15 April 2015
14 April 2015
ခေတ်မီ မျိုးချစ်သူ၊
အပြာရောင််
ပင်လယ်ကြီးရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အဝါရောင်
သဲကန္တာရကြီးရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အနီရောင်
သစ်ရွက်တွေကြွေတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အဖြူရောင်
တောင်တန်းတွေရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
မီးခိုးရောင်
အုံ့မှိုင်းဝေနေတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အို ... ရောင်စုံတွေသန်း
အလှပလျှန်းနေတ့ဲ တိုင်းပြည်တွေ
ငါ ရောက်ဘူးချင်တယ်။
ဒါပေမ့ဲ
ငါ ... အစိမ်းရောင် လွှမ်းနေတ့ဲ
တိုင်းပြည်ကလာသူလို့ ပြောချင်တယ်။
ပင်လယ်ကြီးရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အဝါရောင်
သဲကန္တာရကြီးရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အနီရောင်
သစ်ရွက်တွေကြွေတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အဖြူရောင်
တောင်တန်းတွေရှိတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
မီးခိုးရောင်
အုံ့မှိုင်းဝေနေတ့ဲ တိုင်းပြည်
ငါ ရောက်ဘူးချင်တယ်။
အို ... ရောင်စုံတွေသန်း
အလှပလျှန်းနေတ့ဲ တိုင်းပြည်တွေ
ငါ ရောက်ဘူးချင်တယ်။
ဒါပေမ့ဲ
ငါ ... အစိမ်းရောင် လွှမ်းနေတ့ဲ
တိုင်းပြည်ကလာသူလို့ ပြောချင်တယ်။
10 April 2015
ဘယ်လဲ ၊ ဘာလဲ ၊ ၂
(Unicode version )
ဟ်ိုတနေ့က ရေးခ့ဲသည့် ဘာလဲ၊ဘယ်လဲ ကြောင့် ကျွန်တော်စာရေးတာ ညံ့မှန်းသိခ့ဲရပါသည်။ ဗခမက မအလကို ပွဲထုတ်သည့် စာအဖြစ် ယူဆခ့ဲသူပင် ရှိခ့ဲသည်။ မူလကလည်း ပြောလိုသည်ကို ဆက်ရေးဖို့ ဆန္ဒရှိပါသည်၊ ခုတော့ မရေးမဖြစ်ပေါ့။
ဗိုလ်ချုပ်မင်းအောင်လှိုင် သည် ရာထူးအစဉ်အလာအရ စာရင်းဝင်နေခြင်းဟု ထင်ပါသည်။ ၁၉၆၂မှစ၍ တန်ခိုးထွားခ့ဲသော ကာချုပ်ဆိုသော ရာထူးအရသာ စာရင်းဝင်နေတာဖြစ်ပါမည်။ တကယ်က သူ့ရှေ့မှ အကိုကြီးများကို တပ်ထုံးစံအရ ကျော်လွှားနိုင်ဟန် မတူပါ။ ဟုတ်မဟုတ် မသေချာသော်လည်း ရှစ်လုံးကြီးက အစည်းအေ၀းတွင် ရေသန့်ဗူးဖြင့်ပင် အပေါက်ခံရသည်ဟု ကြားဘူးပါသည်။ ဒီရာထူး ရတော့မှသာ နာမည်နဲ့ လူနဲ့တွဲမှတ်မိသည်အထိ လူမသိခ့ဲပါ။
ဖြစ်နိုင်သည်မှာ အရင်တပ်ချုပ် ဗိုလ်ချုပ်သန်းရွှေ၏ နယ်ရုပ်တရုပ်သာ ဖြစ်ပုံရသည်။ စိတ်ချယုံကြည်သောကြောင့်သာ ဒီရာထူးကို ပေးခ့ဲတာကိုး။ ဗိုလ်ချုပ်သန်းရွှေ နှင့် တကယ်မပတ်သက်တော့ဘူးဆိုလျှင် သမတကြီး၏ အစောင့်ရှောက်ခံသာ ဖြစ်လိမ့်မည်။ ရှစ်လုံးကြီး၏ ရန်မှ ကာကွယ်ပေးခ့ဲမှုကြောင့် ပို၍ပင် သမတကို သစ္စာရှိပါလိမ့်မည်။
ဆွေးနွေးပွဲများတွင် voice ထွက်လေ့မရှိပါ။ သမတခိုင်းသည့်အတိုင်း ပြောဆိုလုပ်ကိုင်နေပုံ ရသည်။ အင်တာဗျုးများတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းဟု ပြောလေ့ရှိသဖြင့် အဟားခံနေရသူဖြစ်နေသည်။ တပ်မတော်ကို အရပ်သားအစိုးရဖြင့် မပတ်သက်ဘဲ ပြတ်ပြတ်သားသား ခွဲထုတ်ကာ ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ဖွဲ့စည်းနိုင်မလား သံသယ ဖြစ်စရာ ဖြစ်နေသည်။ ၂၀၁၅နောက်ပိုင်း ပင်စင်ယူ၍ နိုင်ငံရေးထဲ ဝင်မှာလား မေးတိုင်းလဲ အထက်အမိန့်မရ၍ မဖြေသလို ထင်ရသည်။ ဝေ့လည်လည်။
သူ၏ ပုဂ္ဂလိက ဘဝကိုကြည့်လျှင် အနုပညာဖခင်မှ မွေးဖွားလာသည်ကို တွေ့ရသည်။ သူ့မှာလဲ အနုပညာအခံ ရှိသည်ဟု ဖတ်ဘူးပါသည်။ ကျွန်တော် တဦးတည်းအလိုအရ အနုပညာဓာတ်ခံ ရှိသူများသည် ရက်စက်ခဲတတ်ပါသည်။ ကိုယ်ချင်းစာစိတ်လဲ ရှိတတ်သူများပါသည်။ ကိုယ်ကြီးပြင်းခ့ဲရသည့် ပတ်ဝန်းကျင်ကြောင့် အမိန့်နာခံတတ်သူ ဖြစ်သော်လည်း ကိုယ်အမိန့်ပေးရမည့် နေရာရောက်လျှင် ကိုယ်ချင်းစာစိတ်လေးကိုတော့ ထည့်စဉ်းစားမည်ဟု မျှော်လင့်ပါသည်။
နောက်တချက်က မြန်မာပြည် ကာချုပ်များထဲတွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ပထမဆုံး ဘွဲ့ရ ထင်ပါသည်။ အယင်လူများထက် အမျှော်အမြင် ပိုရှိနိုင်ပါသည်။ ဗခမအလ အား တောင်းဆိုလိုသည်မှာ လူအများစုအတွက် စဉ်းစားပေးရန်ဖြစ်သည်။ အရင်အရင့်လူများကို ကာပြန်ရန်မဟုတ်ဘဲ သူတို့ကိုမထိခိုက်စေဘဲ ပြည်သူအများစု အတွက် အပြောင်းအလဲ လုပ်ပေးဖို့ဖြစ်သည်။ လက်ရှိတွင် ပြည်သူအများစုမှာ ဆင်းရဲနေကြသည်။ နိုင်ငံရေး စံနစ်ပြောင်းလဲရုံဖြင့် သူတို့ဘဝ တိုးတက်လာနိုင်ပါသည်။
ကျွန်တော့်သဘောသာဆို တပ်မတော်ကြီး စစ်တန်းလျှားသို့ပြန်၍ တပ်အလုပ်သာ လုပ်စေလိုသည်။ နောက်ကြောင်းစိတ်မချမှုများ ရှိပါက အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးစေချင်ပါသည်။ ဒေါ်စုနှင့် ဆွေးနွေးခြင်းသည် အခြားမြန်မာများထက် ပိုစိတ်ချရပါသည်။ သူ၏ ကမ္ဘာကျော်မှုကြောင့် အကျိုးကျေးဇူး ရနိုင်သလို လိမ်ညာမှုလည်း လုပ်၍မလုပ်နိုင်ပါ။ ယခုအထိ စကားတည်တာ တွေ့ရပြီး ဂတိလည်းတည်မည်မှာ သေချာပါသည်။ သူနှင့်ဆွေးနွေး၍ အဖြေတခုရပါက နောက်ကြောင်းအေးစွာ တပ်အလုပ် လုပ်နိုင်မည်ဟု ထင်မိပါသည်ခင်ဗျား။
XxXxXx
(Zawgyi version )
Labels:
aplar,
စဥျးစားမိ,
နိုင်ငံ့အရေး,
အာပလာ
08 April 2015
ဘယ်လဲ၊ဘာလဲ။
(Unicode version)
နောက်ဆုံးတော့ သမတကြီးသည် အစရိုးသည့် အစိုးရသာဖြစ်ပြီး နောက်ပိုင်း မရိုးသားတော့ကြောင်း ဒေါ်စု ဝန်ခံလိုက်ပါပြီ။ ဒေါ်စုသည် လွန်ခ့ဲသော လေးနှစ်ကစပြီး သမတကြီးကို ယုံကြည်ခ့ဲသည်။ ပြည်တွင်းပြည်ပ ပုဂိ္ဂုလ်များကိုလဲ သမတကို ယုံကြည်စွာဖြင့် လက်တွဲဆောင်ရွက်ရန် တိုက်တွန်းခ့ဲသဖြင့် လက်ရှိအစိုးရနှင့် အမေရိကန်တို့ ဒီအခြေအနေ ရောက်ခ့ဲခြင်းဖြစ်သည်။
ခုတော့ ကြောင်ကြာကြာရေမငုပ်နိုင်တော့ပါ။ ပြင်ပပြည်သူ အများစုက လွန်ခ့ဲသောနှစ်မှစ၍ သမတကို လုံးဝ မယုံကြည်တော့သော်လည်း ဒေါ်စုက ဘာမျှမပြောသေးသဖြင့် စိတ်ပျက်အံ့သြနေကြရသည်။ သူတို့အချင်းချင်း နားလည်မှုတခုတော့ ရှိလို့နေမှာဟု ထင်ထားကြသည်။ ဒေါ်စုသည် ပုဂိ္ဂုလ်ရေး ဝေဖန်လေ့ မရှိသူဖြစ်သည်။ လူကို လုပ်ရပ်ကိုသာ ကြည့်၍ ပြောလေ့ရှိသူ၊ ခုတော့ တည့်တည့်ဝေဖန်လိုက်ပါပြီ။ သမတသည် ရိုးသားစွာ မဆောင်ရွက်တော့ကြောင်း။
သမတကြီးသည် တက်ခါစက နာမည်ကောင်း လွန်စွာရခ့ဲသူဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေ၏ လုပ်ရပ်များထဲတွင် တခုတည်းသောကောင်းမှုအဖြစ် သူ့ကို သမတခန့်ခ့ဲသည်ဟုပင် ပြောကြသည်။ သူသည် တပ်ထဲတွင် General Clean ဖြစ်၍ပင် သမတရွေးခံခ့ဲရသည်ဟု ပြောခ့ဲကြသည်။ တက်ခါစက လားဟူးစိုးမြင့်ဆိုလား လူတဦးနှင့် ငွေရေးကြေးရေး ပတ်သက်သည်ဟု စွပ်စွဲခံခ့ဲရသေးသော်လည်း နောက်ပိုင်းငြိမ်သွားသည်။ ပြောပလောက်အောင် မရှိ၍ ဖြစ်နိုင်ပါသည်။
ဗိုလ်ချုပ်သိန်းစိန်သည် လူကောင်းတဦးဖြစ်နိုင်သော်လည်း ဗိုလ်ချုပ်သန်းရွှေကို မလွန်ဆန်နိုင်တာလဲ ဖြစ်နိုင်သည်။ သို့မဟုတ်ပါက အနားခေါ်ထားသော ဗိုလ်ချုပ်ဟောင်း ဝန်ကြီးများနဲ့ အကြံပေးများကို ယုံကြည်လွန်နေတာလဲ ဖြစ်နိုင်သည်။ သို့မဟုတ်ပါက ဘာမျှခေါင်းဆောင်၍ မလုပ်တတ်တာလဲ ဖြစ်နိုင်ပါသည်။ Mr. Clean ဖြစ်ခ့ဲတာပင် ပြန်သံသယဝင်မိသည်။ ဘယ်လို ခိုးရမယ်ဆိုတာလောက်တောင် မသိသူများလား။
ဗိုလ်ချုပ်သိန်းစိန်ကိစ္စကတော့ ပြီးမှာ သေချာနေပါပြီ။ ကြံ့ဖွံ့ပါတီကပင် သမတလောင်း သူ့ကို ပြန်ရွေးမည် မထင်တော့။ ကံဇာတာ ကုန်ပြီဆိုတ့ဲ သဘော။ ကျွန်တော် ဘယ်လဲ၊ ဘာလဲ မေးချင်သည်က နောက်ဗိုလ်ချုပ်တဦးဖြစ်တ့ဲ ဗိုလ်ချုပ်မင်းအောင်လှိုင် ကိုပါ။
သူသည်လဲ ဗိုလ်ချုပ်သန်းရွှေ ရွေးပေးခ့ဲသူ ဖြစ်သည်။ စီးပွားရေး သောင်းကျန်းမှုလည်း ဆိုးဆိုးရွားရွား နာမည်ပျက်ခ့ဲတာ မကြားဘူး။ ဗိုလ်ချုပ်သိန်းစိန်လိုပင် တာဝန်ထမ်းဆောင်စဉ်ကလဲ ဘာမျှ ထူးထူးထွေထွေ လုပ်ပြခ့ဲတာ ရှိဟန်မတူ။ လူကြီးကြိုက်အောင် လုပ်ပြတာမျိုးဘဲ ရှိခ့ဲလိမ့်မည်။ ခုအချိန်တွင် ဗိုလ်ချုပ်မင်းအောင်လှိုင် ဘာဆက်လုပ်မည်ဆိုတာက အရေးပါလာပါပြီ။ အရင်က သမတကို ကွယ်၍နေလို့ရသော်လည်း ခုလို သမတ ဂုဏ်သိက္ခာ ကျချိန်တွင် မိမိပါ နာမည်ပျက်နိုင်သည်။ လေးပွင့် ခြောက်ပွင့်လို ဆွေးနွေးပွဲများတွင် ကိုယ်ပိုင်အသံ ပြဖို့ လိုလာပြီဟု ထင်ပါသည်။ အရင်လို ၂၀၀၈အတိုင်းသာဟု ဓာတ်ပြားထပ်နေလျှင် အရည်အချင်း မဖော်ပြနိုင်ရာ ရောက်တော့မည်ဟု ထင်မိကြောင်းပါ။
ဗိုလ်ချုပ်မင်းအောင်လှိုင် ဘယ်လဲ၊ဘာလဲ။
XxXxXx
(Zawgyi version)
05 April 2015
ယနေ့ခေတ်မှီ တရုပ်ပြည်
(Unicode version )
မနေ့က တရုပ်တံတားဆောက်လုပ်ရေးအဖွဲ့့. မြန်မာ့မြေပေါ် အလံလာစိုက်သဖြင့် မျိုးချစ်သူများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ဟိုတခါ ဗုံးကျဲလွန်သွား၍ တောင်းပန်ပြီး ရော်ကြေးပေးသည်နှင့် တိုက်ဆိုင်သဖြင့် ဟားသူက ဟားနေကြသည်။ ဘာကိစ္စဖြစ်ဖြစ် ရွှေဗမာတွေကတော့ အချင်းချင်း နှစ်ခြမ်းကွဲပြီး ဖြစ်နေပြီ။
ဒါပေမ့ဲ ဒီတခါ မျိုးချစ်သူများ လောက်ကိုင်ကိစ္စလောက် မဟော့တော့။ အဲဒီတုံးက ဖေ့ဘုတ်ပေါ်မှာ ပရိုဖိုင်ပုံတွေ ပြောင်းပြီး တရုပ်စစ်တပ်ကို ဝါးရင်းတုတ်ဖြင့် ရင်ဆိုင်မည့် လေသူရဲကောင်းတွေ ဖေ့ဘုတ်ပေါ်မှာ ပေါ်လာသည်။ မြန်မာစစ်တပ်တွင်ရှိသည့် အည့ံဆုံးသေနတ်ပင် ပစ်တတ်ဟန်မတူသဖြင့် ဝါးရင်းတုတ် သတိရဟန်တူသည်။ ၁၈၀၀ကျော်က အင်္ဂလိပ်တပ်လက်နက်တောင် မနိုင်တာ မေ့နေဟန်တူသည်။ သတ္တိတော့ လေးစားတယ်။
ဤတွင် ကျွန်တော်တို့ ဇတ်လိုက်ကျော် ချစ်ရွှေကြီးက ရှင်းပြပေးပါသည်။ သူတို့ တရုပ်ပြည် ဘယ်လောက်တိုးတက်တယ်ဆိုတာ မသိသေးလို့ပါ။ သိယင် ပြောရဲမှာ မဟုတ်ဘူး။ တရုပ်ပြည်က စီးပွားရေး နိုင်ငံရေး စစ်ရေး ဘက်ပေါင်းစုံက တိုးတက်သွားတာ။ အဆုံးစွန် တရုပ်တွေ ဘယ်လောက်တိုးတက်သလဲဆိုတော့ သူတို့့ ခေါက်ဆွဲစားရင်တောင် အရင်လို တူနှစ်ချောင်းနဲ့ မစားတော့ဘူး။ တူသုံးချောင်းနဲ့ စားနေကြပြီတ့ဲ။
ကဲ၊ မျိုးချစ်တွေ ကြပ်ကြပ်သတိထား။
XxXxXx
(Zawgyi version)
02 April 2015
Save SHWEDAGONE.
ရွှေတိဂုံဘုရားသည် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်ကြည်ညိုစရာ မကတော့ပါ။ မြန်မာနိုင်ငံ၏ သင်္ကေတ ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာ အပေါင်းစုဝေးရာ ဌာနဖြစ်နေပါပြီ။ သာမန်ဘာသာရေး အဆောက်အအုံ တခုထက် များစွာကျော်လွန်ပြီး မြန်မာ့ဗိသုကာ မြန်မာ့ပန်းဆယ်မျိုးကို ကမ္ဘာသိစေသည့် နေရာဖြစ်နေပါပြီ။ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို လာလည်သူ ပြည်တွင်းဘုရားဖူးများသာမက ပြည်ပမှ လာလည်သူ ဘာသာခြား တိုးရစ်များပင် ရင်သပ်ရှုမောဖြင့် လာကြည့်ကြရသည့် အထွဋ်အမြတ်နေရာ တခုပါ။
သို့သော် မကြာမီကစ၍ မြင်ရ ဖတ်ရ ကြားလာရသည့် သတင်းအချို့က ရွှေတိဂုံဘုရားကြီး ရေရှည်တည့်တံ့ရေးအတွက် စိုးရိမ်စရာ သတင်းများဖြစ်လာသည်။ ပထမဦးစွာ အနောက်ဖက် ပြည်သူ့ဥယာဉ်အတွင်း အဆောက်အဦးများ ဆောက်ခွင့်ပြုခြင်းဖြစ်သည်။ အများက ကန့်ကွက်၍သာ အထပ်မြင့် မဆောက်တာထင်ပါသည်။ စီးပွားရေး ဆိုင်များဖြစ်သဖြင့် ဆောက်ခွင့်ရရန် သက်ဆိုင်ရာများသို့ လျှောက်ထားခဲ့မည်ထင်သည်။ ထိုအဆောက်အဦးများအတွက် ရေမိလ္လာကိစ္စများ မည်သို့ ခွင့်ပြုခဲ့သလဲ မသိပါ။
ရွှေတိဂုံ တဝိုက်တွင် အဝီစိတွင်းများ တူးခြင်းသည် မြေအောက်တွင် ဂလှိုင်များ ဖြစ်ပေါ်စေသောကြောင့် အထူးအန္တရယ်များကြောင်း ဖတ်လိုက်ရပါသည်။ ယခင်က မစဉ်းစားမိသော ကိစ္စမျိုးပါ။ မဆလခေတ်ကတည်းက ရန်ကုန်ကို ရေလုံလောက်စွာ မပေးနိုင်သဖြင့် အဝီစိတွင်းများ ခိုးတူး၍ သုံးလာခဲ့ကြသည်။ နောက်ပိုင်းစစ်အစိုးရလက်ထက်တွင် ရန်ကုန်မြူကိုယ်တိုင်က တူး၍ရေပေးနေခဲ့ရသည်။ ခုချိန် ပြန်စဉ်းစားသင့်ပါသည်။ ဘန်ကောက်မြို့ကြီးလဲ တချိန်က မြေအောက်ရေ အလွန်အကျွန်ထုတ်မှုကြောင့် ကျွံခဲ့သည်ကို အမှတ်ရမိပါသည်။
နောက်တချက်က ဦးဝိစာရအဂိုင်း အနီးက အထပ်မြင့် အိမ်ယာမျိုးပါ။ အထပ်မြင့်များအတွက် မြေအောက်သို့ အုတ်မြစ်ပိုင် ရိုက်ရာတွင် တုန်ခါမှုကြောင့် မြေပြိုနိုင်ခြင်းကို အထူးဂရုပြုသင့်သည်။ လွန်ခဲ့သောနှစ်လေးဆယ်ကျော်ခန့်က ရွှေတိဂုံအနောက်ဖက် ဝတ္တကမြေ ပြိုခဲ့ဘူးရာ ဦးဝိစာရလမ်းပေါ် မောင်းနေသောကားများပင် ခါရမ်းသွားဘူးသည်ကို သိထားရပါမည်။
ယခုနောက်ပိုင်း ကြားရတဲ့အထဲ အဆိုးဆုံးမှာ ဘုရားကြီးတောင်ဖက် စစ်တပ်ပိုင်မြေထဲတွင် အိမ်ယာများ ဆောက်မည့်သတင်းဖြစ်သည်။ ဂျာနယ်သတင်းစာများတွင် အကြီးအကျယ် ကြော်ငြာနေသော ဒဂုံစီးတီးကွန်ဒို ဖြစ်သည်။ အလွန်အန္တရယ် များသည်ဟု ကြားရပါသည်။ ဘုရားရင်ပြင်တော် အမြင့်ထက် ပိုမမြှင့်ရဟု ကန့်သတ်လိုက်သည့်အတွက် လက်ရှိ မြေပြင်အောက် ငါးထပ်ခန့် မြေအောက်တူး၍ ဆောက်မည်ဟုသိရသည်။ ထို့အောက်သို့ အုတ်မြစ်ပိုင်တူးပါက ရွှေတိဂုံကုန်းတော် အပါအဝင် မဟာဝိဇယစေတီ အလံပြဘုရားတို့ပါ မြေပြိုနိုင်မလား သေချာစစ်ဆေးသင့်ပါသည်။ အတိအကျ မပြောနိုင်ပါက ဤကိစ္စသည် calculated risk လုံးဝမယူသင့်ဟုထင်ပါသည်။
စစ်တပ်မြေတွင် ကွန်ဒိုဆောက်သည့်ကိစ္စမှာ မည်သူ့အတွက် အကျိုးများမလဲ မသိပါ။ မည်သူပင်ဖြစ်စေ ရွှေတိဂုံဘုရား ရေရှည်အကျိုးထိခိုက်မည်ဆိုလျှင် ရှောင်မည်ထင်ပါသည်။ တည်ဆောက်မည့် ကုမ္ပဏီသည် စင်ကာပူမှ ဖြစ်သဖြင့် သေချာရှင်းပြ၍ နေရာပြောင်းသင့်ပါသည်။ ထိုနေရာကို ရွှေတိဂုံ ကန်တော်ကြီး တိရိစ္ဆာန်ဥယာဉ် ပြည်သူ့ရင်ပြင်တို့နှင့် တဆက်တစပ်ထဲ ပြည်သူများ အပန်းဖြေနေရာသာ လုပ်သင့်ပါသည်။ ပြည်ပမှ မြို့ကြီးများတွင် ခေတ်မှီကွန်ကရိ အဆောက်အအုံများအလယ်တွင် သစ်ပင်ကြီးများဖြင့် ပန်းခြံများ တွေ့ရသည်မှာ အဖိုးတန်သည်ဟု ထင်မိသောကြောင့်ပါ။
ထိုကွန်ဒိုများ ဆောက်ခွင့်ပြုသူ အစိုးရမင်းများလဲ ချမ်းသာပြီး ဖြစ်ပါသည်။ ပါမစ်ပေးရသူ ရန်ကုန်မြူမင်းများလဲ ချမ်းသာပြီး ဖြစ်ပါသည်။ မြေပိုင်ရှင် ဗိုလ်ချုပ်ကြီးများလဲ ချမ်းသာပြီးဖြစ်ပါသည်။ အားလုံးသည်လဲ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလိမ့်မည်။ နဂိုရ်က လောဘကြောင့် မသိဘဲ ခွင့်ပြုခဲ့တာဘဲ ဖြစ်ပါလိမ့်မည်။ ယခုကဲ့သို့ မြန်မာ့သင်္ကေတ ရွှေတိဂုံဘုရားကြီး ရေရှည်တည်တံ့ရေး ထိခိုက်မည်ဆိုလျှင် ပြန်လည်စဉ်းစားလိမ့်မည်ဟု ထင်မိပါကြောင်း။
မဟာရန်ကုန်,
ရွှေတိဂုံ,
အာပလာ
01 April 2015
လီကွမ်ယူလိုလူ
(Unicode version)
တစ်ပူးသတင်းစာတွင် လီကွမ်ယူဆောင်းပါး နောက်ဆက်တွဲ ဂယက်ထခ့ဲပါသည်။ လီကို ချီးကျူးသည့် မန့်များက မဆန်းပါ။ သူ့ကို မလိုသည့်သူများ၏ မှတ်ချက်များကတော့ လွန်စွာပင် အံ့သြမိပါသည်။ မှတ်မိသလောက် ရေးကြည့်ပါမည်။
* စင်ကာပူသည် နိုင်ငံသေးလေးဖြစ်သောကြောင့် လုပ်နိုင်ခြင်းဖြစ်သည်။
*လူဦးရေ နည်းသောကြောင့် ဖြစ်သည်။
*နိုင်ငံတည်နေရာ ကောင်းသောကြောင့်ဖြစ်သည်။
*သယံဇာတ မရှိသောကြောင့်ဖြစ်သည်။
*လီသည် တရုပ်လူမျိုးဖြစ်သောကြောင့် စီးပွားရေး ကျွမ်းကျင်သည်။
*အင်္ဂလိပ်ကိုလိုနီထံမှ စံနစ်ကောင်း Infrastructure ကောင်းများ ရလိုက်၍ဖြစ်သည်။
*အာဏာရှင်လို အုပ်ချုပ်သောကြောင့်ဖြစ်သည်။
စသည်ဖြင့် မျိုးစုံနေပါသည်။ အားလုံးကို မငြင်းချင်ပါ။ လက်ခံပါသည်။ လူအများပြောကြသည်များ အားလုံးသည် စင်ကာပူအတွက် ထိုစဉ်က လက်ရှိပြကတေ့ အခြေအနေပင် ဖြစ်သည်။ ဆရာကြီး မောင်စူးစမ်း၏ စကားလုံးအတိုင်းဆိုလျှင် ပေးထားချက်ဖြစ်သည်။
လီကွမ်ယူသည် ထိုသို့ ရှိသည့် အခြေအနေမှပင် ပထမကမ္ဘာ ရောက်အောင် စင်ကာပူကိုပို့ခ့ဲသည်။ အများဝေဖန်သက့ဲသို့ မြန်မာနိုင်ငံအပေါ် ကောင်းခြင်း မကောင်းခြင်းက တကိစ္စဖြစ်သည်။ ဒါတောင် မြန်မာ့အပေါ် ဆက်ဆံမှုကို စင်ကာပူဖက်မှ ကြည့်ပါက သူတို့အတွက် အကျိုးရှိနေမည်မှာ သေချာသည်။ သူတို့ဖက်ကကြည့်တော့ သစ္စာဖောက် ကိုယ့်ဖက်ကကြည့်တော့ သူရဲကောင်းပေါ့။
နောက်တချက်က လီကို မြန်မာပြည် ခေါင်းဆောင်နဲ့ တိုက်ရိုက်ယှဉ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ ဆိုလိုသည်မှာ လက်ရှိအခြေအနေမှ တိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်သည့် အရည်အချင်း ကိုပါ။ လှေနံဓားထစ် မစဉ်းစားကြေစလိုပါ။ မြန်မာပြည်အတွက် တိုးတက်ရန် စဉ်းစားကြံဆောင်နိုင်သူသာ လိုပါသည်။ လက်ရှိ လီကွမ်ယူ ကွယ်လွန်ချိန်တွင်သာ သတိရ၍ ဥပမာပေးခြင်းလည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် တော်သော ခေါင်းဆောင်များ ပေါ်ထွက်ခ့ံဲပါြပ်ီ။ လက်ရှိအချိန်တွင် မြင်သာသည့် ခေါင်းဆောင်ကို ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါကြောင်း။
XxXxXx
(Zawgyi version)