15 November 2010
ပန်းပန်သူ
-->
(Unicode version )
မနေ့က မြန်မာစံတော်ချိန် ငါးနာရီခွဲခန့်မှာ LADYစု ပြန်လွတ်လာပါတယ်။ လွတ်တ့ဲ သတင်းရရချင်းဘဲ နိုင်ငံတကာ သတင်းဌာနတွေမှာ Breaking News တွေတက် လာပါတယ်။ ပုံတွေတော့ ချက်ချင်းမပြနိုင်သေးပါဘူး။ ခြောက်နာရီခွဲခန့်မှာတော့ ရုပ်ပုံတွေပါ စ ပြနိုင်ပါပြီ။ ရွေးကောက်ပွဲ အပြီး Internet connection တွေ ပြန်ကောင်းလို့တော်ပါသေးတယ်။
ဒီမှာ ကျွန်တော် သတိထားမိတာ တစ်ခုရှိပါတယ်။ အိမ်ဂိတ်၀ ကို တက်တက်လာချင်း ဒေါ်စု ပန်းပန်မလာပါဘူး။ ဒေါ်စု ရဲ့ မြန်မာစံစံ ပန်းပန်ပုံဟာ တစ်နေ့မှာ Classic Fashion ဖြစ်လာမှာပါ။ ခုလဲ Google Image Search မှာ ရှာကြည့်ပါ။ ဒေါ်စု ပန်းပန်ရက်ပုံတွေ များစွာတွေ့ရမှာပါ။ ဒေါ်စုလဲ ဝါသနာပါပုံ ရပါတယ်။
မနေ့ကလဲ ဂိတ်၀မှာ ပန်းပန်ထားတာ မတွေ့ရပါဘူး။ ဒါပေမ့ဲ ခဏလေးမှာဘဲ ဒေါ်စုကို လူအုပ်ထဲက ပန်းစီးလှမ်းပေးတာ တွေ့ရပါတယ်။ တစ်ခြားသူတွေဆို ပန်းစီးကို ကိုင်ချင်လဲ ကိုင်ထားမယ်၊ ဒါမှမဟုတ် ဘေးကလူကို တစ်ဆင့် ပေးလိုက်မှာပါ။ ဒေါ်စုကတော့ မလုပ်ပါဘူး။ အဲဒီ ပန်းစီးထဲက ပန်းတွေကို ချိုးပြီး ပန်လိုက်ပါတယ်။
ဂုဏ်တင့်ပြီးသား ဒေါ်စု ပန်းတွေေ၀ေ၀ဆာဆာ ပန်လိုက်တော့ ပိုပြီး ကျက်သရေ ရှိသွားတာပေါ့။
TV မှာ ရိုက်လို့ရသလောက် ဓါတ်ပုံတွေ ထ့ဲပေးလိုက်ပါတယ်။
XxXxXx
(Zawgyi version) 
ဂုဏ်တင့်ပြီးသား ဒေါ်စု ပန်းတွေဝေေ၀ဆာဆာ ပန်လိုက်တော့ ပိုပြီး ကျက်သရေ ရှိသွားတာပေါ့။
TV မှာ ရိုက်လို့ရသလောက် ဓါတ်ပုံတွေ ထဲ့ပေးလိုက်ပါတယ်။
2 comments:
  1. ကို အာပလာကတော့ ဓါတ်ပုံဝါးဝါးတွေတင်ထားပြန်ပြီး ... ဒီလောက်ကောင်းတဲ့ ဓါတ်ပုံတွေရှိ နက်ထဲမှာ ရှိနေတာတောင် မတင်ထားဘူး .. ကိုယ်တိုင်ဒေါ်စုခြံရှေ့ သွားရိုက်တာ မဟုတ်ဖူး ....
    ReplyDelete
  2. မေစုပန်းပန်တာ သူမFashinဖြစ်တယ်လို့ပြောရင်လည်း မမှားဘူး။ ဒါက၀ါသနာလည်းဟုတ်ပါလိမ့်မယ်။ အဲ့ဒီလိုလည်း အထိန်းအကျောင်းခံခဲ့ရတယ်လေ။ ဒီလို မြန်မာဆန်ဆန် ၀တ်စားတတ်ဖို့ သူမရဲ့ မေမေ ဒေါ်ခင်ကြည်က ကြပ်မတ်ပေးခဲ့တာ။ သူမငယ်ငယ် အပျိုစင်ကျောင်းသူဘ၀ကတည်းက အပြင်ထွက်ရင် ရင်ဖုံးအင်္ကျီ၊ထမီ၊ ပန်းပန်မှ ထွက်ခွင့်ရှိတယ်။ အဲဒါတွေမပါဘဲ သူမအပြင်ထွက်ခွင့်မရဘူး။ တိကျ၊ ပြတ်သားတဲ့၊ လိမ္မာပါးနပ်တဲ့ သူမမေမေ ဒေါ်ခင်ကြည်ရဲ့ ပုံသွင်းမှု၊ သူမရဲ့ နာခံမှု၊ ၀တ်စားဆင်ယင်ပုံ ဒါတွေအားလုံးဟာ မြင်သူတွေအားလုံး သတိထားမိလောက်အောင်ပါ။ သူမဟာ သူမမေမေရဲ့ ပြတ်သားတိကျတဲ့ ထိန်းကျောင်းမှုအောက်မှာ နေခဲ့ရသူပါ။
    ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်ရဲ့  သမီးတစ်ယောက်ပေပဲလေ။ သူမရဲ့  လိုက်နာရဲ့ အရည်အချင်းတွေလည်း အပါအ၀င်ပေါ့။ ဒီလိုဝတ်စားဆင်ယင်တာ သူမမေမေစကားကို မြေ၀ယ်မကျနားထောင်တာ၊ သူမဖေဖေ၊ သူမမေမေ၊ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာတွေ အားလုံးကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြနေတယ်၊ ထိန်းသိမ်းနေတယ်ဆိုတာ မြင်နေရတယ်။ လေးစားပါတယ်။ ချစ်ခင်ပါတယ် မေစု။
    ကျေးဇူး။
    သူမ မဟုတ်တဲ့ သူမ
    ReplyDelete
Thank you.