08 December 2010

တံဆိပ်ခေါင်း အသစ်

(unicode version )

နို၀င်ဘာ ၁၉ ရက်နေ့က တံဆိပ်ခေါင်း ထပ်ထုတ်ပါတယ်။ ရှားရှားပါးပါး ပုံစံနဲ့ပါ။ ၁၉၈၈ နောက်ပိုင်းမှာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမ့ဲ လွဲချင်တော့ နိုင်ငံနာမည်က လွဲနေပါပြီ။ ဒီခေါင်းထုတ်ချိန်မှာ မြန်မာနိုင်ငံက RUM ဖြစ်နေပါပြီ။ Republic of the Union of Myanmar ပါ။ သောက်ရန် RUM မဟုတ်ပါ။ ဒါပေမ့ဲ နိုင်ငံအမည်ကို ယတြာအရ တိတ်တိတ် အမြန် ပြောင်းလိုက်ရတော့ ရိုက်ထားတ့ဲ တံဆိပ်ခေါင်းကို မပြင်နိုင်တော့ဘဲ ဒီအတိုင်းထုတ်လိုက်ပုံရပါတယ်။ Quality က ဒီနောက်ပိုင်းမှာ အကောင်းဆုံး လုပ်ကာမှ လွဲဖြစ်အောင် လွဲရတယ်။ စေတနာ မပါလို့ ထင်ပါရဲ့။

အပြစ်တင်နေတာနဲ့ ဘာကြောင့်ထုတ်တယ်ဆိုတာ ရေးဖို့ မေ့သွားပါတယ်။ အိုှဇုန်းလေယာ ကာကွယ်ရေး ဗီယင်နာကွန်ဗင်းရှင်း မြန်မာ လက်မှတ်ထိုးတာ ၂၅နှစ်မြောက်ပါ။


XxXxXx

(Zawgyi version )

ႏို၀င္ဘာ ၁၉ ရက္ေန႔က တံဆိပ္ေခါင္း ထပ္ထုတ္ပါတယ္။ ႐ွား႐ွားပါးပါး ပံုစံနဲ႔ပါ။ ၁၉၈၈ ေနာက္ပိုင္းမွာ အေကာင္းဆံုးလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါေပမ့ဲ လြဲခ်င္ေတာ့ ႏိုင္ငံနာမည္က လြဲေနပါၿပီ။ ဒီေခါင္းထုတ္ခ်ိန္မွာ ျမန္မာႏိုင္ငံက RUM ျဖစ္ေနပါၿပီ။ Republic of the Union of Myanmar ပါ။ ေသာက္ရန္ RUM မဟုတ္ပါ။ ဒါေပမ့ဲ ႏိုင္ငံအမည္ကို ယၾတာအရ တိတ္တိတ္ အျမန္ ေျပာင္းလိုက္ရေတာ့ ႐ိုက္ထားတ့ဲ တံဆိပ္ေခါင္းကို မျပင္ႏိုင္ေတာ့ဘဲ ဒီအတိုင္းထုတ္လိုက္ပံုရပါတယ္။ Quality က ဒီေနာက္ပိုင္းမွာ အေကာင္းဆံုး လုပ္ကာမွ လြဲျဖစ္ေအာင္ လြဲရတယ္။ ေစတနာ မပါလို႔ ထင္ပါရဲ့။
အျပစ္တင္ေနတာနဲ႔ ဘာေၾကာင့္ထုတ္တယ္ဆိုတာ ေရးဖို႔ ေမ့သြားပါတယ္။ အိုွဇုန္းေလယာ ကာကြယ္ေရး ဗီယင္နာကြန္ဗင္း႐ွင္း ျမန္မာ လက္မွတ္ထိုးတာ ၂၅ႏွစ္ေျမာက္ပါ။

22 November 2010

ရွေးကောက်ပွဲ တံဆိပ်ခေါင်း


(Unicode version )


2010အတွက် ပထမဆုံး တံဆိပ်ခေါင်းထွက်ပါတယ်။ နိုင်ငံနာမည်န့ဲ အလံပြောင်းအပြီး ပထမဆုံးထွက်တာပါ။ Quality က ထုံးစံအတိုင်း ညံ့ပါတယ်။ တန်းဖိုး ၅၀၀ကျပ် ဆိုတာ မမြင်ရပါဘူး။ ၅၀၀ကျပ် ဆိုတာလဲ အများဆုံးပါဘဲ။ စာပို့ခ မှာတော့ အဲဒီလောက် amount သုံးစရာ ရှိမယ် မထင်ပါ။ ၀ယ်စုလာတ့ဲ အထဲမှာ မတန်ဆုံးလို့ထင်ပါတယ်။ ရွေးကောက်ပွဲနေ့ ၇-၁၁-၂၀၁၀ နေ့မှာ ထုတ်တာပါ။


XxXxXx

(Zawgyi version)

2010အတြက္ ပထမဆံုး တံဆိပ္ေခါင္းထြက္ပါတယ္။ ႏိုင္ငံနာမည္န႔ဲ အလံေျပာင္းအၿပီး ပထမဆံုးထြက္တာပါ။ Quality က ထံုးစံအတိုင္း ညံ့ပါတယ္။ တန္းဖိုး ၅၀၀က်ပ္ ဆိုတာ မျမင္ရပါဘူး။ ၅၀၀က်ပ္ ဆိုဆာလဲ အမ်ားဆံုးပါဘဲ။ စာပို႔ခ မွာေတာ့ အဲဒီေလာက္ amount သံုးစရာ ႐ွိမယ္ မထင္ပါ။ ၀ယ္စုလာတ့ဲ အထဲမွာ မတန္ဆံုးလို႔ထင္ပါတယ္။ ေ႐ြးေကာက္ပြဲေန႔ ၇-၁၁-၂၀၁၀ ေန႔မွာ ထုတ္တာပါ။

15 November 2010

ပန်းပန်သူ

-->
(Unicode version )

မနေ့က မြန်မာစံတော်ချိန် ငါးနာရီခွဲခန့်မှာ LADYစု ပြန်လွတ်လာပါတယ်။ လွတ်တ့ဲ သတင်းရရချင်းဘဲ နိုင်ငံတကာ သတင်းဌာနတွေမှာ Breaking News တွေတက် လာပါတယ်။ ပုံတွေတော့ ချက်ချင်းမပြနိုင်သေးပါဘူး။ ခြောက်နာရီခွဲခန့်မှာတော့ ရုပ်ပုံတွေပါ စ ပြနိုင်ပါပြီ။ ရွေးကောက်ပွဲ အပြီး Internet connection တွေ ပြန်ကောင်းလို့တော်ပါသေးတယ်။

ဒီမှာ ကျွန်တော် သတိထားမိတာ တစ်ခုရှိပါတယ်။ အိမ်ဂိတ်၀ ကို တက်တက်လာချင်း ဒေါ်စု ပန်းပန်မလာပါဘူး။ ဒေါ်စု ရဲ့ မြန်မာစံစံ ပန်းပန်ပုံဟာ တစ်နေ့မှာ Classic Fashion ဖြစ်လာမှာပါ။ ခုလဲ Google Image Search မှာ ရှာကြည့်ပါ။ ဒေါ်စု ပန်းပန်ရက်ပုံတွေ များစွာတွေ့ရမှာပါ။ ဒေါ်စုလဲ ဝါသနာပါပုံ ရပါတယ်။

မနေ့ကလဲ ဂိတ်၀မှာ ပန်းပန်ထားတာ မတွေ့ရပါဘူး။ ဒါပေမ့ဲ ခဏလေးမှာဘဲ ဒေါ်စုကို လူအုပ်ထဲက ပန်းစီးလှမ်းပေးတာ တွေ့ရပါတယ်။ တစ်ခြားသူတွေဆို ပန်းစီးကို ကိုင်ချင်လဲ ကိုင်ထားမယ်၊ ဒါမှမဟုတ် ဘေးကလူကို တစ်ဆင့် ပေးလိုက်မှာပါ။ ဒေါ်စုကတော့ မလုပ်ပါဘူး။ အဲဒီ ပန်းစီးထဲက ပန်းတွေကို ချိုးပြီး ပန်လိုက်ပါတယ်။

ဂုဏ်တင့်ပြီးသား ဒေါ်စု ပန်းတွေေ၀ေ၀ဆာဆာ ပန်လိုက်တော့ ပိုပြီး ကျက်သရေ ရှိသွားတာပေါ့။

TV မှာ ရိုက်လို့ရသလောက် ဓါတ်ပုံတွေ ထ့ဲပေးလိုက်ပါတယ်။

XxXxXx

(Zawgyi version) 

မေန႔က ျမန္မာစံေတာ္ခ်ိန္ ငါးနာရီခြဲခန္႔မွာ LADYစု ျပန္လြတ္လာပါတယ္။ လြတ္တ့ဲ သတင္းရရခ်င္းဘဲ ႏိုင္ငံတကာ သတင္းဌာနေတြမွာ Breaking News ေတြတက္ လာပါတယ္။ ပံုေတြေတာ့ ခ်က္ခ်င္းမျပႏိုင္ေသးပါဘူး။ ေျခာက္နာရီခြဲခန္႔မွာေတာ့ ႐ုပ္ပံုေတြပါ စ ျပႏိုင္ပါၿပီ။ ေ႐ြးေကာက္ပြဲ အၿပီး Internet connection ေတြ ျပန္ေကာင္းလို႔ေတာ္ပါေသးတယ္။
ဒီမွာ ကၽြန္ေတာ္ သတိထားမိတာ တစ္ခု႐ွိပါတယ္။ အိမ္ဂိတ္၀ ကို တက္တက္လာခ်င္း ေဒၚစု ပန္းပန္မလာပါဘူး။ ေဒၚစု ရဲ႔ ျမန္မာစံစံ ပန္းပန္ပံုဟာ တစ္ေန႔မွာ Classic Fashion ျဖစ္လာမွာပါ။ ခုလဲ Google Image Search မွာ ႐ွာၾကည့္ပါ။ ေဒၚစု ပန္းပန္ရက္ပံုေတြ မ်ားစြာေတြ႔ရမွာပါ။ ေဒၚစုလဲ ၀ါသနာပါပံု ရပါတယ္။
မေန႔ကလဲ ဂိတ္၀မွာ ပန္းပန္ထားတာ မေတြ႔ရပါဘူး။ ဒါေပမ့ဲ ခဏေလးမွာဘဲ ေဒၚစုကို လူအုပ္ထဲက ပန္းစီးလွမ္းေပးတာ ေတြ႔ရပါတယ္။ တစ္ျခားသူေတြဆို ပန္းစီးကို ကိုင္ခ်င္လဲ ကိုင္ထားမယ္၊ ဒါမွမဟုတ္ ေဘးကလူကို တစ္ဆင့္ ေပးလိုက္မွာပါ။ ေဒၚစုကေတာ့ မလုပ္ပါဘူး။ အဲဒီ ပန္းစီးထဲက ပန္းေတြကို ခ်ဳိးၿပီး ပန္လိုက္ပါတယ္။
ဂုဏ္တင့္ၿပီးသား ေဒၚစု ပန္းေတြေ၀ေ၀ဆာဆာ ပန္လိုက္ေတာ့ ပိုၿပီး က်က္သေရ ႐ွိသြားတာေပါ့။
TV မွာ ႐ိုက္လို႔ရသေလာက္ ဓါတ္ပံုေတြ ထ့ဲေပးလိုက္ပါတယ္။







































07 October 2010

V



(Unicode version)

ဆေးလိပ်နဲ့ ပါတ်သက်လို့ မကြော်ငြာရဘူးဆိုပေမ့ဲ ဟိုတနေ့က လဘက်ရည်ဆိုင်ထိုင်နေတုံး တစ်ရှုးထ့ဲတ့ဲဘူး လာလဲပေးသွားတာ ပုံမှာတွေ့တ့ဲအတိုင်းပါ။

မတူဘူးထင်တယ်နော်။။


XxXxXx

(Zawgyi version)

ေဆးလိပ္နဲ႔ ပါတ္သက္လို႔ မေၾကာ္ၿငာရဘူးဆိုေပမ့ဲ ဟိုတေန႔က လဘက္ရည္ဆိုင္ထိုင္ေနတံုး တစ္႐ႈးထ့ဲတ့ဲဘူး လာလဲေပးသြားတာ ပံုမွာေတြ႔တ့ဲအတိုင္းပါ။
မတူဘူးထင္တယ္ေနာ္။။

09 September 2010

ဖုန်း


(Unicode version)

ဗမာတွေစည်းကမ်းမရှိတ့ဲ အကြောင်းရေးမလို့ ရည်ရွယ်တာပါ။ လှည်းတန်းဈေးရှေ့မှာ တဖက်လမ်းက ကျော်တက်တ့ဲ လိုင်းကားပုံပါ။ ပုံကို မလှည့်မိတော့ style တစ်မျိုးဖြစ်နေပါတယ်။ အဲဒီကား ပိတ်နေတော့ မီးပွိုင့်က ဆင်းလာမ့ဲ ကားတွေလည်း ပိတ်ကုန်ပါတယ်။ စစ်တပ်အုပ်ချုပ်နေတုံး အခါမှာ ဒီ ဒရိုင်ဘာမျိုးကို နရင်း ရိုက်စေချင်တာ။ ခုတော့ မလုပ်လိုက်ရတော့ဘူး။ ဒီမိုကရေစီ ရတော့မယ်ဆိုလို့။



"ဖုန်း"



ဘယ်ကောင် နရင်း၀င်ရိုက် သွားတာလဲ မသိလိုက်ပါ။ အသံတော့ သ့ဲသ့ဲ ကြားလိုက်တယ်။
" ဒီမိုကရေစီ အစစ်ရမယ် ဘယ်သူက ပြောသလဲ" တ့ဲ။ ။

XxXxXx

(Zawgyi version )

ဗမာေတြစည္းကမ္းမ႐ွိတ့ဲ အေၾကာင္းေရးမလို႔ ရည္႐ြယ္တာပါ။ လွည္းတန္းေစ်းေ႐ွ့မွာ တဖက္လမ္းက ေက်ာ္တက္တ့ဲ လိုင္းကားပံုပါ။ ပံုကို မလွည့္မိေတာ့ style တစ္မ်ိဳးျဖစ္ေနပါတယ္။ အဲဒီကား ပိတ္ေနေတာ့ မီးပိြဳင့္က ဆင္းလာမ့ဲ ကားေတြလည္း ပိတ္ကုန္ပါတယ္။ စစ္တပ္အုပ္ခ်ဳပ္ေနတံုး အခါမွာ ဒီ ဒ႐ိုင္ဘာမ်ိဳးကို နရင္း ႐ိုက္ေစခ်င္တာ။ ခုေတာ့ မလုပ္လိုက္ရေတာ့ဘူး။ ဒီမိုကေ႐စီ ရေတာ့မယ္ဆိုလို႔။

"ဖုန္း"



ဘယ္ေကာင္ နရင္း၀င္႐ိုက္ သြားတာလဲ မသိလိုက္ပါ။ အသံေတာ့ သ့ဲသ့ဲ ၾကားလိုက္တယ္။
" ဒီမိုကေရစီ အစစ္ရမယ္ ဘယ္သူက ေျပာသလဲ" တ့ဲ။ ။