30 August 2009

ရန်ကုန်မှာ

ရန်ကုန်မြို့ တိုက်ခန်းတစ်နေရာက မြင်ကွင်းပါ။ မြင်ရတာ လွန်စွာ မွန်းကြပ်မိတယ်။ ဒီလိုနေရာမှာ နေပြီး ဒီမြင်ကွင်းမျိုး အမြဲမြင်နေသူတွေ ရှုပ်ထွေးစွာ တွေးတာတွေ့ယင် မအံ့သြကြပါနဲ့။
လူတစ်ယောက်ဟာ အိပ်ရာကထကတည်းက ကြည်ကြည်လင်လင် မြင်ကွင်းမျိုးဘဲ မြင်ချင်မှပါ။ နေ့တစ်နေ့စ ကတည်းက ကြည်ကြည်လင်လင်နဲ့ စခဲ့မှ တစ်နေ့လုံး အဆင်ပြေမယ်ထင်တယ်။
ခုတော့ ရန်ကုန်သားတွေ ဒီမြင်ကွင်းမျိုးနဲ့ တစ်နေ့တာ စ လာကြတော့ တစ်နေ့လုံး ညစ်တွန်းတွန်းနေကြတာ မဆန်းပါဘူး။ လိုင်းကားသမားတွေ၊ Taxi သမားတွေ အဆိုးဆုံးပေါ့။
ဒါပေမယ့် တစ်ခြားသူတွေ စိတ်မကြည်တာ သိပ်အရေး မကြီးပါဘူး။ ဟို အကြီးဆုံးလူကြီး စိတ်မကြည်လင်လို့ အထူးအဆန်းတွေ လျှောက်လုပ်ယင် ပိုခက်မယ်။တော်တော့ တော်ပါသေးတယ်။ သူက သူ့အိမ်ရှေ့မှာ ရှိတဲ့ တောင်ကြီးတွေဘဲ ကြည့်ကြည်နေလို့.။ ခုတော့ ဂူအောင်းနေပြီ ကြားတယ်။

No comments:

Post a Comment

Thank you.