05 July 2013

7Days နှင့် ခင်၀မ်း




July လ ၃ရက်နေ့ထုတ် 7Days Journal တွင် ဆရာမောင်သာချို ရေးသားသော “ဆံနွယ်ကိုပင် ဖြန့်ခင်း၍ ထိုလမ်းကို သူတို့ခင်းခ့ဲကြပါသည် “ ဆောင်းပါးပါလာပါသည်။ ထိုဆောင်းပါး၏ အစတွင် ခင်၀မ်းသီချင်းကို သတိရမိကြောင်းနှင့် စ ထားသဖြင့် ခင်၀မ်းအကြောင်း မတွေ့ရတာကြာပြီဖြစ်သော ကျွန်တော့်အတွက် ကြေနပ်သွားပါသည်။ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါသည်။ တစ်ပုဒ်လုံးမဟုတ်ပါ။ ခင်၀မ်းအကြောင်းသာ။





 “မှော်ပေါက်နေသည့်အဆိုတော်ကြီး ကိုခင်၀မ်းက တေးသီချင်းတစ်ပုဒ် ရေးဖွဲ့ သီဆိုခ့ဲဖူးပါသည်။ " နှုတ်ဆက်ခ့ဲပါတယ် " တ့ဲ။ သီချင်းစာသားတစ်နေရာ၌ " နှုတ်ဆက်ခ့ဲပါတယ်….. ကျွန်တော်သွားတော့မယ်….. လမ်းရဲ့သယ်ဆောင်ရာ ဟိုအေ၀းကို အေ၀းကို …. လွမ်းတတ်ယင်လည်းလမ်းမှာဘဲ လွမ်းတော့မယ် " စသည်စသည်ဖြင့် ထည့်သွင်းသီကျူးထားခ့ဲလေရာ ကြက်သည်းမွေးညင်းများထသည်အထိ ကျွန်တော်တို့ ခံစားခ့ဲကြရပါသည်။ လမ်းရဲ့သယ်ဆောင်ရာနောက်ကို ကျွန်တော်တို့ လိုက်နေကြရတာတ့ဲ’’ ။ ။





ဒီလောက်ပါဘဲ၊ ခင်၀မ်းကြီးကို သတိရလိုက်ကြရအောင်။ တစ်ခါလောက်ဖြစ်ဖြစ်ပေါ့ဗျာ။ ။


No comments:

Post a Comment

Thank you.