေ ခေါင်းဆောင်ခ့ဲသူသည် တာ၀န် အရှိဆုံးဖြစ်ရပါမည်။ နောက်မှ ဟိုဟာတော့ ငါ မသိ။ ဒီဟာတော့ ငါ မသိ လုပ်၍မရတော့ပါ။

တကယ်တော့ ဒုတိယတွဲ ပြီးအောင်ဖတ်ပြီးမှသာ ရေးသင့်ပါသည်။ သို့သော် ဒုတိယတွဲ ဆက်မဖတ်ဘဲလဲ နောက်ပိုင်းအာဏာသိမ်းသည်မှာ မည်သူ့လက်ချက်မှန်း သိကြပါသည်။ နောက်မှသာ ကြောင်အို ကြွက်မလေးဖြစ်သွားဟန်တူပါသည်။ ဦးမောင်မောင်ကိုယ်တိုင်လဲ ဒီစာအုပ် ထုတ်ခွင့်ရဟန် မတူတော့ပါ။


XxXxXx

(Zawgyi version )

၁၉၉၄ ခုႏွစ္ဇူလိုင္လ ၂ ရက္ေန႔တြင္ ကြယ္လြန္ေသာ ျမန္မာႏိုင္ငံ မဆလေခတ္၏ ေနာက္ဆံုးသမတႀကီး ေဒါက္တာေမာင္ေမာင္ ၁၉၉၄ ခုႏွစ္ ဇြန္လ အမွာစာ ျဖင့္ေရးထားခ့ဲေသာ ျမန္မာႏိုင္ငံ၏ ၁၉၈၈ခုႏွစ္ အေရးအခင္း (ပထမတြဲ) ကို ဖတ္လိုက္ရပါသည္။ ဒုတိယတြဲပါဖတ္ၿပီးမွ ေရးသင့္ေသာ္လည္း မေအာင့္ႏို္င္၍ ေရးလိုက္သည္ဟုသာ မွတ္ယူၾကပါကုန္။
ပထမဆံုးအေနျဖင့္ ေျပာခ်င္သည္မွာ ဒီစာအုပ္ကို ဦးေမာင္ေမာင္ကိုယ္တို္င္ အစအဆံုး ေရးခ့ဲသည္ဟု မွတ္ယူပါသည္။ စိတ္အထင္ေတာ့ ဒိုင္ယာရီမွတ္ထားခ့ဲသမွ်ကို အခ်ိန္က်၍ ထုတ္သည္ဟု ထင္ပါသည္။ ဇူလိုင္လ ၂ ရက္ေန႔တြင္ကြယ္လြန္သျဖင့္ ေနာက္ဆံုးဇြန္လ ၁ ရက္ေန႔တြင္ အမွာစာေရးလွ်င္ပင္ သတိခ်ိဳ႕ယြင္းႏိုင္သျဖင့္ အကုန္အတိအက် ရဖို႔မလြယ္ဟု ထင္ပါသည္။ ခုေတာ့ ေတာ္ေတာ္ကိုတိတိက်က် ေရးထားခ့ဲပါသည္။
ဒုတိယအေနျဖင့္ ဤစာအုပ္ထုတ္သည့္ အခ်ိန္ကို သံသယျဖစ္မိသည္။ ခုေခတ္ စာေပစီစစ္ေရးမ႐ွိမွ ထုတ္ရတာဟု အေၾကာင္းျပႏိုင္ေသာ္လည္း ပထမတြဲ အထိပါေသာ ဦးေန၀င္းကို Cover  လုပ္ထားေသာအေၾကာင္းမ်ားကို ေျမးမ်ား အာဏာသိမ္းရန္ မႀကံခင္အခ်ိန္အထိ ထုတ္ႏိုင္ပါသည္။ ကၽြန္ေတာ့္အထင္ေျပာရလွ်င္ ယခု ထုတ္ခ်င္တာထုတ္ခြင့္ ရလာခ်ိန္ ဦးေန၀င္း မေကာင္းေၾကာင္းေတြေရးတာ မ်ားလာသျဖင့္ ဆင္ေသကို ဆိတ္သေရျဖင့္ ဖုံးရန္ႀကံစည္မႈဟုသာ ထင္ပါသည္။
ဤစာအုပ္ကို ယခုခ်ိန္ထုတ္သူမ်ားသည္ ၁၉၈၈ခုႏွစ္ ႐ွစ္ေလးလံုးအေရးအခင္း ေငြရတုအခမ္းအနားမ်ားျပဳလုပ္မည့္ အခ်ိန္ႏွင့္တိုက္၍ ႐ွစ္ေလးလံုး ကိစၥသည္ ဦးေန၀င္းႏွင့္ လံုး၀မသက္ဆိုင္ေတာ့ေၾကာင္း ေဖၚျပခ်င္ဟန္တူပါသည္။ မည္သူမ်ားေနာက္ကြယ္မွ ထုတ္ေ၀ရန္တာ၀န္ယူသည္ မသိေသာ္လည္း ေနျပည္ေတာ္၀န္ႀကီးဌာနမွ သတင္းစာမ်ားတြင္႐ွာေဖြခ့ဲေသာ ၈၈ စက္တင္ဘာလအတြင္း ထုတ္ေ၀ခ့ဲေသာ ဒို႔ေရးဒို႔ရာ ဂ်ာနယ္မွ ဆရာ၀န္တစ္ဦးထံမွ အိတ္ဖြင့္ေပးစာ "မီး ဟုန္းဟုန္း ေတာက္ေတာ့မည့္ ျမန္မာျပည္ " ေဆာင္းပါးကို ပံုေရာ၊ စာပါ Reference အေနႏွင့္ ထည့္ထားတာေတာ့ ထူးဆန္းသည့္ တိုက္ဆိုင္မႈသာ ျဖစ္ပါလိမ့္မည္။
မဆလဥကၠဌႀကီး ဦးေန၀င္းသည္ ၁၉၈၈ ခုႏွစ္ဇူလိုင္လတြင္ က်င္းပေသာ အေရးေပၚပါတီညီလာခံအၿပီးတြင္ ျမန္မာႏိုင္ငံေရးႏွင့္ လံုး၀မပါတ္သက္ေတာ့ဟန္ ေဒါက္တာေမာင္ေမာင္မွ ေရးထားခ့ဲပါသည္။ " စစ္တပ္ဆိုတာ ပစ္ရင္မွန္ေအာင္ပစ္တယ္၊ မိုးေပၚေထာင္ၿပီး ေခ်ာက္တာမပါဘူး။ " ဆိုေသာကမာၻေက်ာ္မိန္႔ခြန္းကို ေျပာၿပီးေနာက္ ပါတီမွေရာ ႏိုင္ငံေရးေလာကမွပါ ထြက္သြားသည္ဟု ေရးထားပါသည္။
တကယ္ေတာ့ မျဖစ္ႏိုင္ပါ။ ထိုမိန္႔ခြန္းတြင္  တစ္ပါတီ မဆလအစိုးရမွ ပါတီစံုအစိုးရ စံနစ္သို႔ ေျပာင္းခ်င္လွ်င္ လူထုဆႏၵခံယူ၍ ေျပာင္းဟုေျပာခ့ဲပါသည္။ ထိုအခ်ိန္သည္ သူေျပာသမွ် အမိန္႔ျဖစ္၍ မည္သူမွ် သူ႔သေဘာမပါဘဲ ေျပာင္းရမည္ မဟုတ္ပါ။ သို႔ေသာ္ ေနာက္ရက္မ်ား ပါတီညီလာခံ ျပန္စေသာအခါ လူထုဆႏၵမခံယူေတာ့ဘဲ ပါတီ CEC ၏သေဘာအရဆိုကာဦးစိန္လြင္ကို ဥကၠဌတင္၍ ပြဲၾကမ္းပါေတာ့သည္။ ဦးစိန္လြင္သည္ ဦးေန၀င္း၏ တပည့္အရင္းမွာမွ အေဖႀကီးဟု ေခၚသည္အထိ ရင္းႏွီးသူျဖစ္သည္။ ဦးေန၀င္းသေဘာမတူလွ်င္ ေလေတာင္ရဲရဲလည္၀့ံမည္သူ မဟုတ္ပါ။ ဤလိုသူသည္ အေဖႀကီးဆႏၵကို ဆန္႔က်င္ၿပီး လမ္းမမ်ားေပၚဆႏၵျပေနသည့္ လူမ်ားကို သတ္ပစ္သည္အထိ လုပ္၀့ံမည္မဟုတ္ပါ။ အနည္းဆံုး အေဖႀကီး၊ကၽြန္ေတာ္ေတာ့ နည္းနည္းၾကမ္းႀကည့္ခ်င္တယ္။ နဲနဲၾကမ္းလိုက္ရင္ ရမွာပါဟု သြားေျပာပါလိမ့္မည္။ ဟိုကလဲ ခ်ကြာ။နဲနဲမွတ္ေလာက္ေအာင္လုပ္လိုက္၊ မိုးေပၚေတာ့ ေထာင္မပစ္နဲ႔၊ ငါ သိကၡာက် ေနမည္ ဟု ျပန္ေျပာမည္ထင္ပါသည္။ ေသခ်ာသည္မွာ ထိုအေျပာင္းအလဲမ်ားကို ပါတီ CEC မွ ဆံုးျဖတ္၍ လုပ္သည္ဆိုေသာ္လည္း CEC ႏွစ္ႀကိမ္ျဖစ္ဖူးသူႀကီး ေဒါက္တာေမာင္ေမာင္ သိဟန္မတူပါ။ ဘယ္သူ ေနာက္ကြယ္မွ ခိုင္းပါသလဲ။
ပိုဆိုးသည္က ဦးစိန္လြင္ ၁၇ရက္ၾကာ ဆႏၵျပလူထုကို ရက္ရက္ဆက္ဆက္ ႏွိပ္ကြပ္၍ မရေသာအခါ ပါတီ CEC က အေျပာ့ဆြဲတတ္ေသာ ဦးေမာင္ေမာင္ကို သမတလုပ္ဖို႔ တာ၀န္ေပးသတ့ဲ။ ဒီတႀကိမ္မွာလဲ ဦးေမာင္ေမာင္ကိုယ္တိုင္မသိေၾကာင္း ေရးထားပါသည္။ မည္သူကေစခိုင္းမည္နည္း။ ဥိးေန၀င္းကိုယ္တိုင္ ဖုန္းဆက္၍ ေနာက္ကြယ္မွေထာက္ခံမႈေပး၍ သမတလုပ္ခိုင္းေၾကာင္းကို ေဒါက္တာေမာင္ေမာင္မွ စကားလံုးလွလွ ေလးမ်ားျဖင့္ ေရးသားေဖၚျပထားပါသည္။
 သူ႔ေ႐ွ႕မွ ျပဳတ္သြားေသာ ဦးစိန္လြင္ကလည္းဖုန္းဆက္၍ ခ်ီးက်ဴးယင္း သိတ္ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း မကိုင္တြယ္ဖို႔ ေျပာေသးသတ့ဲ။ ဒီေနရာမွာေတာ့ ဦးစိန္လြင္ မေကာင္းေၾကာင္းကိုပါးပါးေလး ေဖၚျပထားပါေသးသည္။ ဦးစိန္လြင္ေျပာပံုက သူ႕သေဘာႏွင့္ သူ သမတရာထူးမွ ႏႈတ္ထြက္ဟန္မတူပါ။
႐ွင္းပါသည္။ေဒါက္တာေမာင္ေမာင္သည္ ဦးေန၀င္းကို  အေဖတစ္ဦးက့ဲသို႔ သေဘာထားခ့ဲပါသည္။ ဒါေၾကာင့္လဲ Burma and General Ne Win ဆိုေသာစာအုပ္ေရးခ့ဲယံု သာမက ယခုစာအုပ္ကိုပါ ေရးခ့ဲတာ ျဖစ္ပါလိမ့္မည္။ 
ကၽြန္ေတာ္ယံုသည္မွာ ေဒါက္တာေမာင္ေမာင္သည္သူ႔ကို ကမာၻေပၚတြင္ အသက္အငယ္ဆံုး ေ႐ွ႕ေနခ်ဳပ္ျဖစ္ေအာင္ ရာထူးေပးခ့ဲသူကို အညာသားျမန္မာလူမ်ိဳးပီပီ ေက်းဇူး႐ွင္အျဖစ္ သတ္မွတ္ခ့ဲပါသည္။ ဤစာအုပ္တြင္ အျခားသူမ်ား၊ ကုန္ကုန္ေျပာရလွ်င္ မဆလ တစ္ဖြဲ႔လံုး ညာစားေနသည္ဟု သြယ္၀ိုက္ အျပစ္တင္ခ့ဲေသာ္လည္း ဦးေန၀င္းတြင္ အျပင္ျမဴမႈန္မွ် မ႐ွိေအာင္ တင္ျပထားပါသည္။ ဒါကေတာ့ ေဒါက္တာေမာင္ေမာင္၏ ႐ိုးသားေသာအခ်က္ပင္ ျဖစ္ပါလိမ့မည္။ ဒါကို အသံုးခ်၍မ်ား ဤစာအုပ္ကို အသံုးခ် လိုက္သလားမသိပါ။
သို႔ေသာ္ သိေစခ်င္ပါသည္။ ကိစၥတစ္ခု၊ ႀကီးႀကီးက်ယ္က်ယ္ေျပာရလွ်င္ စံနစ္တစ္ခု ေအာင္ျမင္လွ်င္ျဖစ္ေစ၊ က်ဆံုးလွ်င္ျဖစ္ေစ ေခါင္းေဆာင္ခ့ဲသူသည္ တာ၀န္ အ႐ွိဆံုးျဖစ္ရပါမည္။ ေနာက္မွ ဟိုဟာေတာ့ ငါ မသိ။ ဒီဟာေတာ့ ငါ မသိ လုပ္၍မရေတာ့ပါ။ 
တကယ္ေတာ့ ဒုတိယတြဲ ၿပီးေအာင္ဖတ္ၿပီးမွသာ ေရးသင့္ပါသည္။ သို႔ေသာ္ ဒုတိယတြဲ ဆက္မဖတ္ဘဲလဲ ေနာက္ပိုင္းအာဏာသိမ္းသည္မွာ မည္သူ႕လက္ခ်က္မွန္း သိၾကပါသည္။ ေနာက္မွသာ ေၾကာင္အို ၾကြက္မေလးျဖစ္သြားဟန္တူပါသည္။ ဦးေမာင္ေမာင္ကိုယ္တိုင္လဲ ဒီစာအုပ္ ထုတ္ခြင့္ရဟန္ မတူေတာ့ပါ။




No comments:

Post a Comment

Thank you.