30 August 2019
တော်သလင်းလ တံဆိပ်ခေါင်း
(Unicode version)
   တော်သလင်းလ ပန်းနဲ့ပွဲ တံဆိပ်ခေါင်း ယနေ့ထုတ်သည်။ သြဂုတ်လအတွင်း တတိယအကြိမ်ဖြစ်သည်။ မြန်မာ့စာပို့သမိုင်းတွင် တလအတွင်း တံဆိပ်ခေါင်း သုံးကြိမ်ထုတ်တာ ဒီတခါသာရှိမည်ထင်သည်။
.
တော်သလင်းလပွဲတော် လှေပြိုင်ပွဲနှင့် တော်သလင်းလပန်း ရင်းမာပန်းပုံဖြင့် ထုတ်ဝေသည်။ နှစ်ရာကျပ်တန် တမျိုးထဲဖြစ်ပြီး FDC လည်း ထုတ်ဝေသည်။
XxXxXx
(Zawgyi version )
.
28 August 2019
သတင်းမှား
(Unicode version)
ဝန်ကြီးဦးဖေမြင့်ရဲ့ MRTV ကတော့ လုပ်ချလိုက်ပြန်ပြီ​ဗျို့။ တရုပ်ကို ရောက်နေတဲ့ ဧည့်သည်မြန်မာဝန်ကြီးက အိမ်ရှင်ဝန်ကြီးကို လက်ခံတွေ့ဆုံပါသတဲ့။ တရုပ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အိမ်ရှင်ဖြစ်ယုံသာမက ပရိုတိုကောအရ နိုင်ငံတော်ကောင်စီဝင်ပါ ဖြစ်တဲ့အတွက် ရှင်းရပါဦးမယ်။ သံတမန်အရေးမှာ ဒါမျိုးက အရေးကြီးပါတယ်။ မှားလို့မရပါဘူး။ မကြာခင်ကဘဲ သတင်း​​ကြေငြာတဲ့ကိစ္စနဲ့ MRTVညွန်ချုပ် အဖြုတ်ခံရပါတယ်။ သူတို့ညွှန်ချုပ်ကိုဖြုတ်လို့ ပညာပြကြတာလား ကိုအဝှာတို့။
တရုပ်သတင်းလင့်
https://www.facebook.com/422671591235160/posts/1330323437136633/
XxXxXx
(Zawgyi version)
တရုပ်သတင်းလင့်
27 August 2019
လှစိုးဝေရဲ့ 9/12 အလွန်စစ်ပွဲများ
(Zawgyi  version) 
.
.
.
.
.
.
XxXxXx
(Unicode version )
   ဆရာလှစိုးဝေရဲ့ '' အင်ပါယာများပြိုကွဲခြင်း၊ သံကန့်လန့်ကာကြီးနောက်ကွယ်နှင့် 9/11 အလွန်စစ်ပွဲများ စာအုပ်ဖတ်ဖြစ်ပါတယ်။ ဆရာ့ကို အင်တာနက်စာမျက်နှာများမှာ နိုင်ငံရေးဆောင်းပါး အရေးများသူအဖြစ် သိထားပါတယ်။
.
ဒီစာအုပ်မှာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲများအကြောင်း စုစည်း​​ေဖာ်ပြထားပါတယ်။ စစ်ပွဲများကြောင့် အင်ပါယာများပြိုကွဲရသလို လက်ရှိရာစုအတွက်လည်း နိုင်ငံရေးတွန်းအားများ ဖြစ်လာတဲ့အတွက် စုစည်းရေးသားခဲ့တယ်လို့ ဆိုပါတယ်။
.
အနှစ်ချုပ်ဖော်ပြထားတဲ့ စစ်ပွဲတွေက ပါလက်စတိုင်းစစ်ပွဲများ၊ အင်ဂိုလာ၊ အင်ဒိုချိုင်းနား၊ ဒိန်ပင်ဖူး၊ အယ်ဂျီးရီးယား၊ အာရပ်အစ္စရေး စစ်ပွဲများမှသည် ဒီဘက်ခေတ် ဘော်လ်ကန်၊ ဆိုမားလိယား၊ ရဝမ်ဒါ၊ ဆူဒန်နဲ့ အယ်ကိုင်ဒါစစ်ပွဲများအထိ ပါဝင်ပါတယ်။ စစ်ပွဲတွေအကြောင်း အစုံဆုံး အနှစ်ချုပ်စာအုပ်လေးပါဘဲ။
.
​ဗဟုသုတရစရာများလည်း ပါဝင်ပါတယ်။ စစ်အေးတိုက်ပွဲ cold war ဆိုတာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆို​ဗီယာက်ရုရှအကြား ရင်ဆိုင်တိုက်ပွဲ မရှိခဲ့တဲ့စစ်ပါ။ ဒါပေမယ့် သူတို့နှစ်ဘက်ရဲ့ ငွေကြေးလက်နက် ထောက်ပံ့မှုနဲ့ အခြားဒေသတွေမှာ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါသတဲ့။ ​ဗီယက်နမ်စစ်တို့ အာဖဂန်စစ်တို့ဟာ အဲဒီအကျိုးဆက်ရဲ့ ဥပမာတချို့ ဖြစ်ပါလိမ့်မယ်။
.
စစ်အေးတိုက်ပွဲခေတ်မှာ အသုံးများခဲ့တဲ့ သံကန့်လန့်ကာ ဆိုတဲ့ စကားလုံးကို ၁၉၄၆ခု မတ်လ၅ရက်နေ့မှာ အမေရိကန်အနောက်အလယ်ပိုင်း ဖူလ်တမ်မြို့ရှိ ဝက်မစ်နစ်စတာကောလိပ်မှာ ​​ ချာချီက အစပြုသုံးစွဲခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။
.
ဒါ့အပြင် ကိုရီးယားစစ်ပွဲကာလမှာ လက်ရှိတောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ဟာ မြောက်​ကိုရီးယားလက်အောက်သို့ နှစ်ကြိမ်ကျရောက်ဘူးတာကိုလည်း သိခဲ့ရပါတယ်။
.
စစ်ပွဲဆိုတာ ဘယ်လိုပင် အကြောင်းပြသည်ဖြစ်စေ မိမိဖြစ်လိုသည်ကို ဆွေးနွေးမှုမပြုဘဲ အင်အားသုံးဖြစ်စေသည်က စခဲ့တာပါတဲ့။ ဒါကြောင့် စစ်ပွဲများကြောင့် အင်ပါယာများ ပြိုကွဲခဲ့ရသလို အသစ်ဖြစ်လာနိုင်စရာ လမ်းကြောင်းများလည်း ရှိလာနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေး စစ်ရေးလေ့လာလိုသူ လူငယ်များအတွက် အနှစ်ချုပ်ပေးထားတဲ့စာအုပ်ဖြစ်လို့ စိတ်ဝင်စားသူများအတွက် အတော်ပါဘဲ​ဗျာ။ 
21 August 2019
မဟာတို့၏ကျဆုံးခန်း စကားဝိုင်း၊
(Zawgyi version)
.
ပထမပိုင်းမှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရပုံနဲ့ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အင်္ဂလိပ်စာ လေ့လာဖြစ်ပုံ၊ ဂျာနယ်လစ်ဖြစ်ချင်ခဲ့ပုံတွေ ပြောပြခဲ့ပါတယ်။ ဒီ မဟာစာအုပ်တွဲက နှစ်တရာစာလောက် ကမ္ဘာ့သမိုင်းကို အခြေခံထားတဲ့ ဝတ္ထုဖြစ်ကြောင်း၊ သာမန်သမိုင်းလိုမကဘဲ ဘာကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာတွေပါ ဖေါ်ပြထားလို့ မြန်မာ့နိုင်ငံရေး လုပ်လိုသူတွေ သိရှိလေ့လာဖို့ အဓိကရည်ရွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တွေအတွက်ပါတဲ့။
.
မူရင်းစာရေးဆရာရဲ့ အာဘော်ကြောင့် သမိုင်းဆရာတွေပင် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်တဲ့။ ဥပမာအနေနဲ့ လီနင်ရဲ့ ဘော်လ်ရှီဗစ်တော်လှန်ရေး အောင်မြင်ဖို့ ဂျာမန်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့ခဲ့ရတယ်၊ ဆိုဗီယက်သံကန့်လန့်ကာ ပြိုကျဖို့ အဓိကလှုပ်ရှားခဲ့သူတွေက အမေရိကန်သမတရီဂင်နဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါတို့မဟုတ်ဘဲ ပိုလန်နိုင်ငံ သင်္ဘောကျင်းတခုမှ အလုပ်သမားတစုက အစပြုခဲ့တာ ဆိုတာမျိုးတွေပါ။ စဉ်းစားစရာတွေပါဘဲ။
.
ဒုတိယပိုင်း အမေးအဖြေအခန်းမှာ သမတဒေါ်နယ်ထရမ့်လက်ထက် ရိုပြသနာ မြန်မာပြည်အတွက် သက်သာသွားတယ်လို့ ဖြေခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က အဲဒီကိစ္စနဲ့အတူ မြန်မာကိုလည်း သိတ်စိတ်ဝင်စားဟန်မရှိလို့ ဖြေခဲ့ပါတယ်။
.
လက်ရှိ တရုပ်အမေရိကန် စီးပွားရေးစစ်အကြောင်း မေးရာမှာ တရုပ် အထိနာဖို့များတယ်၊ အမေရိကန်စီးပွားရေး သူ့ကြောင့်တက်လာလို့ လာမယ့်ရွေးကောက်ပွဲမှာ အမေရိကန်တွေ သူ့ကိုဘဲ ဆက်ရွေးကြမယ်လို့ ဖြေခဲ့ပါတယ်။
.
.
အခြား ကနေဒါနိုင်ငံ လူမှုရေး စီးပွားရေးအကြောင်းများ ပြောပြခဲ့သလို လက်ရှိအင်္ဂလန်အစိုးရ မတည်မြဲနိုင်ဘူးလို့လည်း သုံးသပ်ပြခဲ့ကြောင်းပါ။     ။
XxXxX
(Unicode version)
   နိုင်ငံရေးစာပေနဲ့ ဘာသာပြန်ဝတ္ထုကြိုက်သူပီပီ ဆရာလှစိုးဝေရဲ့ မဟာတို့ရဲ့ကျဆုံးခန်း စကားဝိုင်းသို့ သွားနားထောင်ဖြစ်ခ့ဲပါတယ်။ ဆရာက ကနေဒါမှာနေသူဖြစ်ပြီး မြန်မာပြည်အလည်ရောက်ခိုက် စကားဝိုင်းလေးလုပ်တာပါ။ ဘာသာပြန်ဝတ္ထု ရှားလာချိန်မှာ ဘာသာပြန်ပေးလို့ ကျေးဇူးတင်စကား ကိုယ်တိုင်ကိုယ်ကျ ပြောခ့ဲရပါတယ်။
.
ပထမပိုင်းမှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရပုံနဲ့ ငယ်စဉ်ကတည်းက ဝါသနာပါခ့ဲတ့ဲ အင်္ဂလိပ်စာ လေ့လာဖြစ်ပုံ၊ ဂျာနယ်လစ်ဖြစ်ချင်ခ့ဲပုံတွေ ပြောပြခ့ဲပါတယ်။ ဒီ မဟာစာအုပ်တွဲက နှစ်တရာစာလောက် ကမ္ဘာ့သမိုင်းကို အခြေခံထားတ့ဲ ဝတ္ထုဖြစ်ကြောင်း၊ သာမန်သမိုင်းလိုမကဘဲ ဘာကြောင့်ဖြစ်ခ့ဲရတယ်ဆိုတာတွေပါ ဖေါ်ပြထားလို့ မြန်မာ့နိုင်ငံရေး လုပ်လိုသူတွေ သိရှိလေ့လာဖို့ အဓိကရည်ရွယ်ခ့ဲတယ်လို့ ပြောကြားခ့ဲပါတယ်။ အထူးသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တွေအတွက်ပါတ့ဲ။
.
မူရင်းစာရေးဆရာရဲ့ အာဘော်ကြောင့် သမိုင်းဆရာတွေပင် အငြင်းပွားစရာ ဖြစ်ခ့ဲပါတယ်တ့ဲ။ ဥပမာအနေနဲ့ လီနင်ရဲ့ ဘော်လ်ရှီဗစ်တော်လှန်ရေး အောင်မြင်ဖို့ ဂျာမန်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့ခ့ဲရတယ်၊ ဆိုဗီယက်သံကန့်လန့်ကာ ပြိုကျဖို့ အဓိကလှုပ်ရှားခ့ဲသူတွေက အမေရိကန်သမတရီဂင်နဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါတို့မဟုတ်ဘဲ ပိုလန်နိုင်ငံ သငေ်္ဘာကျင်းတခုမှ အလုပ်သမားတစုက အစပြုခ့ဲတာ ဆိုတာမျိုးတွေပါ။ စဉ်းစားစရာတွေပါဘဲ။
.
ဒုတိယပိုင်း အမေးအဖြေအခန်းမှာ သမတဒေါ်နယ်ထရမ့်လက်ထက် ရိုပြသနာ မြန်မာပြည်အတွက် သက်သာသွားတယ်လို့ ဖြေခ့ဲပါတယ်။ ဒေါ်နယ်ထရမ့်က အဲဒီကိစ္စနဲ့အတူ မြန်မာကိုလည်း သိတ်စိတ်ဝင်စားဟန်မရှိလို့ ဖြေခ့ဲပါတယ်။
.
လက်ရှိ တရုပ်အမေရိကန် စီးပွားရေးစစ်အကြောင်း မေးရာမှာ တရုပ် အထိနာဖို့များတယ်၊ အမေရိကန်စီးပွားရေး သူ့ကြောင့်တက်လာလို့ လာမယ့်ရွေးကောက်ပွဲမှာ အမေရိကန်တွေ သူ့ကိုဘဲ ဆက်ရွေးကြမယ်လို့ ဖြေခ့ဲပါတယ်။
.
မြန်မာ့ငြိမ်းချမ်းရေး ရနိုင်မလားဆိုတော့ ခြေဥမပြင်သရွေ့ မရနိုင်ကြောင်း၊ ခြေဥပြင်ပြီးမှသာ နီးစပ်မယ်။ ဒါတောင် ကုလအကူအညီ ယူသင့်တယ်ဆိုပြီး ကိုလန်ဘီယာနဲ့ နီပေါမှ ငြိမ်းခြမ်းရေးယူခ့ဲပုံများ နမူနာပြောပြီး ဖြေခ့ဲပါတယ်။
.
အခြား ကနေဒါနိုင်ငံ လူမှုရေး စီးပွားရေးအကြောင်းများ ပြောပြခ့ဲသလို လက်ရှိအင်္ဂလန်အစိုးရ မတည်မြဲနိုင်ဘူးလို့လည်း သုံးသပ်ပြခ့ဲကြောင်းပါ။ ။
19 August 2019
သာဓု သာဓု သာဓု
(Zawgyi version)
ဖတ္ဖူးတာတခုပါ။
.
ရှေးကမ္ဘာတခုမှာ ကုန်သည်နှစ်ယောက် လှေနဲ့ကုန်ကူးရင်း မုန်တိုင်းကျပြီး လှေမှောက်ပါသတဲ့။ နှစ်ဦးသား ကမ်းရှိမယ်ထင်တဲ့ဘက် ရည်မှန်းပြီးကူနေကြသတဲ့။
.
.
.
.
(Unicode version)
ဖတ်ဖူးတာတခုပါ။
.
ရှေးကမ္ဘာတခုမှာ ကုန်သည်နှစ်ယောက် လှေနဲ့ကုန်ကူးရင်း မုန်တိုင်းကျပြီး လှေမှောက်ပါသတ့ဲ။ နှစ်ဦးသား ကမ်းရှိမယ်ထင်တ့ဲဘက် ရည်မှန်းပြီးကူနေကြသတ့ဲ။
.
ပင်လယ်စောင့်နတ်သမီးတွေ့တော့ တဦးကိုကယ်ပြီး ကမ်းကိုပို့လိုက်တယ်။ ကျန်တဦးကိုပြန်အကယ်မှာ သူက ရှေးကကုသိုလ် ပြုထားတာမရှိတော့ ကယ်လို့မရဘူးတ့ဲ။ ပျက်စီးရမ့ဲသဘော ဖြစ်နေတာပေါ့။
.
ဒီမှာ ပင်လယ်စောင့်နတ်သမီးက သတိရသွားလို့ တော်တော့တယ်။ ''အမောင်သတို့သား၊ သင်ကုသိုလ်ရအောင် ကျွနု်ပ်လုပ်ခ့ဲဘူးသမျှ ကုသိုလ်အပေါင်းကို အမျှဝေပါမယ်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ'' လို့ ပြောသတ့ဲ။ နတ်သမီးအမျှဝေအပြီး သာဓုခေါ်လိုက်မှ ကုသိုလ်ကံဖြစ်ပြီး ထိုကုန်သည်ကို ကယ်ယူလို့ရသတ့ဲ။
.
ဒါကြောင့် ကိုယ်မလုပ်နိုင်သေးတောင် သူတပါးပြုတ့ဲကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးပါ။ ကိုယ့်ကုသိုလ်ကိုလည်း ယုံယုံကြည်ကြည် အမျှဝေပေးပါ။
.
11 August 2019
ရေဘေးအတွက် အလှူခံဖို့
(Zawgyi version)
.
.
.
ကောင်းမွန်ထိရောက်ပြီး လွယ်လွယ်လှူနိုင်တဲ့အတွက် အခုလည်း စလုပ်ပေးသင့်ပါပြီ။ လူတိုင်းလောက်မှာ ဖုန်းရှိနေတဲ့အတွက် အလုပ်ဖြစ်ပါတယ်။ ၅၀၀ကျပ်ဆိုတာ စေတနာပေါ်ရင် ကျောင်းသားတောင် တတ်နိုင်တဲ့အမောင့်ပါ။
.
XxXxXx
(Unicode version)
ဖွဘုတ်မန်မိုရီအရ ဒီအချိန် မြန်မာပြည် ရေကြီးလေ့ရှိပါတယ်။ တနေရာမဟုတ် တနေရာပါဘဲ။
.
ရေဘေးကူညီဖို့ အလှူတွေကောက်ကြပါတယ်။ အဖွဲ့မျိုးစုံ ပုံစံမျိုးစုံနဲ့ပါဘဲ။
.
လွန်ခ့ဲတ့ဲ နှစ်နှစ်လား သုံးနှစ်လား မမှတ်မိ။ ရေဘေးအတွက် လှူနိုင်ဖို့ တယ်လီဖုန်းအော်ပရေတာတွေ လုပ်ပေးကြပါတယ်။ sms တခါပို့ရင် ငွေ၅၀၀ကျပ် ဖုန်းဘီလ်ထဲက လှူပေးပါတယ်။
.
ကောင်းမွန်ထိရောက်ပြီး လွယ်လွယ်လှူနိုင်တ့ဲအတွက် အခုလည်း စလုပ်ပေးသင့်ပါပြီ။ လူတိုင်းလောက်မှာ ဖုန်းရှိနေတ့ဲအတွက် အလုပ်ဖြစ်ပါတယ်။ ၅၀၀ကျပ်ဆိုတာ စေတနာပေါ်ရင် ကျောင်းသားတောင် တတ်နိုင်တ့ဲအမောင့်ပါ။
.
အရင်လုပ်တုံးကလည်း မယုံဘဲ အပစ်ပြောသူတွေ ပေါ်လာပါတယ်။ တကယ်မလှူဘဲ ဘီလ်ဖြတ်ရင် ဘယ်လိုလုပ်မလည်းတ့ဲ။ ယုံသူတွေအတွက် လှူဖြစ်အောင် လုပ်ပေးစေလိုပါတယ်။