07 December 2008

အဖြေမှန်

(Unicode version )

ချစ်သော ဉာဏ်ကြီးရှင် ရှင့်၊


တနေ့က ကျွန်မ အလုပ်သွားဖို့ ကားမောင်းသွားစဉ် ကားက အိမ်နဲ့မနီးမေ၀းမှာ ပျက်သွားပါတယ်။ ဘာဖြစ်မှန်းလဲ မသိတာနဲ့ အိမ်ကို လမ်းလျှောက်ပြန်ခ့ဲပါတယ်။ အိမ်လဲရောက်ရော ကျွန်မယောင်္ကျားကို အိမ်နီးချင်း အမျိုးသမီး တစ်ယောက်နဲ့ ကုတင်ပေါ်မှာ တွေ့တော့တာပါဘဲ။


သူက လောလောဆယ် အလုပ်ပြုတ်ထားသူပါ။ အဲဒီအတွက် စိတ်ဓါတ်ကျနေလို့ ကျွန်မက သူစိတ်ချမ်းသာအောင် ထားပါတယ်။ အားလဲ မငယ်စေချင်ပါဘူး။ သူ့ကိုလဲ ငယ်ချစ်မို့ သိပ်ချစ်ပါတယ်။ ကွဲလဲ မကွဲချင်ပါဘူး။ ရှေ့လျှောက် သူ့ရဲ့ သစ္စာရှိမှု့ကို ယုံကြည်ရမလား မသိတော့ပါဘူး။


သူ့ကိုလဲ မခွဲနိုင်ပါဘူး။ ကျွန်မ ဘာလုပ်သင့်ပါသလဲရှင့်။ အကြံဉာဏ်လေး ပေးပါဦး။


တွေေ၀နေသူ



ချစ်သော တွေေ၀နေသူ ရေ၊


လမ်းမှာ သွားနေယင်း ကားရပ်သွားတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဓါတ်ဆီ ကုန် သွားတာလား။ မဟုတ်ဖူးဆိုယင် အင်ဂျင်ကို လာတ့ဲ ဆီပိုက် ပျက်စီးနေသလား စစ်ပါ။ ok တယ်ဆိုယင် ပန့်အထွက်က ဆီပိုက်ဖမ်းတ့ဲ ကလစ် { jubilee clips } တွေပြုတ်နေသလား စစ်ပါ။ ကောင်းနေတယ်ဆိုယင် ဓါတ်ဆီ ပန့် မကောင်းတာ ဖြစ်နိုင်ပါတယ်။ ပန့် အလုပ် မလုပ်ယင် ကာဗျူရေတာကို ဆီမရောက် နိုင်ဖူးလေ။


ဒီ အကြံဉာဏ်လေးက မင်းအတွက် အသုံး၀င်မယ် ထင်ပါတယ်။ ကံကောင်းပါစေ။


မမ ဉာဏ်ကြီးရှင်

XxXxXx

(Zawgyi version) 

ခ်စ္ေသာ ဥာဏ္ႀကီး႐ွင္ ႐ွင့္၊

တေန႔က ကၽြန္မ အလုပ္သြားဖို႔ ကားေမာင္းသြားစဥ္ ကားက အိမ္နဲ႔မနီးမေ၀းမွာ ပ်က္သြားပါတယ္။ ဘာျဖစ္မွန္းလဲ မသိတာနဲ႔ အိမ္ကို လမ္းေလွ်ာက္ျပန္ခ့ဲပါတယ္။ အိမ္လဲေရာက္ေရာ ကၽြန္မေယာကၤ်ားကို အိမ္နီးခ်င္း အမ်ိဳးသမီး တစ္ေယာက္နဲ႔ ကုတင္ေပၚမွာ ေတြ႕ေတာ့တာပါဘဲ။

သူက ေလာေလာဆယ္ အလုပ္ျပဳတ္ထားသူပါ။ အဲဒီအတြက္ စိတ္ဓါတ္က်ေနလို႔ ကၽြန္မက သူစိတ္ခ်မ္းသာေအာင္ ထားပါတယ္။ အားလဲ မငယ္ေစခ်င္ပါဘူး။ သူ႔ကိုလဲ ငယ္ခ်စ္မို႔ သိပ္ခ်စ္ပါတယ္။ ကြဲလဲ မကြဲခ်င္ပါဘူး။ ေ႐ွ႔ေလွ်ာက္ သူ႔ရဲ့ သစၥာ႐ွိမႈ႔ကို ယံုၾကည္ရမလား မသိေတာ့ပါဘူး။

သူ႔ကိုလဲ မခြဲႏိုင္ပါဘူး။ ကၽြန္မ ဘာလုပ္သင့္ပါသလဲ႐ွင့္။ အၾကံဥာဏ္ေလး ေပးပါဦး။

ေတြေ၀ေနသူ

ခ်စ္ေသာ ေတြေ၀ေနသူ ေရ၊

လမ္းမွာ သြားေနယင္း ကားရပ္သြားတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္နိုင္ပါတယ္။ ဓါတ္ဆီ ကုန္ သြားတာလား။ မဟုတ္ဖူးဆိုယင္ အင္ဂ်င္ကို လာတ့ဲ ဆီပိုက္ ပ်က္စီးေနသလား စစ္ပါ။ ok တယ္ဆိုယင္ ပန္႔အထြက္က ဆီပိုက္ဖမ္းတ့ဲ ကလစ္ { jubilee clips } ေတြျပဳတ္ေနသလား စစ္ပါ။ ေကာင္းေနတယ္ဆိုယင္ ဓါတ္ဆီ ပန္႔ မေကာင္းတာ ျဖစ္ႏိုင္ပါတယ္။ ပန္႔ အလုပ္ မလုပ္ယင္ ကာဗ်ဴေရတာကို ဆီမေရာက္ ႏိုင္ဖူးေလ။

ဒီ အၾကံဥာဏ္ေလးက မင္းအတြက္ အသံုး၀င္မယ္ ထင္ပါတယ္။ ကံေကာင္းပါေစ။

မမ ဥာဏ္ႀကီး႐ွင္

No comments:

Post a Comment

Thank you.