25 October 2008

ပိတောက်ပွင့်သစ်


(Unicode version)

စက်တင်ဘာလ၊ ၂၀၀၈ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းကို ဖတ်ကြည့်ပါသည်။ စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်းနှစ် ၃၀ အထိမ်းအမှတ် ထုတ်ေ၀ခြင်း ဖြစ်ပါသည်။ ထုတ်ခွင့်ရဖို့ တော်တော်ကြိုးစားခ့ဲရမည် ထင်ပါသည်။ များသောအားဖြင့် ဗန်းမော်တင်အောင် အကြောင်းဆိုလျှင် ထုတ်ေ၀ခွင့်ရဖို့ ခက်ခဲသည်ဟု ကြားဖူး၍ပါ။ သေချာတော့မသိပါ။


ဆောင်းပါးအများစုမှာ သူ့ကိုချီးကြူးထားသည့် ဆောင်းပါးများသာဖြစ်ပါသည်။ သူ့အကြောင်း ထုတ်သည့် မဂ္ဂဇင်းတွင် သူ့ကိုချီးကြူး ကြရမည်သာ။ သူဧ။် စာပေနှင့် ကိုယ်ကျင့် သိက္ခာမှာ အလွန်လေးစားစရာ ဖြစ်ပါသည်။ ဆောင်းပါးအများစုတွင်လည်း အသားပေး ဖေါ်ပြထားကြပါသည်။ ကြည်ညိုစရာ ပုဂ္ဂိုလ်တစ်ဦးပင်။


အားလုံးသောဆောင်းပါးများထဲတွင် သော်တာဆွေဧ။်ဆောင်းပါးကို အကြိုက်ဆုံးပါ။ နမူနာလေး မြည်းကြည့်ကြပါ။


" ထိုနေ့ နေ့လည်ခင်း၀ယ် ကျွန်တော်သည် ရှုမ၀တိုက်မှ ပြန်ခ့ဲ၍ ဗိုလ်ချုပ်ဈေးကို ဖြတ်ခ့ဲပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ်၁၂ ဘတ်စကား မှတ်တိုင်တွင် အခြားကားစောင့် ခရီးသည်တွေ တစ်ပုံတစ်ပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ......


“ဟေ့ လူကြီး၊ ခင်ဗျား ဘုန်းမောင်တစ်ယောက်ထဲလား၊ ဘယ်သွားမလို့လဲ”


“ဟာ...ကိုဆွေ၊ ခင်ဗျားတွေ့ရတာ ၀မ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်”


“ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ၊ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတ့ဲလူ၊ အခု ဆေးရုံကဆင်းလာတာ ဘယ်လောက်ကြာပြီလဲ”


“အရက် ၂၀ လောက်ရှိသွားပြီဗျ၊ ကျွန်တော်ဆေးရုံတက်နေတုံးက ခင်ဗျားငွေ ၅၀ိ/ လာပေးတာ သိပ်ကျေးဇူးတင်ပါတယ်ဗျာ”


“ခင်ဗျားကို လာပေးတာ မဟုတ်ဖူးဗျို့၊ ခင်ဗျားကိုမြင်တော့မှ သြော် ဒီလူကြီး ဆေးရုံတက်နေရတာလဲကြာပြီ၊ စာလဲမရေးနိုင်တော့ ဘိုင်ကျမှာဘဲဆိုပြီး အိတ်ထဲငွေလေး ၁၅၀ိ/ ပါခ့ဲတာက ခင်ဗျားကို ၅၀ိ/ပေးခ့ဲတာ၊ တယ်ပြီး ပေးချင်လှလို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ”


သူသည်တဟီးဟီး ရယ်မောလျှက်...


“ကောင်းတယ်ဗျာ။ ခင်ဗျားနဲ့တွေ့ရတာ ရယ်ရတယ်”


“သြော်...ဒါ ရယ်စရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလည်း မတက်ပါနဲ့၊ ကျုပ်ငွေလည်း လာမပေးပါရစေနဲ့။ ကျန်းကျန်းမာမာ နေစမ်းပါ သိလား၊ ခင်ဗျားကို သတိထားမိတယ်၊ ခင်ဗျားဟာ ထောင်ထဲမှာ နေယင်နေမယ်။ ဒါမှမဟုတ် ဆေးရုံမှာနေမယ် ဆိုတ့ဲလူ၊ အိမ်မှာကို နေတယ်မရှိဘူး၊ ဘာလဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား”


သူသည် တဟီးဟီးရယ်မောပြန်လျှက် ...


“ဟုတ်တယ်ဗျာ၊ ကျုပ်ကလည်း ခင်ဗျားပြောမယ်ဆို ပြောစရာပဲ”


ထိုစဉ်က သူသည် (လပိုင်းမျှသာလိုတော့သည်) နောက်တစ်ကြိမ် ဆေးရုံသွားပြီး ဘ၀ဇတ်သိမ်းတော့မည်ကို ကျွန်တော် ပသို့ တွေးထင်နိုင်ပါအ့ံနည်း။ ကျွန်တော့် ဝါသနာအလျှောက် ကိုယ်နှင့်ခင်မင်သူကို ကလိတိတိပြော၍ ရယ်မောစေခြင်းသာ ဖြစ်ပါသည်။


“ကိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလည်း ကျွန်တော့်လိုပဲ နောက်တစ်မယား ယူပေါ့ဗျာ။ ဘာလို့ ထောင်ထဲသွားလိုက်၊ ဆေးရုံတက်လိုက် လုပ်နေရမှာလဲ”


........................


တကယ် ပြောခ့ဲတာတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ သို့သော် ဖတ်၍ကောင်း ပါသည်။ နှစ်ဦးစလုံးဧ။် Character တွေကို ပေါ်လွင်စေပါသည်။အခြားဆောင်းပါးများကမူ ဆင်တူနီးပါးတွေသာ ဖြစ်ပါသည်။


ကြားဖြတ်၍ ပြောရလျှင် ကျွန်တော်သည် ကွန်မြူနစ်ဝါဒကို လုံး၀မယုံကြည်ပါ။ စိတ်ကူးယဉ် ဝါဒ ဟုသာ ထင်ပါသည်။ သို့သော်် တစ်ခေတ်တစ်ခါက ထိုဝါဒကို လွန်စွာသက်၀င် ယုံကြည်ခဲ့သူများကိုလည်း အလွန်အ့ံသြ မိကြောင်းပါ။ ဘယ်လောက်တော်သူ ဖြစ်ခ့ဲစေ ၊ အထင်ကြီး၍ မရတော့ပါ။


ဤမဂ္ဂဇင်းတွင်ပါသော ဗန်းမော်တင်အောင် အကြောင်း မဟုတ်သည့် ဆောင်းပါးတစ်ပုဒ်ကို သဘောကျမိပါသည်။


ချိုတူးဇော် ဧ။် “သမိုင်းကိုဖတ်၊ ကမ္ဘာကိုမြင်၊ မြန်မာကိုတွေး” ဆိုသော ဆောင်းပါးဖြစ်သည်။ အားလုံးမဟုတ်သော်လည်း အများစုကို သဘောတူ၍ရပါသည်။ ဗန်းမော်တင်အောင် ဂုဏ်ပြုအထူးထုတ် မဂ္ဂဇင်းတွင် ဤဆောင်းပါးကို တပါးတည်းဖေါ်ပြ ခြင်းမှာ ခေတ်နှစ်ခေတ်မှ လူတို့ဧ။် အမြင်ကို ပေါ်လွင်စေချင်၍ ဖြစ်မည်ထင်သည်။ တိုက်ဆိုင်မှုတော့ ဟုတ်မည်မထင်ကြောင်းပါ ။ ။


XxXxXx 

(Zawgyi version) 

စက္တင္ဘာလ၊ ၂၀၀၈ ထုတ္ ပိေတာက္ပြင့္သစ္ မဂၢဇင္းကို ဖတ္ၾကည့္ပါသည္။ စာေရးဆရာ ဗန္းေမာ္တင္ေအာင္ ကြယ္လြန္ျခင္းႏွစ္ ၃၀ အထိမ္းအမွတ္ ထုတ္ေ၀ျခင္း ျဖစ္ပါသည္။ ထုတ္ခြင့္ရဖို႔ ေတာ္ေတာ္ၾကိဳးစားခ့ဲရမည္ ထင္ပါသည္။ မ်ားေသာအားျဖင့္ ဗန္းေမာ္တင္ေအာင္ အေၾကာင္းဆိုလွ်င္ ထုတ္ေ၀ခြင့္ရဖို႔ ခက္ခဲသည္ဟု ၾကားဖူး၍ပါ။ ေသခ်ာေတာ့မသိပါ။

ေဆာင္းပါးအမ်ားစုမွာ သူ႔ကိုခ်ီးၾကဴးထားသည့္ ေဆာင္းပါးမ်ားသာျဖစ္ပါသည္။ သူ႔အေၾကာင္း ထုတ္သည့္ မဂၢဇင္းတြင္ သူ႔ကိုခ်ီးၾကဴး ၾကရမည္သာ။ သူဧ။္ စာေပႏွင့္ ကိုယ္က်င့္ သိကၡာမွာ အလြန္ေလးစားစရာ ျဖစ္ပါသည္။ ေဆာင္းပါးအမ်ားစုတြင္လည္း အသားေပး ေဖၚျပထားၾကပါသည္။ ၾကည္ညိဳစရာ ပုဂၢိဳလ္တစ္ဦးပင္။

အားလံုးေသာေဆာင္းပါးမ်ားထဲတြင္ ေသာ္တာေဆြဧ။္ေဆာင္းပါးကို အၾကိဳက္ဆံုးပါ။ နမူနာေလး ျမည္းၾကည့္ၾကပါ။

" ထိုေန႔ ေန႔လည္ခင္း၀ယ္ ကၽြန္ေတာ္သည္ ႐ႈမ၀တိုက္မွ ျပန္ခ့ဲ၍ ဗိုလ္ခ်ဳပ္ေစ်းကို ျဖတ္ခ့ဲၿပီး အေနာ္ရထာလမ္း ေရာက္သည္၌ အမွတ္၁၂ ဘတ္စကား မွတ္တိုင္တြင္ အျခားကားေစာင့္ ခရီးသည္ေတြ တစ္ပံုတစ္ပင္ႀကီးထဲမွာ ဗန္းေမာ္တင္ေအာင္အား ေတြ႕ရသျဖင့္ ကၽြန္ေတာ္သူ႔ဆီ ေလွ်ာက္သြားကာ......

“ေဟ့ လူႀကီး၊ ခင္ဗ်ား ဘုန္းေမာင္တစ္ေယာက္ထဲလား၊ ဘယ္သြားမလို႔လဲ”

“ဟာ...ကိုေဆြ၊ ခင္ဗ်ားေတြ႔ရတာ ၀မ္းသာလိုက္တာဗ်ာ၊ ေနေကာင္းတယ္ေနာ္”

“ကၽြန္ေတာ္ကေတာ့ ေနေကာင္းပါတယ္ဗ်၊ ခင္ဗ်ားသာ ေဆး႐ံုနဲ႔ ကူးသန္းေနတ့ဲလူ၊ အခု ေဆး႐ံုကဆင္းလာတာ ဘယ္ေလာက္ၾကာၿပီလဲ”

“အရက္ ၂၀ ေလာက္႐ွိသြားၿပီဗ်၊ ကၽြန္ေတာ္ေဆး႐ံုတက္ေနတံုးက ခင္ဗ်ားေငြ ၅၀ိ/ လာေပးတာ သိပ္ေက်းဇူးတင္ပါတယ္ဗ်ာ”

“ခင္ဗ်ားကို လာေပးတာ မဟုတ္ဖူးဗ်ိဳ႕၊ ခင္ဗ်ားကိုျမင္ေတာ့မွ ေၾသာ္ ဒီလူႀကီး ေဆး႐ံုတက္ေနရတာလဲၾကာၿပီ၊ စာလဲမေရးႏိုင္ေတာ့ ဘိုင္က်မွာဘဲဆိုၿပီး အိတ္ထဲေငြေလး ၁၅၀ိ/ ပါခ့ဲတာက ခင္ဗ်ားကို ၅၀ိ/ေပးခ့ဲတာ၊ တယ္ၿပီး ေပးခ်င္လွလို႔ မဟုတ္ဘူးဗ်ိဳ႕၊ ခုေတာင္ ေတြးေတြးၿပီး ျပန္ႏွေျမာေနေသးတယ္ဗ်”

သူသည္တဟီးဟီး ရယ္ေမာလွ်က္...

“ေကာင္းတယ္ဗ်ာ။ ခင္ဗ်ားနဲ႔ေတြ႕ရတာ ရယ္ရတယ္”

“ေၾသာ္...ဒါ ရယ္စရာေျပာတာမဟုတ္ဘူး။ တကယ္ေျပာေနတာ၊ ေနာက္ကို ခင္ဗ်ား ေဆး႐ံုလည္း မတက္ပါနဲ႔၊ က်ဳပ္ေငြလည္း လာမေပးပါရေစနဲ႔။ က်န္းက်န္းမာမာ ေနစမ္းပါ သိလား၊ ခင္ဗ်ားကို သတိထားမိတယ္၊ ခင္ဗ်ားဟာ ေထာင္ထဲမွာ ေနယင္ေနမယ္။ ဒါမွမဟုတ္ ေဆး႐ံုမွာေနမယ္ ဆိုတ့ဲလူ၊ အိမ္မွာကို ေနတယ္မ႐ွိဘူး၊ ဘာလဲ ခင္ဗ်ား သားမယားနဲ႔ အဆင္မေျပလို႔လား”

သူသည္ တဟီးဟီးရယ္ေမာျပန္လွ်က္ ...

“ဟုတ္တယ္ဗ်ာ၊ က်ဳပ္ကလည္း ခင္ဗ်ားေျပာမယ္ဆို ေျပာစရာပဲ”

ထိုစဥ္က သူသည္ (လပိုင္းမွ်သာလိုေတာ့သည္) ေနာက္တစ္ႀကိမ္ ေဆး႐ံုသြားၿပီး ဘ၀ဇတ္သိမ္းေတာ့မည္ကို ကၽြန္ေတာ္ ပသို႔ ေတြးထင္ႏိုင္ပါအ့ံနည္း။ ကၽြန္ေတာ့္ ၀ါသနာအေလွ်ာက္ ကိုယ္ႏွင့္ခင္မင္သူကို ကလိတိတိေျပာ၍ ရယ္ေမာေစျခင္းသာ ျဖစ္ပါသည္။

“ကိုယ့္ အခုလက္႐ွိအိမ္ေထာင္ အဆင္မေျပလည္း ကၽြန္ေတာ့္လိုပဲ ေနာက္တစ္မယား ယူေပါ့ဗ်ာ။ ဘာလို႔ ေထာင္ထဲသြားလိုက္၊ ေဆး႐ံုတက္လိုက္ လုပ္ေနရမွာလဲ”

........................

တကယ္ ေျပာခ့ဲတာေတြ ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မည္။ သို႔ေသာ္ ဖတ္၍ေကာင္း ပါသည္။ ႏွစ္ဦးစလံုးဧ။္ Character ေတြကို ေပၚလြင္ေစပါသည္။အျခားေဆာင္းပါးမ်ားကမူ ဆင္တူနီးပါးေတြသာ ျဖစ္ပါသည္။

ၾကားျဖတ္၍ ေျပာရလွ်င္ ကၽြန္ေတာ္သည္ ကြန္ျမဴနစ္၀ါဒကို လံုး၀မယံုၾကည္ပါ။ စိတ္ကူးယဥ္ ၀ါဒ ဟုသာ ထင္ပါသည္။ သို႔ေသာ္္ တစ္ေခတ္တစ္ခါက ထို၀ါဒကို လြန္စြာသက္၀င္ ယံုၾကည္ခဲ့သူမ်ားကိုလည္း အလြန္အ့ံၾသ မိေၾကာင္းပါ။ ဘယ္ေလာက္ေတာ္သူ ျဖစ္ခ့ဲေစ ၊ အထင္ႀကီး၍ မရေတာ့ပါ။

ဤမဂၢဇင္းတြင္ပါေသာ ဗန္းေမာ္တင္ေအာင္ အေၾကာင္း မဟုတ္သည့္ ေဆာင္းပါးတစ္ပုဒ္ကို သေဘာက်မိပါသည္။

ခ်ိဳတူးေဇာ္ ဧ။္ “သမိုင္းကိုဖတ္၊ ကမာၻကိုျမင္၊ ျမန္မာကိုေတြး” ဆိုေသာ ေဆာင္းပါးျဖစ္သည္။ အားလံုးမဟုတ္ေသာ္လည္း အမ်ားစုကို သေဘာတူ၍ရပါသည္။ ဗန္းေမာ္တင္ေအာင္ ဂုဏ္ျပဳအထူးထုတ္ မဂၢဇင္းတြင္ ဤေဆာင္းပါးကို တပါးတည္းေဖၚျပ ျခင္းမွာ ေခတ္ႏွစ္ေခတ္မွ လူတို႔ဧ။္ အျမင္ကို ေပၚလြင္ေစခ်င္၍ ျဖစ္မည္ထင္သည္။ တိုက္ဆိုင္မႈေတာ့ ဟုတ္မည္မထင္ေၾကာင္းပါ ။ ။

No comments:

Post a Comment

Thank you.