16 June 2009

ထူးဆန်းသောဆောင်းပါး

(Unicode version )

ထူးဆန်းသော ဆောင်းပါးတစ်ပုဒ် အကြောင်း ပြောပြပါမည်။ ယခုအပါတ် အတွင်း ဂျာနယ်များတွင်တွေ့ရသော “သုတေသီတစ်ဦး” ရေးသည့် “ရွှေပြည်တော် မျှော်ရန်မေ၀းတော့ပြီ” ဆိုသော ဆောင်းပါးဖြစ်သည်။ ဒီဆောင်းပါတွေများ အရေးလုပ်လို့ကွာ ဟုမပြောစေလိုပါ။ သေချာကြည့်လျှင် ရီစရာကောင်း၍ပါ။

ဆောင်းပါးကို အမေး အဖြေ ပုံစံနှင့် ရေးထားသည်။ ဒီအစိုးရ တက်ကတည်းက ရေးသူ အမည်မဖေါ်ရဲဘဲ ဟိုသူတစ်ဦး ဒီသူတစ်ဦး စသော အမည်မျိုးနှင့်သာ ရေးသော ဆောင်းပါးပါ။ အဖွဲ့ဖြင့်ရေးသော ကြောင့်လဲဖြစ်နိုင်ပါသည်။ များသောအားဖြင့် အစိုးရ ပေါ်လစီများ ဖြစ်သော်လည်း တခါတရံ စာရေးသူ့ အာဘော်သာဖြစ်သည်ဟု ဗြောင်လိမ် တတ်ပါသည်။

ခုဆောင်းပါးတွင်လဲ ရေးချင်ဇော များလွန်းနေသလားမသိပါ။ ပုံမှန်အားဖြင့် မေးဖြေ ပုံစံ ဆိုလျှင် မေးတစ်လှည့် ဖြေတစ်လှည့်သာ ဖြစ်ပါမည်။ အင်တာဗျူးပုံစံဖြစ်သည်။ မေးခွန်းက တို၍ အဖြေက ပြောလျှင်ပြောသလောက် ရှည်မည်သာ။ ပြီးခ့ဲသည့် အပါတ်တွင်းကဘဲ ဖတ်ခ့ဲသော CNN မှ အင်တာဗျူးဆရာ Larry King ကိုဗျူးထားတာ ဖတ်ရသည်။ သူမေးသလောက် လိုက်မလာဘဲ ခပ်တိုတို yes , no , that’s right တို့လောက်သာ ဖြေသောသူကို သူအကြောက်ဆုံးဟု ဆိုပါသည်။

ခု ကျွန်တော်ရေးချင်သော ဆောင်းပါးတွင်မူ မေးဖြေ ငါးပိုဒ်သာ ပါပါသည်။ ပထမ မေးသောအပိုဒ်တွင် စာကြောင်းရေ ၁၂ ကြောင်း၊ ဖြေသောအပိုဒ်တွင် အဖြေ ၂၁ ကြောင်း၊ မဆိုးပါ။ ဒုတိယ အမေးပိုဒ်တွင် အမေး ၂၉ ကြောင်းရှိ၍ အဖြေတွင် ၅ ကြောင်းသာ ရှိတော့သည်။ မေးသူက အကုန်ပြောသွား၍ ဖြေသူက ထောက်ခံယုံသာ ရှိတော့သည်။ ပြောချင်လွန်းအား ကြီးလွန်းနေသည်။ အဆိုးဆုံးမှာ ပြောချင်လွန်းနေ၍ နောက်ဆုံးတွင် အမေး ၅ ကြောင်းမေးပြီးသောအခါ အဖြေမပါတော့ပါ။ ဆောင်းပါး ပြီးသွားပါသည်။ မယုံသူများ ကိုယ်တိုင် ဖတ်ကြည့်ကြပါရန်။


XxXxXx

(Zawgyi version)

ထူးဆန္းေသာ ေဆာင္းပါးတစ္ပုဒ္ အေၾကာင္း ေျပာျပပါမည္။ ယခုအပါတ္ အတြင္း ဂ်ာနယ္မ်ားတြင္ေတြ႔ရေသာ “သုေတသီတစ္ဦး” ေရးသည့္ “ေ႐ႊျပည္ေတာ္ ေမွ်ာ္ရန္မေ၀းေတာ့ၿပီ” ဆိုေသာ ေဆာင္းပါးျဖစ္သည္။ ဒီေဆာင္းပါေတြမ်ား အေရးလုပ္လို႔ကြာ ဟုမေျပာေစလိုပါ။ ေသခ်ာၾကည့္လွ်င္ ရီစရာေကာင္း၍ပါ။
ေဆာင္းပါးကို အေမး အေျဖ ပံုစံႏွင့္ ေရးထားသည္။ ဒီအစိုးရ တက္ကတည္းက ေရးသူ အမည္မေဖၚရဲဘဲ ဟိုသူတစ္ဦး ဒီသူတစ္ဦး စေသာ အမည္မ်ိဳးႏွင့္သာ ေရးေသာ ေဆာင္းပါးပါ။ အဖြဲ႔ျဖင့္ေရးေသာ ေၾကာင့္လဲျဖစ္ႏိုင္ပါသည္။ မ်ားေသာအားျဖင့္ အစိုးရ ေပၚလစီမ်ား ျဖစ္ေသာ္လည္း တခါတရံ စာေရးသူ႔ အာေဘာ္သာျဖစ္သည္ဟု ေျဗာင္လိမ္ တတ္ပါသည္။
ခုေဆာင္းပါးတြင္လဲ ေရးခ်င္ေဇာ မ်ားလြန္းေနသလားမသိပါ။ ပံုမွန္အားျဖင့္ ေမးေျဖ ပံုစံ ဆိုလွ်င္ ေမးတစ္လွည့္ ေျဖတစ္လွည့္သာ ျဖစ္ပါမည္။ အင္တာဗ်ဴးပံုစံျဖစ္သည္။ ေမးခြန္းက တို၍ အေျဖက ေျပာလွ်င္ေျပာသေလာက္ ႐ွည္မည္သာ။ ၿပီးခ့ဲသည့္ အပါတ္တြင္းကဘဲ ဖတ္ခ့ဲေသာ CNN မွ အင္တာဗ်ဴးဆရာ Larry King ကိုဗ်ဴးထားတာ ဖတ္ရသည္။ သူေမးသေလာက္ လိုက္မလာဘဲ ခပ္တိုတို yes , no , that’s right တို႔ေလာက္သာ ေျဖေသာသူကို သူအေၾကာက္ဆံုးဟု ဆိုပါသည္။
ခု ကၽြန္ေတာ္ေရးခ်င္ေသာ ေဆာင္းပါးတြင္မူ ေမးေျဖ ငါးပိုဒ္သာ ပါပါသည္။ ပထမ ေမးေသာအပိုဒ္တြင္ စာေၾကာင္းေရ ၁၂ ေၾကာင္း၊ ေျဖေသာအပိုဒ္တြင္ အေျဖ ၂၁ ေၾကာင္း၊ မဆိုးပါ။ ဒုတိယ အေမးပိုဒ္တြင္ အေမး ၂၉ ေၾကာင္းရွိ၍ အေျဖတြင္ ၅ ေၾကာင္းသာ ႐ွိေတာ့သည္။ ေမးသူက အကုန္ေျပာသြား၍ ေျဖသူက ေထာက္ခံယံုသာ ႐ွိေတာ့သည္။ ေျပာခ်င္လြန္းအား ႀကီးလြန္းေနသည္။ အဆိုးဆံုးမွာ ေျပာခ်င္လြန္းေန၍ ေနာက္ဆံုးတြင္ အေမး ၅ ေၾကာင္းေမးၿပီးေသာအခါ အေျဖမပါေတာ့ပါ။ ေဆာင္းပါး ၿပီးသြားပါသည္။ မယံုသူမ်ား ကိုယ္တိုင္ ဖတ္ၾကည့္ၾကပါရန္။

No comments:

Post a Comment

Thank you.