21 May 2013

ယနေ့ မြန်မာ

(Unicode version )

မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ဟာ အားလုံးအမှောင်ထဲက ထွက်လာသလို လုယက်တိုးထွက်နေကြတ့ဲ အချိန်ပါ။ ဘက်ပေါင်းစုံမှာ အသစ်တွေရှာနေကြတ့ဲ အချိန်လဲ ဖြစ်ပါတယ်။ နှစ်ငါးဆယ်လောက် လုပ်ခွင့်မရှိခ့ဲတ့ဲ အလုပ်တွေကို အတိုးချလုပ်ချင်နေတ့ဲ အချိန်ပါဘဲ။ ဒီအထဲကတစ်ခုကတော့ နိုင်ငံရေးပါတီထောင်ကြခြင်းပါဘဲ။ ၁၉၈၉တုံးကလို တယ်လီဖုန်းတွေလိုချင်လို့ မဟုတ်တန်ရာပါဘူး။ ပွင့်လင်းစွာပြောဆိုလုပ်ကိုင်ခွင့် ရလာလို့နေမှာပါ။ ဒါပေမ့ဲ ၂၀၁၀ရွေးကောက်ပွဲပြီးတော့ ပါတီအများစုဟာ မဟန်မှန်တွေ့ကုန်ပါတယ်။ ပါတီငယ်လေးတွေဟာ ပါတီကြီးတွေကို ယှဉ်လို့မရနိုင်မှန်း သိလာကြပါတယ်။ ဒီတော့ အချိုးကျမဲစံနစ် (PR) ဆိုတာကို ပွဲထုတ်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ ပါတီထောင်သူတိုင်း အမတ်ဖြစ်စေရမည်ဆိုတ့ဲ သဘောပေါက်နေပါတယ်။ မြန်မာတွေပီပီ စိတ်ကြီးပါတယ်။ နှစ်ယောက်ရှိယင် သုံးပါတီပေါ်လာပါတယ်။ မယုံမရှိပါနဲ့။ တစ်ယောက်တစ်ပါတီစီနဲ့ နှစ်ယောက်ပေါင်း တစ်ပါတီဆိုတော့ သုံးပါတီဖြစ်သွားတာပါ။ ဘုံ တိုက်ရမ့ဲ ကြံ့ဖွတ်ကိုလဲ မေ့သွားပုံရပါတယ်။ မိမိအမတ်ဖြစ်ယင် သေပျော်ပါပြီဆိုတ့ဲ သဘောပေါက်နေပါတယ်။ ခုထိတော့ ရွေးကောက်ပွဲကော်မရှင်က လက်မခံသေးပါဘူး။ပြီးတော့လဲ လွှတ်တော်တင်ပြီး အခြေခံဥပဒေပြင်ရဦးမယ် ထင်ပါတယ်။ ကျွန်တော်တစ်ဦးထဲ သဘောကတော့ စောလွန်းပါသေးတယ်။ ဒေါ်စု သမတဖြစ်ပြီး နိုင်ငံကို ပွဲလယ်တင့်စေဖို့က ပိုအရေးကြီးမယ်ထင်ပါတယ်ဗျာ။ နိုင်ငံရေးပါတီတွေများလာပြီး PR စံနစ်နဲ့ ရှင်းမယ် ဆိုတာကတော့ တစ်နေ့မှာ ဖြစ်လာနိုင်ပါတယ်။ နောက် ပြဿနာ တစ်ခုက နှစ်ငါးဆယ်လောက် ပိတ်ထားတ့ဲ သတင်းစာတွေ ကိစ္စပါ။ ထက်ခွင့်လဲရရော ၊ ဘယ်လောက်တောင် အောင်းထားရတယ်မသိပါဘူး။ ၀ိုင်းထုတ်လိုက်ကြတာ။ အားလုံးဖတ်ဖို့ မပြောနဲ့။ သတင်းစာတွေ နာမည်တောင် အကုန်မရွတ်နိုင်ကြတော့ပါဘူး။ ဒီလောက်များတ့ဲ သတင်းစာတွေကို IT ခေတ်ကြီးထဲမှာ ထုတ်ချင်ကြတာတော့ ပိုက်ဆံကြောင့် မဟုတ်နိုင်ဘူး။ပိုးကြောင့်ဘဲ ဖြစ်မှာပါ။ အကုန်ပြုတ်ကုန်မှာ စိုးရိမ်မိတယ်။ သူတို့အတွက်လဲ နေရာရေရှည်ရအောင် PR စံနစ်လေး လိုမျိုး ၀ိုင်းစဉ်းစားပေးကြပါဦးဗျို့။ ။


XxXxXx

(Zawgyi version)

ျမန္မာႏိုင္ငံရဲ့ လက္႐ွိအခ်ိန္ဟာ အားလံုးအေမွာင္ထဲက ထြက္လာသလို လုယက္တိုးထြက္ေနၾကတ့ဲ အခ်ိန္ပါ။ ဘက္ေပါင္းစံုမွာ အသစ္ေတြ႐ွာေနၾကတ့ဲ အခ်ိန္လဲ ျဖစ္ပါတယ္။ ႏွစ္ငါးဆယ္ေလာက္ လုပ္ခြင့္မ႐ွိခ့ဲတ့ဲ အလုပ္ေတြကို အတိုးခ်လုပ္ခ်င္ေနတ့ဲ အခ်ိန္ပါဘဲ။ ဒီအထဲကတစ္ခုကေတာ့ ႏိုင္ငံေရးပါတီေထာင္ၾကျခင္းပါဘဲ။ ၁၉၈၉တံုးကလို တယ္လီဖုန္းေတြလိုခ်င္လို႔ မဟုတ္တန္ရာပါဘူး။ ပြင့္လင္းစြာေျပာဆိုလုပ္ကိုင္ခြင့္ ရလာလို႔ေနမွာပါ။ ဒါေပမ့ဲ ၂၀၁၀ေ႐ြးေကာက္ပြဲၿပီးေတာ့ ပါတီအမ်ားစုဟာ မဟန္မွန္ေတြ႕ကုန္ပါတယ္။ ပါတီငယ္ေလးေတြဟာ ပါတီႀကီးေတြကို ယွဥ္လို႔မရႏိုင္မွန္း သိလာၾကပါတယ္။ ဒီေတာ့ အခ်ိဳးက်မဲစံနစ္ (PR) ဆိုတာကို ပြဲထုတ္လာၾကပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ပါတီေထာင္သူတိုင္း အမတ္ျဖစ္ေစရမည္ဆိုတ့ဲ သေဘာေပါက္ေနပါတယ္။ ျမန္မာေတြပီပီ စိတ္ႀကီးပါတယ္။ ႏွစ္ေယာက္႐ွိယင္ သံုးပါတီေပၚလာပါတယ္။ မယံုမ႐ွိပါနဲ႔။ တစ္ေယာက္တစ္ပါတီစီနဲ႔ ႏွစ္ေယာက္ေပါင္း တစ္ပါတီဆိုေတာ့ သံုးပါတီျဖစ္သြားတာပါ။ ဘံု တိုက္ရမ့ဲ ႀကံ့ဖြတ္ကိုလဲ ေမ့သြားပံုရပါတယ္။ မိမိအမတ္ျဖစ္ယင္ ေသေပ်ာ္ပါၿပီဆိုတ့ဲ သေဘာေပါက္ေနပါတယ္။ ခုထိေတာ့ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က လက္မခံေသးပါဘူး။ၿပီးေတာ့လဲ လႊတ္ေတာ္တင္ၿပီး အေျခခံဥပေဒျပင္ရဦးမယ္ ထင္ပါတယ္။ ကၽြန္ေတာ္တစ္ဦးထဲ သေဘာကေတာ့ ေစာလြန္းပါေသးတယ္။ ေဒၚစု သမတျဖစ္ၿပီး ႏိုင္ငံကို ပြဲလယ္တင့္ေစဖို႔က ပိုအေရးႀကီးမယ္ထင္ပါတယ္ဗ်ာ။ ႏိုင္ငံေရးပါတီေတြမ်ားလာၿပီး PR စံနစ္နဲ႔ ႐ွင္းမယ္ ဆိုတာကေတာ့ တစ္ေန႔မွာ ျဖစ္လာႏိုင္ပါတယ္။ ေနာက္ ျပႆနာ တစ္ခုက ႏွစ္ငါးဆယ္ေလာက္ ပိတ္ထားတ့ဲ သတင္းစာေတြ ကိစၥပါ။ ထက္ခြင့္လဲရေရာ ၊ ဘယ္ေလာက္ေတာင္ ေအာင္းထားရတယ္မသိပါဘူး။ ၀ိုင္းထုတ္လိုက္ၾကတာ။ အားလံုးဖတ္ဖို႔ မေျပာနဲ႔။ သတင္းစာေတြ နာမည္ေတာင္ အကုန္မ႐ြတ္ႏိုင္ၾကေတာ့ပါဘူး။ ဒီေလာက္မ်ားတ့ဲ သတင္းစာေတြကို IT ေခတ္ႀကီးထဲမွာ ထုတ္ခ်င္ၾကတာေတာ့ ပိုက္ဆံေၾကာင့္ မဟုတ္ႏိုင္ဘူး။ပိုးေၾကာင့္ဘဲ ျဖစ္မွာပါ။ အကုန္ျပဳတ္ကုန္မွာ စိုးရိမ္မိတယ္။ သူတို႔အတြက္လဲ ေနရာေရ႐ွည္ရေအာင္ PR စံနစ္ေလး လိုမ်ိဳး ၀ိုင္းစဥ္းစားေပးၾကပါဦးဗ်ိဳ႕။ ။

No comments:

Post a Comment

Thank you.