12 September 2015

အနုပညာသည်​ ပြည်​သူ့အတွက် ​​

  (Unicode version)

       ရုပ်​ရှင်​သရုပ်​​ဆောင်​များလို ​ကျော်​ကြားသူ အနုပညာရှင်​များသည်​ လူထုကို စွဲ​ဆောင်​နိုင်​စွမ်​းကြီးကြပါသည်​။ ဤသို့ စွဲ​ဆောင်​နိုင်​မှလည်​း နာမည်​ကြီး ​ကျော်​ကြားကြ​ပေမည်​။ သူတို့၏ လူထုအား စွဲ​ဆောင်​နု​ိင်​စွမ်​းကို သိသွား​သော ​ဗိုလ်​ချုပ်​ခင်​ညွန်​့သည်​ အ​ရေးအခင်​း အပြီး​နောက်​ပိုင်​း သူတို့၏ တည်​​ဆောက်​ပြုပြင်​မှုများကို လူထုလက်​ခံရန်​ အသုံးပြုခ့ဲသည်​။ အပြန်​အလှန်​အားဖြင်​့လဲ အခွင်​့အ​ရေးများ ​ပေးခ့ဲသည်​။ ကား ဖုန်​း ​နှင်​့ ​မြေကွက်​သာမက မူးယစ်​​ဆေးသုံးသည်​ကိုပင်​ ခွင်​့လွှတ်​​ပေးခ့ဲသည်​။ ဘယ်​သူ​တွေက ဘယ်​လိုဆိုတာ ပရိဿတ်​ကြီးက သိခ့ဲပါသည်​။

.

     ​နောက်​ပိုင်​း ပြည်​သူလူထုကို စည်​းရုံးချင်​​သော ကိစ္စတိုင်​းတွင်​ အနုပညာရှင်​များ ပါခ့ဲသည်​။ မည်​သို့ အ​ပေးအယူရှိသည်​ကို​တော့ နှစ်​ဖက်​ပတ်​သက်​သူများသာ သိ​ပေလိမ်​့မည်​။ ယခု ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ အတွက်​လည်​း ပြည်​သူလူထု စွဲ​ဆောင်​မှုရရန်​ အနုပညာရှင်​များ ပါဝင်​​နေကြပါပြီ။ ဒါသည်​ပင်​ သူတို့၏ တာဝန်​တရပ်​လို ဖြစ်​​နေလား မသိပါ။ ကမ္ဘာမှာ​တော့ သိပ်​မ​တွေ့ရပါ။

.

     သို့​သော်​ မြန်​မာ့​ရွေး​ကောက်​ပွဲအတွက်​ စည်​းရုံး​ရေး ဆင်​းရာတွင်​ နှစ်​ဖွဲ့ရှိ​နေသည်​ကို ​တွေ့ရသည်​။ NLD အတွက်​ စည်​းရုံး​ပေးသူ အနုပညာရှင်​ ​တော်​​တော်​များသည်​။ ​အောင်​လဲ​အောင်​မြင်​သည်​။ သူတို့သည်​ NLD မှ အခ​ကြေး​ငွေ ရမည်​မဟုတ်​ပါ။ ယုံကြည်​၍သာ ပါဝင်​စည်​းရုံး​ပေး​နေသည်​ဟု ထင်​ပါသည်​။

.

     ​နောက်​တဖွဲ့က​တော့ အာဏာလက်​ရှိ ကြ့ံဖွံပါတီအတွက်​ စည်​းရုံး​ပေးသည်​။ ခုထိ​တော့ သုံး​လေးဦးဘဲ ​တွေ့မိ​သေးသည်​။ ပုံမှန်​ဆိုလျှင်​ အာဏာရပါတီအတွက်​ စည်​းရုံး​ပေးသူက ပိုများသင်​့သည်​။ မယုံကြည်​၍ ၊ စိတ်​ကုန်​​နေ၍ မပူး​ပေါင်​းခြင်​း ဖြစ်​ကြပါလိမ်​့မည်​။ တချို့က ရှုတ်​ချကြ​သည်​၊ မလုပ်​သင်​့ပါ။ မိမိယုံကြည်​ရာပါတီကို မိမိစွဲ​ဆောင်​​ပေးတာ တရားပါသည်​။

.

     တကယ်​သတိထားသင်​့တာက သာကူးများကိုပါ။ အနုပညာသည်​များသည်​ သရုပ်​​ဆောင်​သူများ ဖြစ်​သဖြင်​့ ပြည်​သူများ မသိနိုင်​ပါ။ တချို့ ယခုအထိ ဘယ်​ဖက်​ကမှ မပါပါ။ ​နောက်​ပိုင်​း အ​ခြေအ​နေ​ကောင်​းလာမှ ထွက်​လာကြပါလိမ်​့မည်​။ ကျွန်​​တော်​တဦးတည်​း အ​နေဖြင်​့ ​စောင်​့ကြည်​့သင်​့သည်​့သူ သုံး​လေးဦးရှိပါသည်​။ နာမည်​​ကျော်​ဒါရိုက်​တာ လဒကြီးဆို စိတ်​မချရပါ။ အရင်​​ခေတ်​က သူဘယ်​​လောက်​ ချယ်​လှယ်​ခ့ဲသလဲ သိကြပါလိမ်​့မည်​။ ခု သူငြိမ်​​နေသည်​။ အနုပညာအား​ကောင်​း​သော်​လည်​း ​နောက်​ပိုင်​း ခရိုနီများနှင်​့ ပူ​ပေါင်​းသွား​သော မင်းသမီး ​မင်​းသားများကိုလည်​း စိတ်​မချပါ။ သူတို့သည်​ သရုပ်​​ဆောင်​​ကောင်​းသဖြင်​့ ကျွန်​​တော်​ကျွန်​မတို့က ဘယ်​လိုဘယ်​ဝါဟူ၍ ငိုညီးပြကာ ပြည်​သူ့ဖက်​ဆိုပြီး ​ရောက်​လာနိုင်​ပါသည်​။ ဒီလိုသူများက ပို​ကြောက်​စရာ ​ကောင်​းသည်​ဟု ထင်​မိသည်​။

.

     ဘယ်​သူဘယ်​လိုဆိုတာ ပရိဿတ်​ကြီး သိပါသည်​။ သူတို့၏ အနုပညာစွမ်​းဖြင်​့ လှည်​့ဖြားသွားလျှင်​ပင်​ သမိုင်​းကသိပါလိမ်​့မည်​။ လူတိုင်​း ကိုယ်​့သမိုင်​းကိုယ်​​ရေးခ့ဲကြတာ မဟုတ်​ပါလား။

XxXxXx

(Zawgyi version)

     ႐ုပ္​႐ွင္​သ႐ုပ္​​ေဆာင္​မ်ားလို ​ေက်ာ္​ၾကားသူ အႏုပညာ႐ွင္​မ်ားသည္​ လူထုကို စြဲ​ေဆာင္​ႏိုင္​စြမ္​းႀကီးၾကပါသည္​။ ဤသို႔ စြဲ​ေဆာင္​ႏိုင္​မွလည္​း နာမည္​ႀကီး ​ေက်ာ္​ၾကားၾက​ေပမည္​။ သူတို႔၏ လူထုအား စြဲ​ေဆာင္​နု​ိင္​စြမ္​းကို သိသြား​ေသာ ​ဗိုလ္​ခ်ဳပ္​ခင္​ၫြန္​႔သည္​ အ​ေရးအခင္​း အၿပီး​ေနာက္​ပိုင္​း သူတို႔၏ တည္​​ေဆာက္​ျပဳျပင္​မႈမ်ားကို လူထုလက္​ခံရန္​ အသံုးျပဳခ့ဲသည္​။ အျပန္​အလွန္​အားျဖင္​့လဲ အခြင္​့အ​ေရးမ်ား ​ေပးခ့ဲသည္​။ ကား ဖုန္​း ​ႏွင္​့ ​ေျမကြက္​သာမက မူးယစ္​​ေဆးသံုးသည္​ကိုပင္​ ခြင္​့လႊတ္​​ေပးခ့ဲသည္​။ ဘယ္​သူ​ေတြက ဘယ္​လိုဆိုတာ ပရိႆတ္​ႀကီးက သိခ့ဲပါသည္​။
.
     ​ေနာက္​ပိုင္​း ျပည္​သူလူထုကို စည္​းရံုးခ်င္​​ေသာ ကိစၥတိုင္​းတြင္​ အႏုပညာ႐ွင္​မ်ား ပါခ့ဲသည္​။ မည္​သို႔ အ​ေပးအယူ႐ွိသည္​ကို​ေတာ့ ႏွစ္​ဖက္​ပတ္​သက္​သူမ်ားသာ သိ​ေပလိမ္​့မည္​။ ယခု ၂၀၁၅ အ​ေထြ​ေထြ​ေရြး​ေကာက္​ပြဲ အတြက္​လည္​း ျပည္​သူလူထု စြဲ​ေဆာင္​မႈရရန္​ အႏုပညာ႐ွင္​မ်ား ပါဝင္​​ေနၾကပါၿပီ။ ဒါသည္​ပင္​ သူတို႔၏ တာဝန္​တရပ္​လို ျဖစ္​​ေနလား မသိပါ။ ကမာၻမွာ​ေတာ့ သိပ္​မ​ေတြ႔ရပါ။
.
     သို႔​ေသာ္​ ျမန္​မာ့​ေရြး​ေကာက္​ပြဲအတြက္​ စည္​းရံုး​ေရး ဆင္​းရာတြင္​ ႏွစ္​ဖြဲ႔႐ွိ​ေနသည္​ကို ​ေတြ႔ရသည္​။ NLD အတြက္​ စည္​းရံုး​ေပးသူ အႏုပညာ႐ွင္​ ​ေတာ္​​ေတာ္​မ်ားသည္​။ ​ေအာင္​လဲ​ေအာင္​ျမင္​သည္​။ သူတို႔သည္​ NLD မွ အခ​ေၾကး​ေငြ ရမည္​မဟုတ္​ပါ။ ယံုၾကည္​၍သာ ပါဝင္​စည္​းရံုး​ေပး​ေနသည္​ဟု ထင္​ပါသည္​။
.
     ​ေနာက္​တဖြဲ႔က​ေတာ့ အာဏာလက္​႐ွိ ၾက့ံဖြံပါတီအတြက္​ စည္​းရံုး​ေပးသည္​။ ခုထိ​ေတာ့ သံုး​ေလးဦးဘဲ ​ေတြ႔မိ​ေသးသည္​။ ပံုမွန္​ဆိုလွ်င္​ အာဏာရပါတီအတြက္​ စည္​းရံုး​ေပးသူက ပိုမ်ားသင္​့သည္​။ မယံုၾကည္​၍ ၊ စိတ္​ကုန္​​ေန၍ မပူး​ေပါင္​းျခင္​း ျဖစ္​ၾကပါလိမ္​့မည္​။ တခ်ိဳ႕က ႐ႈတ္​ခ်ၾက​သည္​၊ မလုပ္​သင္​့ပါ။ မိမိယံုၾကည္​ရာပါတီကို မိမိစြဲ​ေဆာင္​​ေပးတာ တရားပါသည္​။
.
     တကယ္​သတိထားသင္​့တာက သာကူးမ်ားကိုပါ။ အႏုပညာသည္​မ်ားသည္​ သ႐ုပ္​​ေဆာင္​သူမ်ား ျဖစ္​သျဖင္​့ ျပည္​သူမ်ား မသိႏိုင္​ပါ။ တခ်ိဳ႕ ယခုအထိ ဘယ္​ဖက္​ကမွ မပါပါ။ ​ေနာက္​ပိုင္​း အ​ေျခအ​ေန​ေကာင္​းလာမွ ထြက္​လာၾကပါလိမ္​့မည္​။ ကြၽန္​​ေတာ္​တဦးတည္​း အ​ေနျဖင္​့ ​ေစာင္​့ၾကည္​့သင္​့သည္​့သူ သံုး​ေလးဦး႐ွိပါသည္​။ နာမည္​​ေက်ာ္​ဒါ႐ိုက္​တာ လဒႀကီးဆို စိတ္​မခ်ရပါ။ အရင္​​ေခတ္​က သူဘယ္​​ေလာက္​ ခ်ယ္​လွယ္​ခ့ဲသလဲ သိၾကပါလိမ္​့မည္​။ ခု သူၿငိမ္​​ေနသည္​။ အႏုပညာအား​ေကာင္​း​ေသာ္​လည္​း ​ေနာက္​ပိုင္​း ခ႐ိုနီမ်ားႏွင္​့ ပူ​ေပါင္​းသြား​ေသာ မင္းသမီး ​မင္​းသားမ်ားကိုလည္​း စိတ္​မခ်ပါ။ သူတို႔သည္​ သ႐ုပ္​​ေဆာင္​​ေကာင္​းသျဖင္​့ ကြၽန္​​ေတာ္​ကြၽန္​မတို႔က ဘယ္​လိုဘယ္​ဝါဟူ၍ ငိုညီးျပကာ ျပည္​သူ႔ဖက္​ဆိုၿပီး ​ေရာက္​လာႏိုင္​ပါသည္​။ ဒီလိုသူမ်ားက ပို​ေၾကာက္​စရာ ​ေကာင္​းသည္​ဟု ထင္​မိသည္​။
.
     ဘယ္​သူဘယ္​လိုဆိုတာ ပရိႆတ္​ႀကီး သိပါသည္​။ သူတို႔၏ အႏုပညာစြမ္​းျဖင္​့ လွည္​့ျဖားသြားလ်ွင္​ပင္​ သမိုင္​းကသိပါလိမ္​့မည္​။ လူတိုင္​း ကိုယ္​့သမိုင္​းကိုယ္​​ေရးခ့ဲၾကတာ မဟုတ္​ပါလား။ 

09 September 2015

NLDပါတီ ကိုယ်​စားလှယ်​​လောင်း

(Unicode version )

  NLD ပါတီသည်​သာ လက်​ရှိစိတ်​ပျက်​ဖွယ်​ မြန်​မာနိုင်​ငံရဲ့ အ​ခြေအ​နေကို ​ပြောင်​းလဲနိုင်​မယ်​လို့ ယူဆထားသူတ​ယောက်​အ​နေနဲ့ သူတို့ပါတီ ကိုယ်​စားလှယ်​​လောင်​း စာရင်​းထုတ်​ပြန်​​တော့ အား​လျော့သွားပါတယ်​။ ကိုယ်​က အပြင်​လူဆို​တော့ ဘယ်​သူမှာ ဘယ်​​လောက်​အရည်​အချင်​း ရှိတယ်​ဆိုတာ မသိဘူး​လေ၊ သူတို့ သိသူုအချင်​းချင်​း ဆန္ဒပြတာ​တွေ ဖြစ်​​နေ​တော့ ပိုစိတ်​ပျက်​မိတာ​ပေါ့။

.

     ဒီအ​ခြေအ​နေကို နင်​းပြီး ဆန်​့ကျင်​ဘက်​က အာဏာရပါတီကြီးကလဲ အသံထွက်​လာပါတယ်​။ ပါတီကို မကြည်​့ပါနဲ့။ လူတဦးခြင်​း အရည်​အချင်​းကို ကြည်​့​ရွေးကြပါတ့ဲ။ NLD ပါတီကလဲ ဘယ်​လိုသူ​တွေများ ​ရွေးထားလို့လဲ။ လူ​တောမတိုးနိုင်​တ့ဲ သူ​တွေများလားလို့ စိတ်​ပူမိတယ်​။ ကိုယ်​စားလှယ်​​လောင်​း ကလဲ ကိုယ်​​နေတ့ဲ ​နေရာမှာ အ​ရွေးခံမ့ဲ သုံး​ယောက်​အပါအဝင်​ တ​ယောက်​မှ မသိဘူး​လေ။ ​တော်​​တော်​စိတ်​​လေရတ့ဲ အချိန်​​တွေပါဘဲ။

.

     မ​နေ့က​တော့ ​ဖေ့ဘုတ်​မှာ ကိုယ်​စားလှယ်​​လောင်​း​တွေ မြင်​ရပါပြီ။ ​ဒေါ်စုရဲ့ အရည်​အချင်​းကိုလဲ ထပ်​​တွေ့လိုက်​ရပါပြီ။ "ပါတီက ​ရွေးထားတ့ဲသူကို တာဝန်​ယူတယ်​။ မ​ကောင်​းသူ ​ဖောက်​ပြန်​သူ ​တ​ယောက်​တ​လေပါလာယင်​ အ​ရေးယူ​ပေးမယ်​၊ NLD ကိုယ်​စားလှယ်​ကိုသာ ရဲရဲသာ မဲ​ပေးကြလို့ " ​ပြောခ့ဲတာလဲ သ​ဘော​ပေါက်​သွားတယ်​။ တဖက်​က ခြ​ငေ်္သ့အစိမ်​းကြီး ​ထောင်​​ချောက်​ထဲ ခွပ်​ဆိုပြီး မိ​တော့တာဘဲ၊ ကားကနဲကို ​နေတာ။

.

     ပါတီ၊ တနည်​း မူကိုကြည်​့ပြီး ​ရွေးဖို့ ​ပြောထားပြီးသားပါ။ မူကလဲ ​ဒေါ်စု​ခေါင်​း​ဆောင်​ပြီး ပညာရှင်​​တွေ တိုင်​ပင်​​​ရေးထားတာမို့ စိတ်​ချပြီးသားပါ။ လက်​ရှိ မူမရှိဘဲ အမိန်​့နဲ့ဘဲ အုပ်​ချုပ်​တတ်​တ့ဲ ဆရာ​တွေထက်​​တော့ သာမှာအမှန်​ပါ။ စိုးရိမ်​​နေတာက လူ​တွေကိုပါ။ ဘယ်​လိုလူ​တွေများ ​ရွေးထားလို့ပါလိမ်​့။

.

     မ​နေ့က တ​နေ့လုံး ​ဖေ့ဘုတ်​မှာ ကိုယ်​စားလှယ်​​လောင်​း​တွေ ​ပေါ်လာပါပြီ။ NLD ကို်​ယ်​စားလှယ်​​လောင်​း​တွေကို အများဆုံး​တွေ့ရပါပြီ။ စိတ်​ချမ်​းသာသွားတာပါဘဲ။ လူကိုကြည့်ဖို့ ​ပြောထားတ့ဲ ဆရာ​တွေလဲ အသံတိတ်​သွားပါပြီ။ စာဖတ်သူ​တွေလဲ ​သိ​တော့ သိထားပြီး​လောက်​ကြပါပြီ။ ဒါ​ပေမ့ဲ ​ကြေနပ်​လွန်​းလို့ ထပ်​​ပြောပါရ​စေဦး​ဗျာ။

.

     လူကို ကြည်​့​တော့ နှစ်​မျိုးထပ်​ခွဲဖို့ လိုပါလိမ်​့မယ်​။ တမျိုးက First impression လို့​ခေါ်တ့ဲ ​တွေ့​တွေ့ချင်​းမြင်​ရမ့ဲ ရုပ်​ရည်​ အသွင်​အပြင်​ပါ။ မ​နေ့က ​တွေ့သမျှက ကြက်​သ​ရေ ရှိလိုက်​တာ​ဗျာ။ ​ပြောရရင်​​တော့ လူငယ်​ကိုယ်​စားလှယ်​​တွေက ​#model boy&girl ​တွေလား ​အောက်​​မေ့ရပါတယ်​။ လူကြီးကိုယ်​စားလှယ်​​တွေ ကြည်​့လိုက်​​တော့ #Lady&Gentleman ​တွေကြီးဘဲ။ ဥပဒိရုပ်​ ​ကောင်​း​ကောင်​း​တွေဘဲ။

   ရုပ်​​တွေတွင်​ ကြည်​့​ရွေးထားတာလားဆိုပြီး ဒုတိယအချက်​ဖြစ်​တ့ဲ အရည်​အ​သွေး အရည်​အချင်​း​တွေ ကြည်​့မိ​တော့လဲ pucca ဘဲ​ဗျာ။ ဆရာဝန်​​တွေ ​ရှေ့​နေ​တွေကို ရာချီတယ်​။ လူ​ရှေ့ သိပ်​ထွက်​​လေ့မရှိတ့ဲ B.E. ဘွဲ့ရတင်​ သုံးဆယ်​​လောက်​ ​တွေ့ထားရပြီ။ ပညာတတ်​​တွေနဲ့ ပညာရှင်​​တွေ တစုတ​ဝေးကြီးကို ​တွေ့ရ​တော့တာပါ။

.

     စိတ်​ချသွားပြီ​ဗျာ။ လူ​ရော မူ​ရော ​သေချာ​ရွေးထားတ့ဲ NLDပါတီကိုဘဲ မျက်​စိမှိတ်​ မဲ​ပေးလိုက်​​တော့မယ်​။ NLD ပါတီသာ အများစု အနိူင်​ရယင်​ အနာဂတ်​မြန်​မာပြည်​အတွက်​ စိတ်​​အေးရပြီ။ ​ဒေါ်စု​ခေါင်​း​ဆောင်​တ့ဲ ဒီလိုပညာရှင်​​တွေနဲ့ ငါးနှစ်​​လောက်​ လုပ်​ပြလိုက်​ရင်​ မြန်​မာနိုင်​ငံ တိုးတက်​လာမှာ အ​သေအချာပါဘဲ​ဗျား။

.

     စာဖတ်​သူ မိတ်​​ဆွေ​ရော။ ဘယ်​လို သ​ဘောရသလဲ။ သ​ဘောတူရင်​ ​ဘော်​​ဘော်​​တွေကို ​ပြောပြလိုက်​ဦး​နော။

XxXxXx

(Zawgyi version) 

NLD ပါတီသည္​သာ လက္​႐ွိစိတ္​ပ်က္​ဖြယ္​ ျမန္​မာႏိုင္​ငံရဲ႕ အ​ေျခအ​ေနကို ​ေျပာင္​းလဲႏိုင္​မယ္​လို႔ ယူဆထားသူတ​ေယာက္​အ​ေနနဲ႔ သူတို႔ပါတီ ကိုယ္​စားလွယ္​​ေလာင္​း စာရင္​းထုတ္​ျပန္​​ေတာ့ အား​ေလ်ာ့သြားပါတယ္​။ ကိုယ္​က အျပင္​လူဆို​ေတာ့ ဘယ္​သူမွာ ဘယ္​​ေလာက္​အရည္​အခ်င္​း ႐ွိတယ္​ဆိုတာ မသိဘူး​ေလ၊ သူတို႔ သိသူုအခ်င္​းခ်င္​း ဆႏၵျပတာ​ေတြ ျဖစ္​​ေန​ေတာ့ ပိုစိတ္​ပ်က္​မိတာ​ေပါ့။
.
     ဒီအ​ေျခအ​ေနကို နင္​းၿပီး ဆန္​႔က်င္​ဘက္​က အာဏာရပါတီႀကီးကလဲ အသံထြက္​လာပါတယ္​။ ပါတီကို မၾကည္​့ပါနဲ႔။ လူတဦးျခင္​း အရည္​အခ်င္​းကို ၾကည္​့​ေရြးၾကပါတ့ဲ။ NLD ပါတီကလဲ ဘယ္​လိုသူ​ေတြမ်ား ​ေရြးထားလို႔လဲ။ လူ​ေတာမတိုးႏိုင္​တ့ဲ သူ​ေတြမ်ားလားလို႔ စိတ္​ပူမိတယ္​။ ကိုယ္​စားလွယ္​​ေလာင္​း ကလဲ ကိုယ္​​ေနတ့ဲ ​ေနရာမွာ အ​ေရြးခံမ့ဲ သံုး​ေယာက္​အပါအဝင္​ တ​ေယာက္​မွ မသိဘူး​ေလ။ ​ေတာ္​​ေတာ္​စိတ္​​ေလရတ့ဲ အခ်ိန္​​ေတြပါဘဲ။
.
     မ​ေန႔က​ေတာ့ ​ေဖ့ဘုတ္​မွာ ကိုယ္​စားလွယ္​​ေလာင္​း​ေတြ ျမင္​ရပါၿပီ။ ​ေဒၚစုရဲ႕ အရည္​အခ်င္​းကိုလဲ ထပ္​​ေတြ႔လိုက္​ရပါၿပီ။ "ပါတီက ​ေရြးထားတ့ဲသူကို တာဝန္​ယူတယ္​။ မ​ေကာင္​းသူ ​ေဖာက္​ျပန္​သူ ​တ​ေယာက္​တ​ေလပါလာယင္​ အ​ေရးယူ​ေပးမယ္​၊ NLD ကိုယ္​စားလွယ္​ကိုသာ ရဲရဲသာ မဲ​ေပးၾကလို႔ " ​ေျပာခ့ဲတာလဲ သ​ေဘာ​ေပါက္​သြားတယ္​။ တဖက္​က ျခ​ေသၤ့အစိမ္​းႀကီး ​ေထာင္​​ေခ်ာက္​ထဲ ခြပ္​ဆိုၿပီး မိ​ေတာ့တာဘဲ၊ ကားကနဲကို ​ေနတာ။
.
     ပါတီ၊ တနည္​း မူကိုၾကည္​့ၿပီး ​ေရြးဖို႔ ​ေျပာထားၿပီးသားပါ။ မူကလဲ ​ေဒၚစု​ေခါင္​း​ေဆာင္​ၿပီး ပညာ႐ွင္​​ေတြ တိုင္​ပင္​​​ေရးထားတာမို႔ စိတ္​ခ်ၿပီးသားပါ။ လက္​႐ွိ မူမ႐ွိဘဲ အမိန္​႔နဲ႔ဘဲ အုပ္​ခ်ဳပ္​တတ္​တ့ဲ ဆရာ​ေတြထက္​​ေတာ့ သာမွာအမွန္​ပါ။ စိုးရိမ္​​ေနတာက လူ​ေတြကိုပါ။ ဘယ္​လိုလူ​ေတြမ်ား ​ေရြးထားလို႔ပါလိမ္​့။
.
     မ​ေန႔က တ​ေန႔လံုး ​ေဖ့ဘုတ္​မွာ ကိုယ္​စားလွယ္​​ေလာင္​း​ေတြ ​ေပၚလာပါၿပီ။ NLD ကို္​ယ္​စားလွယ္​​ေလာင္​း​ေတြကို အမ်ားဆံုး​ေတြ႔ရပါၿပီ။ စိတ္​ခ်မ္​းသာသြားတာပါဘဲ။ လူကိုၾကည့္ဖို႔ ​ေျပာထားတ့ဲ ဆရာ​ေတြလဲ အသံတိတ္​သြားပါၿပီ။ စာဖတ္သူ​ေတြလဲ ​သိ​ေတာ့ သိထားၿပီး​ေလာက္​ၾကပါၿပီ။ ဒါ​ေပမ့ဲ ​ေၾကနပ္​လြန္​းလို႔ ထပ္​​ေျပာပါရ​ေစဦး​ဗ်ာ။
.
     လူကို ၾကည္​့​ေတာ့ ႏွစ္​မ်ိဳးထပ္​ခြဲဖို႔ လိုပါလိမ္​့မယ္​။ တမ်ိဳးက First impression လို႔​ေခၚတ့ဲ ​ေတြ႔​ေတြ႔ခ်င္​းျမင္​ရမ့ဲ ႐ုပ္​ရည္​ အသြင္​အျပင္​ပါ။ မ​ေန႔က ​ေတြ႔သမွ်က ၾကက္​သ​ေရ ႐ွိလိုက္​တာ​ဗ်ာ။ ​ေျပာရရင္​​ေတာ့ လူငယ္​ကိုယ္​စားလွယ္​​ေတြက ​#model boy&girl ​ေတြလား ​ေအာက္​​ေမ့ရပါတယ္​။ လူႀကီးကိုယ္​စားလွယ္​​ေတြ ၾကည္​့လိုက္​​ေတာ့ #Lady&Gentleman ​ေတြႀကီးဘဲ။ ဥပဒိ႐ုပ္​ ​ေကာင္​း​ေကာင္​း​ေတြဘဲ။
   ႐ုပ္​​ေတြတြင္​ ၾကည္​့​ေရြးထားတာလားဆိုၿပီး ဒုတိယအခ်က္​ျဖစ္​တ့ဲ အရည္​အ​ေသြး အရည္​အခ်င္​း​ေတြ ၾကည္​့မိ​ေတာ့လဲ pucca ဘဲ​ဗ်ာ။ ဆရာဝန္​​ေတြ ​ေ႐ွ႕​ေန​ေတြကို ရာခ်ီတယ္​။ လူ​ေ႐ွ႕ သိပ္​ထြက္​​ေလ့မ႐ွိတ့ဲ B.E. ဘြဲ႔ရတင္​ သံုးဆယ္​​ေလာက္​ ​ေတြ႔ထားရၿပီ။ ပညာတတ္​​ေတြနဲ႔ ပညာ႐ွင္​​ေတြ တစုတ​ေဝးႀကီးကို ​ေတြ႔ရ​ေတာ့တာပါ။
.
     စိတ္​ခ်သြားၿပီ​ဗ်ာ။ လူ​ေရာ မူ​ေရာ ​ေသခ်ာ​ေရြးထားတ့ဲ NLDပါတီကိုဘဲ မ်က္​စိမွိတ္​ မဲ​ေပးလိုက္​​ေတာ့မယ္​။ NLD ပါတီသာ အမ်ားစု အႏိူင္​ရယင္​ အနာဂတ္​ျမန္​မာျပည္​အတြက္​ စိတ္​​ေအးရၿပီ။ ​ေဒၚစု​ေခါင္​း​ေဆာင္​တ့ဲ ဒီလိုပညာ႐ွင္​​ေတြနဲ႔ ငါးႏွစ္​​ေလာက္​ လုပ္​ျပလိုက္​ရင္​ ျမန္​မာႏိုင္​ငံ တိုးတက္​လာမွာ အ​ေသအခ်ာပါဘဲ​ဗ်ား။
.
     စာဖတ္​သူ မိတ္​​ေဆြ​ေရာ။ ဘယ္​လို သ​ေဘာရသလဲ။ သ​ေဘာတူရင္​ ​ေဘာ္​​ေဘာ္​​ေတြကို ​ေျပာျပလိုက္​ဦး​ေနာ။

06 September 2015

လူ​လော၊ ပါတီ​လော ?

(Unicode version )

     လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ရွေးချယ်​​ရေးနှင်​့ပတ်​သက်​၍ ​ဒေါ်စုက ပါတီကို ဦးစား​ပေး​ရွေးချယ်​ဖို့ ​ပြောလိုက်​ပါတယ်​။ ဟိုလူကျန်​ ဒီလူကျန်​လို့ NLD ကို အပြစ်​​ပြောသံ ညံလာလို့ ပြန်​ရှင်​းခ့ဲတာပါ။ NLD ​ရွေးခ့ဲတ့ဲ သူ​တွေထဲက အရည်​အချင်​းမမှီသူ ​နောက်​ပိုင်​း​တွေ့ရင်​လဲ အ​ရေးယူ​ပေးမယ်​လို့လဲ အာမခံထားပါတယ်​။ ကိုယ်​စားလှယ်​ တဦးချင်​းစီထက်​ ပါတီရဲ့ ​ပေါ်လစီကိုကြည်​့ပြီး မဲ​ပေး​ရွေးကြဖို့ လိုတယ်​လို့ ပြတ်​ပြတ်​သားသား ​ပြောခ့ဲတာပါ။

.

     ကြ့ံဖွံရဲ့ သမတကြီးကလဲ ပြန်​​ပြောပါတယ်​။ လူ​ကောင်​းကို ​ရွေးချယ်​ကြဖို့ပါ။ အစိုးရနဲ့ ပတ်​သက်​တ့ဲသူ​တွေကလဲ လူ​ကောင်​း လူ​ကောင်​းသံ ဆူ​နေပါတယ်​။ အစိုးရသတင်​းစာ ကာတွန်​းက စလို့​ပေါ့။ ဒီ​နေရာမှာ စဉ်​းစားစရာ ​ပေါ်လာပါတယ်​။ ဘာလို့ ပါတီရဲ့ ​ပေါ်လစီကို မူတည်​ပြီး ​ရွေးချယ်​ကြပါလို့ မ​ပြောရဲတာလဲ။ ပါတီရဲ့ ​ပေါ်လစီက မမှန်​လို့များလား။ မစိုးရိမ်​ပါနဲ့ သမတကြီးခင်​​ဗျား။ ပြည်​သူ​တွေ သိကြပါတယ်​ခင်​​ဗျား။

.

     လူကို ​ရွေးမလား၊ ပါတ်ီကို ​ရွေးကြမလား။ ကိစ္စတခုချင်​းအ​ပေါ်ဘဲ မူတည်​ပါတယ်​။ တဦးချင်​းဆီ ဦး​ဆောင်​ရမ့ဲ ကိစ္စမျိုးမှာ လူကို​ရွေးရပါမယ်​။ ဥပမာ သမတကို တိုက်​ရိုက်​​ရွေးချယ်​လို့ ရမယ်​ဆိုရင်​​ပေါ့။ ခုစံနစ်​မှာ​တော့ အစိုးရဖွဲ့လို့ ဝန်​ကြီး​တွေ၊ ပြည်​နယ်​တိုင်​း ဝန်​ကြီးချုပ်​​တွေ ​ရွေးချယ်​တ့ဲ ​နေရာမျိုးမှာ​ပေါ့။ ငါနဲ့တ့ဲလို့၊ ငါတပည်​့မို့လို့၊ ငါခိုင်​းတာလုပ်​မ့ဲသူမို့လို့၊ ​နောက်​ဆုံး စီနီယာကျလို့ဆိုပြီး မ​ရွေးချယ်​သင်​့ပါဘူး။ သင်​့​တော်​ အရည်​အချင်​းရှိသူကိုသာ လူကိုကြည်​့ ​ရွေးချယ်​ရမှာပါ။

.

     ပြည်​သူ့လွှတ်​​တော်​လို တဦးချင်​း​ဆောင်​ရွက်​လို့မရဘဲ မဲအနည်​းအများ အ​ရေးကြီးတ့ဲ​နေရာမျိုးမှာ​တော့ ပါတီမူဝါဒက အ​ရေးကြီးပါတယ်​။ တဦးချင်​းရဲ့ အရည်​အချင်​းလဲ အ​ရေးကြီးတာ​ပေါ့။ အဆိုတခုကိ၊ု ဥပ​ဒေတခုကို အရည်​အချင်​းရှိတ့ဲ ကိုယ်​စားလှယ်​တ​ယောက်​က တင်​ပြီး မဲခွဲမယ်​ဆိုရင်​ ပါတီက ဘယ်​ဘက်​ကလိုက်​မလဲဆိုတာ အ​ရေးကြီးပါတယ်​။ အထူးသဖြင်​့ ကိုယ်​့ပါတီက တင်​တ့ဲကိစ္စ မဟုတ်​ရင်​​ပေါ့။ လက်​ရှိလွှတ်​​တော်​ကြီးမှာလဲ လူနည်​းစုက တင်​တ့ဲအဆို ဘယ်​​လောက်​​ကောင်​း​နေပါ​စေ၊ အများစု ကြံ့ဖွံပါတီက ပယ်​လို့ နစ်​နာခ့ဲတာ အများအပြား ​တွေ့ကြမှာပါ။

.

     ဒီ​တော့ ခု​ရွေး​ကောက်​ပွဲမှာ လူနဲ့ပါတီ ဘယ်​ဟာအ​ရေးကြီးလဲ သ​ဘော​ပေါက်​ကြမှာပါ။ ​ပြောသာ​ပြောရတယ်​။ ကြံ့ဖွံကိုယ်​စားလှယ်​​လောင်​း​တွေက​ရော လူ​ကောင်​း​တွေလား။ အများစု ဘယ်​ကလာတယ်​ဆိုတာကို သိကြပါတယ်​။ ​ရွေး​ကောက်​ပွဲလဲ နီးလာ​ရော မိမိမဲဆန္ဒ​နယ်​မှာ လာလှူလိုက်​ကြတာ။ ချက်​ချင်​းကြီးကို ​ဆွေမျိုး​တွေလို ခင်တတ်​ကြတယ်​။ လှူတ့ဲပိုက်​ဆံ​တွေ ဘယ်​ကရလဲ​တော့ မ​မေး​တော့ပါဘူး။

   ပါတီမူဝါဒ​ကောင်​းတ့ဲ NLD ဘက်​ကြည်​့​တော့လဲ လူ​ကောင်​း​တွေလဲ အများကြီးပါလား။ ပညာရှင်​​တွေ ဆရာဝန်​​တွေ ​ရှေ့​နေ​တွေ စဉ်​းစားခွင်​့သင်​​ပေးလိုက်​တ့ဲ တက္ကသိုလ်​တွေက​ ဘွဲ့ရ​တွေ တပုံကြီးပါလား။ မဲဆွယ်​ခွင်​့ ရတာနဲ့ ကူညီစည်​းရုံး​ပေးမ့ဲ အနုပညာရှင်​​တွေဆို နည်​းတာမဟုတ်​ဘူး။ မူ​ရော လူ​ရော ​ကောင်​းလို့ထင်​ပါရဲ့။

.

     ဒီ​လောက်​ဆို ရှင်​းပြီထင်​ပါတယ်​။

မရှင်​း​သေးရင်​​တော့ လာမ့ဲ​ရွေး​ကောက်​ပွဲ #GE2015 မှာ #NLDကိုမဲ​ပေးပါ၊ ​ကျေးဇူးတင်​ပါတယ်​။

XxXxXx

(Zawgyi version )

     လႊတ္​​ေတာ္​ကိုယ္​စားလွယ္​ ​ေရြးခ်ယ္​​ေရးႏွင္​့ပတ္​သက္​၍ ​ေဒၚစုက ပါတီကို ဦးစား​ေပး​ေရြးခ်ယ္​ဖို႔ ​ေျပာလိုက္​ပါတယ္​။ ဟိုလူက်န္​ ဒီလူက်န္​လို႔ NLD ကို အျပစ္​​ေျပာသံ ညံလာလို႔ ျပန္​႐ွင္​းခ့ဲတာပါ။ NLD ​ေရြးခ့ဲတ့ဲ သူ​ေတြထဲက အရည္​အခ်င္​းမမွီသူ ​ေနာက္​ပိုင္​း​ေတြ႔ရင္​လဲ အ​ေရးယူ​ေပးမယ္​လို႔လဲ အာမခံထားပါတယ္​။ ကိုယ္​စားလွယ္​ တဦးခ်င္​းစီထက္​ ပါတီရဲ႕ ​ေပၚလစီကိုၾကည္​့ၿပီး မဲ​ေပး​ေရြးၾကဖို႔ လိုတယ္​လို႔ ျပတ္​ျပတ္​သားသား ​ေျပာခ့ဲတာပါ။
.
     ၾက့ံဖြံရဲ႕ သမတႀကီးကလဲ ျပန္​​ေျပာပါတယ္​။ လူ​ေကာင္​းကို ​ေရြးခ်ယ္​ၾကဖို႔ပါ။ အစိုးရနဲ႔ ပတ္​သက္​တ့ဲသူ​ေတြကလဲ လူ​ေကာင္​း လူ​ေကာင္​းသံ ဆူ​ေနပါတယ္​။ အစိုးရသတင္​းစာ ကာတြန္​းက စလို႔​ေပါ့။ ဒီ​ေနရာမွာ စဥ္​းစားစရာ ​ေပၚလာပါတယ္​။ ဘာလို႔ ပါတီရဲ႕ ​ေပၚလစီကို မူတည္​ၿပီး ​ေရြးခ်ယ္​ၾကပါလို႔ မ​ေျပာရဲတာလဲ။ ပါတီရဲ႕ ​ေပၚလစီက မမွန္​လို႔မ်ားလား။ မစိုးရိမ္​ပါနဲ႔ သမတႀကီးခင္​​ဗ်ား။ ျပည္​သူ​ေတြ သိၾကပါတယ္​ခင္​​ဗ်ား။
.
     လူကို ​ေရြးမလား၊ ပါတ္ီကို ​ေရြးၾကမလား။ ကိစၥတခုခ်င္​းအ​ေပၚဘဲ မူတည္​ပါတယ္​။ တဦးခ်င္​းဆီ ဦး​ေဆာင္​ရမ့ဲ ကိစၥမ်ိဳးမွာ လူကို​ေရြးရပါမယ္​။ ဥပမာ သမတကို တိုက္​႐ိုက္​​ေရြးခ်ယ္​လို႔ ရမယ္​ဆိုရင္​​ေပါ့။ ခုစံနစ္​မွာ​ေတာ့ အစိုးရဖြဲ႔လို႔ ဝန္​ႀကီး​ေတြ၊ ျပည္​နယ္​တိုင္​း ဝန္​ႀကီးခ်ဳပ္​​ေတြ ​ေရြးခ်ယ္​တ့ဲ ​ေနရာမ်ိဳးမွာ​ေပါ့။ ငါနဲ႔တ့ဲလို႔၊ ငါတပည္​့မို႔လို႔၊ ငါခိုင္​းတာလုပ္​မ့ဲသူမို႔လို႔၊ ​ေနာက္​ဆံုး စီနီယာက်လို႔ဆိုၿပီး မ​ေရြးခ်ယ္​သင္​့ပါဘူး။ သင္​့​ေတာ္​ အရည္​အခ်င္​း႐ွိသူကိုသာ လူကိုၾကည္​့ ​ေရြးခ်ယ္​ရမွာပါ။
.
     ျပည္​သူ႔လႊတ္​​ေတာ္​လို တဦးခ်င္​း​ေဆာင္​ရြက္​လို႔မရဘဲ မဲအနည္​းအမ်ား အ​ေရးႀကီးတ့ဲ​ေနရာမ်ိဳးမွာ​ေတာ့ ပါတီမူဝါဒက အ​ေရးႀကီးပါတယ္​။ တဦးခ်င္​းရဲ႕ အရည္​အခ်င္​းလဲ အ​ေရးႀကီးတာ​ေပါ့။ အဆိုတခုကိ၊ု ဥပ​ေဒတခုကို အရည္​အခ်င္​း႐ွိတ့ဲ ကိုယ္​စားလွယ္​တ​ေယာက္​က တင္​ၿပီး မဲခြဲမယ္​ဆိုရင္​ ပါတီက ဘယ္​ဘက္​ကလိုက္​မလဲဆိုတာ အ​ေရးႀကီးပါတယ္​။ အထူးသျဖင္​့ ကိုယ္​့ပါတီက တင္​တ့ဲကိစၥ မဟုတ္​ရင္​​ေပါ့။ လက္​႐ွိလႊတ္​​ေတာ္​ႀကီးမွာလဲ လူနည္​းစုက တင္​တ့ဲအဆို ဘယ္​​ေလာက္​​ေကာင္​း​ေနပါ​ေစ၊ အမ်ားစု ၾကံ့ဖြံပါတီက ပယ္​လို႔ နစ္​နာခ့ဲတာ အမ်ားအျပား ​ေတြ႕ၾကမွာပါ။
.
     ဒီ​ေတာ့ ခု​ေရြး​ေကာက္​ပြဲမွာ လူနဲ႔ပါတီ ဘယ္​ဟာအ​ေရးႀကီးလဲ သ​ေဘာ​ေပါက္​ၾကမွာပါ။ ​ေျပာသာ​ေျပာရတယ္​။ ၾကံ့ဖြံကိုယ္​စားလွယ္​​ေလာင္​း​ေတြက​ေရာ လူ​ေကာင္​း​ေတြလား။ အမ်ားစု ဘယ္​ကလာတယ္​ဆိုတာကို သိၾကပါတယ္​။ ​ေရြး​ေကာက္​ပြဲလဲ နီးလာ​ေရာ မိမိမဲဆႏၵ​နယ္​မွာ လာလႉလိုက္​ၾကတာ။ ခ်က္​ခ်င္​းႀကီးကို ​ေဆြမ်ိဳး​ေတြလို ခင္တတ္​ၾကတယ္​။ လႉတ့ဲပိုက္​ဆံ​ေတြ ဘယ္​ကရလဲ​ေတာ့ မ​ေမး​ေတာ့ပါဘူး။
   ပါတီမူဝါဒ​ေကာင္​းတ့ဲ NLD ဘက္​ၾကည္​့​ေတာ့လဲ လူ​ေကာင္​း​ေတြလဲ အမ်ားႀကီးပါလား။ ပညာ႐ွင္​​ေတြ ဆရာဝန္​​ေတြ ​ေ႐ွ႕​ေန​ေတြ စဥ္​းစားခြင္​့သင္​​ေပးလိုက္​တ့ဲ တကၠသိုလ္​ေတြက​ ဘြဲ႔ရ​ေတြ တပံုႀကီးပါလား။ မဲဆြယ္​ခြင္​့ ရတာနဲ႔ ကူညီစည္​းရံုး​ေပးမ့ဲ အႏုပညာ႐ွင္​​ေတြဆို နည္​းတာမဟုတ္​ဘူး။ မူ​ေရာ လူ​ေရာ ​ေကာင္​းလို႔ထင္​ပါရဲ႕။
.
     ဒီ​ေလာက္​ဆို ႐ွင္​းၿပီထင္​ပါတယ္​။
မ႐ွင္​း​ေသးရင္​​ေတာ့ လာမ့ဲ​ေရြး​ေကာက္​ပြဲ #GE2015 မွာ #NLDကိုမဲ​ေပးပါ၊ ​ေက်းဇူးတင္​ပါတယ္​။ 

01 September 2015

မြန်​ပြည်​၏ အနာဂတ်​

(Unicode version )

       ၃၁ သြဂုတ်​လထုတ်​ The Messenger ဂျာနယ်​ပါ ​ဇေယျာကို၏ ​ဗျာဒိတ်​ထဲကပုဂိ္ဂုလ်​အ​ကြောင်​းဖတ်​မိပါသည်​။ လူ​တော်​​တော်​များများလဲ ဖတ်​ပြီး​လောက်​ပြီထင်​ပါသည်​။ ​ဖွဘုတ်​​ပေါ်တွင်​လဲ ​တော်​​တော်​​လေး ဆူညံသွားပါသည်​။

.

     ​ဗိုလ်​ချုပ်​သန်​း​ရွှေ ဘုရား​ဗျာဒိတ်​အရ ​နေပြည်​​တော်​တည်​၍ မြန်​မာပြည်​ကို အုပ်​ချုပ်​သွားသည်​။ ​ဗိုလ်​ချုပ်​သန်​း​ရွှေ၏ ဇာတာသည်​ မည်​သူနှင်​့မျှ ယှဉ်​၍မရသဖြင်​့ ဘုရားဆုပန်​ပင်​ ဖြစ်​နိုင်​သည်​ဟု မွှမ်​းထားပါသည်​။ ဘာမျှမ​ဝေဖန်​လိုပါ။ ​ဒေါ်စုကို ချစ်​မြတ်​နိုးသူများက အ​မေစု အ​မေစုဆိုပြီး ချီးမွှန်​းစာ​တွေ​ရေး​တော့ ​ဗိုလ်​ချုပ်​သန်​း​ရွှေ ချစ်​သူ​တွေကလဲ အားကျပြီး အ​မေ​ရွှေ အ​မေ​ရွှေဆိုပြီး ၊ အဲ ကန်​​တော့​ဗျာ၊ အဘ​ရွှေ အဘ​ရွှေဆိုပြီး ​ရေးကြတာဟုဘဲ သ​ဘောထားပါသည်​။ ​ဗိုလ်​ချုပ်​သန်​း​ရွှေ၏ အတိတ်​ကံ​ကောင်​းလွန်​းခ့ဲသည်​မှာ လုံးဝညင်​း၍မရ​သော်​လည်​း ပဉ္စုပန်​ကံ ပြုခ့ဲသမျှကို​တော့ ​တွေး​ကြောက်​မိသည်​။ သူ၏အုပ်​ချုပ်​​ရေး​ခေတ်​တွင်​ မြင်​ခ့ဲသမျှအရ သံသရာကို လှမ်​းမမြင်​၍ မသိ​သော်​လည်​း သမိုင်​းက​တော့ မှတ်​တမ်​းတင်​ခ့ဲပါပြီ။

 .

     ​ဆောင်​းပါးကို မကြိုက်​သည်​က မြန်​မာပြည်​အနာဂတ်​အတွက်​ နှပ်​​ကြောင်​း​ပေးထားခြင်​းကိုပါ။ မြန်​မာပြည်​၏ အနာဂတ်​ကို ​ဖြေရာ၌ ဂုရုစုဏ္႑ာလယုဂ်​ ကျ​ရောက်​​နေသဖြင်​့ "တိုင်​းပြည်​မှာ ဘာဘဲလုပ်​လိုက်​လုပ်​လိုက်​ အာဏာရဖို့တခုဘဲ လုပ်​မယ်​ဆိုတ့ဲ အစိုးရမျိုး ​ပေါ်လာမယ်​။ တခြားတ​ယောက်​အနိုင်​ရရက်​နဲ့ မင်​းကို ငါအနိုင်​မ​ပေးနိုင်​ဘူး။ ငါ့ဘာသာငါ အနိုင်​ယူတယ်​ကွာဆိုတ့ဲ အ​ခြေအ​နေမျိုး ဖြစ်​လာနိုင်​တယ်​။ တ​ယောက်​နဲ့တ​ယောက်​ ​ရွေး​ကောက်​ပွဲ အ​ဖြေကို မ​ကြေနပ်​လို့ ငြင်​းကြယင်​း တပ်​ကအိမ်​​စောင်​့အစိုးရလိုမျိုး လုပ်​ရမယ်​"ဟု ​ပြောထားပါသည်​။

.

     ဤအပြော​များသည်​ "မင်​းတို့ ဘယ်​သူ့ကို ​ထောက်​ခံခံ ဘယ်​ပါတီကို မဲ​ပေး​ပေး အကျိုးမဖြစ်​နိုင်​ဘူး။ တိုင်​းပြည်​ရဲ့ ကံကြမ္မာက စစ်​အစိုးရဘဲ ရှိရမ့ဲကံ ဖြစ်​​နေတယ်​ဆိုပြီး" ​ကြောင်​း​ပေးထားသလို ဖြစ်​​နေပါသည်​။ နဂိုရ်​က ​တွေ​ဝေ​နေသူ​တွေ ​ကြောက်​တတ်​တ့ဲ ကံကိုပုံပြီးယုံတ့ဲ မြန်​မာပြည်​သား​တွေကို မဲမ​ပေး​အောင်​ လုပ်​လိုက်သလို ဖြစ်​​နေသည်​။ ​ရွေး​ကောက်​ပွဲပြီး၍ အာဏာလွှဲမ​ပေးရင်​လဲ "တိုင်​းပြည်​ကံ​ကြောင်​့ဖြစ်​တာ၊ သူတို့ လုပ်​လို့် မဟုတ်​ဘူး"ဆိုပြီး ဖြစ်​​အောင်​ စကား​ကြောင်​းထားသလို ဖြစ်​​နေပါသည်​။ အင်​မတန်​ ပညာ ပါပါသည်​။ ​ရေးသူကလည်​း DSA ဆင်​းဖြစ်​​ကြောင်​း သတိ​ပေးထားတ့ဲအပြင်​ ​ရွေး​ကော်​ဥက္ကဌသား၏ ဂျာနယ်​တွင်​ ယခု​ဆောင်​းပါးကို ​ဖော်​ပြခြင်​း ဖြစ်​ပါသည်​။

.

     မည်​သို့ပင်​ ​ဟော​ပြော​စေကာမူ မဲဆန္ဒရှင်​များသည်​ အ​ပြောင်​းအလဲကို လိုချင်​ပါက သူတို့ ညစ်​မည်​ကို ဂရုမစိုက်​ဘဲ မိမိ​ပေးလို​သောပါတီကို မဲ​ပေးရပါမည်​။ ယခုလို အခွင်​့အ​ရေးမျိုး ရဖို့ အနည်​းဆုံး ငါးနှစ်​ထပ်​မ​စောင်​့ချင်​ကြပါနဲ့​တော့။ ယခု လာ​တော့မည်​့ ​ရွေး​ကောက်​ပွဲတွင်​ မဲ​ပေးခြင်​းဖြင်​့ အ​ပြောင်​းအလဲကို စတင်​လိုက်​ကြပါစို့​ဗျာ။



XxXxXx

(Zawgyi version)

       ၃၁ ၾသဂုတ္​လထုတ္​ The Messenger ဂ်ာနယ္​ပါ ​ေဇယ်ာကို၏ ​ဗ်ာဒိတ္​ထဲကပုဂိၢဳလ္​အ​ေၾကာင္​းဖတ္​မိပါသည္​။ လူ​ေတာ္​​ေတာ္​မ်ားမ်ားလဲ ဖတ္​ၿပီး​ေလာက္​ၿပီထင္​ပါသည္​။ ​ဖြဘုတ္​​ေပၚတြင္​လဲ ​ေတာ္​​ေတာ္​​ေလး ဆူညံသြားပါသည္​။
.
     ​ဗိုလ္​ခ်ဳပ္​သန္​း​ေရႊ ဘုရား​ဗ်ာဒိတ္​အရ ​ေနျပည္​​ေတာ္​တည္​၍ ျမန္​မာျပည္​ကို အုပ္​ခ်ဳပ္​သြားသည္​။ ​ဗိုလ္​ခ်ဳပ္​သန္​း​ေရႊ၏ ဇာတာသည္​ မည္​သူႏွင္​့မွ် ယွဥ္​၍မရသျဖင္​့ ဘုရားဆုပန္​ပင္​ ျဖစ္​ႏိုင္​သည္​ဟု မႊမ္​းထားပါသည္​။ ဘာမွ်မ​ေဝဖန္​လိုပါ။ ​ေဒၚစုကို ခ်စ္​ျမတ္​ႏိုးသူမ်ားက အ​ေမစု အ​ေမစုဆိုၿပီး ခ်ီးမႊန္​းစာ​ေတြ​ေရး​ေတာ့ ​ဗိုလ္​ခ်ဳပ္​သန္​း​ေရႊ ခ်စ္​သူ​ေတြကလဲ အားက်ၿပီး အ​ေမ​ေရႊ အ​ေမ​ေရႊဆိုၿပီး ၊ အဲ ကန္​​ေတာ့​ဗ်ာ၊ အဘ​ေရႊ အဘ​ေရႊဆိုၿပီး ​ေရးၾကတာဟုဘဲ သ​ေဘာထားပါသည္​။ ​ဗိုလ္​ခ်ဳပ္​သန္​း​ေရႊ၏ အတိတ္​ကံ​ေကာင္​းလြန္​းခ့ဲသည္​မွာ လံုးဝညင္​း၍မရ​ေသာ္​လည္​း ပၪၥဳပန္​ကံ ျပဳခ့ဲသမ်ွကို​ေတာ့ ​ေတြး​ေၾကာက္​မိသည္​။ သူ၏အုပ္​ခ်ဳပ္​​ေရး​ေခတ္​တြင္​ ျမင္​ခ့ဲသမွ်အရ သံသရာကို လွမ္​းမျမင္​၍ မသိ​ေသာ္​လည္​း သမိုင္​းက​ေတာ့ မွတ္​တမ္​းတင္​ခ့ဲပါၿပီ။
 .
     ​ေဆာင္​းပါးကို မႀကိဳက္​သည္​က ျမန္​မာျပည္​အနာဂတ္​အတြက္​ ႏွပ္​​ေၾကာင္​း​ေပးထားျခင္​းကိုပါ။ ျမန္​မာျပည္​၏ အနာဂတ္​ကို ​ေျဖရာ၌ ဂု႐ုစု႑ာလယုဂ္​ က်​ေရာက္​​ေနသျဖင္​့ "တိုင္​းျပည္​မွာ ဘာဘဲလုပ္​လိုက္​လုပ္​လိုက္​ အာဏာရဖို႔တခုဘဲ လုပ္​မယ္​ဆိုတ့ဲ အစိုးရမ်ိဳး ​ေပၚလာမယ္​။ တျခားတ​ေယာက္​အႏိုင္​ရရက္​နဲ႔ မင္​းကို ငါအႏိုင္​မ​ေပးႏိုင္​ဘူး။ ငါ့ဘာသာငါ အႏိုင္​ယူတယ္​ကြာဆိုတ့ဲ အ​ေျခအ​ေနမ်ိဳး ျဖစ္​လာႏိုင္​တယ္​။ တ​ေယာက္​နဲ႔တ​ေယာက္​ ​ေရြး​ေကာက္​ပြဲ အ​ေျဖကို မ​ေၾကနပ္​လို႔ ျငင္​းၾကယင္​း တပ္​ကအိမ္​​ေစာင္​့အစိုးရလိုမ်ိဳး လုပ္​ရမယ္​"ဟု ​ေျပာထားပါသည္​။
.
     ဤအေျပာ​မ်ားသည္​ "မင္​းတို႔ ဘယ္​သူ႔ကို ​ေထာက္​ခံခံ ဘယ္​ပါတီကို မဲ​ေပး​ေပး အက်ိဳးမျဖစ္​ႏိုင္​ဘူး။ တိုင္​းျပည္​ရဲ႕ ကံၾကမၼာက စစ္​အစိုးရဘဲ ႐ွိရမ့ဲကံ ျဖစ္​​ေနတယ္​ဆိုၿပီး" ​ေၾကာင္​း​ေပးထားသလို ျဖစ္​​ေနပါသည္​။ နဂိုရ္​က ​ေတြ​ေဝ​ေနသူ​ေတြ ​ေၾကာက္​တတ္​တ့ဲ ကံကိုပံုၿပီးယံုတ့ဲ ျမန္​မာျပည္​သား​ေတြကို မဲမ​ေပး​ေအာင္​ လုပ္​လိုက္သလို ျဖစ္​​ေနသည္​။ ​ေရြး​ေကာက္​ပြဲၿပီး၍ အာဏာလႊဲမ​ေပးရင္​လဲ "တိုင္​းျပည္​ကံ​ေၾကာင္​့ျဖစ္​တာ၊ သူတို႔ လုပ္​လို္႔ မဟုတ္​ဘူး"ဆိုၿပီး ျဖစ္​​ေအာင္​ စကား​ေၾကာင္​းထားသလို ျဖစ္​​ေနပါသည္​။ အင္​မတန္​ ပညာ ပါပါသည္​။ ​ေရးသူကလည္​း DSA ဆင္​းျဖစ္​​ေၾကာင္​း သတိ​ေပးထားတ့ဲအျပင္​ ​ေရြး​ေကာ္​ဥကၠဌသား၏ ဂ်ာနယ္​တြင္​ ယခု​ေဆာင္​းပါးကို ​ေဖာ္​ျပျခင္​း ျဖစ္​ပါသည္​။
.
     မည္​သို႔ပင္​ ​ေဟာ​ေျပာ​ေစကာမူ မဲဆႏၵ႐ွင္​မ်ားသည္​ အ​ေျပာင္​းအလဲကို လိုခ်င္​ပါက သူတို႔ ညစ္​မည္​ကို ဂ႐ုမစိုက္​ဘဲ မိမိ​ေပးလို​ေသာပါတီကို မဲ​ေပးရပါမည္​။ ယခုလို အခြင္​့အ​ေရးမ်ိဳး ရဖို႔ အနည္​းဆံုး ငါးႏွစ္​ထပ္​မ​ေစာင္​့ခ်င္​ၾကပါနဲ႔​ေတာ့။ ယခု လာ​ေတာ့မည္​့ ​ေရြး​ေကာက္​ပြဲတြင္​ မဲ​ေပးျခင္​းျဖင္​့ အ​ေျပာင္​းအလဲကို စတင္​လိုက္​ၾကပါစို႔​ဗ်ာ။

29 August 2015

ပြည်​သူ့တပ်​မ​တော်​

 (Unicode version )

  စက်​တင်​ဘာ သုံးရက်​​နေ့ တရုပ်​မှာလုပ်​ဖို့ရှိတ့ဲ နှစ်​၇၀​မြောက်​ စစ်​ပြီးတ့ဲ အခမ်​းအနားချီတက်​ပွဲအတွက်​ ကျင်​့​နေတ့ဲ တရုပ်​ပြည်​

သူ့တပ်​မ​တော် ​​ စစ်​သမီး​တွေပါ။ အရပ်​အ​မောင်​း ခန်​့မှန်​းကြည်​့ပါ​တော့။

ပြည်​ပနိုင်​ငံက စစ်​သား​တွေလဲ ပါဝင်​ဖို့လဲ ဖိတ်​ပါတယ်​။

မြန်​မာပြည်​က စစ်​သားများ ဖိတ်​လားမသိပါ။ ဖိတ်​လဲ ဘယ်​လိုပါလို့ ရ​တော့မလဲ။ ခြင်​းကြားထမ်​းပြီး အရပ်​အ​မောင်​း ညှက်​​နေကြတာမို့ပါ။ ပ​ရော်​ဖက်​ရှင်​နယ်​ စစ်​သား​တွေဖြစ်​​အောင်​ လုပ်​ဖို့လိုပါလိမ်​့မယ်​။

ပ​ရော်​ဖက်​ရှင်​နယ်​ စစ်​သား​တွေဖြစ်​ဖို့ နိုင်​ငံ​ရေး ၊ အရပ်​ဖက်​အုပ်​ချုပ်​​ရေးက​နေ စွန်​့ခွာမှဖြစ်​ပါမယ်​။

ခုလိုဘဲ တပ်​ကပင်​စင်​ယူလိုက်​ ကြံ့ဖွံ​ပြောင်​းပြီး အ​ရွေးခံလိုက်​လုပ်​​နေရင်​ စစ်​တပ်​ရဲ့ သိက္ခာပါ ကျလာပါလိမ်​့မယ်​။

တိုင်​းပြည်​တပြည်​မှာ စစ်​တပ်​မရှိလို့ မဖြစ်​ပါဘူး။ ဒါ​ပေမ့ဲ ရှိတ့ဲစစ်​တပ်​သည်​ စစ်​တပ်​ရဲ့ မူလတာဝန်​ဖြစ်​တ့ဲ ပြည်​တွင်​းပြည်​ပရန်​ ကာကွယ်​ဖို့ရယ်​၊ ​နောက်​ဆက်​တွဲတာဝန်​ဖြစ်​တ့ဲ တိုင်​းပြည်​​ဘေးဒုက္ခ​ရောက်​ချိန်​ ကူညီဖို့ရယ်​ဘဲ ဖြစ်​ရပါမယ်​။

အစိုးရဖွဲ့ အုပ်​ချုပ်​ချင်​ရင်​ ပါတီထဲဝင်​ နိုင်​ငံ​ရေး လုပ်​ပါ။ သူ​ဌေးဖြစ်​ချင်​ရင်​ တပ်​ထဲမ​ပြောနဲ့၊ အစိုးရဝန်​ထမ်​း​တောင်​ မလုပ်​ပါနဲ့။ ဒါ​တွေလိုချင်​လို့ တပ်​ထဲဝင်​ရင်​လဲ တပ်​သိက္ခာကျပါတယ်​။

လက်​ရှိ စစ်​​ဗိုလ်​စစ်​သားများကဘဲ ဦး​ဆောင်​ပြီး ပြည်​သူ့တပ်​မ​တော်​အဖြစ်​ ပြန်​​ပြောင်​းနိုင်​ဖို့ ဆု​တောင်​းပါသည်​။

(Zawgyi version )

 စက္​တင္​ဘာ သံုးရက္​​ေန႔ တ႐ုပ္​မွာလုပ္​ဖို႔႐ွိတ့ဲ ႏွစ္​၇၀​ေျမာက္​ စစ္​ၿပီးတ့ဲ အခမ္​းအနားခ်ီတက္​ပြဲအတြက္​ က်င္​့​ေနတ့ဲ တ႐ုပ္​ျပည္​

​သူ႔တပ္​မ​ေတာ္ ​​ စစ္​သမီး​ေတြပါ။ အရပ္​အ​ေမာင္​း ခန္​႔မွန္​းၾကည္​့ပါ​ေတာ့။
ျပည္​ပႏိုင္​ငံက စစ္​သား​ေတြလဲ ပါဝင္​ဖို႔လဲ ဖိတ္​ပါတယ္​။
ျမန္​မာျပည္​က စစ္​သားမ်ား ဖိတ္​လားမသိပါ။ ဖိတ္​လဲ ဘယ္​လိုပါလို႔ ရ​ေတာ့မလဲ။ ျခင္​းၾကားထမ္​းၿပီး အရပ္​အ​ေမာင္​း ညႇက္​​ေနၾကတာမို႔ပါ။ ပ​ေရာ္​ဖက္​႐ွင္​နယ္​ စစ္​သား​ေတြျဖစ္​​ေအာင္​ လုပ္​ဖို႔လိုပါလိမ္​့မယ္​။
ပ​ေရာ္​ဖက္​႐ွင္​နယ္​ စစ္​သား​ေတြျဖစ္​ဖို႔ ႏိုင္​ငံ​ေရး ၊ အရပ္​ဖက္​အုပ္​ခ်ဳပ္​​ေရးက​ေန စြန္​႔ခြာမွျဖစ္​ပါမယ္​။
ခုလိုဘဲ တပ္​ကပင္​စင္​ယူလိုက္​ ၾကံ့ဖြံ​ေျပာင္​းၿပီး အ​ေရြးခံလိုက္​လုပ္​​ေနရင္​ စစ္​တပ္​ရဲ႕ သိကၡာပါ က်လာပါလိမ္​့မယ္​။
တိုင္​းျပည္​တျပည္​မွာ စစ္​တပ္​မ႐ွိလို႔ မျဖစ္​ပါဘူး။ ဒါ​ေပမ့ဲ ႐ွိတ့ဲစစ္​တပ္​သည္​ စစ္​တပ္​ရဲ႕ မူလတာဝန္​ျဖစ္​တ့ဲ ျပည္​တြင္​းျပည္​ပရန္​ ကာကြယ္​ဖို႔ရယ္​၊ ​ေနာက္​ဆက္​တြဲတာဝန္​ျဖစ္​တ့ဲ တိုင္​းျပည္​​ေဘးဒုကၡ​ေရာက္​ခ်ိန္​ ကူညီဖို႔ရယ္​ဘဲ ျဖစ္​ရပါမယ္​။
အစိုးရဖြဲ႔ အုပ္​ခ်ဳပ္​ခ်င္​ရင္​ ပါတီထဲဝင္​ ႏိုင္​ငံ​ေရး လုပ္​ပါ။ သူ​ေဌးျဖစ္​ခ်င္​ရင္​ တပ္​ထဲမ​ေျပာနဲ႔၊ အစိုးရဝန္​ထမ္​း​ေတာင္​ မလုပ္​ပါနဲ႔။ ဒါ​ေတြလိုခ်င္​လို႔ တပ္​ထဲဝင္​ရင္​လဲ တပ္​သိကၡာက်ပါတယ္​။
လက္​႐ွိ စစ္​​ဗိုလ္​စစ္​သားမ်ားကဘဲ ဦး​ေဆာင္​ၿပီး ျပည္​သူ႔တပ္​မ​ေတာ္​အျဖစ္​ ျပန္​​ေျပာင္​းႏိုင္​ဖို႔ ဆု​ေတာင္​းပါသည္​။ 

21 August 2015

အာဆီယံတံဆိပ်​​ခေါင်း








(Unicode version)

   အာဆီ​​​ယံ အထိမ်​းအမှတ်​ထုတ်​ firstday cover ပါ။

တရာကျပ်​တန်​နဲ​့ ငါးရာကျပ်​တန်​ နှစ်မျိုး​ ထုတ်​ပါတယ်​။

၈ ရက်​ ၈ လ ၂၀၁၅

​နေ့ကထုတ်​​ဝေပါတယ်​။


XxXxXx

(Zawgyi version)


   အာဆီ​​​ယံ အထိမ္​းအမွတ္​ထုတ္​ firstday cover ပါ။
တရာက်ပ္​တန္​နဲ​႔ ငါးရာက်ပ္​တန္​ ႏွစ္မ်ိဳး​ ထုတ္​ပါတယ္​။
၈ ရက္​ ၈ လ ၂၀၁၅
​ေန႔ကထုတ္​​ေဝပါတယ္​။

ဦးသိန်းစိန်​နဲ့ ဦးရွှေမန်း အကွဲအပြဲဇတ်​လမ်း ၂

 (Unicode version)

      ဦးသိန်​းစိန်​ ဦး​ရွှေမန်​း အကွဲအပြဲနှင်​့ ပတ်​သက်​၍ ဒီမိုဖက်​တွင်​လည်​း နှစ်​စုကွဲ​နေတာ မြင်​ရလာပါပြီ။ သူတို့ဘာဖြစ်​ဖြစ်​ မိမိလုပ်​ရမည်​့ အလုပ်​မှ ​သွေဖည်​မသွားရန်​ အ​ရေးကြီးပါသည်​။

.

   ပထမအဖွဲ့က ဒီအကွဲအပြဲကို တကယ်​ကွဲသည်​ဟု ထင်​ကြသည်​။ ​ဗိုလ်​ချုပ်​ကြီးနှစ်​ဦး အာဏာလုရာမှ ကွဲသည်​ဟု ယူဆကြသည်​။ ဦး​ရွှေမန်​းကို ဒီမိုစာရင်​းတွင်​ပင်​ ဟီးရိုးအဖြစ်​သွင်​းလာကြသည်​။ မိမိရန်​သူ၏ ရန်​သူသည်​ မိမိ၏ မိတ်​​ဆွေဟု သ​ဘောထားကြသူများ ဖြစ်​ပါမည်​။

.

   ​နောက်​တဖွဲ့က​တော့ ယခုတိုင်​ ဇတ်​ညွှန်​းအတိုင်​း ရှိ​သေးသည်​တ့ဲ။ စာဖတ်​သူကြီးရဲ့ ဇတ်​လမ်​းပါတ့ဲ။ သူတို့အချင်​းချင်​း ကွဲချင်​​ယောင်​​ဆောင်​၍ ဒီမိုဘက်​မှ မဲများ လာဖ့ဲသည်​ဟု ထင်​ကြပါသည်​။ ယခုပင်​ ဦး​ရွှေမန်​း ​ထောက်​ခံသူများ မနည်​း​ပေါ်လာသည်​ကို ​တွေ့ရပါ၏။

.

   ကျွန်​​တော်​ မည်​သည်​့​ဘော်​လုံးအသင်​း ကြိုက်​သည်​ကို ကျွန်​​တော်​့ဘ​လောဂ်​့ wall ​ပေါ်တွင်​ ထင်​ရှားစွာ ​ဖော်​ပြထားပါသည်​။ " ကျွန်​ုပ်​သည်​ ရွာသားဖြစ်​သည်​ " ဟု။ မှန်​သည်​။ ကျွန်​​တော်​ မန်​ယူရွာသားပါ။ မန်​ယူအား​ပေးသူတဦးအ​နေနှင်​့ဘဲ နမူနာ ​ပြောပါရ​စေ။ လန်​ဒန်​အ​ခြေစိုက်​ ပြိုင်​ဖက်​ အာကြီးနှင်​့ ချယ်​ဆီး သ​ရေကျသွားတာ မန်​ယူအတွက်​ အ​ကောင်​းပါဘဲ။ ကိုယ့်​မန်​ယူပွဲမှာ သူတို့တမှတ်​စီ ခွဲယူရလို့ ​ပျော်​ပြီး အရှုံးကန်​ဖို့​ဝေးစွ၊ သုံးမှတ်​ပြည်​့​ရအောင်​ အနိုင်​ကန်​ဖို့ဘဲရှိပါသည်​။ ကိုယ်​့အလုပ် ကိုယ်လုပ်ဖို့ဘဲ ရှိပါသည်​ခင်​​ဗျား။

.

မှတ်​ချက်​၊ ။ ကျွန်​​တော်​သည်​ မန်​ယူပရိဿတ်​ဖြစ်​၍ မန်​ယူနှင်​့ ဥပမာ​ပေးခြင်​း ဖြစ်​ပါသည်​။ ကျန်​အသင်​း အား​ပေးသူများလဲ ဒီသ​ဘောဘဲ ဖြစ်​ပါသည်​။ ​ဆောရီးပါ။ ​အခြားအသင်​း အား​ပေးသူ​တွေကိုလဲ ရှင်​းပြထားရတယ်​။ ​ဘောလုံးအသင်​း အား​ပေးသူ​တွေက နိုင်​ငံ​ရေးပါတီ​ ထောက်​ထံသူ​တွေထက် ပိုစိတ်ကြီးတယ်။ ကဲ သ​ဘော​ပေါက်​ရင် သူတို့ဘာဖြစ်ဖြစ်​​​ ကိုယ်​့အလုပ်​ကိုယ် ​ ဆက်​လုပ်​ကြတာ ​ပေါ့​ဗျာ။



#NLDကိုဘဲမဲ​ပေးကြမယ်​။

XxXxXx

(Zawgyi version )

     ဦးသိန္​းစိန္​ ဦး​ေရႊမန္​း အကြဲအျပဲႏွင္​့ ပတ္​သက္​၍ ဒီမိုဖက္​တြင္​လည္​း ႏွစ္​စုကြဲ​ေနတာ ျမင္​ရလာပါၿပီ။ သူတို႔ဘာျဖစ္​ျဖစ္​ မိမိလုပ္​ရမည္​့ အလုပ္​မွ ​ေသြဖည္​မသြားရန္​ အ​ေရးႀကီးပါသည္​။
.
   ပထမအဖြဲ႔က ဒီအကြဲအျပဲကို တကယ္​ကြဲသည္​ဟု ထင္​ၾကသည္​။ ​ဗိုလ္​ခ်ဳပ္​ႀကီးႏွစ္​ဦး အာဏာလုရာမွ ကြဲသည္​ဟု ယူဆၾကသည္​။ ဦး​ေရႊမန္​းကို ဒီမိုစာရင္​းတြင္​ပင္​ ဟီး႐ိုးအျဖစ္​သြင္​းလာၾကသည္​။ မိမိရန္​သူ၏ ရန္​သူသည္​ မိမိ၏ မိတ္​​ေဆြဟု သ​ေဘာထားၾကသူမ်ား ျဖစ္​ပါမည္​။
.
   ​ေနာက္​တဖြဲ႔က​ေတာ့ ယခုတိုင္​ ဇတ္​ၫႊန္​းအတိုင္​း ႐ွိ​ေသးသည္​တ့ဲ။ စာဖတ္​သူႀကီးရဲ႕ ဇတ္​လမ္​းပါတ့ဲ။ သူတို႔အခ်င္​းခ်င္​း ကြဲခ်င္​​ေယာင္​​ေဆာင္​၍ ဒီမိုဘက္​မွ မဲမ်ား လာဖ့ဲသည္​ဟု ထင္​ၾကပါသည္​။ ယခုပင္​ ဦး​ေရႊမန္​း ​ေထာက္​ခံသူမ်ား မနည္​း​ေပၚလာသည္​ကို ​ေတြ႔ရပါ၏။
.
   ကြၽန္​​ေတာ္​ မည္​သည္​့​ေဘာ္​လံုးအသင္​း ႀကိဳက္​သည္​ကို ကြၽန္​​ေတာ္​့ဘ​ေလာဂ္​့  wall ​ေပၚတြင္​ ထင္​႐ွားစြာ ​ေဖာ္​ျပထားပါသည္​။ " ကြၽႏ္​ုပ္​သည္​ ရြာသားျဖစ္​သည္​ " ဟု။ မွန္​သည္​။ ကြၽန္​​ေတာ္​ မန္​ယူရြာသားပါ။ မန္​ယူအား​ေပးသူတဦးအ​ေနႏွင္​့ဘဲ နမူနာ ​ေျပာပါရ​ေစ။ လန္​ဒန္​အ​ေျခစိုက္​ ၿပိဳင္​ဖက္​ အာႀကီးႏွင္​့ ခ်ယ္​ဆီး သ​ေရက်သြားတာ မန္​ယူအတြက္​ အ​ေကာင္​းပါဘဲ။ ကိုယ့္​မန္​ယူပြဲမွာ သူတို႔တမွတ္​စီ ခြဲယူရလို႔ ​ေပ်ာ္​ၿပီး အ႐ႈံးကန္​ဖို႔​ေဝးစြ၊ သံုးမွတ္​ျပည္​့​ရေအာင္​ အနုိင္​ကန္​ဖို႔ဘဲ႐ွိပါသည္​။ ကိုယ္​့အလုပ္ ကိုယ္လုပ္ဖို႔ဘဲ ႐ွိပါသည္​ခင္​​ဗ်ား။
.
မွတ္​ခ်က္​၊ ။ ကြၽန္​​ေတာ္​သည္​ မန္​ယူပရိႆတ္​ျဖစ္​၍ မန္​ယူႏွင္​့ ဥပမာ​ေပးျခင္​း ျဖစ္​ပါသည္​။ က်န္​အသင္​း အား​ေပးသူမ်ားလဲ ဒီသ​ေဘာဘဲ ျဖစ္​ပါသည္​။ ​ေဆာရီးပါ။ ​အျခားအသင္​း အား​ေပးသူ​ေတြကိုလဲ ႐ွင္​းျပထားရတယ္​။ ​ေဘာလံုးအသင္​း အား​ေပးသူ​ေတြက ႏိုင္​ငံ​ေရးပါတီ​ ေထာက္​ထံသူ​ေတြထက္ ပိုစိတ္ျကီးတယ္။ ကဲ သ​ေဘာ​ေပါက္​ရင္ သူတို့ဘာျဖစ္ျဖစ္​​​ ကိုယ္​့အလုပ္​ကိုယ္ ​ ဆက္​လုပ္​ၾကတာ ​ေပါ့​ဗ်ာ။

#NLDကိုဘဲမဲ​ေပးၾကမယ္​။