22 December 2015

NLDအစိုးရ

 (Unicode version )

       NLD အစိုးရတ့ဲ။ ​ခေါ်ရတာ အားရလိုက်​တာ။ ​နောက်​သုံးလ​ကျော်​ဆို ​ပေါ်ပါပြီ​လေ။ ​ဒေါ်စု သမတလုပ်​ခွင်​့မရလဲ အစိုးရအဖွဲ့ကို သူဦး​ဆောင်​မယ်​ဆိုကတည်​းက ​ကြေနပ်​ပြီးသားဘဲ။ အများယုံကြည်​သူ ဦး​ဆောင်​မှ မြန်​မြန်​ဆန်​ဆန်​ ​ရွေ့မှာ​လေ။ ​စောင်​့ခ့ဲရတာ ၂၅နှစ်​​ကျော်​။

.

     NLD အစိုးရလုပ်​ရမှာ အများကြီးပါလား။ နှစ်​ငါးဆယ်​​ကျော်​ ​ရေဘူး​ပေါက်​တာမသိတ့ဲ ​ဗိုလ်​​တွေအုပ်​ချုပ်​ခ့ဲ​တော့ စံနစ်​​တွေ ​တော်​​တော်​ ပျက်​​နေပါပြီ။ တချို့ ရုံးအလုပ်​​တွေဆို ပုံမှန်​က ဘယ်​ဟာမှန်းမသိ​​အောင်​​ ယိုယွင်​း​နေတာပါ။ အရင်​ အင်္ဂလိပ်​ချန်​ခ့ဲတ့ဲ အုပ်​ချုပ်​​ရေးစံနစ်​ထဲက ​ကောင်​းတာ​တွေလဲ ကုန်​ပါပြီ။ အုပ်​ချုပ်​မ့ဲသူ​တွေ​တော့ မသိဘူး။ ပြည်​သူ​တွေ ​ပြောင်​း​စေချင်​တ့ဲ ကိစ္စ​တွေက​တော့ အများကြီး​နေမှာ။

.

     အုပ်​ချုပ်​​ရေးစံနစ်​လို၊ ​ငွေ​ရေး​ကြေး​ရေးစံနစ်​လို ၊ ကုန်​သွယ်​​ရေးစံနစ်​လို ကိစ္စကြီး​တွေကို​တော့ တ​ဖြေး​ဖြေးပြင်​မှာ အ​သေအချာပါ။ မြစ်​ဆုံလို၊ ​ကြေးစင်​​တောင်​လို၊ မြန်​မာပြည်​အလယ်​ကဖြတ်​တ့ဲ ​ရေနံပိုက်​​တွေလို ကိစ္စ​တွေကိုလည်​း မူရင်​းစာချုပ်​​တွေ သိမှ ရှင်​းရဦးမှာပါ။ ခု ဒီမှာက အဲလို ကြီးကြီးကျယ်​ကျယ်​ ကိစ္စ​တွေ မဟုတ်​ဘူး။ သာမန်​ပြည်​သူ​တွေ ​နေ့စဉ်​ကြုံ​တွေ့​နေရလို့ ​ပြောင်​း​စေချင်​တ့ဲ အ​ကြောင်​း​တွေ ​ပြောချင်​တာပါ။ NLD ကလဲ To Change နဲ့ အ​ရွေးချယ်​ခံလာရတာ မဟုတ်​ပါလား။

.

* ​အိမ်​​ဈေး​မြေ​ဈေး​တွေ ကျ​စေချင်​တယ်​။

*​ ဒေါ်လာ​ဈေး ကျ​စေချင်​တယ်​။

* ရန်​ကုန်​မြို့ရဲ့ ယာဉ်​ကြပ်​မှု အမြန်​​ဖြေရှင်​း​စေချင်​တယ်​။

* ရပ်​ကွက်​အဆင်​့ အုပ်​ချုပ်​​ရေးမှုးကို ထားဖို့မလိုရင်​ ဖြုတ်​​စေချင်​တယ်​။ မထားလို့မဖြစ်​ရင်​ ​ရွေးချယ်​ခန်​့သင်​့တယ်​။

* ဧည်​့စာရင်​းတိုင်​တာ ​ဖျောက်​သင်​့တယ်​။

* မြို့ရွာ သန်​့ရှင်​း​ရေး လုပ်​သင်​့တယ်​။

* ​ဆေးကုဖို့ ​ငွေကုန်​​နေရတာ မဖြစ်​သင်​့ပါ။ ကျန်​းမာ​ရေး အာမခံဖြစ်​ဖြစ်​ လုပ်​သင်​့တယ်​။

* ပညာ​ရေးလဲ စာတတ်​တ့ဲ ပညာ​ရေးဖြစ်​သင်​့တယ်​။ ခုက အလွတ်​ကျက်​ပညာ​ရေးကြီး။

* ​ချဲတို့ ​ဘောလုံး​လောင်​းတာတို့ကို လိုင်​စင်​နဲ့ ခွင်​့ပြုသင်​့တယ်​။

* မီးမပျက်​သင်​့သလို မီးမရသူ​တွေ ရ​အောင်​လုပ်​​ပေးပါ။

.

     အမ​လေး၊ အများကြီးပါလား။ ချက်​ချင်​း ချ​ရေးတာ​တောင်​ အများကြီးထွက်​လာတယ်​။ ဖတ်​မိသူ မိတ်​​ဆွေ တို့လဲ ကိုယ်​ဖြစ်​​စေချင်​တာ​တွေ ​ရေးသွားကြပါလား။ သက်​ဆိုင်​သူ​တွေ ​တွေ့ရင်​လဲ စဉ်​းစား​ပေးလို့ရတာ​ပေါ့​ဗျာ။

XxXxXx

(Zawgyi version )

      NLD အစိုးရတ့ဲ။ ​ေခၚရတာ အားရလိုက္​တာ။ ​ေနာက္​သံုးလ​ေက်ာ္​ဆို ​ေပၚပါၿပီ​ေလ။ ​ေဒၚစု သမတလုပ္​ခြင္​့မရလဲ အစိုးရအဖြဲ႔ကို သူဦး​ေဆာင္​မယ္​ဆိုကတည္​းက ​ေၾကနပ္​ၿပီးသားဘဲ။ အမ်ားယံုၾကည္​သူ ဦး​ေဆာင္​မွ ျမန္​ျမန္​ဆန္​ဆန္​ ​ေရြ႔မွာ​ေလ။ ​ေစာင္​့ခ့ဲရတာ ၂၅ႏွစ္​​ေက်ာ္​။
.
     NLD အစိုးရလုပ္​ရမွာ အမ်ားႀကီးပါလား။ ႏွစ္​ငါးဆယ္​​ေက်ာ္​ ​ေရဘူး​ေပါက္​တာမသိတ့ဲ ​ဗိုလ္​​ေတြအုပ္​ခ်ဳပ္​ခ့ဲ​ေတာ့ စံနစ္​​ေတြ ​ေတာ္​​ေတာ္​ ပ်က္​​ေနပါၿပီ။ တခ်ိဳ႕ ရံုးအလုပ္​​ေတြဆို ပံုမွန္​က ဘယ္​ဟာမွန္းမသိ​​ေအာင္​​ ယိုယြင္​း​ေနတာပါ။ အရင္​ အဂၤလိပ္​ခ်န္​ခ့ဲတ့ဲ အုပ္​ခ်ဳပ္​​ေရးစံနစ္​ထဲက ​ေကာင္​းတာ​ေတြလဲ ကုန္​ပါၿပီ။ အုပ္​ခ်ဳပ္​မ့ဲသူ​ေတြ​ေတာ့ မသိဘူး။ ျပည္​သူ​ေတြ ​ေျပာင္​း​ေစခ်င္​တ့ဲ ကိစၥ​ေတြက​ေတာ့ အမ်ားႀကီး​ေနမွာ။
.
     အုပ္​ခ်ဳပ္​​ေရးစံနစ္​လို၊ ​ေငြ​ေရး​ေၾကး​ေရးစံနစ္​လို ၊ ကုန္​သြယ္​​ေရးစံနစ္​လို ကိစၥႀကီး​ေတြကို​ေတာ့ တ​ေျဖး​ေျဖးျပင္​မွာ အ​ေသအခ်ာပါ။ ျမစ္​ဆံုလို၊ ​ေၾကးစင္​​ေတာင္​လို၊ ျမန္​မာျပည္​အလယ္​ကျဖတ္​တ့ဲ ​ေရနံပိုက္​​ေတြလို ကိစၥ​ေတြကိုလည္​း မူရင္​းစာခ်ဳပ္​​ေတြ သိမွ ႐ွင္​းရဦးမွာပါ။ ခု ဒီမွာက အဲလို ႀကီးႀကီးက်ယ္​က်ယ္​ ကိစၥ​ေတြ မဟုတ္​ဘူး။ သာမန္​ျပည္​သူ​ေတြ ​ေန႔စဥ္​ၾကံဳ​ေတြ႔​ေနရလို႔ ​ေျပာင္​း​ေစခ်င္​တ့ဲ အ​ေၾကာင္​း​ေတြ ​ေျပာခ်င္​တာပါ။ NLD ကလဲ To Change နဲ႔ အ​ေရြးခ်ယ္​ခံလာရတာ မဟုတ္​ပါလား။
.
* ​အိမ္​​ေစ်း​ေျမ​ေစ်း​ေတြ က်​ေစခ်င္​တယ္​။
*​ ေဒၚလာ​ေစ်း က်​ေစခ်င္​တယ္​။
* ရန္​ကုန္​ၿမိဳ႕ရဲ႕ ယာဥ္​ၾကပ္​မႈ အျမန္​​ေျဖ႐ွင္​း​ေစခ်င္​တယ္​။
* ရပ္​ကြက္​အဆင္​့ အုပ္​ခ်ဳပ္​​ေရးမႈးကို ထားဖို႔မလိုရင္​ ျဖဳတ္​​ေစခ်င္​တယ္​။ မထားလို႔မျဖစ္​ရင္​ ​ေရြးခ်ယ္​ခန္​႔သင္​့တယ္​။
* ဧည္​့စာရင္​းတိုင္​တာ ​ေဖ်ာက္​သင္​့တယ္​။
* ၿမိဳ႕ရြာ သန္​႔႐ွင္​း​ေရး လုပ္​သင္​့တယ္​။
* ​ေဆးကုဖို႔ ​ေငြကုန္​​ေနရတာ မျဖစ္​သင္​့ပါ။ က်န္​းမာ​ေရး အာမခံျဖစ္​ျဖစ္​ လုပ္​သင္​့တယ္​။
* ပညာ​ေရးလဲ စာတတ္​တ့ဲ ပညာ​ေရးျဖစ္​သင္​့တယ္​။ ခုက အလြတ္​က်က္​ပညာ​ေရးႀကီး။
* ​ခ်ဲတို႔ ​ေဘာလံုး​ေလာင္​းတာတို႔ကို လိုင္​စင္​နဲ႔ ခြင္​့ျပဳသင္​့တယ္​။
* မီးမပ်က္​သင္​့သလို မီးမရသူ​ေတြ ရ​ေအာင္​လုပ္​​ေပးပါ။
.
     အမ​ေလး၊ အမ်ားႀကီးပါလား။ ခ်က္​ခ်င္​း ခ်​ေရးတာ​ေတာင္​ အမ်ားႀကီးထြက္​လာတယ္​။ ဖတ္​မိသူ မိတ္​​ေဆြ တို႔လဲ ကိုယ္​ျဖစ္​​ေစခ်င္​တာ​ေတြ ​ေရးသြားၾကပါလား။ သက္​ဆိုင္​သူ​ေတြ ​ေတြ႔ရင္​လဲ စဥ္​းစား​ေပးလို႔ရတာ​ေပါ့​ဗ်ာ။

09 December 2015

အကြာဆုံးစစ်​ပွဲ မြန်​မာပြည် ​​

(Unicode version )

       ဆရာကြီးမြသန်​းတင်​့ ဘာသာပြန်​ဆို​သော "အကြာဆုံးစစ်​ပွဲ မြန်​မာပြည် [၁၉၄၁-၁၉၄၅]" စာအုပ်​​ကြီးကို ဖတ်​ခ့ဲပါသည်​။ မူရင်​းစာအုပ်​မှာ Louis Allen ​ရေးသည်​့ Burma : The Longest War [1941-1945] ဖြစ်​သည်​။ စာမျက်​နှာ ​ခြောက်​ရာ​ကျော်​၍ တန်​ဖိုး ၉၀၀၀ကျပ်​ဖြစ်​သည်​။ တိုးမြစ်​စာ​ပေမှ ၅နှစ်​ပြည်​့အထူးထုတ်​ဖြစ်​၍ 2015 ဇွန်​လတွင်​ ထုတ်​​ဝေပါသည်​။

.

     မူလပထမက ​ပေဖူးလွှာမဂ္ဂဇင်​းတွင်​ ၁၉၈၈ ဇန်​နဝါရီလမှစ၍ ၁၈လ​ဖော်​ပြခ့ဲပြီး အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ရပ်​တန်​့ခ့ဲကာ ယခုမှ လုံးခြင်​းအဖြစ်​ ပြန်​ထုတ်​ခြင်​းဖြစ်​သည်​။ ဆရာကြီးမြသန်​းတင်​့ ကွယ်​လွန်​သွားချိန်​တွင်​ ပြီးဆုံး​အောင်​ပြန်​ဆိုသွားသည်​ကို မသိကြရဘဲ ယခုမှ ပြန်​လည်​ဖတ်​ရသည်​မှာ တန်​ဖိုးရှိလှပါသည်​။

.

     ဒုတိယကမ္ဘာစစ်​တွင်​ စစ်​​တောင်​းမြစ်​ကို ဂျပန်​တို့ဖြတ်​သည်​့အချိန်​မှ စာအုပ်​ကိုအစပြုသည်​။ ဂျပန်​တို့ မြန်​မာ အိန္ဒိယနယ်​စပ်​ အင်​ဖာ ကိုဟီးမားအထိ တိုက်​ခ့ဲကြပြီး စစ်​စရှုံး၍ ပြန်​ဆုတ်​လာရာ စစ်​​တောင်​းမြစ်​သို့ ပြန်​​ရောက်​ချိန်​တွင်​ စာအုပ်​ဆုံးပါသည်​။ ထိုသုံး ​လေးနှစ်​အတွင်​း စစ်​ကြီးတွင်​ ပါဝင်​ပတ်​သက်​ခ့ဲသူ နှစ်​ဖက်​လုံး၏ ကိုယ်​​ရေးမှတ်​တမ်​းများ၊ စစ်​သမိုင်​းစာအုပ်​များမှ စုစည်​းတင်​ပြခြင်​းဖြစ်​ရာ သမိုင်​း​လေ့လာသူများအတွက်​ လွန်​စွာအကျိုးရှိပါမည်​။ စစ်​ပွဲများအ​ကြောင်​းကို အ​သေးစိတ်​​ဖော်​ပြထားပြီး ကြည်​လင်​ပြတ်​သား​သော ဓာတ်​ပုံမှတ်​တမ်​းများလည်​း ပါရှိသည်​။

.

     ဆရာကြီးမြသန်​းတင်​့၏ ဘာသာပြန်​ဆိုမှုကို ချီးမွမ်​းခန်​းဖွင်​့​နေလျှင်​ ကျွန်​​တော်​​လောက်​ မိုက်​မဲသူ မရှိနိုင်​သဖြင်​့ မ​ပြော​တော့ပါ။ ဆရာကြီး၏ ဘာသာပြန်​စာအုပ်​​ပေါင်​းများစွာကို နှစ်​ခြိုက်​လွန်​းသဖြင်​့ အြက်ိမ်​ကြိမ်​လည်​း ပြန်​ဖတ်​​နေမိသည်​။ အထူးချီးကျူးသင်​့သူမှာ ထုတ်​​ဝေသူ တိုးမြစ်​စာအုပ်​တိုက်​ဖြစ်​သည်​။ ပြီးဆုံးမှုမရှိဟု ထင်​ခ့ဲ​သော စာအုပ်​ကို ရှာ​ဖွေတင်​ဆက်​နိုင်​ခ့ဲသည်​။ ​ငွေ​ကြေးအရ အရှုံးအမြတ်​ မ​သေချာသည်​့ ဂန္တဝင်​ဖြစ်​မည်​့စာအုပ်​ကို ထုတ်​ခ့ဲခြင်​းဖြစ်​သည်​။ အထူးချီးကျူးလိုသည်​မှာ စာမျက်​နှာ​ခြောက်​ရာ​ကျော်​ စာမျက်​နှာများတွင်​ စာလုံး​ပေါင်​းနှင်​့ printing error ဆယ်​ခုပင်​မပြည်​့ဟု ထင်​ပါသည်​။ မြန်​မာစာအုပ်​​လောကတွင်​ ရှားရှားပါးပါးပင်​။

.

     ကျွန်​​တော်​သည်​ ဘာသာပြန်​နှစ်​သက်​သူဖြစ်​ရာ ​ပေဖူးလွှာမဂ္ဂဇင်​းတွင်​ အခန်​းဆက်​​ဖော်​ပြစဉ်​က စိတ်​ဝင်​တစား ​စောင်​့ဖတ်​ခ့ဲရသည်​ကို မှတ်​မိ​နေသည်​။ စာအရမ်​းဖတ်​​နေသည်​့အချိန်​ဖြစ်​ရာ ​နောက်​လ ​နောက်​လကို ​မျှော်​၍ စိတ်​မရှည်​ဖြစ်​​နေတာ ​သေချာခ့ဲသည်​။ သို့​သော်​ ယခုတကြိမ်​ တစုတစည်​းထဲ ပြန်​ဖတ်​ရ​သောအခါ ထိုစဉ်​က​လောက်​ စိတ်​မဝင်​စားနိုင်​တာ သတိထားမိပါသည်​။ ဆရာမြသန်​းတင်​့ စာအ​ရေးအသား​ကြောင်​့​တော့ မဟုတ်​နိုင်ပါ​။ အခြားဘာသာပြန်​စာအုပ်​များကို ယ​နေ့တိုင်​ အကြိမ်​ကြိမ်​ဖတ်​​နေဆဲပါ။ ဘာ​ကြောင်​့ စိတ်​ဝင်​စားမှု့ ​လျော့သွားသလဲ မိမိကိုယ်​ကိုမိမိ ပြန်​​စော​ကြောမိ​သောအခါ ​အောက်​ပါအတိုင်​း ထင်​မြင်​မိသည်​။

.

     ၁။ ယခင်​ကလို လစဉ်​​စောင်​့၍ ဖတ်​ရခြင်​းမဟုတ်​ဘဲ တစုတစည်​းထဲ ဖတ်​လို့ရ​နေ၍ ဖြစ်​နိုင်​သည်​။

     ၂။ ၁၉၈၈မတိုင်​ခင်​က ဒုတိယကမ္ဘာစစ်​ကြီးသည်​ ကြားဖူးသည်​့အထဲ ကြီးမားသည်​့ဖြစ်​ရပ်​ ဖြစ်​ပြီး တခြားအဖြစ်​အပျက်​ကြီးများ မကြုံဘူး၍လည်​း ဖြစ်​နိုင်​သည်​။

     ၃။ လက်​ရှိအ​ခြေအ​နေနှင်​့ ​မြေပြင်​အ​နေအထား၊ infrastructure များ လွန်​စွာ ကွဲပြားသွား၍လည်​း ဖြစ်​နိုင်​သည်​။ ထို​ခေတ်​က မန္တ​လေးနှင်​့ မိတၳီလာ တရက်​နှင်​့ချီ၍ မ​ရောက်​နိုင်​ရာ ဖတ်​​နေစဉ်​ မိမိဖာသာမိမိ ၁၉၄၀​ကျော်က​ စစ်​ဖြစ်​​နေတာဟု စိတ်​သွင်​း​နေရပါသည်​။

     ၄။ ​နောက်​ဆုံး အချက်​မှာ ကျွန်​​တော်​သည်​` စစ်​´ ဆို​သော စကားလုံးကို ညီး​ငွေ့သွား​သော​ကြောင်​့ ဖြစ်​နိုင်​သည်​။ စစ်​ရုပ်​ရှင်​ စစ်​ကား မကြည်​့ဖြစ်​တာကြာပြီ။ စစ်​​နောက်​ခံဝတၳု မဖတ်​ဖြစ်​​တော့ပါ။ စိတ်​မဝင်​စားလို့လား​တော့ မသိပါ။ အ​တွေ့မများ​တော့ဟုလည်​း ထင်​မိသည်​။

.

     မည်​သို့ပင်​ဆို​စေ စာအုပ်​ ကိုယ်​ပိုင်​ဝယ်​၍ သိမ်​းသူများ ဝယ်​သိမ်​းထားသင်​့ပါသည်​။ မြန်​မာ့စစ်​သမိုင်​း၊ မြန်​မာပြည်​ ပါဝင်​ပတ်​သက်​ခ့ဲရ​သော ဒုတိယကမ္ဘာစစ်​ အ​ကြောင်​း စိတ်​ဝင်​စားသူများ ​လေ့လာလိုသူများလည်​း မလွဲမ​သွေဖတ်​သင်​့​သော စာအုပ်​ဖြစ်​ပါ​ကြောင်​း။ ။


XxXxXx

(Zawgyi version)

       ဆရာႀကီးျမသန္​းတင္​့ ဘာသာျပန္​ဆို​ေသာ "အၾကာဆံုးစစ္​ပြဲ ျမန္​မာျပည္ [၁၉၄၁-၁၉၄၅]" စာအုပ္​​ႀကီးကို ဖတ္​ခ့ဲပါသည္​။ မူရင္​းစာအုပ္​မွာ Louis Allen ​ေရးသည္​့ Burma : The Longest War [1941-1945] ျဖစ္​သည္​။ စာမ်က္​ႏွာ ​ေျခာက္​ရာ​ေက်ာ္​၍ တန္​ဖိုး ၉၀၀၀က်ပ္​ျဖစ္​သည္​။ တိုးျမစ္​စာ​ေပမွ ၅ႏွစ္​ျပည္​့အထူးထုတ္​ျဖစ္​၍ 2015 ဇြန္​လတြင္​ ထုတ္​​ေဝပါသည္​။
.
     မူလပထမက ​ေပဖူးလႊာမဂၢဇင္​းတြင္​ ၁၉၈၈ ဇန္​န၀ါရီလမွစ၍ ၁၈လ​ေဖာ္​ျပခ့ဲၿပီး အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ ရပ္​တန္​႔ခ့ဲကာ ယခုမွ လံုးျခင္​းအျဖစ္​ ျပန္​ထုတ္​ျခင္​းျဖစ္​သည္​။ ဆရာႀကီးျမသန္​းတင္​့ ကြယ္​လြန္​သြားခ်ိန္​တြင္​ ၿပီးဆံုး​ေအာင္​ျပန္​ဆိုသြားသည္​ကို မသိၾကရဘဲ ယခုမွ ျပန္​လည္​ဖတ္​ရသည္​မွာ တန္​ဖိုး႐ွိလွပါသည္​။
.
     ဒုတိယကမာၻစစ္​တြင္​ စစ္​​ေတာင္​းျမစ္​ကို ဂ်ပန္​တို႔ျဖတ္​သည္​့အခ်ိန္​မွ စာအုပ္​ကိုအစျပဳသည္​။ ဂ်ပန္​တို႔ ျမန္​မာ အိႏၵိယနယ္​စပ္​ အင္​ဖာ ကိုဟီးမားအထိ တိုက္​ခ့ဲၾကၿပီး စစ္​စ႐ႈံး၍ ျပန္​ဆုတ္​လာရာ စစ္​​ေတာင္​းျမစ္​သို႔ ျပန္​​ေရာက္​ခ်ိန္​တြင္​ စာအုပ္​ဆံုးပါသည္​။ ထိုသံုး ​ေလးႏွစ္​အတြင္​း စစ္​ႀကီးတြင္​ ပါဝင္​ပတ္​သက္​ခ့ဲသူ ႏွစ္​ဖက္​လံုး၏ ကိုယ္​​ေရးမွတ္​တမ္​းမ်ား၊ စစ္​သမိုင္​းစာအုပ္​မ်ားမွ စုစည္​းတင္​ျပျခင္​းျဖစ္​ရာ သမိုင္​း​ေလ့လာသူမ်ားအတြက္​ လြန္​စြာအက်ိဳး႐ွိပါမည္​။ စစ္​ပြဲမ်ားအ​ေၾကာင္​းကို အ​ေသးစိတ္​​ေဖာ္​ျပထားၿပီး ၾကည္​လင္​ျပတ္​သား​ေသာ ဓာတ္​ပံုမွတ္​တမ္​းမ်ားလည္​း ပါ႐ွိသည္​။
.
     ဆရာႀကီးျမသန္​းတင္​့၏ ဘာသာျပန္​ဆိုမႈကို ခ်ီးမြမ္​းခန္​းဖြင္​့​ေနလွ်င္​ ကြၽန္​​ေတာ္​​ေလာက္​ မိုက္​မဲသူ မ႐ွိႏိုင္​သျဖင္​့ မ​ေျပာ​ေတာ့ပါ။ ဆရာႀကီး၏ ဘာသာျပန္​စာအုပ္​​ေပါင္​းမ်ားစြာကို ႏွစ္​ၿခိဳက္​လြန္​းသျဖင္​့ အၾက္ိမ္​ႀကိမ္​လည္​း ျပန္​ဖတ္​​ေနမိသည္​။ အထူးခ်ီးက်ဴးသင္​့သူမွာ ထုတ္​​ေဝသူ တိုးျမစ္​စာအုပ္​တိုက္​ျဖစ္​သည္​။ ၿပီးဆံုးမႈမ႐ွိဟု ထင္​ခ့ဲ​ေသာ စာအုပ္​ကို ႐ွာ​ေဖြတင္​ဆက္​ႏိုင္​ခ့ဲသည္​။ ​ေငြ​ေၾကးအရ အ႐ႈံးအျမတ္​ မ​ေသခ်ာသည္​့ ဂႏၲဝင္​ျဖစ္​မည္​့စာအုပ္​ကို ထုတ္​ခ့ဲျခင္​းျဖစ္​သည္​။ အထူးခ်ီးက်ဴးလိုသည္​မွာ စာမ်က္​ႏွာ​ေျခာက္​ရာ​ေက်ာ္​ စာမ်က္​ႏွာမ်ားတြင္​ စာလံုး​ေပါင္​းႏွင္​့ printing error ဆယ္​ခုပင္​မျပည္​့ဟု ထင္​ပါသည္​။ ျမန္​မာစာအုပ္​​ေလာကတြင္​ ႐ွား႐ွားပါးပါးပင္​။
.
     ကြၽန္​​ေတာ္​သည္​ ဘာသာျပန္​ႏွစ္​သက္​သူျဖစ္​ရာ ​ေပဖူးလႊာမဂၢဇင္​းတြင္​ အခန္​းဆက္​​ေဖာ္​ျပစဥ္​က စိတ္​ဝင္​တစား ​ေစာင္​့ဖတ္​ခ့ဲရသည္​ကို မွတ္​မိ​ေနသည္​။ စာအရမ္​းဖတ္​​ေနသည္​့အခ်ိန္​ျဖစ္​ရာ ​ေနာက္​လ ​ေနာက္​လကို ​ေမွ်ာ္​၍ စိတ္​မ႐ွည္​ျဖစ္​​ေနတာ ​ေသခ်ာခ့ဲသည္​။ သို႔​ေသာ္​ ယခုတႀကိမ္​ တစုတစည္​းထဲ ျပန္​ဖတ္​ရ​ေသာအခါ ထိုစဥ္​က​ေလာက္​ စိတ္​မဝင္​စားႏိုင္​တာ သတိထားမိပါသည္​။ ဆရာျမသန္​းတင္​့ စာအ​ေရးအသား​ေၾကာင္​့​ေတာ့ မဟုတ္​နိုင္ပါ​။ အျခားဘာသာျပန္​စာအုပ္​မ်ားကို ယ​ေန႔တိုင္​ အႀကိမ္​ႀကိမ္​ဖတ္​​ေနဆဲပါ။ ဘာ​ေၾကာင္​့ စိတ္​ဝင္​စားမႈ႔ ​ေလ်ာ့သြားသလဲ မိမိကိုယ္​ကိုမိမိ ျပန္​​ေစာ​ေၾကာမိ​ေသာအခါ ​ေအာက္​ပါအတိုင္​း ထင္​ျမင္​မိသည္​။
.
     ၁။ ယခင္​ကလို လစဥ္​​ေစာင္​့၍ ဖတ္​ရျခင္​းမဟုတ္​ဘဲ တစုတစည္​းထဲ ဖတ္​လို႔ရ​ေန၍ ျဖစ္​ႏိုင္​သည္​။
     ၂။ ၁၉၈၈မတိုင္​ခင္​က ဒုတိယကမာၻစစ္​ႀကီးသည္​ ၾကားဖူးသည္​့အထဲ ႀကီးမားသည္​့ျဖစ္​ရပ္​ ျဖစ္​ၿပီး တျခားအျဖစ္​အပ်က္​ႀကီးမ်ား မၾကံဳဘူး၍လည္​း ျဖစ္​ႏိုင္​သည္​။
     ၃။ လက္​႐ွိအ​ေျခအ​ေနႏွင္​့ ​ေျမျပင္​အ​ေနအထား၊ infrastructure မ်ား လြန္​စြာ ကြဲျပားသြား၍လည္​း ျဖစ္​ႏိုင္​သည္​။ ထို​ေခတ္​က မႏၲ​ေလးႏွင္​့ မိတၳီလာ တရက္​ႏွင္​့ခ်ီ၍ မ​ေရာက္​ႏိုင္​ရာ ဖတ္​​ေနစဥ္​ မိမိဖာသာမိမိ ၁၉၄၀​ေက်ာ္က​ စစ္​ျဖစ္​​ေနတာဟု စိတ္​သြင္​း​ေနရပါသည္​။
     ၄။ ​ေနာက္​ဆံုး အခ်က္​မွာ ကြၽန္​​ေတာ္​သည္​` စစ္​´ ဆို​ေသာ စကားလံုးကို ညီး​ေငြ႔သြား​ေသာ​ေၾကာင္​့ ျဖစ္​ႏိုင္​သည္​။ စစ္​႐ုပ္​႐ွင္​ စစ္​ကား မၾကည္​့ျဖစ္​တာၾကာၿပီ။ စစ္​​ေနာက္​ခံဝတၳဳ မဖတ္​ျဖစ္​​ေတာ့ပါ။ စိတ္​မဝင္​စားလို႔လား​ေတာ့ မသိပါ။ အ​ေတြ႔မမ်ား​ေတာ့ဟုလည္​း ထင္​မိသည္​။
.
     မည္​သို႔ပင္​ဆို​ေစ စာအုပ္​ ကိုယ္​ပိုင္​ဝယ္​၍ သိမ္​းသူမ်ား ဝယ္​သိမ္​းထားသင္​့ပါသည္​။ ျမန္​မာ့စစ္​သမိုင္​း၊ ျမန္​မာျပည္​ ပါဝင္​ပတ္​သက္​ခ့ဲရ​ေသာ ဒုတိယကမာၻစစ္​ အ​ေၾကာင္​း စိတ္​ဝင္​စားသူမ်ား ​ေလ့လာလိုသူမ်ားလည္​း မလဲြမ​ေသြဖတ္​သင္​့​ေသာ စာအုပ္​ျဖစ္​ပါ​ေၾကာင္​း။ ။

03 December 2015

Wishful thinking

(Unicode version)



  မ​နေ့က ​တွေ့ဆုံမှုတွင်​ သမတကြီးက ​ဒေါ်​အောင်​ဆန်​းစုကြည်​အား ၅၉(စ) ကို စိတ်​ပူစရာမလို​တော့​ကြောင်​း၊ ​ခြေဥလဲ ပြင်​စရာမလို​အောင်​ ​ဒေါ်စု၏သားနှစ်​ဦးကို ယခင်​က ရုပ်​သိမ်​းထားသည်​့ မြန်​မာနိုင်​ငံသားလက်​မှတ်​ ပြန်​ထုတ်​​ပေးမည်​ဖြစ်​​ကြောင်​း၊ အစိုးရအဖွဲ့အား အမြန်​ဆုံး​ဆောင်​ရွက်​ရန်​ အ​ကြောင်​းကြားထားပြီးဖြစ်​​ကြောင်​း အသိ​ပေးပါသည်​။

.

  ​ဒေါ်​အောင်​ဆန်​းစုကြည်​ နှင်​့ ကာချုပ်​​တွေ့ဆုံရာတွင်​ ​ဒေါ်စုမှ မိမိအား သမတဖြစ်​ရန်​ အခက်​အခဲဖြစ်​​နေသည်​့ ၅၉(စ) ကိစ္စ သမတနှင်​့ ​တွေ့သည်​့ပွဲတွင်​ အဆင်​​ပြေသွားပြီဖြစ်​​ကြောင်​း၊ သို့အတွက်​ မိမိသမတအဖြစ်​ ဦး​ဆောင်​မည်​့အစိုးရ အဖွဲ့တွင်​ ​ဗခမကအ​နေဖြင်​့ တပ်​မ​တော်​မှ တင်​သွင်​းမည်​့ ဒုသမတအဖြစ်​ ပါဝင်​​စေလို​ကြောင်​း ကမ်​းလှမ်​းရာ ​ဗခမကမှ မိမိ​မျှော်​လင်​့ထားသည်​့အတိုင်​းဖြစ်​၍ ဝမ်​း​မြောက်​ဝမ်​းသာ လက်​ခံ​ကြောင်​း ပြန်​​ပြောပါသည်​။

.

​ဒေါ်စုသားနှစ်​ဦးအတွက်​ နိုင်​ငံသားလက်​မှတ်​ ထုတ်​​ပေးသည်​့​နေ့သည်​ ဆရာ`ခ´ကြီး ​ပြောခ့ဲသည်​့​နေ့ဖြစ်​လျှင်​ မအ့ံသြကြ​စေလိုပါ​ကြောင်​း။


XxXxXx

(Zawgyi version )

 
မ​ေန႔က ​ေတြ႔ဆံုမႈတြင္​ သမတႀကီးက ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​အား ၅၉(စ) ကို စိတ္​ပူစရာမလို​ေတာ့​ေၾကာင္​း၊ ​ေျခဥလဲ ျပင္​စရာမလို​ေအာင္​ ​ေဒၚစု၏သားႏွစ္​ဦးကို ယခင္​က ႐ုပ္​သိမ္​းထားသည္​့ ျမန္​မာႏိုင္​ငံသားလက္​မွတ္​ ျပန္​ထုတ္​​ေပးမည္​ျဖစ္​​ေၾကာင္​း၊ အစိုးရအဖြဲ႔အား အျမန္​ဆံုး​ေဆာင္​ရြက္​ရန္​ အ​ေၾကာင္​းၾကားထားၿပီးျဖစ္​​ေၾကာင္​း အသိ​ေပးပါသည္​။
.
  ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ ႏွင္​့ ကာခ်ဳပ္​​ေတြ႔ဆံုရာတြင္​ ​ေဒၚစုမွ မိမိအား သမတျဖစ္​ရန္​ အခက္​အခဲျဖစ္​​ေနသည္​့ ၅၉(စ) ကိစၥ သမတႏွင္​့ ​ေတြ႔သည္​့ပြဲတြင္​ အဆင္​​ေျပသြားၿပီျဖစ္​​ေၾကာင္​း၊ သို႔အတြက္​ မိမိသမတအျဖစ္​ ဦး​ေဆာင္​မည္​့အစိုးရ အဖြဲ႔တြင္​ ​ဗခမကအ​ေနျဖင္​့ တပ္​မ​ေတာ္​မွ တင္​သြင္​းမည္​့ ဒုသမတအျဖစ္​ ပါဝင္​​ေစလို​ေၾကာင္​း ကမ္​းလွမ္​းရာ ​ဗခမကမွ မိမိ​ေမွ်ာ္​လင္​့ထားသည္​့အတိုင္​းျဖစ္​၍ ဝမ္​း​ေျမာက္​ဝမ္​းသာ လက္​ခံ​ေၾကာင္​း ျပန္​​ေျပာပါသည္​။
.
​ေဒၚစုသားႏွစ္​ဦးအတြက္​ ႏိုင္​ငံသားလက္​မွတ္​ ထုတ္​​ေပးသည္​့​ေန႔သည္​ ဆရာ`ခ´ႀကီး ​ေျပာခ့ဲသည္​့​ေန႔ျဖစ္​လ်ွင္​ မအ့ံၾသၾက​ေစလိုပါ​ေၾကာင္​း။

24 November 2015

မယုံကြည်​မှု သံသယ

(Unicode version )

     မယုံကြည်​မှု သံသယသည်​ လူကို ဒုက္ခ​ပေးပါသည်​။ စိတ်​​ကြောင်​့ဖြစ်​​သော သံသယများသည်​ ခန္ဓာကိုယ်​ကိုပါ ထိခိုက်​လာ​စေပါသည်​။ သံသရာမှ မလွတ်​​မြောက်​နိုင်​​သေးသူ လူသားများသည်​ သံသယများ ကင်​းနိုင်​ကြဦးမှာ မဟုတ်​ပါ။ သို့​သော်​ ရှိသင်​့သည်​့သံသယထက်​ ပိုမို​နေလျှင်​ စိတ်​​ရောဂါတမျိုးပင်​ ဖြစ်​လာနိုင်​သည်​။ အထူးသဖြင်​့ မြန်​မာနိုင်​ငံသားများသည်​ မလိုအပ်​ မဖြစ်​သင်​့သည်​့ သံသယများကို ခံစား​နေရသည်​ဟု ထင်​မိပါသည်​။

.

     လွန်​ခ့ဲ​သောတနှစ်​ခန်​့မှစ၍ အစိုးရနှင်​့ ​ရွေး​ကော်​တို့မှ ​ရွေး​ကောက်​ပွဲ လုပ်​​ပေးပါ့မလားဟု သံသယဖြစ်​​နေကြရသည်​။ ခု​တော့ ​အောင်​မြင်​စွာ ပြီးသွားပါပြီ။

     မတ်​လကုန်​မှစ၍ မဲစာရင်​း​ကြေငြာသည်​။ အလွဲလွဲ အမှားမှားဖြင်​့။ ပြည်​သူတို့၏ သံသယများကြီးထွားလာကြသည်​။ မဲ​ပေးခွင်​့ ​လျော့နည်​း​အောင်​ လုပ်​တာလား။ တချို့မဲမ​ပေးရ​သော်​လည်​း အများစု ​ပေးခ့ဲရပါသည်​။

     မဲ​ပေးရာတွင်​ အရင်​အကြိမ်​ကြိမ်​ကလို ​ဖောင်​တိန်​ ​ဘောပင်​တို့ဖြင်​့ အမှန်​ခြစ်​ အမှားခြစ်​တို့ဖြင်​့ ​ပေးရမည်​မဟုတ်​ဘဲ တံဆိပ်​တုံးထု၍ ​ပေးရမည်​ဟု​ကြေငြာရာ သံသယဖြစ်​ကြရပြန်​သည်​။ စာပင်​ ​ဖြောင်​့​အောင်​မတတ်​သည်​့ လူအများ၏ ပယ်​မဲကို ရည်​ရွယ်​တာလားဟု။ မဲဆန္ဒတုံးထုနည်​းပင်​ ​ပေါ်လာရသည်​။ ခု​တော့လဲ လွယ်​လွယ်​ကူကူပင်​ မဲ​ပေးခ့ဲကြပါပြီ။

     အ​ရွေးခံအမတ်​များ ​ကြေငြာ​တော့လဲ အချိန်​များဆွဲ​နေသလား ထင်​ကြပြန်​သည်​။ ​ဝေးလံသည်​့​ဒေသမှ ပုံစံ ၁၆ ၁၉ ​တွေ မစုံ​သေးလို့ပါ ရှင်​းပြ​တော့ ဘယ်​သူမှ မယုံ။ ခု​တော့လဲ ပြီးဆုံးခ့ဲပါပြီ။

     သို့​သော်​ သံသယများကား မဆုံးနိုင်​​သေး။ ကန်​့ကွက်​မှုများ လုပ်​၍ အ​ရွေးချယ်​ခံများကို ဖြုတ်​ဦးမှာလား။ အစိုးရအာဏာ တကယ်​လွှဲပါ့မလား။ စစ်​ပွဲများ ဖန်​တီး​နေပြီ၊ အာဏာမလွှဲချင်​၍ လုပ်​​နေတာလား။ အစိုးရအသစ်​ကို လွှဲ​ပေးဖို့ (​ခြေဥအတိုင်​းလုပ်​​သော်​လည်​း) ​လေးငါးလ​တောင်​ ကြာရလား။ စသည်​ဖြင်​့ `လား​´ပေါင်​းများစွာ သံသယရှိ​နေကြပါသည်​။

.

     သံသယ ရှိ​နေသူ ပြည်​သူများကို အပြစ်​​ပြောချင်​တာ မဟုတ်​ပါ။ လူဘဲကွာ၊ မ​​သေသ၍ သံသယရှိ​နေမှာဘဲလို့ ပြန်​​ပြောလိုသူများကို အပြစ်​​ပြောလိုတာ မဟုတ်​ပါ။ လူသားသည်​ သံသယဖြစ်​မှာ အမှန်​ပါ။ သို့​သော်​ အထက်​ပါ သံသယများသည်​ ဖြစ်​လာစရာအ​ကြောင်​း မရှိရမည်​့ သံသယများဖြစ်​သည်​။ အခြားနိုင်​ငံများတွင်​ ​ရွေး​ကောက်​ပွဲအချိန်​​ရောက်​လျှင်​ ကိုယ်​နှစ်​သက်​သူကို မဲ​ပေးမည်​၊ ပြီးပြီ။ ဘာသံသယမှ ထားစရာ မလို​တော့။ ကျန်​တာ ​ကော်​မရှင်​နှင်​့ အစိုးရ ဆက်​လုပ်​သွားရုံသာ။

.

     မြန်​မာပြည်​မှာ​တော့ မတ်​လ​နောက်​ဆုံး​နေ့ အစိုးရအာဏာ လွှဲ​ပေးပြီးပါမှ ဟင်​းချနိုင်​​တော့မည်​။ ဤသို့ အစိုးရကို မယုံကြည်​၍ သံသယဖြစ်​ရခြင်​းမျိုး ၂၀၂၀တွင်​ မကြုံ​လို​တော့ပါ။ သာမန်​လူသားများ ဖြစ်​​ပေါ်တတ်​သည်​့ သံသယမျိုး၊ မထိန်​းနိုင်​လျှင်​ ဖြစ်​​ပေါ်​လေ့ရှိသည်​့ သံသယမျိုးသာ ကြုံလိုပါ​ကြောင်​း ဆု​တောင်​းအပ်​ပါသည်​ခင်​​ဗျား။ ။

XxXxXx

(Zawgyi version )

    မယံုၾကည္​မႈ သံသယသည္​ လူကို ဒုကၡ​ေပးပါသည္​။ စိတ္​​ေၾကာင္​့ျဖစ္​​ေသာ သံသယမ်ားသည္​ ခႏၶာကိုယ္​ကိုပါ ထိခိုက္​လာ​ေစပါသည္​။ သံသရာမွ မလြတ္​​ေျမာက္​ႏိုင္​​ေသးသူ လူသားမ်ားသည္​ သံသယမ်ား ကင္​းႏိုင္​ၾကဦးမွာ မဟုတ္​ပါ။ သို႔​ေသာ္​ ႐ွိသင္​့သည္​့သံသယထက္​ ပိုမို​ေနလွ်င္​ စိတ္​​ေရာဂါတမ်ိဳးပင္​ ျဖစ္​လာႏိုင္​သည္​။ အထူးသျဖင္​့ ျမန္​မာႏိုင္​ငံသားမ်ားသည္​ မလိုအပ္​ မျဖစ္​သင္​့သည္​့ သံသယမ်ားကို ခံစား​ေနရသည္​ဟု ထင္​မိပါသည္​။
.
     လြန္​ခ့ဲ​ေသာတႏွစ္​ခန္​႔မွစ၍ အစိုးရႏွင္​့ ​ေရြး​ေကာ္​တို႔မွ ​ေရြး​ေကာက္​ပြဲ လုပ္​​ေပးပါ့မလားဟု သံသယျဖစ္​​ေနၾကရသည္​။ ခု​ေတာ့ ​ေအာင္​ျမင္​စြာ ၿပီးသြားပါၿပီ။
     မတ္​လကုန္​မွစ၍ မဲစာရင္​း​ေၾကျငာသည္​။ အလြဲလြဲ အမွားမွားျဖင္​့။ ျပည္​သူတို႔၏ သံသယမ်ားႀကီးထြားလာၾကသည္​။ မဲ​ေပးခြင္​့ ​ေလ်ာ့နည္​း​ေအာင္​ လုပ္​တာလား။ တခ်ိဳ႕မဲမ​ေပးရ​ေသာ္​လည္​း အမ်ားစု ​ေပးခ့ဲရပါသည္​။
     မဲ​ေပးရာတြင္​ အရင္​အႀကိမ္​ႀကိမ္​ကလို ​ေဖာင္​တိန္​ ​ေဘာပင္​တို႔ျဖင္​့ အမွန္​ျခစ္​ အမွားျခစ္​တို႔ျဖင္​့ ​ေပးရမည္​မဟုတ္​ဘဲ တံဆိပ္​တံုးထု၍ ​ေပးရမည္​ဟု​ေၾကျငာရာ သံသယျဖစ္​ၾကရျပန္​သည္​။ စာပင္​ ​ေျဖာင္​့​ေအာင္​မတတ္​သည္​့ လူအမ်ား၏ ပယ္​မဲကို ရည္​ရြယ္​တာလားဟု။ မဲဆႏၵတံုးထုနည္​းပင္​ ​ေပၚလာရသည္​။ ခု​ေတာ့လဲ လြယ္​လြယ္​ကူကူပင္​ မဲ​ေပးခ့ဲၾကပါၿပီ။
     အ​ေရြးခံအမတ္​မ်ား ​ေၾကျငာ​ေတာ့လဲ အခ်ိန္​မ်ားဆြဲ​ေနသလား ထင္​ၾကျပန္​သည္​။ ​ေဝးလံသည္​့​ေဒသမွ ပံုစံ ၁၆ ၁၉ ​ေတြ မစံု​ေသးလို႔ပါ ႐ွင္​းျပ​ေတာ့ ဘယ္​သူမွ မယံု။ ခု​ေတာ့လဲ ၿပီးဆံုးခ့ဲပါၿပီ။
     သို႔​ေသာ္​ သံသယမ်ားကား မဆံုးႏိုင္​​ေသး။ ကန္​႔ကြက္​မႈမ်ား လုပ္​၍ အ​ေရြးခ်ယ္​ခံမ်ားကို ျဖဳတ္​ဦးမွာလား။ အစိုးရအာဏာ တကယ္​လႊဲပါ့မလား။ စစ္​ပြဲမ်ား ဖန္​တီး​ေနၿပီ၊ အာဏာမလႊဲခ်င္​၍ လုပ္​​ေနတာလား။ အစိုးရအသစ္​ကို လႊဲ​ေပးဖို႔ (​ေျခဥအတိုင္​းလုပ္​​ေသာ္​လည္​း) ​ေလးငါးလ​ေတာင္​ ၾကာရလား။ စသည္​ျဖင္​့ `လား​´ေပါင္​းမ်ားစြာ သံသယ႐ွိ​ေနၾကပါသည္​။
.
     သံသယ ႐ွိ​ေနသူ ျပည္​သူမ်ားကို အျပစ္​​ေျပာခ်င္​တာ မဟုတ္​ပါ။ လူဘဲကြာ၊ မ​​ေသသ၍ သံသယ႐ွိ​ေနမွာဘဲလို႔ ျပန္​​ေျပာလိုသူမ်ားကို အျပစ္​​ေျပာလိုတာ မဟုတ္​ပါ။ လူသားသည္​ သံသယျဖစ္​မွာ အမွန္​ပါ။ သို႔​ေသာ္​ အထက္​ပါ သံသယမ်ားသည္​ ျဖစ္​လာစရာအ​ေၾကာင္​း မ႐ွိရမည္​့ သံသယမ်ားျဖစ္​သည္​။ အျခားႏိုင္​ငံမ်ားတြင္​ ​ေရြး​ေကာက္​ပြဲအခ်ိန္​​ေရာက္​လွ်င္​ ကိုယ္​ႏွစ္​သက္​သူကို မဲ​ေပးမည္​၊ ၿပီးၿပီ။ ဘာသံသယမွ ထားစရာ မလို​ေတာ့။ က်န္​တာ ​ေကာ္​မ႐ွင္​ႏွင္​့ အစိုးရ ဆက္​လုပ္​သြားရံုသာ။
.
     ျမန္​မာျပည္​မွာ​ေတာ့ မတ္​လ​ေနာက္​ဆံုး​ေန႔ အစိုးရအာဏာ လႊဲ​ေပးၿပီးပါမွ ဟင္​းခ်ႏိုင္​​ေတာ့မည္​။ ဤသို႔ အစိုးရကို မယံုၾကည္​၍ သံသယျဖစ္​ရျခင္​းမ်ိဳး ၂၀၂၀တြင္​ မၾကံဳ​လို​ေတာ့ပါ။ သာမန္​လူသားမ်ား ျဖစ္​​ေပၚတတ္​သည္​့ သံသယမ်ိဳး၊ မထိန္​းႏိုင္​လွ်င္​ ျဖစ္​​ေပၚ​ေလ့႐ွိသည္​့ သံသယမ်ိဳးသာ ၾကံဳလိုပါ​ေၾကာင္​း ဆု​ေတာင္​းအပ္​ပါသည္​ခင္​​ဗ်ား။ ။

22 November 2015

Cessna Grand Caravan










Brand new Cessna aircrafts arrived for Myanmar National Airlines.

Photo:MNA Fb page.

18 November 2015

ခင်​ဝမ်​း (သို့မဟုတ်​)

  ၁။ အကြမ်​းမျဉ်​းအားဖြင်​့ ခင်​ဝမ်​း သုံးမျိုးရှိပါသည်​။

     ၎င်းတို့မှာ (က) သာမန်​လူသား ခင်​ဝမ်​း၊

                   (ခ) ပန်​းချီ​ဆွဲ​သော ခင်​ဝမ်​း၊

                   (ဂ) သီချင်​းဆို​သော ခင်​ဝမ်​း ဟူ၍ဖြစ်​သည်​။



၂။ ပထမအမျိုးအစား ခင်​ဝမ်​းကို သူ၏မိသားစု ​ဆွေမျိုး သူငယ်​ချင်​းများက နှစ်​သက်​ကြပါလိမ်​့မည်​။



၃။ ဒုတိယအမျိုးအစား ခင်​ဝမ်​းကို သူနဲ့ နီးကပ်စွာ ​ခင်​မင်​ရင်​းနှီးသူ ၊ သူ့အ​ကြောင်​း​ရေးသူ လူအများစုက ကြိုက်​ကြတာ ​တွေ့ရပါသည်​။ ခင်​ဝမ်​း (သို့မဟုတ်​) စိတ္တဇပန်​းချီ။



၄။ ကျွန်​​တော်​ ရူးသွပ်​ ခ​ရေဇီဖြစ်​​သော ခင်​ဝမ်​းကား တတိယအမျိုးအစား ခင်​ဝမ်​းသာ ဖြစ်​ပါ​ကြောင်​း သိ​စေအပ်​ပါသည်​။



၅။ ခင်​ဝမ်​း ( သို့မဟုတ်​) နှင်​းဆီဖြူရဲ့အ​ဝေးကလူတ​ယောက်​။