07 October 2008

ဖေမောင်သိန်း နှင့် ခင်၀မ်း


















ခင်၀မ်း သီချင်းတွေ ပြန်စုကြည့်တော့ တစ်ချို့ Album တွေဆို Cover Card တောင် တွေ့ရဖို့ မလွယ်ကူတော့ပါဘူး။ တေးသံသွင်းဆိုင်တွေမှာ ရှိယင် ခဏငှားပြီး Copy ကူးမယ်ဆိုတာတောင် မရခ့ဲပါဘူး။ ပြည်မှာဆောင်း Cover ကိုတော့ ဝါသနာတူ တစ်ဦးဆီက ရလို့ကျေးဇူးတင်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ သီချင်းစာအုပ် ပုံတူတစ်အုပ်ရပါတယ်။ Original မရနိုင်လို့ ကိုယ့်နီးကိုယ့်ဟန် ဖန်တီးထားတာပါ။ ယှဉ်သာကြည့်ကြပါတော့။ ကွယ်လွန်သူ ကိုဖေမောင်သိန်း ရဲ့ ဖန်တီးမှုပါ။ Original ကသူ့တန်ဖိုး သူရှိသလို တုယူဖန်တီးထားမှုကလည်း အနုပညာ မနိမ့်ပါဘူး။

ကိုဖေမောင်သိန်း ၁၉၇၈ လောက်က အိမ်မှာလာ ကျောင်းတက်စဉ် ခင်၀မ်း ရောဂါ ရသွားပါတယ်။ ဒီပိုးက ကူးမိယင် မလွယ်တော့ သီချင်းစာအုပ် Original မရနိုင်လို့ ကူးထားလိုက်တာ ထင်ပါတယ်။ ဖေမောင်သိန်း ကိုရော ခင်၀မ်း ကိုပါ နှမြောမိပါရဲ့။ ။
























































No comments:

Post a Comment

Thank you.