21 December 2008

နောက်ဘ၀မှာ-၂


(Unicode version )

ပြီးခ့ဲတ့ဲလက အပြင်းပြေ poll လေး တစ်ခု ကျွန်တော်လုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်သန်းရွှေ နောက်ဘ၀တွင် ဖြစ်ချင်တာဖြစ်ရလျှင် ဘယ်သူ့ဘ၀ ရချင်သနည်းဟု မေးခ့ဲခြင်းဖြစ်ပါသည်။ ဖြေခဲ့သူများကိုလဲ ကျေးဇူးတင်ပါသည်။

လောကကြီးတွင်ပြောရတာ လွယ်သော်လည်း လက်တွေ့တွင်မူ တစ်ချို့ကိစ္စများမှာ တော်တော် ဂွကျပါသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်ကိုယ်တိုင် ဤ poll မေးချိန်အထိ ဘာဖြေရမှန်းမသိပါ။ တစ်ခါတစ်ရံ နာမည်ကြီး နာမည်ကောင်း လိုချင်သော်လည်း ပိုက်ဆံ မရှိဘဲလည်း မနေချင်ပါ။ အထူးသဖြင့် ဤခေတ်ကြီးလို အရာရာ ငွေ အဓိက ကျနေချိန်တွင် ပိုဆိုးပါသည်။

တစ်ခါတစ်ရံတွင် ဘယ်သူတွေ ဘာပြောပြော ချမ်းသာနေရင် ပြီးတာဘဲဟု လည်းထင်မိပါသည်။ ဆဲနေသော်လည်း ကိုယ်မှကြားတာ မဟုတ်တာဘဲဟု တွေးမိသည်။ လိုချင်တာရှိလျှင် ဒီကောင်တွေ လာပြီးတောင် ခယ ကြဦးမှာ မဟုတ်ပါလား။ သို့သော် ကိုယ်ကိုတိုင်ဧ။် ဆင်ခြင်တုံတရားက သတိပေးနေပါသည်။ ဗုဒ္ဓဘာသာတရား အရ နောက်ဘ၀ သံသရာ ကိုလဲ ကြောက်တာပါသေးသည်။ ဒီဘ၀ ခဏတာလေးမှာ ခံစားရယုံဖြင့် နောင်ဘ၀ပေါင်းများစွာ မခံချင်ပါ။

ဤလိုဖြင့် ဟိုလိုတွေးလိုက် ဒီလိုတွေးလိုက်ဖြင့် ခုထိလည်း ဘာဖြေရမှန်းမသိသေးပါ။ သူများတော့ မေးပြီး ကိုယ်တိုင်တော့ မဖြေဘူးဟု မထင်စေလိုပါ။ တကယ်ကို မပြတ်သား သေးလို့ပါခင်ဗျား။ ။


XxXxXx 

(Zawgyi version )

ၿပီးခ့ဲတ့ဲလက အျပင္းေျပ poll ေလး တစ္ခု ကၽြန္ေတာ္လုပ္ခဲ့ပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဗိုလ္ခ်ဳပ္သန္းေရႊ ေနာက္ဘ၀တြင္ ျဖစ္ခ်င္တာျဖစ္ရလွ်င္ ဘယ္သူ႕ဘ၀ ရခ်င္သနည္းဟု ေမးခ့ဲျခင္းျဖစ္ပါသည္။ ေျဖခဲ့သူမ်ားကိုလဲ ေက်းဇူးတင္ပါသည္။
ေလာကႀကီးတြင္ေျပာရတာ လြယ္ေသာ္လည္း လက္ေတြ႔တြင္မူ တစ္ခ်ိဳ႕ကိစၥမ်ားမွာ ေတာ္ေတာ္ ဂြက်ပါသည္။ ရွင္း႐ွင္းေျပာရလွ်င္ ကၽြန္ေတာ္ကိုယ္တိုင္ ဤ poll ေမးခ်ိန္အထိ ဘာေျဖရမွန္းမသိပါ။ တစ္ခါတစ္ရံ နာမည္ႀကီး နာမည္ေကာင္း လိုခ်င္ေသာ္လည္း ပိုက္ဆံ မ႐ွိဘဲလည္း မေနခ်င္ပါ။ အထူးသျဖင့္ ဤေခတ္ႀကီးလို အရာရာ ေငြ အဓိက က်ေနခ်ိန္တြင္ ပိုဆိုးပါသည္။
တစ္ခါတစ္ရံတြင္ ဘယ္သူေတြ ဘာေျပာေျပာ ခ်မ္းသာေနရင္ ၿပီးတာဘဲဟု လည္းထင္မိပါသည္။ ဆဲေနေသာ္လည္း ကိုယ္မွၾကားတာ မဟုတ္တာဘဲဟု ေတြးမိသည္။ လိုခ်င္တာ႐ွိလွ်င္ ဒီေကာင္ေတြ လာၿပီးေတာင္ ခယ ၾကဦးမွာ မဟုတ္ပါလား။ သို႔ေသာ္ ကိုယ္ကိုုတိုင္ဧ။္ ဆင္ျခင္တံုတရားက သတိေပးေနပါသည္။ ဗုဒၶဘာသာတရား အရ ေနာက္ဘ၀ သံသရာ ကိုလဲ ေၾကာက္တာပါေသးသည္။ ဒီဘ၀ ခဏတာေလးမွာ ခံစားရယံုျဖင့္ ေနာင္ဘ၀ေပါင္းမ်ားစြာ မခံခ်င္ပါ။
ဤလိုျဖင့္ ဟိုလိုေတြးလိုက္ ဒီလိုေတြးလိုက္ျဖင့္ ခုထိလည္း ဘာေျဖရမွန္းမသိေသးပါ။ သူမ်ားေတာ့ ေမးၿပီး ကိုယ္တိုင္ေတာ့ မေျဖဘူးဟု မထင္ေစလိုပါ။ တကယ္ကို မျပတ္သား ေသးလို႔ပါခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.