22 May 2017

ပရော်ဖက်ရှင်နယ်တွေနဲ့ ပီအာ

(Unicode version)

   ပြီးခ့ဲတ့ဲအပတ်ထဲက ကွီးဖြိးနဲ့ ဟိုတယ်ကြီးတခု ပြဿ နာဖြစ်တာ အားလုံးသိပြီးသားပါ။ မြန်မာတွေ ထုံးစံဖြစ်နေတ့ဲအတိုင်း ဖွဘုတ်ပေါ်မှာ နှစ်ဖက်ပြောကြပါတယ်။ ပြင်းပြင်းထန်ထန်ကို ပြောကြတာပါ။ ဟာ ဆဲတာတွေလည်း ပါတာပေါ့ဗျာ။ မိုးကိုမွှန်သွားတာပါ။ မြန်မာပြည် ထုံးစံဖြစ်နေပါပြီဆို။

.

ကွီးဖြိုးထောက်ခံသူတွေက ဒါ ဟိုတယ်က သက်သက်ယုတ်မာတာ။ ကွီးဖြိုးတက်လာတော့ ဟိုတယ်တိုးချဲ့တာ အထပ်ခိုးတင်တာမိလို့ ဒါဏ်ငွေရိုက်တာရယ်၊ ပလက်ဖောင်းကို သိမ်းထားတာ ပြန်ဖျက်ပေးရလို့ အညှိုးနဲ့လုပ်တာလို့ ပြောကြပါတယ်။ တဖက်ကလည်း ကွီးဖြိုးက အဆင့်မရှိလို့ လုပ်တာလို့ ချေပနေကြပါတယ်။ သက်ဆိုင်ရာဟိုတယ်ကတော့ တက်ခနီကယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ပါတ့ဲ။

.

တချို့တွေကလည်း ထုံးစံအတိုင်း အလွန်အကျွံရေးပါတယ်။ ဟိုတယ်ကဝန်ထမ်းတွေ ဖြုတ်ပစ်၊ အရေးယူ ထောင်ချပစ် စသဖြင့်ပေါ့။ ဟိုတယ်ဝန်ထမ်းတချို့က ဒါမျိုးရေးတာ မခံနိုင်တော့ (ဖြုတ်လို့၊ အရေးယူလို့ မရမှန်းလည်း သိမယ်ထင်တာဘဲ) ပြန်ရေးတာ သုံးလေးယောက်တွေ့ပါတယ်။ ဝန်ထမ်းငယ် တချို့ပါ။ ပြောရင်း နှစ်ဘက်ရန်ဖြစ်သလို ဆဲတ့ဲအထိ ပါကုန်ပါတယ်။ ပြောခ့ဲပြီလေ။ မြန်မာတွေထုံးစံ ဖြစ်နေပါပြီဆို။

.

ပြောချင်တာက ခုမှလာပါတယ်။ ဒီလိုပြန်ပြောတော့ မိမိလုပ်ငန်း သိက္ခာထိခိုကိပါတယ်။ ဒီကိစ္စမျိုးမှာ ချွန်တွန်းတွေရှိမယ်၊ မနာလိုသူတွေ ရှိမယ်၊ ဒီလိုပြန်ပြောတာတွေကို ပြန်ဖြန့်တော့ လူထုနဲ့ ဆက်သွယ်ပြီး လုပ်နေရတ့ဲ မိမိရဲ့ မိခင်လုပ်ငန်းပုံရိပ် ထိခိုက်စေပါတယ်။ ဝန်ထမ်းငယ်တွေ ဖြစ်ပေမယ့် မကောင်းပြန်ရေးကြတော့ ဟိုတယ်ကဘဲ ပြန်ပြောသလို ဖြစ်ကုန်ရော။

.

လူအများနဲ့ ဆက်သွယ်လုပ်နေရတ့ဲ ဟိုတယ်လုပ်ငန်းလိုဘဲ ဘဏ်တွေ လေကြောင်းလိုင်းတွေ စတိုးဆိုင်စူပါမားကက်တွေ ဆေးရုံတွေ သတိထားရမ့ဲ ကိစ္စကြီးပါ။ ကုမ္ပဏီကြီးတွေဖြစ်တ့ဲ အားလျှော်စွာ HR ဌာနရှိမှာပါ။ HRအနေနဲ့ မိမိဝန်ထမ်းတွေရဲ့ လူမှုဆက်သွယ်ရေးကွန်ရက်ပေါ် ပြုမူမှုတွေကို သတိထားသင့်ပါတယ်။ ထိမ်းချုပ်ဖို့ ပြောတာမဟုတ်ပါ။ အလုပ်စဝင်ကတည်းက ရှင်းပြထားဖို့ လိုတာပါ။ ဝန်ထမ်းအများစုဟာ ပရော်ဖက်ရှင်နယ်တွေပါ။ သာမန်ဝန်ထမ်းမျိုး ဒီလိုအလုပ်တွေမှာ နည်းပါတယ်။ ပရော်ဖက်ရှင်နယ်တွေ ပီအာအကြောင်း သိဖို့လိုအပ်တာ အသေအချာပါဘဲ။

.

ပြည်ပကုမ္ပဏီ တချို့မှာတော့ အလုပ်စလျောက်ကတည်းက ဖေ့ဘုတ် တွစ်တာအကောင့် တောင်းကြည့်ပြီး အလုပ်ပေးသင့်မသင့် ဆုံးဖြတ်တာတောင် ရှိပါတယ်။ ဖေ့ဘုတ်မှာ အပျော်ခရီးသွားတုံးက ရိုက်ခ့ဲတ့ဲ ကိုာ်တုံးလုံးပုံတွေ တင်လို့ အလုပ်မခန့်တာ ရှိသလို အပြာပို့စ်တွေ ရှယ်နေတာတွေ့လို့ အလုပ်မခန့်တာလည်း ရှိခ့ဲဘူးပါတယ်။ မိမိရဲ့ဝန်ထမ်းရဲ့ ဖေ့ဘုတ်ပေါ်ကလုပ်ရပ်ဟာ မိမိကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာ HRတွေ ကေင်းကောင်းသိကြမှာပါ။

XxXxXx

(Zawgyi version )

   ၿပီးခ့ဲတ့ဲအပတ္ထဲက ကီြးၿဖိးနဲ႔ ဟိုတယ္ႀကီးတခု ျပႆ     နာျဖစ္တာ အားလံုးသိၿပီးသားပါ။ ျမန္မာေတြ ထံုးစံျဖစ္ေနတ့ဲအတိုင္း ဖြဘုတ္ေပၚမွာ ႏွစ္ဖက္ေျပာၾကပါတယ္။ ျပင္းျပင္းထန္ထန္ကို ေျပာၾကတာပါ။ ဟာ ဆဲတာေတြလည္း ပါတာေပါ့ဗ်ာ။ မိုးကိုမႊန္သြားတာပါ။ ျမန္မာျပည္ ထံုးစံျဖစ္ေနပါၿပီဆို။
.
ကီြးၿဖိဳးေထာက္ခံသူေတြက ဒါ ဟိုတယ္က သက္သက္ယုတ္မာတာ။ ကီြးၿဖိဳးတက္လာေတာ့ ဟိုတယ္တိုးခ်ဲ့တာ အထပ္ခိုးတင္တာမိလို႔ ဒါဏ္ေငြ႐ိုက္တာရယ္၊ ပလက္ေဖာင္းကို သိမ္းထားတာ ျပန္ဖ်က္ေပးရလို႔ အညႇိဳးနဲ႔လုပ္တာလို႔ ေျပာၾကပါတယ္။ တဖက္ကလည္း ကီြးၿဖိဳးက အဆင့္မ႐ွိလို႔ လုပ္တာလို႔ ေခ်ပေနၾကပါတယ္။ သက္ဆိုင္ရာဟိုတယ္ကေတာ့ တက္ခနီကယ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ပါတ့ဲ။
.
တခ်ိဳ႕ေတြကလည္း ထံုးစံအတိုင္း အလြန္အကြၽံေရးပါတယ္။ ဟိုတယ္ကဝန္ထမ္းေတြ ျဖဳတ္ပစ္၊ အေရးယူ ေထာင္ခ်ပစ္ စသျဖင့္ေပါ့။ ဟိုတယ္ဝန္ထမ္းတခ်ိဳ႕က ဒါမ်ိဳးေရးတာ မခံႏိုင္ေတာ့ (ျဖဳတ္လို႔၊ အေရးယူလို႔ မရမွန္းလည္း သိမယ္ထင္တာဘဲ) ျပန္ေရးတာ သံုးေလးေယာက္ေတြ႔ပါတယ္။ ဝန္ထမ္းငယ္ တခ်ိဳ႕ပါ။ ေျပာရင္း ႏွစ္ဘက္ရန္ျဖစ္သလို ဆဲတ့ဲအထိ ပါကုန္ပါတယ္။ ေျပာခ့ဲၿပီေလ။ ျမန္မာေတြထံုးစံ  ျဖစ္ေနပါၿပီဆို။
.
ေျပာခ်င္တာက ခုမွလာပါတယ္။ ဒီလိုျပန္ေျပာေတာ့ မိမိလုပ္ငန္း သိကၡာထိခိုကိပါတယ္။ ဒီကိစၥမ်ိဳးမွာ ခြၽန္တြန္းေတြ႐ွိမယ္၊ မနာလိုသူေတြ ႐ွိမယ္၊ ဒီလိုျပန္ေျပာတာေတြကို ျပန္ျဖန္႔ေတာ့ လူထုနဲ႔ ဆက္သြယ္ၿပီး လုပ္ေနရတ့ဲ မိမိရဲ႕ မိခင္လုပ္ငန္းပံုရိပ္ ထိခိုက္ေစပါတယ္။ ဝန္ထမ္းငယ္ေတြ ျဖစ္ေပမယ့္ မေကာင္းျပန္ေရးၾကေတာ့ ဟိုတယ္ကဘဲ ျပန္ေျပာသလို ျဖစ္ကုန္ေရာ။
.
လူအမ်ားနဲ႔ ဆက္သြယ္လုပ္ေနရတ့ဲ ဟိုတယ္လုပ္ငန္းလိုဘဲ ဘဏ္ေတြ ေလေၾကာင္းလိုင္းေတြ စတိုးဆိုင္စူပါမားကက္ေတြ ေဆးရံုေတြ သတိထားရမ့ဲ ကိစၥႀကီးပါ။ ကုမၸဏီႀကီးေတြျဖစ္တ့ဲ အားေလွ်ာ္စြာ HR ဌာန႐ွိမွာပါ။ HRအေနနဲ႔ မိမိဝန္ထမ္းေတြရဲ႕ လူမႈဆက္သြယ္ေရးကြန္ရက္ေပၚ ျပဳမူမႈေတြကို သတိထားသင့္ပါတယ္။ ထိမ္းခ်ဳပ္ဖို႔ ေျပာတာမဟုတ္ပါ။ အလုပ္စဝင္ကတည္းက ႐ွင္းျပထားဖို႔ လိုတာပါ။ ဝန္ထမ္းအမ်ားစုဟာ ပေရာ္ဖက္႐ွင္နယ္ေတြပါ။ သာမန္ဝန္ထမ္းမ်ိဳး ဒီလိုအလုပ္ေတြမွာ နည္းပါတယ္။ ပေရာ္ဖက္႐ွင္နယ္ေတြ ပီအာအေၾကာင္း သိဖို႔လိုအပ္တာ အေသအခ်ာပါဘဲ။
.
ျပည္ပကုမၸဏီ တခ်ိဳ႕မွာေတာ့ အလုပ္စေလ်ာက္ကတည္းက ေဖ့ဘုတ္ တြစ္တာအေကာင့္ ေတာင္းၾကည့္ၿပီး အလုပ္ေပးသင့္မသင့္ ဆံုးျဖတ္တာေတာင္ ႐ွိပါတယ္။ ေဖ့ဘုတ္မွာ အေပ်ာ္ခရီးသြားတံုးက ႐ိုက္ခ့ဲတ့ဲ ကိုာ္တံုးလံုးပံုေတြ တင္လို႔ အလုပ္မခန္႔တာ ႐ွိသလို အျပာပို႔စ္ေတြ ႐ွယ္ေနတာေတြ႔လို႔ အလုပ္မခန္႔တာလည္း ႐ွိခ့ဲဘူးပါတယ္။ မိမိရဲ႕ဝန္ထမ္းရဲ႕ ေဖ့ဘုတ္ေပၚကလုပ္ရပ္ဟာ မိမိကုမၸဏီရဲ႕ ပံုရိပ္ကို ထိခိုက္ႏိုင္တာ HRေတြ ေကင္းေကာင္းသိၾကမွာပါ။ 

13 May 2017

မတူ​ရေးချ မတူပါ

 (Unicode version)

     အမှန်​က ဒီလူ​တွေနဲ့ ဒီအဖွဲ့အ​ကြောင်​း မ​ရေးချင်​ပါ။ ရွံလွန်​းလို့ဖြစ်​သည်​။ နိုင်​ငံ​ရေးကို ​ဗြောင်​မလုပ်​ရဲဘဲ အမျိုးဘာသာ သာသနာအတွက်​ဆိုကာ ကာဗာယူလုပ်​​သော​ကြောင်​့ဖြစ်​သည်​။ အမျိုးအတွက်​ပင်​ မြန်​မာလူမျိုး သိက္ခာကျလှပြီဖြစ်​ရာ ဘာသာ​ရေးအတွက်​ဆိုပြီး ဗုဒ္ဓဘာသာနဲ့ လားလားမှ မအပ်​စပ်​တာ​တွေအထိ ကျူးလွန်​​နေတာ ဘာသာကို နာမည်​ဖျက်​သလို ဖြစ်​​နေပြီ။ တချို့ဘုန်​းကြီးများ ပါ​သော်​ငြားလည်​း ဝိနည်​းနဲ့အညီ မကပ္ပိတတ်​သည်​့အတွက်​ အပစ်​​ပြောစရာ ပိုဖြစ်​​နေသည်​။ တဦးတဖွဲ့ အာဏာပြန်​ရ​ရေးအတွက်​ လူမျိုးနဲ့ဗုဒ္ဓဘာသာကို ချနင်​း​နေ​သောသူများသာ။

.

မ​နေ့တ​နေ့ကလည်​း သာမန်​စီပွား​ရေး အငြင်​းပွားမှုကို ဘာသာ​ရေးအသွင်​​ပြောင်​းရန်​ ကြိုးစားသဖြင်​့ အ​ရေးယူခံရပြီ။ အများက အာမခံ​ပေးထားမည်​ထင်​​သော သူတို့ဆရာကြီးများအဖွဲ့ပါ တ​နေ့ထဲ အချုပ်​ခံလိုက်​ရသည်​။ ​ဖေ့ဘုတ်​​ပေါ်တွင်​ သြဘာသံ ညံသွားသည်​။ ဒါကို မ​ကြေနပ်​​သော သူအချို့၏ ​အောက်​ကလိအာ ကွန်​မန်​့အချို့ကို ဖတ်​မိ၍ သူတို့အ​ကြောင်​း ​ရေးရခြင်​းပါ။

.

မျိုးချစ်​​တွေ ​ထောင်​ထဲ ရဲရဲဝင်​လိုက်​ကြပါ။ ​ထောင်​ကျဘူးမှ ​နောင်​ဆို ဝန်​ကြီး​တွေ ဝန်​ကြီးချုပ်​​တွေ ဖြစ်​လာမှာတ့ဲ။

.

လက်​ရှိ NLD အစိုးရအဖွဲ့​တွေကို ​စော်​ကားလိုက်​ခြင်​းသာ။ ဘယ်​လိုမှ မနှိုင်​းယှဉ်​သင်​့သည်​ကို ညီမျှခြင်​း လာချကြည်​့ခြင်​းသာ။ အရင်​လူ​တွေ ​ထောင်​ထဲဝင်​ရလို့ ​ပျော်​သူမရှိ။ ထိုအချိန်​က တာဝန်​ကျလို့ လုပ်​ရသူ​တွေပင်​ ဖွင်​့ဟခ့ဲဘူးသည်​။ သခင်​အားရ ကျွန်​ပါးဝ ဝန်​ထမ်​းတချို့​တော့ ရှိမှာ​ပေါ့။ ယခု သူတို့ အဖမ်​းခံရလို့ စိတ်​ချမ်​းသာတာက လူအများစုကြီးပါ။ ဘယ်​လိုမှ ​ထောင်​ချခံရတ့ဲ အ​ကြောင်​းရင်​း မတူသည်​ကို ​လာပြော​နေကြပါသည်​။

.

အရင်​ စစ်​အစိုးရ​ခေတ်​ကို မသိ်​မှီလိုက်​သည်​့ လူငယ်​များ နား​ယောင်​သွားမှာ စိုးမိပါသည်​။ ​ထောင်ကျရသည်​့ အ​ကြောင်​းရင်​းများ ဆီနဲ့​ရေလို ကွာပါသည်​။ ယခု​ကောင်​များက သူတို့ပါပါကြီး​တွေ ​နေရာပြန်​ရမလားလို့ ပြဿနာဖြစ်​​အောင်​ ဘာသာ​ရေးအ​ကြောင်​းပြ မီး​မွှေးလို့ အဖမ်​းခံရတာပါ။ အရင်​လူ​တွေက (​သေ​သေချာချာ​ပြောပြမယ်​။ ​ရောမသွား​စေနဲ့၊) ပြည်​သူ့အတွက်​ အမှန်​တရားဘက်​က ရပ်​လို့ အဖမ်​းခံရတာပါ။ လုံးဝ မတူ​ရေးချ မတူ​ကြောင်​းပါ။

XxXxXx

(Zawgyi version )

    အမွန္​က ဒီလူ​ေတြနဲ႔ ဒီအဖြဲ႔အ​ေၾကာင္​း မ​ေရးခ်င္​ပါ။ ရြံလြန္​းလို႔ျဖစ္​သည္​။ ႏိုင္​ငံ​ေရးကို ​ေျဗာင္​မလုပ္​ရဲဘဲ အမ်ိဳးဘာသာ သာသနာအတြက္​ဆိုကာ ကာဗာယူလုပ္​​ေသာ​ေၾကာင္​့ျဖစ္​သည္​။ အမ်ိဳးအတြက္​ပင္​ ျမန္​မာလူမ်ိဳး သိကၡာက်လွၿပီျဖစ္​ရာ ဘာသာ​ေရးအတြက္​ဆိုၿပီး ဗုဒၶဘာသာနဲ႔ လားလားမွ မအပ္​စပ္​တာ​ေတြအထိ က်ဴးလြန္​​ေနတာ ဘာသာကို နာမည္​ဖ်က္​သလို ျဖစ္​​ေနၿပီ။ တခ်ိဳ႕ဘုန္​းႀကီးမ်ား ပါ​ေသာ္​ျငားလည္​း ဝိနည္​းနဲ႔အညီ မကပၸိတတ္​သည္​့အတြက္​ အပစ္​​ေျပာစရာ ပိုျဖစ္​​ေနသည္​။ တဦးတဖြဲ႔ အာဏာျပန္​ရ​ေရးအတြက္​ လူမ်ိဳးနဲ႔ဗုဒၶဘာသာကို ခ်နင္​း​ေန​ေသာသူမ်ားသာ။
.
မ​ေန႔တ​ေန႔ကလည္​း သာမန္​စီပြား​ေရး အျငင္​းပြားမႈကို ဘာသာ​ေရးအသြင္​​ေျပာင္​းရန္​ ႀကိဳးစားသျဖင္​့ အ​ေရးယူခံရၿပီ။ အမ်ားက အာမခံ​ေပးထားမည္​ထင္​​ေသာ သူတို႔ဆရာႀကီးမ်ားအဖြဲ႔ပါ တ​ေန႔ထဲ အခ်ဳပ္​ခံလိုက္​ရသည္​။ ​ေဖ့ဘုတ္​​ေပၚတြင္​ ၾသဘာသံ ညံသြားသည္​။ ဒါကို မ​ေၾကနပ္​​ေသာ သူအခ်ိဳ႕၏ ​ေအာက္​ကလိအာ ကြန္​မန္​႔အခ်ိဳ႕ကို ဖတ္​မိ၍ သူတို႔အ​ေၾကာင္​း ​ေရးရျခင္​းပါ။
.
မ်ိဳးခ်စ္​​ေတြ ​ေထာင္​ထဲ ရဲရဲဝင္​လိုက္​ၾကပါ။ ​ေထာင္​က်ဘူးမွ ​ေနာင္​ဆို ဝန္​ႀကီး​ေတြ ဝန္​ႀကီးခ်ဳပ္​​ေတြ ျဖစ္​လာမွာတ့ဲ။
.
လက္​႐ွိ NLD အစိုးရအဖြဲ႔​ေတြကို ​ေစာ္​ကားလိုက္​ျခင္​းသာ။ ဘယ္​လိုမွ မႏိႈင္​းယွဥ္​သင္​့သည္​ကို ညီမွ်ျခင္​း လာခ်ၾကည္​့ျခင္​းသာ။ အရင္​လူ​ေတြ ​ေထာင္​ထဲဝင္​ရလို႔ ​ေပ်ာ္​သူမ႐ွိ။ ထိုအခ်ိန္​က တာဝန္​က်လို႔ လုပ္​ရသူ​ေတြပင္​ ဖြင္​့ဟခ့ဲဘူးသည္​။ သခင္​အားရ ကြၽန္​ပါးဝ ဝန္​ထမ္​းတခ်ိဳ႕​ေတာ့ ႐ွိမွာ​ေပါ့။ ယခု သူတို႔ အဖမ္​းခံရလို႔ စိတ္​ခ်မ္​းသာတာက လူအမ်ားစုႀကီးပါ။ ဘယ္​လိုမွ ​ေထာင္​ခ်ခံရတ့ဲ အ​ေၾကာင္​းရင္​း မတူသည္​ကို ​လာေျပာ​ေနၾကပါသည္​။
.
အရင္​ စစ္​အစိုးရ​ေခတ္​ကို မသိ္​မွီလိုက္​သည္​့ လူငယ္​မ်ား နား​ေယာင္​သြားမွာ စိုးမိပါသည္​။ ​ေထာင္က်ရသည္​့ အ​ေၾကာင္​းရင္​းမ်ား ဆီနဲ႔​ေရလို ကြာပါသည္​။ ယခု​ေကာင္​မ်ားက သူတို႔ပါပါႀကီး​ေတြ ​ေနရာျပန္​ရမလားလို႔ ျပႆနာျဖစ္​​ေအာင္​ ဘာသာ​ေရးအ​ေၾကာင္​းျပ မီး​ေမႊးလို႔ အဖမ္​းခံရတာပါ။ အရင္​လူ​ေတြက (​ေသ​ေသခ်ာခ်ာ​ေျပာျပမယ္​။ ​ေရာမသြား​ေစနဲ႔၊) ျပည္​သူ႔အတြက္​ အမွန္​တရားဘက္​က ရပ္​လို႔ အဖမ္​းခံရတာပါ။ လံုးဝ မတူ​ေရးခ် မတူ​ေၾကာင္​းပါ။ 

05 May 2017

မြန်​မာနိုင်​ငံနဲ့ ​ကျောက်​မီး​သွေးလျှပ်​စစ်​

(Unicode version)

   မိုး​လေဝသဆရာကြီး ဦးထွန်​းလွင်​ဟာ ကျွန်​​တော်​အ​လေးစားဆုံး ပညာရှင်​ထဲမှာ ပါပါတယ်​။ သူ့​ကြောင်​့ ပျင်​းစရာ​ကောင်​းတယ်​လို့ ယူဆထား​သော မိုး​လေဝသကို စိတ်​ဝင်​စားလာတာပါ။ မြန်​မာနိုင်​ငံသား အများစုလည်​း ဒီအတိုင်​းဘဲ ထင်​ပါတယ်​။ ယ​နေ့ သူ့ရဲ​ဖေ့ဘုတ်​စာမျက်​နှာမှာ ကြည်​့သူသိန်​းချီ​နေပါပြီ။ ပို့စ်​တိုင်​းမှာ ​ကျေးဇူးတင်​​ကြောင်​း မန်​့​တွေနဲ့ ရာသီဥတု ​မေးသူ​တွေနဲ့ စည်​ကား​နေတာပါ။

.

ဒါ​ပေမယ်​့ ဒီ​နေ့ ဆရာကြီးတင်​တ့ဲပို့စ်​တခုမှာ​တော့ အရင်​နဲ့ ကွဲလွဲသွားပါတယ်​။ ဆရာကြီးကိုမို့လို့ အခြား​ဖေ့ဘုတ်​​တွေလို မဆဲကြ​သော်​လည်​း အရင်​လို​ထောက်​ခံမှုမရတာ ပြန်​ကြည်​့ရင်​ သတိထားမိမှာပါ။ အ​ကြောင်​းက ​ကျောက်​မီး​သွေးသုံး ဓာတ်​အားစက်​ရုံတည်​ရင်​ တနှစ်​ကို လူ၇၀၀၀ ထိခိုက်​နိုင်​တာမို့ လုံးဝမလုပ်​သင်​့တ့ဲအ​ကြောင်​းကို ရှယ်​ထားလို်​ပါ။ ကျွန်​​တော်​့ကိုလည်​း ကွဲလွဲခွင်​့ပြုပါ ဆရာကြီးခင်​ဗျား။

.

မြန်​မာနိုင်​ငံမှာ ​လော​လောဆယ်​ လျှပ်​စစ်​ဓာတ်​အား အကြီးအကျယ်​လို​နေပါတယ်​။ စက်​မှုနိုင်​ငံဖြစ်​ဖို့​တွေ၊ ပြည်​ပရင်​းနှီးမြှုပ်​နှံမှု​တွေ အသာထားလို့ ပြည်​သူ​တွေအတွက်​ကို မီးမလုံ​လောက်​​သေးပါဘူး။ မီး လုံးဝမရ​သေးသူ နိုင်​ငံသား သုံးပုံနှစ်​ပုံ​လောက်​ ရှိ​သေးသလို ရတယ်​ဆိုတ့ဲ သုံးပုံတပုံ​လောက်​ကလည်​း မီးပျက်​တာနဲ့ မီးမပြည်​့တာ အမြဲကြုံ​နေကြရတာပါ။ ဒီ​တော့ အမြန်​ဆုံးနဲ့ ​ဈေးအသက်​သာဆုံးနည်​းနဲ့ လျှပ်​စစ်​ရဖို်​ လို​နေပါပြီ။

.

​ကျောက်​မီး​သွေးကထုတ်​ရင်​ ​ဘေးထွက်​ဆိုးကျိုးရှိတာ သာမန်​လူ​တွေ​တောင်​ သိ​နေပါပြီ။ သို့​သော်​လည်​း တခြားလျှပ်​စစ်​ရနိုင်​မ့ဲ နည်​းလမ်​း​တွေကို စဉ်​းစားကြည်​့ပါ။ နျူကလီးယားက နည်​းပညာအရ​ရော ​ငွေ​ကြေးအရပါ လက်​လှမ်​းမမှီပါ။ ​ရေအားက အ​ကောင်​းဆုံးလို့ ​ပြော​သော်​လည်​း မြစ်​​ရေစီး​ကြောင်​းပျက်​​စေလို့ဆိုပြီး ကန်​့ကွက်​ခံ​နေရတာပါဘဲ။ ပြီး​တော့ အချိန်​အ​တော်​ယူရပါလိမ်​့မယ်​။ ဓာတ်​အားအများအပြားထုတ်​နိုင်​တ့ဲ ​နေရာ​တွေ တရုပ်​က ​အောက်​​ဈေးနဲ့ လက်​ဝါးကြီးအုပ်​ထားလို့ အသစ်​​ဆောက်​ဖို့​တောင်​ ခက်​​နေပါပြီ။ မြစ်​ဆုံနဲ့တင်​ ​ဒေါ်လာသန်​းရှစ်​ရာ​ကျော်​ ​လျော်​ရပါဦးမယ်​။ ဘာဘဲဖြစ်​ဖြစ် အ​ကောင်​းဆုံးဖြစ်​ပါတယ်​။ ​နေ​ရောင်​ခြည်​နဲ့​​လေအားက ​ငွေအကုန်​အကျ များပါတယ်​။ ထွန်​းသစ်​စ အာရှကျားနိုင်​ငံ​တွေ​တောင်​ မရူးနိုင်​​သေးပါဘူး။ ဂက်​စ်​ကလည်​း ထွက်​သမျှ အရင်​ဗိုလ်​ချုပ်​​တွေ ​ရောင်​းစားသွားလို့ အနည်​းဆုံး ငါးနှစ်​​လောက်​ ​စောင်​့ရပါမယ်​။ အဲဒီအချိန်​မှာ ဂက်​စ်​​တွေ ခန်​းကုန်​ရင်​ ဒုက္ခ။

.

ဒီ​တော့ ​ကျောက်​မီး​သွေးက​နေထုတ်​တာ အမြန်​ဆုံးနဲ့ အသက်​သာဆုံးပါဘဲ။ ပတ်​ဝန်​းကျင်​ကို ထိခှိုက်​မှှှှှှှှှှှှှှှု အနည်​းဆုံး​နေရာ ဖြစ်​ရပါမယ်​။ အန္တရယ်​ဖြစ်​​စေမှု အနည်​းဆုံး နည်​းပညာနဲ့ ထုတ်​ရပါမယ်​။ သဘာဝပတ်​ဝန်​းကျင်​ ထိန်​းသိမ်​း​ရေးသမား​တွေ ဝင်​​ရောက်​စစ်​​ဆေးခွင်​့ရှိရပါမယ်​။ အရင်​က ကန်​့ကွက်​မှုများတာက ပိုက်​ဆံရရင်​ခွင်​့ပြုတ့ဲ အာဏာရှင်​အစိုးရနဲ့ တရုပ်​ကုမ္ပဏီ​တွေမို့ပါ။ အခုအစိုးရလက်​ထက်​မှာ စီစစ်​တ့ဲအဖွဲ့ဖွဲ့ရမယ်​။ အဲဒီအဖွဲ့စဖွဲ့ကတည်​းက ပညာရှင်​​တွေ အများစုပါဖ့ို်​ဘဲ လိုပါတယ်​။

.

ဘယ်​အရာမဆို ​ပေးဆပ်​မှု​တော့ ရှိမှာပါ။ မိမိလိုအပ်​ချက်​နဲ့ ​ပေးဆပ်​ရတာ တန်​ဖိုးချင်​း ညှိကြည်​့ဖို်​ပါ။ ပတ်​ဝန်​းကျင်​ လုံးဝမပျက်​စီး​ရေးဆိုရင်​​တော့ အားလုံး အ​မှောင်​ထဲမှာ ထိုင်​​နေရပါလိမ်​့မယ်​။ သူငယ်​ချင်​းတ​ယောက်​​ပြောတာ ပြန်​​ပြောပြချင်​ပါတယ်​။ သူတို့ ​ကျောက်​မီး​သွေးစက်​ရုံ ကန်​့ကွက်​​ရေး​ထောက်​ခံသူ​တွေ မီးပျက်​ရင်​ ​အော်​​နေမှာပါ။ အစည်​းအ​ဝေး​တွေကိုလည်​း ​လေ​အေး​ပေးစက်​ပါတ့ဲ ခန်​းမမှာဘဲ လုပ်​မှာပါ။ ငါတို့လို ​တောမှာ မီးပျက်​တာမဟုတ်​၊ လုံးဝမရ​သေးဘူးရင်​ ​လျော့စဉ်​းစားမယ်​ ထင်​ပါရဲ့ကွာ တ့ဲ။

.

ရှဉ်​့လည်​း​လျောက်​သာ ပျားလည်​းစွဲသာ​ပေါ့ဗျာ။ ဒီစာရဲ့

​ခေါင်​းစဉ်​ကိုလည်​း ”မြန်​မာနိုင်​ငံနဲ့ ​ကျောက်​မီး​သွေးစက်​ရုံ” လို့ ​ပေးရမလား။ ”ကျန်​းမာ​တော်​မူကြပါစခင်​ဗျာ” လို့ ​ပေးရမလား၊ မ​ဝေခွဲတတ်​​တော့​ကြောင်​းပါ။


XxXxXx

(Zawgyi version)

   မိုး​ေလဝသဆရာႀကီး ဦးထြန္​းလြင္​ဟာ ကြၽန္​​ေတာ္​အ​ေလးစားဆံုး ပညာ႐ွင္​ထဲမွာ ပါပါတယ္​။ သူ႔​ေၾကာင္​့ ပ်င္​းစရာ​ေကာင္​းတယ္​လို႔ ယူဆထား​ေသာ မိုး​ေလဝသကို စိတ္​ဝင္​စားလာတာပါ။ ျမန္​မာႏိုင္​ငံသား အမ်ားစုလည္​း ဒီအတိုင္​းဘဲ ထင္​ပါတယ္​။ ယ​ေန႔ သူ႔ရဲ​ေဖ့ဘုတ္​စာမ်က္​ႏွာမွာ ၾကည္​့သူသိန္​းခ်ီ​ေနပါၿပီ။ ပို႔စ္​တိုင္​းမွာ ​ေက်းဇူးတင္​​ေၾကာင္​း မန္​႔​ေတြနဲ႔ ရာသီဥတု ​ေမးသူ​ေတြနဲ႔ စည္​ကား​ေနတာပါ။
.
ဒါ​ေပမယ္​့ ဒီ​ေန႔ ဆရာႀကီးတင္​တ့ဲပို႔စ္​တခုမွာ​ေတာ့ အရင္​နဲ႔ ကြဲလြဲသြားပါတယ္​။ ဆရာႀကီးကိုမို႔လို႔ အျခား​ေဖ့ဘုတ္​​ေတြလို မဆဲၾက​ေသာ္​လည္​း အရင္​လို​ေထာက္​ခံမႈမရတာ ျပန္​ၾကည္​့ရင္​ သတိထားမိမွာပါ။ အ​ေၾကာင္​းက ​ေက်ာက္​မီး​ေသြးသံုး ဓာတ္​အားစက္​ရံုတည္​ရင္​ တႏွစ္​ကို လူ၇၀၀၀ ထိခိုက္​ႏိုင္​တာမို႔ လံုးဝမလုပ္​သင္​့တ့ဲအ​ေၾကာင္​းကို ႐ွယ္​ထားလို္​ပါ။ ကြၽန္​​ေတာ္​့ကိုလည္​း ကြဲလြဲခြင္​့ျပဳပါ ဆရာႀကီးခင္​ဗ်ား။
.
ျမန္​မာႏိုင္​ငံမွာ ​ေလာ​ေလာဆယ္​ လွ်ပ္​စစ္​ဓာတ္​အား အႀကီးအက်ယ္​လို​ေနပါတယ္​။ စက္​မႈႏိုင္​ငံျဖစ္​ဖို႔​ေတြ၊ ျပည္​ပရင္​းႏွီးျမႇဳပ္​ႏွံမႈ​ေတြ အသာထားလို႔ ျပည္​သူ​ေတြအတြက္​ကို မီးမလံု​ေလာက္​​ေသးပါဘူး။ မီး လံုးဝမရ​ေသးသူ ႏိုင္​ငံသား သံုးပံုႏွစ္​ပံု​ေလာက္​ ႐ွိ​ေသးသလို ရတယ္​ဆိုတ့ဲ သံုးပံုတပံု​ေလာက္​ကလည္​း မီးပ်က္​တာနဲ႔ မီးမျပည္​့တာ အျမဲၾကံဳ​ေနၾကရတာပါ။ ဒီ​ေတာ့ အျမန္​ဆံုးနဲ႔ ​ေစ်းအသက္​သာဆံုးနည္​းနဲ႔ လွ်ပ္​စစ္​ရဖို္​ လို​ေနပါၿပီ။
.
​ေက်ာက္​မီး​ေသြးကထုတ္​ရင္​ ​ေဘးထြက္​ဆိုးက်ိဳး႐ွိတာ သာမန္​လူ​ေတြ​ေတာင္​ သိ​ေနပါၿပီ။ သို႔​ေသာ္​လည္​း တျခားလ်ွပ္​စစ္​ရႏိုင္​မ့ဲ နည္​းလမ္​း​ေတြကို စဥ္​းစားၾကည္​့ပါ။ န်ဴကလီးယားက နည္​းပညာအရ​ေရာ ​ေငြ​ေၾကးအရပါ လက္​လွမ္​းမမွီပါ။ ​ေရအားက အ​ေကာင္​းဆံုးလို႔ ​ေျပာ​ေသာ္​လည္​း ျမစ္​​ေရစီး​ေၾကာင္​းပ်က္​​ေစလို႔ဆိုၿပီး ကန္​႔ကြက္​ခံ​ေနရတာပါဘဲ။ ၿပီး​ေတာ့ အခ်ိန္​အ​ေတာ္​ယူရပါလိမ္​့မယ္​။ ဓာတ္​အားအမ်ားအျပားထုတ္​ႏိုင္​တ့ဲ ​ေနရာ​ေတြ တ႐ုပ္​က ​ေအာက္​​ေစ်းနဲ႔ လက္​ဝါးႀကီးအုပ္​ထားလို႔ အသစ္​​ေဆာက္​ဖို႔​ေတာင္​ ခက္​​ေနပါၿပီ။ ျမစ္​ဆံုနဲ႔တင္​ ​ေဒၚလာသန္​း႐ွစ္​ရာ​ေက်ာ္​ ​ေလ်ာ္​ရပါဦးမယ္​။ ဘာဘဲျဖစ္​ျဖစ္ အ​ေကာင္​းဆံုးျဖစ္​ပါတယ္​။ ​ေန​ေရာင္​ျခည္​နဲ့​​ေလအားက ​ေငြအကုန္​အက် မ်ားပါတယ္​။ ထြန္​းသစ္​စ အာ႐ွက်ားႏိုင္​ငံ​ေတြ​ေတာင္​ မ႐ူးႏိုင္​​ေသးပါဘူး။ ဂက္​စ္​ကလည္​း ထြက္​သမွ် အရင္​ဗိုလ္​ခ်ဳပ္​​ေတြ ​ေရာင္​းစားသြားလို႔ အနည္​းဆံုး ငါးႏွစ္​​ေလာက္​ ​ေစာင္​့ရပါမယ္​။ အဲဒီအခ်ိန္​မွာ ဂက္​စ္​​ေတြ ခန္​းကုန္​ရင္​ ဒုကၡ။
.
ဒီ​ေတာ့ ​ေက်ာက္​မီး​ေသြးက​ေနထုတ္​တာ အျမန္​ဆံုးနဲ႔ အသက္​သာဆံုးပါဘဲ။ ပတ္​ဝန္​းက်င္​ကို ထိခႈိက္​မွွွွွွွွွွွွွွႈ အနည္​းဆံုး​ေနရာ ျဖစ္​ရပါမယ္​။ အႏၲရယ္​ျဖစ္​​ေစမႈ အနည္​းဆံုး နည္​းပညာနဲ႔ ထုတ္​ရပါမယ္​။ သဘာဝပတ္​ဝန္​းက်င္​ ထိန္​းသိမ္​း​ေရးသမား​ေတြ ဝင္​​ေရာက္​စစ္​​ေဆးခြင္​့႐ွိရပါမယ္​။ အရင္​က ကန္​႔ကြက္​မႈမ်ားတာက ပိုက္​ဆံရရင္​ခြင္​့ျပဳတ့ဲ အာဏာ႐ွင္​အစိုးရနဲ႔ တ႐ုပ္​ကုမၸဏီ​ေတြမို႔ပါ။ အခုအစိုးရလက္​ထက္​မွာ စီစစ္​တ့ဲအဖြဲ႔ဖြဲ႔ရမယ္​။ အဲဒီအဖြဲ႔စဖြဲ႔ကတည္​းက ပညာ႐ွင္​​ေတြ အမ်ားစုပါဖ့ို္​ဘဲ လိုပါတယ္​။
.
ဘယ္​အရာမဆို ​ေပးဆပ္​မႈ​ေတာ့ ႐ွိမွာပါ။ မိမိလိုအပ္​ခ်က္​နဲ႔ ​ေပးဆပ္​ရတာ တန္​ဖိုးခ်င္​း ညႇိၾကည္​့ဖို္​ပါ။ ပတ္​ဝန္​းက်င္​ လံုးဝမပ်က္​စီး​ေရးဆိုရင္​​ေတာ့ အားလံုး အ​ေမွာင္​ထဲမွာ ထိုင္​​ေနရပါလိမ္​့မယ္​။ သူငယ္​ခ်င္​းတ​ေယာက္​​ေျပာတာ ျပန္​​ေျပာျပခ်င္​ပါတယ္​။ သူတို႔ ​ေက်ာက္​မီး​ေသြးစက္​ရံု ကန္​႔ကြက္​​ေရး​ေထာက္​ခံသူ​ေတြ မီးပ်က္​ရင္​ ​ေအာ္​​ေနမွာပါ။ အစည္​းအ​ေဝး​ေတြကိုလည္​း ​ေလ​ေအး​ေပးစက္​ပါတ့ဲ ခန္​းမမွာဘဲ လုပ္​မွာပါ။ ငါတို႔လို ​ေတာမွာ မီးပ်က္​တာမဟုတ္​၊ လံုးဝမရ​ေသးဘူးရင္​ ​ေလ်ာ့စဥ္​းစားမယ္​ ထင္​ပါရဲ႕ကြာ တ့ဲ။
.
႐ွဥ္​့လည္​း​ေလ်ာက္​သာ ပ်ားလည္​းစြဲသာ​ေပါ့ဗ်ာ။ ဒီစာရဲ႕
​ေခါင္​းစဥ္​ကိုလည္​း ”ျမန္​မာႏိုင္​ငံနဲ႔ ​ေက်ာက္​မီး​ေသြးစက္​ရံု” လို႔ ​ေပးရမလား။ ”က်န္​းမာ​ေတာ္​မူၾကပါစခင္​ဗ်ာ” လို႔ ​ေပးရမလား၊ မ​ေဝခြဲတတ္​​ေတာ့​ေၾကာင္​းပါ။

30 April 2017

မြန်​မာ့​ဒေါ်လာ​ဈေး

(Unicode version)

   လွန်​ခ့ဲတ့ဲငါးနှစ်​ ခုလိုအချိန်​​ပေါ့။ မှတ်​မိကြမယ်​ထင်​တယ်​။ ​ဒေါ်လာဈေးက အမြင်​့ဆုံး ​ပေါက်​​ဈေးက​နေ ​လေးငါးရာထိုးကျပြီး ရှစ်​ရာကျပ်​်​ေ​လာက်​ ​ရောက်​​နေတ့ဲ အချိန်​။ ပြည်​သူအများစုက သွင်​းကုန်​​တွေ ​ဈေးသက်​သက်​သာသာနဲ့ သုံး​နေရလို့​ ပျော်​​နေတ့ဲအချိန်​။ အထူးသဖြင်​့ ​ဆေးဝါး​တွေကို အမြင်​့ဆုံးနှုံးရဲ့ တဝက်​သာသာ​ဈေးနဲ့ ဝယ်​သုံးရလို့ လူနာ​တွေအတွက်​ အသက်​ရှူ ​ချောင်​ကာစအချိန်​။

.

ဖွတ်​အမတ်​​တွေက လွှတ်​​တော်​တင်​တယ်​​လေ။ တ​ဒေါ်လာကို တ​ထောင်​ကျပ်​ထိ ဆွဲတင်​​ပေးပါ။ သူတို့လို ပြည်​ပပို့​နေတ့ဲသူ​တွေ ထိခိုက်​​နေပါပြီ။ နိုင်​ငံစီးပွား ထိခိုက်​​နေပါပြီ ​အော်​ကြတယ်​။ လွှတ်​​တော်​ဥက္ကဌ ခမည်​းခမက်​က အဆိုးဆုံး​ပေါ့။ လွှတ်​​တော်​အမတ်​ဆိုတာလည်​း ဖွတ်​သူ​ဌေး​တွေကြီးဘဲဆို​တော့ တသံထဲပါ။

.

ဒါ​ပေမယ်​့ ဖွတ်​အစိုးရဘက်​ကလည်​း ဒီမိုက​ရေစီ စီးပွား​ရေးစံနစ်​အရ ​ဒေါ်လာ​ဈေးကို တိုက်​ရိုက်​ထိန်​းလို့မရ​တော့ လုပ်​​ပေးချင်​ရက်​နဲ့ ခက်​​နေပါတယ်​။ တကယ်​က ဦးသိန်​းစိန်​ရဲ့ ချိတ်​လုံခြည်​ဝတ်​အစိုးရ တကယ်​​ပြောင်​းပြီထင်​ပြီး အရင ်​အနှစ်​နှစ်​ အကာလ ​စောင်​့​နေတ့ဲ ပြည်​ပမြှုပ်​နှံသူ​တွေရဲ့ ​ဒေါ်လာ​တွေဝင်​လာလို့ ​ဈေးကျတာပါ။ ဖွတ်​အစိုးရ​ကြောင်​့လည်​း မဟုတ်​ပါဘူး။

.

အ​သေးစိတ်​​တော့ နားမလည်​ပါဘူး။ သို့​သော်​ မြန်​မာ​ငွေ တန်​ဖိုးတက်​မယ်​ (​ဒေါ်လာ​ဈေးကျ) ဆိုရင်​ ပြင်​ပက ကုန်​​တွေ ​ဈေးသက်​သက်​သာသာနဲ့ သုံးရပါတယ်​။ မြန်​မာ​ငွေတန်​ဖိုးကျရင်​ (​ဒေါ်လာ​ဈေးတက်​) ပြည်​တွင်​းထုတ်​ကုန်​​တွေ အလုပ်​ဖြစ်​ပါတယ်​။ ဒီ​တော့ စီးပွား​ရေးလုပ်​ငန်​းရှင်​ ဖွတ်​အမတ်​​တွေ ​ပြောတာများ ဟုတ်​မလားထင်​ခ့ဲမိပါတယ်​။

.

ခု ပြည်​သူ​ရွေးတ့ဲ အစိုးရသက်​တမ်​း တနှစ်​​ကျော်​လာပါပြီ။ ​ဒေါ်လာ​ဈေးက ၁၃၅၀ကျပ်​ ပတ်​ဝန်​းကျင်​မှာဘဲ တန်​း​နေပါပြီ။ ​ဈေးကွက်​စီးပွား​ရေးအရ အစိုးရကလည်​း ​ဒေါ်လာ​ဈေးကို ဝင်​မထိန်​းပါ။ (အမိန်​့နဲ့ ထိန်​းတာကို ဆိုလိုတာပါ။) ဒီ​တော့ ပြည်​သူပြည်​သား​တွေ ပြည်​ပကပစ္စည်​းကို ​ဈေးနှစ်​ဆ​ပေး ဝယ်​​နေရပါပြီ။ လွန်​ခ့ဲတ့ဲ ငါးနှစ်​က အဆိုတင်​ခ့ဲတ့ဲ ဖွတ်​အမတ်​​တွေ ဘာပြည်​ပပို့ကုန်​ မြှင်​့တင်​နိုင်​ခ့ဲပါသလည်​း။ မြန်​မာပြည်​ စီးပွား​ရေးရဲ့ ၉၀%မက လက်​ထဲမှာရှိတ့ဲ စီးပွား​ရေးသမား ဖွတ်​အမတ်​ပြုတ်​​တွေ မြန်​မာ့စီးပွား​ရေး တိုးတက်​​အောင်​ ဘာများစွမ်​း​ဆောင်​နိုင်​ပါသလည်​း။ ​ဒေါ်လာ​ဈေး ကျတုံးက ဖြဲ​အော်​ခ့ဲပြီး ​ဒေါ်လာ​ဈေးတက်​​တော့ ရှိတ့ဲ​ဒေါ်လာ ​ရောင်​းစားပြီး နှပ်​​နေကြတာလား။

.

​သေချာတာက​တော့ ဒီစီးပွား​ရေးသမား ဖွတ်​ပြုတ်​​တွေ အမတ်​ပြန်​မဖြစ်​နိုင်​​တော့ပါ။ သူတို့လုပ်​​နေကျ ပါမစ်​စီးပွား​ရေး လုပ်​မရ​တော့ ကလိမ်​ကကျစ်​လုပ်​ဖို့ ​ချောင်​း​နေကြာမှာပါဘဲ။ အဓိက ​ပြောချင်​တာက​တော့ ပြည်​သူု​တွေအ​နေနဲ့ ဖွတ်​​တွေကို ဘယ်​​သောအခါမှ မယုံကြဖို်​ပါဘဲ။ EEစားပြီး​ပြောပြရင်​​တောင်​ ကြိုက်​လို့စားပြတယ်​ဘဲ သတ်​မှတ်​ကြပါခင်​ဗျား။



XxXxXx

(Zawgyi version)

   လြန္​ခ့ဲတ့ဲငါးႏွစ္​ ခုလိုအခ်ိန္​​ေပါ့။ မွတ္​မိၾကမယ္​ထင္​တယ္​။ ​ေဒၚလာေစ်းက အျမင္​့ဆံုး ​ေပါက္​​ေစ်းက​ေန ​ေလးငါးရာထိုးက်ၿပီး ႐ွစ္​ရာက်ပ္​္​ေ​လာက္​ ​ေရာက္​​ေနတ့ဲ အခ်ိန္​။ ျပည္​သူအမ်ားစုက သြင္​းကုန္​​ေတြ ​ေစ်းသက္​သက္​သာသာနဲ႔ သံုး​ေနရလို႔​ ေပ်ာ္​​ေနတ့ဲအခ်ိန္​။ အထူးသျဖင္​့ ​ေဆးဝါး​ေတြကို အျမင္​့ဆံုးႏွံုးရဲ႕ တဝက္​သာသာ​ေစ်းနဲ႔ ဝယ္​သံုးရလို႔ လူနာ​ေတြအတြက္​ အသက္​႐ွဴ ​ေခ်ာင္​ကာစအခ်ိန္​။
.
ဖြတ္​အမတ္​​ေတြက လႊတ္​​ေတာ္​တင္​တယ္​​ေလ။ တ​ေဒၚလာကို တ​ေထာင္​က်ပ္​ထိ ဆြဲတင္​​ေပးပါ။ သူတို႔လို ျပည္​ပပို႔​ေနတ့ဲသူ​ေတြ ထိခိုက္​​ေနပါၿပီ။ ႏိုင္​ငံစီးပြား ထိခိုက္​​ေနပါၿပီ ​ေအာ္​ၾကတယ္​။ လႊတ္​​ေတာ္​ဥကၠဌ ခမည္​းခမက္​က အဆိုးဆံုး​ေပါ့။ လႊတ္​​ေတာ္​အမတ္​ဆိုတာလည္​း ဖြတ္​သူ​ေဌး​ေတြႀကီးဘဲဆို​ေတာ့ တသံထဲပါ။
.
ဒါ​ေပမယ္​့ ဖြတ္​အစိုးရဘက္​ကလည္​း ဒီမိုက​ေရစီ စီးပြား​ေရးစံနစ္​အရ ​ေဒၚလာ​ေစ်းကို တိုက္​႐ိုက္​ထိန္​းလို႔မရ​ေတာ့ လုပ္​​ေပးခ်င္​ရက္​နဲ႔ ခက္​​ေနပါတယ္​။ တကယ္​က ဦးသိန္​းစိန္​ရဲ႕ ခ်ိတ္​လံုျခည္​ဝတ္​အစိုးရ တကယ္​​ေျပာင္​းၿပီထင္​ၿပီး အရင ္​အႏွစ္​ႏွစ္​ အကာလ ​ေစာင္​့​ေနတ့ဲ ျပည္​ပျမႇဳပ္​ႏွံသူ​ေတြရဲ႕ ​ေဒၚလာ​ေတြဝင္​လာလို႔ ​ေစ်းက်တာပါ။ ဖြတ္​အစိုးရ​ေၾကာင္​့လည္​း မဟုတ္​ပါဘူး။
.
အ​ေသးစိတ္​​ေတာ့ နားမလည္​ပါဘူး။ သို႔​ေသာ္​ ျမန္​မာ​ေငြ တန္​ဖိုးတက္​မယ္​ (​ေဒၚလာ​ေစ်းက်) ဆိုရင္​ ျပင္​ပက ကုန္​​ေတြ ​ေစ်းသက္​သက္​သာသာနဲ႔ သံုးရပါတယ္​။ ျမန္​မာ​ေငြတန္​ဖိုးက်ရင္​ (​ေဒၚလာ​ေစ်းတက္​) ျပည္​တြင္​းထုတ္​ကုန္​​ေတြ အလုပ္​ျဖစ္​ပါတယ္​။ ဒီ​ေတာ့ စီးပြား​ေရးလုပ္​ငန္​း႐ွင္​ ဖြတ္​အမတ္​​ေတြ ​ေျပာတာမ်ား ဟုတ္​မလားထင္​ခ့ဲမိပါတယ္​။
.
ခု ျပည္​သူ​ေရြးတ့ဲ အစိုးရသက္​တမ္​း တႏွစ္​​ေက်ာ္​လာပါၿပီ။ ​ေဒၚလာ​ေစ်းက ၁၃၅၀က်ပ္​ ပတ္​ဝန္​းက်င္​မွာဘဲ တန္​း​ေနပါၿပီ။ ​ေစ်းကြက္​စီးပြား​ေရးအရ အစိုးရကလည္​း ​ေဒၚလာ​ေစ်းကို ဝင္​မထိန္​းပါ။ (အမိန္​႔နဲ႔ ထိန္​းတာကို ဆိုလိုတာပါ။) ဒီ​ေတာ့ ျပည္​သူျပည္​သား​ေတြ ျပည္​ပကပစၥည္​းကို ​ေစ်းႏွစ္​ဆ​ေပး ဝယ္​​ေနရပါၿပီ။ လြန္​ခ့ဲတ့ဲ ငါးႏွစ္​က အဆိုတင္​ခ့ဲတ့ဲ ဖြတ္​အမတ္​​ေတြ ဘာျပည္​ပပို႔ကုန္​ ျမႇင္​့တင္​ႏိုင္​ခ့ဲပါသလည္​း။ ျမန္​မာျပည္​ စီးပြား​ေရးရဲ႕ ၉၀%မက လက္​ထဲမွာ႐ွိတ့ဲ စီးပြား​ေရးသမား ဖြတ္​အမတ္​ျပဳတ္​​ေတြ ျမန္​မာ့စီးပြား​ေရး တိုးတက္​​ေအာင္​ ဘာမ်ားစြမ္​း​ေဆာင္​ႏိုင္​ပါသလည္​း။ ​ေဒၚလာ​ေဈး က်တံုးက ျဖဲ​ေအာ္​ခ့ဲၿပီး ​ေဒၚလာ​ေစ်းတက္​​ေတာ့ ႐ွိတ့ဲ​ေဒၚလာ ​ေရာင္​းစားၿပီး ႏွပ္​​ေနၾကတာလား။
.
​ေသခ်ာတာက​ေတာ့ ဒီစီးပြား​ေရးသမား ဖြတ္​ျပဳတ္​​ေတြ အမတ္​ျပန္​မျဖစ္​ႏိုင္​​ေတာ့ပါ။ သူတို႔လုပ္​​ေနက် ပါမစ္​စီးပြား​ေရး လုပ္​မရ​ေတာ့ ကလိမ္​ကက်စ္​လုပ္​ဖို႔ ​ေခ်ာင္​း​ေနၾကာမွာပါဘဲ။ အဓိက ​ေျပာခ်င္​တာက​ေတာ့ ျပည္​သူု​ေတြအ​ေနနဲ႔ ဖြတ္​​ေတြကို ဘယ္​​ေသာအခါမွ မယံုၾကဖို္​ပါဘဲ။ EEစားၿပီး​ေျပာျပရင္​​ေတာင္​ ႀကိဳက္​လို႔စားျပတယ္​ဘဲ သတ္​မွတ္​ၾကပါခင္​ဗ်ား။

24 April 2017

ပုလဲလုံး အရွယ်​တမျှ

(Unicode version )

 ဖွတ်​​ပေါကြီး တ​ကောင်​က ​ပြောတယ်​။ သူ့တသက်​ သင်္ကြန်​အတွင်​း ​လေမုန်​တိုင်​းဝင်​တာ မကြားဘူးပါဘူးတ့ဲ။ ပြီး​တော့ ​လေမုန်​တိုင်​းကြီးက ​နေပြည်​​တော်​ကို ဦးတည်​​နေတယ်​ဆိုဘဲ။ ဗုဒ္ဓဘာသာမှာ မရှိတ့ဲ သိကြားသာသနာ ဆိုတာ​တွေလည်​းပါ​သေး။ ဖွတ်​​ပေါကို ပြန်​​ပြောချင်​လို့​တော့ မဟုတ်​ပါ။

.

ဒီနှစ်​ သင်္ကြန်​အတက်​​နေ့မှာ ရခိုင်​ပြည်​ကိုဝင်​တ့ဲ မာရုသာမုန်​တိုင်​း​ကြောင်​့ အပူကြီး ပူ​နေတ့ဲ မြန်​မာပြည်​ အပူချိန်​ သိသိသာသာ ​လျော့သွားပါတယ်​။ ခုတပတ်​ကြာသည်​အထိ အရင်​အပူကို ပြန်​မတက်​​တော့ပါ။ မိုးလည်​း သည်​းသည်​းရွာလိုက်​​တော့ ​မြေ​အောက်​​ရေခမ်​းမှာလည်​း မပူရ​တော့ပါ။ လူအများ စိတ်​ချမ်​းသာရကြပါတယ်​။

.

ဒီမုန်​တိုင်​း​ကြောင်​့ ပျက်​စီးနှုံးလည်​း အင်​မတန်​နည်​းပါတယ်​။ မုန်​တိုင်​းစံနဲ့ ဆိုရင်​​ပေါ့။ အဓိကဖြတ်​တ့ဲ သံတွဲတဝိုက်​မှာ​တောင်​ လူပျက်​စီးမှု မရှိခ့ဲပါဘူး။ ဒီလိုမုန်​တိုင်​းမျိုး​တော့ နှစ်​တိုင်​းလာပါ​စေလို့​တောင်​ ဆုမ​တောင်​း​ကောင်​း ဆု​တောင်​းရမလို ဖြစ်​​နေတယ်​။ လွန်​ခ့ဲတ့ဲ ကိုးနှစ်​ကဝင်​ခ့ဲတ့ဲ နာဂစ်​သန်​း​ရွှေ မုန်​တိုင်​းမျိုးသာ ဘယ်​​တော့မှ မလာပါ​စေနဲ့။

.

မုန်​တိုင်​းနဲ့ ရာသီဥတု ခန်​့မှန်​း​ပေးတ့ဲ မိုး​လေဝသဌာနလည်​း တနှစ်​ထက်​တနှစ်​ ခက်​လာ​တော့မှာပါ။ ကမ်ဘာ့ရာသီဥတုက ​ပြောင်​းခဲပြီကိုး။ ၁၉၈၀နှစ်​များက စသတိထားမိသလို တနှစ်​တ​လေ ရာသီဥတု ​ဖောက်​ပြန်​တာမဟုတ်​ဘဲ ရာသီဥတု ပုံစံကို ​ပြောင်​းသွားတာပါ။ အရင်​လို ​မေလ တတိယပတ်​​လောက်​မိုးကျမယ်​၊ သီတင်​းကျွတ်​ရင်​ မိုးရပ်​မယ်​လို့ ပုံ​သေ တွက်​လို့မရ​တော့ပါဘူး။ ဒီ​တော့ မြန်​မာပြည်​ရဲ့ အများစုဖြစ်​တ့ဲ ​တောင်​သူလယ်​သမား​တွေ စိုက်​ပျိုးပုံစံ လိုက်​​လျောညီ​အောင်​ လိုက်​​ပြောင်​းရပါလိမ်​့မယ်​။ စိုက်​​နေကျ အပင်​ မျိုး​တွေ ​ပြောင်​းရပါလိမ်​့မယ်​။ သက်​ဆိုင်​ရာ အစိုးရဌာန ပညာရှင်​များကလည်​း တွက်​ချက်​ခန်​့မှန်​းပြီး ကူညီဖို့ လိုပါလိမ်​့မယ်​။ မြန်​မာနိုင်​ငံ ပြန်​လည်​တည်​​ထောင်​​နေတ့ဲအချိန်​မှာ ဝိုင်​းဝန်​းကူညီကြဖို့ ​မေတ္တာရပ်​ခံအပိပါတယ်​။

.

ပုလဲကုန်​း အရွယ်​တမျှ ရွာ​စေချင်​ပါ​ပေ။ ။


XxXxXx

(Zawgyi version)

 ဖြတ္​​ေပါႀကီး တ​ေကာင္​က ​ေျပာတယ္​။ သူ႔တသက္​ သၾကၤန္​အတြင္​း ​ေလမုန္​တိုင္​းဝင္​တာ မၾကားဘူးပါဘူးတ့ဲ။ ၿပီး​ေတာ့ ​ေလမုန္​တိုင္​းႀကီးက ​ေနျပည္​​ေတာ္​ကို ဦးတည္​​ေနတယ္​ဆိုဘဲ။ ဗုဒၶဘာသာမွာ မ႐ွိတ့ဲ သိၾကားသာသနာ ဆိုတာ​ေတြလည္​းပါ​ေသး။ ဖြတ္​​ေပါကို ျပန္​​ေျပာခ်င္​လို႔​ေတာ့ မဟုတ္​ပါ။
.
ဒီႏွစ္​ သၾကၤန္​အတက္​​ေန႔မွာ ရခိုင္​ျပည္​ကိုဝင္​တ့ဲ မာ႐ုသာမုန္​တိုင္​း​ေၾကာင္​့ အပူႀကီး ပူ​ေနတ့ဲ ျမန္​မာျပည္​ အပူခ်ိန္​ သိသိသာသာ ​ေလ်ာ့သြားပါတယ္​။ ခုတပတ္​ၾကာသည္​အထိ အရင္​အပူကို ျပန္​မတက္​​ေတာ့ပါ။ မိုးလည္​း သည္​းသည္​းရြာလိုက္​​ေတာ့ ​ေျမ​ေအာက္​​ေရခမ္​းမွာလည္​း မပူရ​ေတာ့ပါ။ လူအမ်ား စိတ္​ခ်မ္​းသာရၾကပါတယ္​။
.
ဒီမုန္​တိုင္​း​ေၾကာင္​့ ပ်က္​စီးႏႈံးလည္​း အင္​မတန္​နည္​းပါတယ္​။ မုန္​တိုင္​းစံနဲ႔ ဆိုရင္​​ေပါ့။ အဓိကျဖတ္​တ့ဲ သံတြဲတဝိုက္​မွာ​ေတာင္​ လူပ်က္​စီးမႈ မ႐ွိခ့ဲပါဘူး။ ဒီလိုမုန္​တိုင္​းမ်ိဳး​ေတာ့ ႏွစ္​တိုင္​းလာပါ​ေစလို႔​ေတာင္​ ဆုမ​ေတာင္​း​ေကာင္​း ဆု​ေတာင္​းရမလို ျဖစ္​​ေနတယ္​။ လြန္​ခ့ဲတ့ဲ ကိုးႏွစ္​ကဝင္​ခ့ဲတ့ဲ နာဂစ္​သန္​း​ေရႊ မုန္​တိုင္​းမ်ိဳးသာ ဘယ္​​ေတာ့မွ မလာပါ​ေစနဲ႔။
.
မုန္​တိုင္​းနဲ႔ ရာသီဥတု ခန္​႔မွန္​း​ေပးတ့ဲ မိုး​ေလဝသဌာနလည္​း တႏွစ္​ထက္​တႏွစ္​ ခက္​လာ​ေတာ့မွာပါ။ ကမ႓ာ့ရာသီဥတုက ​ေျပာင္​းခဲၿပီကိုး။ ၁၉၈၀ႏွစ္​မ်ားက စသတိထားမိသလို တႏွစ္​တ​ေလ ရာသီဥတု ​ေဖာက္​ျပန္​တာမဟုတ္​ဘဲ ရာသီဥတု ပံုစံကို ​ေျပာင္​းသြားတာပါ။ အရင္​လို ​ေမလ တတိယပတ္​​ေလာက္​မိုးက်မယ္​၊ သီတင္​းကြၽတ္​ရင္​ မိုးရပ္​မယ္​လို႔ ပံု​ေသ တြက္​လို႔မရ​ေတာ့ပါဘူး။ ဒီ​ေတာ့ ျမန္​မာျပည္​ရဲ႕ အမ်ားစုျဖစ္​တ့ဲ ​ေတာင္​သူလယ္​သမား​ေတြ စိုက္​ပ်ိဳးပံုစံ လိုက္​​ေလ်ာညီ​ေအာင္​ လိုက္​​ေျပာင္​းရပါလိမ္​့မယ္​။ စိုက္​​ေနက် အပင္​ မ်ိဳး​ေတြ ​ေျပာင္​းရပါလိမ္​့မယ္​။ သက္​ဆိုင္​ရာ အစိုးရဌာန ပညာ႐ွင္​မ်ားကလည္​း တြက္​ခ်က္​ခန္​႔မွန္​းၿပီး ကူညီဖို႔ လိုပါလိမ္​့မယ္​။ ျမန္​မာႏိုင္​ငံ ျပန္​လည္​တည္​​ေထာင္​​ေနတ့ဲအခ်ိန္​မွာ ဝိုင္​းဝန္​းကူညီၾကဖို႔ ​ေမတၱာရပ္​ခံအပိပါတယ္​။
.
ပုလဲကုန္​း အရြယ္​တမွ် ရြာ​ေစခ်င္​ပါ​ေပ။ ။

12 April 2017

၂၀၁၄တုံးက သင်္ကြန်​စာ

(Unicode version)


သင်္ကြန်​ Ver း ၂.၀.၁၄



မနက်​ဖန်​ဆိုလျှင်​ သင်္ကြန်​ ကျပါ​တော့မည်​။ တနှစ်​တခါ ကျ​နေတာဖြစ်​သဖြင်​့ ဘာမျှ​တော့ မထူးဆန်​း​တော့ပါ။

​ဈေး​ရောင်​းပွဲ​တွေ ဆက်​​နေ​တော့သည်​။ shopping center များတွင်​ ကြိတ်​ကြိတ်​တိုး​နေသည်​။ မ​နေ့ညက ၉မိုင်​ဖက်​မှ ocean တ၀ိုက်​မှာ ကား​တွေပိတ်​​နေသည်​။ ပြည်​လမ်​းမကြီး​ပေါ်တွင်​ပါ လမ်​းပိတ်​သည်​အထိ ဆိုးသည်​။ ဒီသင်္ကြန်​ လည်​လို့မှ ရပါ့မလားမသိ။ ကား​တွေပိတ်​​နေတာနဲ့ ​နေပူခံ​နေရမည်​ထင်​သည်​။

.

​နေပူတာက အရင်​လိုမဟုတ်​​တော့။ ပိုပူသလို ထင်​ရသည်​။ ​နေ​ရောင်​နှင်​့ တိုက်​ရိုက်​ ထိလိုက်​လျှင်​ သိသိသာသာ ပူသွားသည်​။ UV ဆို​သော ခရမ်​းလွန်​​ရောင်​ခြည်​ ​ကြောင်​့ပါတ့ဲ။ မြန်​မာပြည်​ တပြည်​လုံး အန္တရယ်​ အမှတ်​ထက်​ ​ကျော်​​နေသည်​။ lotion ​ရောင်​းသူများ စိတ်​ကြိုက်​​ပေါ့။

ဒီလို ပတ်​သက်​တာ​တွေ ပရိုမိုးရှင်​း သင်္ကြန်​ မှာ လုပ်​တာ ​တော်​ပါ​သေးသည်​။ ကား​တွေနဲ့ တိုက်​ခန်​း​တွေကဘယ်​လိုပတ်​သက်​ တာလဲ မသိပါ။ ​ရောင်​းမ​ကောင်​းလို့ ထင်​ပါရဲ့။

.

​နောက်​ ​ခေတ်​စား​နေတာက သရုပ်​ပျက်​ ၀တ်​စားဆင်​ယင်​မှုပါ။ ဂျာနယ်​​တွေကို မယုံတာ တခု ရှိသည်​။ မလုံမလဲ ပုံ​တွေကို မသင်​့​တော်​ပါဘူးဟု ​ဖော်​ပြကာ အကြိမ်​ကြိမ်​ ထည်​့​နေတာ ဂျာနယ်​ ​ရောင်​း​ကောင်​း​အောင်​ လုပ်​တာများလား။ တချို့ဆို ကိုယ်​တိုင်​လဲ ရိုက်​တာမဟုတ်​ဘဲ အင်​တာနက်​က ပုံ​တွေကိုဘဲ ထည်​့​နေကြသည်​။ ​ချောင်​း​ရေများ၍ မကူးနိုင်​​သော မိန်​းမပျို ​လေးနှင်​့ ဦးပဉ္ဇင်​း နှစ်​ပါးအ​ကြောင်​း သတိရမိသည်​။ ဒါမျိုးလုပ်​​သော မိန်​းခ​လေးများသည်​ နဂိုရ်​ကပင်​ မ​ကောင်​းသူများ ဖြစ်​ပါလိမ်​့မည်​။ ​ကြော်​ငြာ​ပေးသည်​့အတွက်​ ​ကျေးဇူးပင်​ တင်​​နေမလားမသိ။

.

တချို့စာ​ရေးသူ​တွေ ရှိ​သေးသည်​။ ရိုးရာသင်္ကြန်​တ့ဲ၊ တမ်​းတ​နေကြ​သေးသည်​။ ​ခေတ်​ကို ဘယ်​လိုမှ တားထားလို့ မရတာ မသိတာလား။ ​ရေးရ စာမူခရ​အောင်​ မသိ​ယောင်​ ​ဆောင်​​နေကြသလား မသိ​တော့ပါ။

တ​ယောက်​က ​ရေး​သေးသည်​။ မြန်​မာလို ၀တ်​ထား​သော နိုင်​ငံခြားသား စုံတွဲကို သင်္ကြန်​ မကျခင်​ နှစ်​ရက်​ သုံးရက်​အလိုမှာ ကား​ပေါ် ​ရေလှမ်​းပက်​တာ မြန်​မာ​တွေ စည်​းကမ်​းမရှိတာ ကမ္ဘာသိ​အောင်​ လုပ်​တာဟု ကြီးကြီးကျယ်​ကျယ်​ အပစ်​တင်​သည်​။ ဒီအချိန်​ ဒီလို ​ရေအပက်​ခံရနိုင်​တာ ဒီစုံတွဲ သိနိုင်​ပါသည်​။ မသိ​သေးလျှင်​လည်​း ရှင်​းပြလိုက်​ယုံသာ။ ဒါ့ထက်​ စည်​းကမ်​းပျက်​​နေ​သော မြန်​မာ​တွေ အ​ကြောင်​း ကမ္ဘာက သိပါသည်​။

.

ကျွန်​​တော်​နှ​မြောဆုံးက​တော့ ​ရေ​တွေပါ။ ​ရေပက်​တာ ​ရေ​လျှော့သုံး​စေချင်​ပါသည်​။ အင်​းယားလမ်​းနှင်​့ ပြည်​လမ်​းဆုံမှ မီးပွိုင်​့တွင်​ စီး​နေ​သော ​ရေ​တွေမြင်​လျှင်​ သ​ဘော​ပေါက်​မည်​ ။ တခြားနည်​း စဉ်​းစားသင့်​ပါပြီ။ ယိုးဒယားမှာ ​ရေပက်​သ​လောက်​ဘဲ ပက်​ရင်​​ရော။ တိုးရစ်​​တွေကို သူတို့က​တောင်​ ပိုစွဲ​ဆောင်​နိုင်​​သေး မဟုတ်​ပါလား။ ဒီ​လောက်​​ရေ​တွေကုန်​၊ ​ငွေ​တွေကုန်​ လုပ်​ပြီးမှ ​ငွေပြန်​ရှာနိုင်​​အောင်​ စဉ်​းစားသင်​့သည်​။ ကုမ္ပဏီ​တွေက​တော့ လုပ်​​နေပြီ။ နိုင်​ငံအဆင်​့ လုပ်​ဖို့ ​ပြောတာပါ။

.

တကယ်​ စဉ်​းစားကြည်​့​တော့ သင်္ကြန်​သည်​ ​ပျော်​စရာပွဲကြီးပါ။ သင်္ကြန်​ကို မ​ပျော်​လျှင် သင်​​ အသက်​ကြီးသွားလို့သာ ဖြစ်​မည်​။ တခြား စိတ်​နာစရာ မရှိဘူး ဆိုယင်​​ပေါ့။ ကိုယ်​မ​ပျော်​နိုင်​၊ မ​ပျော်​ချင်​ဘူး ဆိုလျှင်​ပင်​ သူများ​တွေ ​ပျော်​ဖို့ ကူညီသင်​့သည်​။ မကူညီနိုင်​လျှင်​​တောင်​ မ​နှောင်​့ယှက်​​စေချင်​ပါ။

ဘယ်​​ခေတ်​သင်္ကြန်​ အ​ပျော်​ဆုံးလဲ ​မေးကြည်​့လျှင်​ ငယ်​ငယ်​တုံးက သင်္ကြန်​သာ အ​ပျော်​ဆုံးဖြစ်​မှာ အ​သေချာဆုံးပါ။



၂၀၁၄က ​ရေးခ့ဲ​သောစာပါ။

XxXxXx

(Zawgyi version)


သၾကၤႏ္​ Ver း ၂.၀.၁၄



မနက္​ဖႏ္​ဆိုလြ္င္​ သၾကၤႏ္​ က္ပါ​ေတာ့မၫ္​။ တႏြစ္​တခါ က္​ေနတာ်ဖစ္​သ်ဖင္​့ ဘာမ္ြ​ေတာ့ မထူးဆႏ္​း​ေတာ့ပါ။

​ေစ္း​ေရာင္​းၿပဲ​ေၾတ ဆက္​​ေန​ေတာ့သၫ္​။ shopping center မ္ားၾတင္​ ႀကိတ္​ႀကိတ္​တိုး​ေနသၫ္​။ မ​ေန႔ညက ၉မိုင္​ဖက္​မြ ocean တ၀ိုက္​မြာ ကား​ေၾတပိတ္​​ေနသၫ္​။ ်ပၫ္​လမ္​းမႀကီး​ေပၚၾတင္​ပါ လမ္​းပိတ္​သၫ္​အထိ ဆိုးသၫ္​။ ဒီသၾကၤႏ္​ လၫ္​လို႔မြ ရပါ့မလားမသိ။ ကား​ေၾတပိတ္​​ေနတာနဲ႔ ​ေနပူခံ​ေနရမၫ္​ထင္​သၫ္​။

.

​ေနပူတာက အရင္​လိုမဟုတ္​​ေတာ့။ ပိုပူသလို ထင္​ရသၫ္​။ ​ေန​ေရာင္​ႏြင္​့ တိုက္​ရိုက္​ ထိလိုက္​လ္ြင္​ သိသိသာသာ ပူၾသားသၫ္​။ UV ဆို​ေသာ ခရမ္​းၾလႏ္​​ေရာင္​်ခၫ္​ ​ေၾကာင္​့ပါတ့ဲ။ ်မႏ္​မာ်ပၫ္​ တ်ပၫ္​လံုး အႏၲရယ္​ အမြတ္​ထက္​ ​ေက္ာ္​​ေနသၫ္​။ lotion ​ေရာင္​းသူမ္ား စိတ္​ႀကိဳက္​​ေပါ့။

ဒီလို ပတ္​သက္​တာ​ေၾတ ပ႐ိုမိုး႐ြင္​း သၾကၤႏ္​ မြာ လုပ္​တာ ​ေတာ္​ပါ​ေသးသၫ္​။ ကား​ေၾတနဲ႔ တိုက္​ခႏ္​း​ေၾတကဘယ္​လိုပတ္​သက္​ တာလဲ မသိပါ။ ​ေရာင္​းမ​ေကာင္​းလို႔ ထင္​ပါရဲ႕။

.

​ေနာက္​ ​ေခတ္​စား​ေနတာက သ႐ုပ္​ပ္က္​ ၀တ္​စားဆင္​ယင္​မႈပါ။ ဂ္ာနယ္​​ေၾတကို မယံုတာ တခု ႐ြိသၫ္​။ မလံုမလဲ ပံု​ေၾတကို မသင္​့​ေတာ္​ပါဘူးဟု ​ေဖာ္​်ပကာ အႀကိမ္​ႀကိမ္​ ထၫ္​့​ေနတာ ဂ္ာနယ္​ ​ေရာင္​း​ေကာင္​း​ေအာင္​ လုပ္​တာမ္ားလား။ တခ္ိဳ႕ဆို ကိုယ္​တိုင္​လဲ ႐ိုက္​တာမဟုတ္​ဘဲ အင္​တာနက္​က ပံု​ေၾတကိုဘဲ ထၫ္​့​ေနၾကသၫ္​။ ​ေခ္ာင္​း​ေရမ္ား၍ မကူးႏိုင္​​ေသာ မိႏ္​းမပ္ိဳ ​ေလးႏြင္​့ ဦးပဥၨင္​း ႏြစ္​ပါးအ​ေၾကာင္​း သတိရမိသၫ္​။ ဒါမ္ိဳးလုပ္​​ေသာ မိႏ္​းခ​ေလးမ္ားသၫ္​ နဂိုရ္​ကပင္​ မ​ေကာင္​းသူမ္ား ်ဖစ္​ပါလိမ္​့မၫ္​။ ​ေၾကာ္​်ငာ​ေပးသၫ္​့အၾတက္​ ​ေက္းဇူးပင္​ တင္​​ေနမလားမသိ။

.

တခ္ိဳ႕စာ​ေရးသူ​ေၾတ ႐ြိ​ေသးသၫ္​။ ႐ိုးရာသၾကၤႏ္​တ့ဲ၊ တမ္​းတ​ေနၾက​ေသးသၫ္​။ ​ေခတ္​ကို ဘယ္​လိုမြ တားထားလို႔ မရတာ မသိတာလား။ ​ေရးရ စာမူခရ​ေအာင္​ မသိ​ေယာင္​ ​ေဆာင္​​ေနၾကသလား မသိ​ေတာ့ပါ။

တ​ေယာက္​က ​ေရး​ေသးသၫ္​။ ်မႏ္​မာလို ၀တ္​ထား​ေသာ ႏိုင္​ငံ်ခားသား စံုႀတဲကို သၾကၤႏ္​ မက္ခင္​ ႏြစ္​ရက္​ သံုးရက္​အလိုမြာ ကား​ေပၚ ​ေရလြမ္​းပက္​တာ ်မႏ္​မာ​ေၾတ စၫ္​းကမ္​းမ႐ြိတာ ကမာၻသိ​ေအာင္​ လုပ္​တာဟု ႀကီးႀကီးက္ယ္​က္ယ္​ အပစ္​တင္​သၫ္​။ ဒီအခ္ိႏ္​ ဒီလို ​ေရအပက္​ခံရႏိုင္​တာ ဒီစံုႀတဲ သိႏိုင္​ပါသၫ္​။ မသိ​ေသးလြ္င္​လၫ္​း ႐ြင္​း်ပလိုက္​ယံုသာ။ ဒါ့ထက္​ စၫ္​းကမ္​းပ္က္​​ေန​ေသာ ်မႏ္​မာ​ေၾတ အ​ေၾကာင္​း ကမာၻက သိပါသၫ္​။

.

ၾကၽႏ္​​ေတာ္​ႏြ​ေ်မာဆံုးက​ေတာ့ ​ေရ​ေၾတပါ။ ​ေရပက္​တာ ​ေရ​ေလ္ြာ့သံုး​ေစခ္င္​ပါသၫ္​။ အင္​းယားလမ္​းႏြင္​့ ်ပၫ္​လမ္​းဆံုမြ မီးၿပိဳင္​့ၾတင္​ စီး​ေန​ေသာ ​ေရ​ေၾတ်မင္​လြ္င္​ သ​ေဘာ​ေပါက္​မၫ္​ ။ တ်ခားနၫ္​း စၪ္​းစားသင့္​ပါၿပီ။ ယိုးဒယားမြာ ​ေရပက္​သ​ေလာက္​ဘဲ ပက္​ရင္​​ေရာ။ တိုးရစ္​​ေၾတကို သူတို႔က​ေတာင္​ ပိုၿစဲ​ေဆာင္​ႏိုင္​​ေသး မဟုတ္​ပါလား။ ဒီ​ေလာက္​​ေရ​ေၾတကုႏ္​၊ ​ေျင​ေၾတကုႏ္​ လုပ္​ၿပီးမြ ​ေျင်ပႏ္​႐ြာႏိုင္​​ေအာင္​ စၪ္​းစားသင္​့သၫ္​။ ကုမၸဏီ​ေၾတက​ေတာ့ လုပ္​​ေနၿပီ။ ႏိုင္​ငံအဆင္​့ လုပ္​ဖို႔ ​ေ်ပာတာပါ။

.

တကယ္​ စၪ္​းစားၾကၫ္​့​ေတာ့ သၾကၤႏ္​သၫ္​ ​ေပ္ာ္​စရာၿပဲႀကီးပါ။ သၾကၤႏ္​ကို မ​ေပ္ာ္​လြ္င္ သင္​​ အသက္​ႀကီးၾသားလို႔သာ ်ဖစ္​မၫ္​။ တ်ခား စိတ္​နာစရာ မ႐ြိဘူး ဆိုယင္​​ေပါ့။ ကိုယ္​မ​ေပ္ာ္​ႏိုင္​၊ မ​ေပ္ာ္​ခ္င္​ဘူး ဆိုလြ္င္​ပင္​ သူမ္ား​ေၾတ ​ေပ္ာ္​ဖို႔ ကူညီသင္​့သၫ္​။ မကူညီႏိုင္​လြ္င္​​ေတာင္​ မ​ေႏြာင္​့ယြက္​​ေစခ္င္​ပါ။

ဘယ္​​ေခတ္​သၾကၤႏ္​ အ​ေပ္ာ္​ဆံုးလဲ ​ေမးၾကၫ္​့လြ္င္​ ငယ္​ငယ္​တံုးက သၾကၤႏ္​သာ အ​ေပ္ာ္​ဆံုး်ဖစ္​မြာ အ​ေသခ္ာဆံုးပါ။



၂၀၁၄က ​ေရးခ့ဲ​ေသာစာပါ။