08 August 2014

သြဂုတ်​လ

(Unicode version)

ကျွန်​​တော်​ ငယ်​ငယ်​ကပင်​ မကြိုက်​ခ့ဲ​သော ပြက္ခဒိန်​ မှ အင်္ဂလိပ်​လ ရှိသည်​။ သြဂုတ်​ လပင်​ ဖြစ်​ပါသည်​။ သြဂုတ်​လသည်​ ပြက္ခဒိန်​တွင်​ ရှစ်​လ​မြောက်​ လ ဖြစ်​သဖြင်​့ ၈ ဂဏန်​း သမား ကျွန်​​တော်​့အတွက်​ သ​ဘောကျစရာလ ဖြစ်​သင်​့သည်​။သို့​သော်​ မကြိုက်​ပါ။



မကြိုက်​ရခြင်​းမှာ၊ မရီကြပါနှင်​့၊ အစိုးရ ရုံးပိတ်​ရက်​ (Gazetted Holidays ) မရှိ​သော ​ကြောင်​့ပါ။ ငယ်​စဉ်​ကပင်​ ​ကျောင်​းတက်​ပျင်​းသဖြင်​့ ပြက္ခဒိန်​ကို ကြည်​့မိတိုင်​း သြဂုတ်​လကို စိတ်​ညစ်​သည်​။ အနီ​လေးဖြင်​့ ​ဖော်​ပြထား​သော ပိတ်​ရက်​ တရက်​မှမရှိ။ ပုံမှန်​ စ​နေနှင်​့ တနင်္ဂ​နွေ ​တွေသာရှိသည်​။



ပြက္ခဒိန်​လ ၁၂ လတွင်​ ၃၁ရက်​ရှိ​သော လများမှာ ၇လ ရှိ​သော်​လည်​း ထိုလတိုင်​းတွင်​ အစိုးရရုံးပိတ်​ရက်​ အသီးသီး ရှိကြသည်​။ ဇန်​နဝါရီလတွင်​ လွတ်​လပ်​​ရေး​နေ့၊ ​မေလတွင်​ အလုပ်​သမား​နေ့၊ ​အောက်​တိုဘာလတွင်​ သီတင်​းကျွတ်​လပြည်​့​နေ့ စသဖြင်​့ တရက်​မရှိ တရက်​ရှိကြပါသည်​။ ဇွန်​လ နှင်​့ စက်​တင်​ဘာလများတွင်​ ရုံးပိတ်​ရက်​ မရှိ​သော်​လည်​း ၃၀ရက်​ သပ်​​သောလများ ဖြစ်​၍လားမသိ၊ ကျွန်​​တော်​ သ​ဘောမကျ မဖြစ်​ခ့ဲ။



ခုလဲ ၂၀၁၄ ရဲ့ သြဂုတ်​လ ​ရောက်​​နေပါပြီ။ ပိတ်​ရက်​ တရက်​မှမရှိ။ ဒီလိုလ မျိုးတွင်​ မိုးကလဲ အဆက်​မပြတ်​ ရွာတတ်​ရာ ​ကျောင်​းသွား ရုံးတက်​ဖို့ လွန်​စွာ ပျင်​းဖို့​သာကောင်​း​တော့သည်​။ ငယ်​စဉ်​ကပင်​ စွဲခ့ဲသည်​့ အစွဲ၊ ခုတိုင်​မြဲဆဲပင်​။



သို့​သော်​ မိုး​လေ၀သ ဆရာကြီး ရှယ်​ထား​သော ​ဖေ့ဘုတ်​မှ စာတပိုဒ်​ကို ဖတ်​ရမှ ဤနှစ်​ သြဂုတ်​လ၏ ထူးခြားချက်​များကို သိရပါသည်​။ သြဂုတ်​လတွင်​ ၃၁ရက်​ ရှိ​သော်​လည်​း ဤနှစ်​တွင်​ ​သောကြာ​နေ့ ငါးရက်​၊ စ​နေ​နေ့ ငါးရက်​၊ တနင်္ဂ​နွေ​နေ့ ငါးရက်​၊ ရှိသည်​ဆိုပါလား။ ဒါမျိုးက နှစ်​​ပေါင်​းရာချီမှ တခါသာ ဖြစ်​နိုင်​သတ့ဲ။ မယုံသူများ ပြက္ခဒိန်​ ​ရှေ့နှစ်​​နောက်​နှစ်​များ ပြန်​လှန်​စစ်​ကြပါ။ ကျွန်​​တော်​​တော့ ဆရာကြီးကို ယုံလိုက်​ပါသည်​။



​နောက်​ထူးခြားချက်​တခုက ယခုနှစ်​ သြဂုတ်​လတွင်​ ပြည်​့မည်​့ ဝါ​ခေါင်​လပြည်​့တွင်​ ကမ္ဘာကြီးနဲ့လ အနီးဆုံး ဖြစ်​မည်​။ ထို့အတွက်​ ထူးကဲ ဒီ​ရေတက်​ပါလိမ်​့မည်​တ့ဲ။ ထူးကဲဒီ​ရေသည်​ ထူးခြားဖြစ်​စဉ်​ မဟုတ်​ပါ။ မကြာခဏဆိုသလို သတင်​းစာများတွင်​ သတိ​ပေးတာ ဖတ်​ရ​လေ့ရှိပါသည်​။



ပိုဆိုးကုန်​သည်​မှာ ​ဗေဒင်​ဆရာ တ​ယောက်​က ထိုသို့ လနှင်​့ကမ္ဘာကြီး နီးသည်​့ ဖြစ်​စဉ်​​ကြောင်​့ ငလျှင်​ကြီးများ လှုပ်​ပြီး ဆူနာမီလို ​ရေကြီးနိုင်​သည်​ဟု ​ဟောလိုက်​​သောအခါ ရှုပ်​ကုန်​​တော့သည်​။ ​ဗေဒင်​ ​ဟောတာ အရင်​က အ​ရေးမစိုက်​​ခ့ဲသော်​လည်​း ပြီးခ့ဲသည်​့ သုံးရက်​က ရန်​ကုန်​ကို ဗဟိုပြုပြီး ငလျှင်​ လှုပ်​လိုက်​​တော့ ​ရေကြီးမှာ စိုးကုန်​ကြ​တော့သည်​။ ဒီအထဲ ဝါ​ခေါင်​ လပြည်​့တွင်​ လနဲ့ကမ္ဘာ အနီးဆုံးဖြစ်​၍ ဒီ​ရေတက်​မှာ ​တွေးပူ​နေကြသည်​။



မြစ်​​ချောင်​း ကမ်​းနား ​နေသူများက​တော့ သတိ​လေးရှိကြဖို့ လိုပါလိမ်​့မည်​။ ကျန်​သူများက​တော့ ဒီ​လောက်​ ​ကြောက်​စရာ မလိုပါ။ ငလျှင်​ ဆိုသည်​ကလဲ လှုပ်​ချင်​သည်​့ အချိန်​တွင်​ လှုပ်​သည်​ဖြစ်​ရာ မိမိ အစိုးမရသည်​့ ကိစ္စသာ ဖြစ်​ပါသည်​။ ဒါကိုမှ စိုးရိမ်​​နေ​သေးလျှင်​ မိမိရသည်​့ ပရိတ်​သာရွတ်​​နေကြပါ​တော့။



လာမည်​့ တနင်္ဂ​နွေ​နေ့သည်​ လနဲ့ကမ္ဘာကြီး အနီးဆုံးဖြစ်​မည်​့ရက်​ ဖြစ်​ပါသည်​။ ဟီးဟီး ဟီးဟီး ။ ကျွန်​​တော်​​တော့ လုံး၀မ​ကြောက်​ပါဘူး။ ဟဲဟဲ။ ဟဲဟဲ။



XxXxXx

(Zawgyi version)

ကြၽန္​​ေတာ္​ ငယ္​ငယ္​ကပင္​ မႀကိဳက္​ခ့ဲ​ေသာ ျပကၡဒိန္​ မွ အဂၤလိပ္​လ ႐ွိသည္​။ ၾသဂုတ္​ လပင္​ ျဖစ္​ပါသည္​။ ၾသဂုတ္​လသည္​ ျပကၡဒိန္​တြင္​ ႐ွစ္​လ​ေျမာက္​ လ ျဖစ္​သျဖင္​့ ၈ ဂဏန္​း သမား ကြၽန္​​ေတာ္​့အတြက္​ သ​ေဘာက်စရာလ ျဖစ္​သင္​့သည္​။သို႔​ေသာ္​ မႀကိဳက္​ပါ။

မႀကိဳက္​ရျခင္​းမွာ၊ မရီၾကပါႏွင္​့၊ အစိုးရ ရံုးပိတ္​ရက္​ (Gazetted Holidays ) မ႐ွိ​ေသာ ​ေၾကာင္​့ပါ။ ငယ္​စဥ္​ကပင္​ ​ေက်ာင္​းတက္​ပ်င္​းသျဖင္​့ ျပကၡဒိန္​ကို ၾကည္​့မိတိုင္​း ၾသဂုတ္​လကို စိတ္​ညစ္​သည္​။ အနီ​ေလးျဖင္​့ ​ေဖာ္​ျပထား​ေသာ ပိတ္​ရက္​ တရက္​မွမ႐ွိ။ ပံုမွန္​ စ​ေနႏွင္​့ တနဂၤ​ေႏြ ​ေတြသာ႐ွိသည္​။

ျပကၡဒိန္​လ ၁၂ လတြင္​ ၃၁ရက္​႐ွိ​ေသာ လမ်ားမွာ ၇လ ႐ွိ​ေသာ္​လည္​း ထိုလတိုင္​းတြင္​ အစိုးရရံုးပိတ္​ရက္​ အသီးသီး ႐ွိၾကသည္​။ ဇန္​န၀ါရီလတြင္​ လြတ္​လပ္​​ေရး​ေန႔၊ ​ေမလတြင္​ အလုပ္​သမား​ေန႔၊ ​ေအာက္​တိုဘာလတြင္​ သီတင္​းကြၽတ္​လျပည္​့​ေန႔ စသျဖင္​့ တရက္​မ႐ွိ တရက္​႐ွိၾကပါသည္​။ ဇြန္​လ ႏွင္​့ စက္​တင္​ဘာလမ်ားတြင္​ ရံုးပိတ္​ရက္​ မ႐ွိ​ေသာ္​လည္​း ၃၀ရက္​ သပ္​​ေသာလမ်ား ျဖစ္​၍လားမသိ၊ ကြၽန္​​ေတာ္​ သ​ေဘာမက် မျဖစ္​ခ့ဲ။

ခုလဲ ၂၀၁၄ ရဲ႕ ၾသဂုတ္​လ ​ေရာက္​​ေနပါၿပီ။ ပိတ္​ရက္​ တရက္​မွမ႐ွိ။ ဒီလိုလ မ်ိဳးတြင္​ မိုးကလဲ အဆက္​မျပတ္​ ရြာတတ္​ရာ ​ေက်ာင္​းသြား ရံုးတက္​ဖို႔ လြန္​စြာ ပ်င္​းဖို႔​သာေကာင္​း​ေတာ့သည္​။ ငယ္​စဥ္​ကပင္​ စြဲခ့ဲသည္​့ အစြဲ၊ ခုတိုင္​ျမဲဆဲပင္​။

သို႔​ေသာ္​ မိုး​ေလ၀သ ဆရာႀကီး ႐ွယ္​ထား​ေသာ ​ေဖ့ဘုတ္​မွ စာတပိုဒ္​ကို ဖတ္​ရမွ ဤႏွစ္​ ၾသဂုတ္​လ၏ ထူးျခားခ်က္​မ်ားကို သိရပါသည္​။ ၾသဂုတ္​လတြင္​ ၃၁ရက္​ ႐ွိ​ေသာ္​လည္​း ဤႏွစ္​တြင္​ ​ေသာၾကာ​ေန႔ ငါးရက္​၊ စ​ေန​ေန႔ ငါးရက္​၊ တနဂၤ​ေႏြ​ေန႔ ငါးရက္​၊ ႐ွိသည္​ဆိုပါလား။ ဒါမ်ိဳးက ႏွစ္​​ေပါင္​းရာခ်ီမွ တခါသာ ျဖစ္​ႏိုင္​သတ့ဲ။ မယံုသူမ်ား ျပကၡဒိန္​ ​ေ႐ွ႕ႏွစ္​​ေနာက္​ႏွစ္​မ်ား ျပန္​လွန္​စစ္​ၾကပါ။ ကြၽန္​​ေတာ္​​ေတာ့ ဆရာႀကီးကို ယံုလိုက္​ပါသည္​။

​ေနာက္​ထူးျခားခ်က္​တခုက ယခုႏွစ္​ ၾသဂုတ္​လတြင္​ ျပည္​့မည္​့ ၀ါ​ေခါင္​လျပည္​့တြင္​ ကမာၻၾကီးနဲ႔လ အနီးဆံုး ျဖစ္​မည္​။ ထို႔အတြက္​ ထူးကဲ ဒီ​ေရတက္​ပါလိမ္​့မည္​တ့ဲ။ ထူးကဲဒီ​ေရသည္​ ထူးျခားျဖစ္​စဥ္​ မဟုတ္​ပါ။ မၾကာခဏဆိုသလို သတင္​းစာမ်ားတြင္​ သတိ​ေပးတာ ဖတ္​ရ​ေလ့႐ွိပါသည္​။

ပိုဆိုးကုန္​သည္​မွာ ​ေဗဒင္​ဆရာ တ​ေယာက္​က ထိုသို႔ လႏွင္​့ကမာၻႀကီး နီးသည္​့ ျဖစ္​စဥ္​​ေၾကာင္​့ ငလွ်င္​ႀကီးမ်ား လႈပ္​ၿပီး ဆူနာမီလို ​ေရႀကီးႏိုင္​သည္​ဟု ​ေဟာလိုက္​​ေသာအခါ ႐ႈပ္​ကုန္​​ေတာ့သည္​။ ​ေဗဒင္​ ​ေဟာတာ အရင္​က အ​ေရးမစိုက္​​ခ့ဲေသာ္​လည္​း ၿပီးခ့ဲသည္​့ သံုးရက္​က ရန္​ကုန္​ကို ဗဟိုျပဳၿပီး ငလ်ွင္​ လႈပ္​လိုက္​​ေတာ့ ​ေရႀကီးမွာ စိုးကုန္​ၾက​ေတာ့သည္​။ ဒီအထဲ ၀ါ​ေခါင္​ လျပည္​့တြင္​ လနဲ႔ကမာၻ အနီးဆံုးျဖစ္​၍ ဒီ​ေရတက္​မွာ ​ေတြးပူ​ေနၾကသည္​။

ျမစ္​​ေခ်ာင္​း ကမ္​းနား ​ေနသူမ်ားက​ေတာ့ သတိ​ေလး႐ွိၾကဖို႔ လိုပါလိမ္​့မည္​။ က်န္​သူမ်ားက​ေတာ့ ဒီ​ေလာက္​ ​ေၾကာက္​စရာ မလိုပါ။ ငလ်ွင္​ ဆိုသည္​ကလဲ လႈပ္​ခ်င္​သည္​့ အခ်ိန္​တြင္​ လႈပ္​သည္​ျဖစ္​ရာ မိမိ အစိုးမရသည္​့ ကိစၥသာ ျဖစ္​ပါသည္​။ ဒါကိုမွ စိုးရိမ္​​ေန​ေသးလွ်င္​ မိမိရသည္​့ ပရိတ္​သာရြတ္​​ေနၾကပါ​ေတာ့။

လာမည္​့ တနဂၤ​ေႏြ​ေန႔သည္​ လနဲ႔ကမာၻႀကီး အနီးဆံုးျဖစ္​မည္​့ရက္​ ျဖစ္​ပါသည္​။ ဟီးဟီး ဟီးဟီး ။ ကြၽန္​​ေတာ္​​ေတာ့ လံုး၀မ​ေၾကာက္​ပါဘူး။ ဟဲဟဲ။ ဟဲဟဲ။


03 August 2014

မြန်​မာပြည်​ နဲ့ PR

(Unicode version )

ကျွန်​​တော်​သည်​ အ​ပျော်​တမ်​း စာဖတ်​​နေသူတဦးသာ ဖြစ်​ပါသည်​။ PR ကို ​ရေးလို့ လွန်​စွာ နားလည်​သူ မဟုတ်​ပါ။ ယ​နေ့ မြန်​မာနိုင်​ငံမှာ ဒီကိစ္စကို အများဆုံး​တွေ့​နေရ၍သာ ​ရေးကြည်​့တာပါ။ သ​ဘောမတူသူများ နားလည်​​ပေး​စေချင်​ပါသည်​။



နှစ်​ပိုင်​းခွဲ၍ ​ပြောလိုပါသည်​။ ပထမအ​နေဖြင်​့ PR သည်​ မ​ကောင်​း​သော ​ရွေး​ကောက်​ပွဲ စံနစ်​မဟုတ်​ပါ။ အများစု နားလည်​လွယ်​ အသုံးပြု​နေ​သော မဲများသူနိုင်​ (FPTP) စံနစ်​၏ အားနည်​းချက်​များကို ပြုပြင်​၍ ထွင်​လာ​သော မဲစံနစ်​ ဖြစ်​သည်​။ ထုံးစံအတိုင်​း လုံး၀ပြီးပြည်​့စုံ​သော စံနစ်‌ မရှိ၍ PRစံနစ်​ မျိုးကွဲများ ​ပေါ်လာပါသည်​။ ကျင်​့သုံး​သော နိုင်​ငံများအလိုက်​ အားနည်​းချက်​ အားသာချက်​များ ရှိ​နေပါသည်​။



ခုလက်​ရှိ မြန်​မာပြည်​အတွက်​ PRစံနစ်​ တခုမှ မလုပ်​သင်​့ဟု ငြင်​း​နေကြခြင်​း မဟုတ်​ပါ၊ လက်​ရှိ အသက်​ရှင်​​နေ​သော မြန်​မာပြည်​သားများ၏ ၁၀%ခန်​့သာ လွပ်​လပ်​စွာ မဲ​ပေးဘူးခ့ဲကြပါလိမ်​့မည်​။ ၂၀၁၂ မပါ​ပေါ့။ ကျန်​အများစုသည်​ ဆန္ဒမဲကိုပင်​ မှန်​​အောင်​ မနည်း ​​ပေးနေရသည်​။ ၂၀၁၂တုံးကပင်​ ဟုတ်​မှဟုတ်​ပါ့မလားဟု​သော သံသယများဖြင်​့ ​ပေးခ့ဲကြရပြီး ရလာဒ်​ကို ​တွေ့မှသာ သက်​ပြင်​းချနိုင်​ခ့ဲကြရတာပါ။ ဆိုလိုသည်​မှာ မဲ ဆိုတာကို မြန်​မာ​တွေ အကျွမ်​းတ၀င်​ မဖြစ်​​သေးပါ။ သို့အတွက်​​ကြောင်​့ မြန်​မာပြည်​တွင်​ PR အသုံးပြုရန်​ မသင်​့​ကြောင်​း ​ပြော​နေကြခြင်​းဖြစ်​သည်​။ " ​ဟေ့​ကောင်​၊ ငါတို့လဲ သိတယ်​။ ဒါ​ပေမ့ဲ ဒီလိုလုပ်​မှ ငါတို့ လွှတ်​​တော်​ထဲ ​ရောက်​မှာကွ " ဟု သိသိနှင်​့ ကိုယ့်​အ​ခြေအ​နေကိုယ်​သိ၍ လုပ်​လျှင်​​တော့ ​နောက်​တမျိုး စဉ်​းစားထားရပါမည်​။



ကျွန်​​တော်​ ​ပြောချင်​​သော ဒုတိယပိုင်​း​ပေါ့။ ကဲ လက်​ရှိ အာဏာရထားသူ​တွေ ညစ်​​သော​ကြောင်​့PRကို သုံးပြီဆိုပါ​တော့။ လက်​ရှိအစိုးရကို မကြိုက်​​သောသူများ ၊ လက်​ရှိ အုပ်​စိုး​နေ​သော စံနစ်​ကို မကြိုက်​သူများတွင်​ တာ၀န်​တခု ပိုလာပါ​တော့မည်​။ သိပ်​ကြီးကြီးကျယ်​ကျယ်​ မဟုတ်​ပါ။ ​ရွေး​ကောက်​ပွဲ ကျင်​းပချိန်​တွင်​ မိမိနှစ်​သက်​​သော ပုဂိ္ဂုလ်​ / ပါတီကို မဲ မပျက်​မကွက်​​ပေးရန်​သာ ဖြစ်​သည်​။ အရင်​ကလို ငါမ​ပေးလဲ သူများ​တွေ ​ပေးမှာပါဟူ​သော အ​တွေးမျိုး မဖြစ်​ပါ။ မည်​သည်​့ PRစံနစ်​ မဆို တမဲခြင်​းအထိ ​ရေတွက်​မည်​ဖြစ်​သဖြင်​့ မဖြစ်​မ​နေ မဲ​ပေးကြရပါမည်​။ မိမိ၏ မဲတမဲ ​လျှော့သွားသဖြင်​့ မိမိနှစ်​သက်​​သောပါတီ နစ်​နာယုံမက တခြားသူများတွင်​ အားသာသွားပါမည်​။ မိ​အေးနှစ်​ခါနာ ဖြစ်​သွားပါမည်​။ ဒီမိုက​ရေစီ ဘက်​သားတိုင်​းကသာ နားလည်​သ​ဘော​ပေါက်​၍ မဲ​ပေးလျှင်​ ဘာမျှ စိုးရိမ်​စရာ မရှိပါ။ ယခင်​ အကြိမ်​များက ပျင်​းလို့ ၊ ​ကြောက်​လို့ ၊ အီ​ရောအီ​ရော ​နေတတ်​လို့ ၊ ​ပေါ့တိ​ပေါ့ဆ​နေတတ်​လို့ မဲမ​ပေးခ့ဲသူများ အထူးသတိ ပြု​စေချင်​ပါသည်​။



သို့ဖြစ်​၍ မိမိကိုယ်​တိုင်​လည်​း သ​ဘော​ပေါက်​၍ အခြားသူများကိုလည်​း ရှင်​းပြ စည်​းရုံး ​စေလိုပါသည်​။ ​နောက်​ဆုံး အ​ခြေအ​နေအရ လွတ်​​တော်​ထဲတွင်​ အရူးကွက်​နင်​း၍ ဘာဆက်​လုပ်​မည်​ မသိ​တော့ပါ။ ရုတ်​တရက်​ ကပ်​၍ PRစံနစ်​ဖြင်​့ ​ရွေး​ကောက်​ပွဲ လုပ်​လျှင်​လဲ အဆင်​သင်​့ ဖြစ်​​နေ​စေချင်​​ကြောင်​းပါ ခင်​ဗျား ။

XxXxXx

(Zawgyi version)

ကြၽန္​​ေတာ္​သည္​ အ​ေပ်ာ္​တမ္​း စာဖတ္​​ေနသူတဦးသာ ျဖစ္​ပါသည္​။ PR ကို ​ေရးလို႔ လြန္​စြာ နားလည္​သူ မဟုတ္​ပါ။ ယ​ေန႔ ျမန္​မာႏိုင္​ငံမွာ ဒီကိစၥကို အမ်ားဆံုး​ေတြ႔​ေနရ၍သာ ​ေရးၾကည္​့တာပါ။ သ​ေဘာမတူသူမ်ား နားလည္​​ေပး​ေစခ်င္​ပါသည္​။

ႏွစ္​ပိုင္​းခြဲ၍ ​ေျပာလိုပါသည္​။ ပထမအ​ေနျဖင္​့ PR သည္​ မ​ေကာင္​း​ေသာ ​ေရြး​ေကာက္​ပြဲ စံနစ္​မဟုတ္​ပါ။ အမ်ားစု နားလည္​လြယ္​ အသံုးျပဳ​ေန​ေသာ မဲမ်ားသူႏိုင္​ (FPTP) စံနစ္​၏ အားနည္​းခ်က္​မ်ားကို ျပဳျပင္​၍ ထြင္​လာ​ေသာ မဲစံနစ္​ ျဖစ္​သည္​။ ထံုးစံအတိုင္​း လံုး၀ၿပီးျပည္​့စံု​ေသာ စံနစ္‌ မ႐ွိ၍ PRစံနစ္​ မ်ိဳးကြဲမ်ား ​ေပၚလာပါသည္​။ က်င္​့သံုး​ေသာ ႏိုင္​ငံမ်ားအလိုက္​ အားနည္​းခ်က္​ အားသာခ်က္​မ်ား ႐ွိ​ေနပါသည္​။

ခုလက္​႐ွိ ျမန္​မာျပည္​အတြက္​ PRစံနစ္​ တခုမွ မလုပ္​သင္​့ဟု ျငင္​း​ေနၾကျခင္​း မဟုတ္​ပါ၊ လက္​႐ွိ အသက္​႐ွင္​​ေန​ေသာ ျမန္​မာျပည္​သားမ်ား၏ ၁၀%ခန္​႔သာ လြပ္​လပ္​စြာ မဲ​ေပးဘူးခ့ဲၾကပါလိမ္​့မည္​။ ၂၀၁၂ မပါ​ေပါ့။ က်န္​အမ်ားစုသည္​ ဆႏၵမဲကိုပင္​ မွန္​​ေအာင္​ မနည္း ​​ေပးေနရသည္​။ ၂၀၁၂တံုးကပင္​ ဟုတ္​မွဟုတ္​ပါ့မလားဟု​ေသာ သံသယမ်ားျဖင္​့ ​ေပးခ့ဲၾကရၿပီး ရလာဒ္​ကို ​ေတြ႔မွသာ သက္​ျပင္​းခ်ႏိုင္​ခ့ဲၾကရတာပါ။ ဆိုလိုသည္​မွာ မဲ ဆိုတာကို ျမန္​မာ​ေတြ အကြၽမ္​းတ၀င္​ မျဖစ္​​ေသးပါ။ သို႔အတြက္​​ေၾကာင္​့ ျမန္​မာျပည္​တြင္​ PR အသံုးျပဳရန္​ မသင္​့​ေၾကာင္​း ​ေျပာ​ေနၾကျခင္​းျဖစ္​သည္​။ " ​ေဟ့​ေကာင္​၊ ငါတို႔လဲ သိတယ္​။ ဒါ​ေပမ့ဲ ဒီလိုလုပ္​မွ ငါတို႔ လႊတ္​​ေတာ္​ထဲ ​ေရာက္​မွာကြ " ဟု သိသိႏွင္​့ ကိုယ့္​အ​ေျခအ​ေနကိုယ္​သိ၍ လုပ္​လွ်င္​​ေတာ့ ​ေနာက္​တမ်ိဳး စဥ္​းစားထားရပါမည္​။

ကြၽန္​​ေတာ္​ ​ေျပာခ်င္​​ေသာ ဒုတိယပိုင္​း​ေပါ့။ ကဲ လက္​႐ွိ အာဏာရထားသူ​ေတြ ညစ္​​ေသာ​ေၾကာင္​့PRကို သံုးၿပီဆိုပါ​ေတာ့။ လက္​႐ွိအစိုးရကို မႀကိဳက္​​ေသာသူမ်ား ၊ လက္​႐ွိ အုပ္​စိုး​ေန​ေသာ စံနစ္​ကို မႀကိဳက္​သူမ်ားတြင္​ တာ၀န္​တခု ပိုလာပါ​ေတာ့မည္​။ သိပ္​ႀကီးႀကီးက်ယ္​က်ယ္​ မဟုတ္​ပါ။ ​ေရြး​ေကာက္​ပြဲ က်င္​းပခ်ိန္​တြင္​ မိမိႏွစ္​သက္​​ေသာ ပုဂိၢဳလ္​ / ပါတီကို မဲ မပ်က္​မကြက္​​ေပးရန္​သာ ျဖစ္​သည္​။ အရင္​ကလို ငါမ​ေပးလဲ သူမ်ား​ေတြ ​ေပးမွာပါဟူ​ေသာ အ​ေတြးမ်ိဳး မျဖစ္​ပါ။ မည္​သည္​့ PRစံနစ္​ မဆို တမဲျခင္​းအထိ ​ေရတြက္​မည္​ျဖစ္​သျဖင္​့ မျဖစ္​မ​ေန မဲ​ေပးၾကရပါမည္​။ မိမိ၏ မဲတမဲ ​ေလွ်ာ့သြားသျဖင္​့ မိမိႏွစ္​သက္​​ေသာပါတီ နစ္​နာယံုမက တျခားသူမ်ားတြင္​ အားသာသြားပါမည္​။ မိ​ေအးႏွစ္​ခါနာ ျဖစ္​သြားပါမည္​။ ဒီမိုက​ေရစီ ဘက္​သားတိုင္​းကသာ နားလည္​သ​ေဘာ​ေပါက္​၍ မဲ​ေပးလွ်င္​ ဘာမွ် စိုးရိမ္​စရာ မ႐ွိပါ။ ယခင္​ အႀကိမ္​မ်ားက ပ်င္​းလို႔ ၊ ​ေၾကာက္​လို႔ ၊ အီ​ေရာအီ​ေရာ ​ေနတတ္​လို႔ ၊ ​ေပါ့တိ​ေပါ့ဆ​ေနတတ္​လို႔ မဲမ​ေပးခ့ဲသူမ်ား အထူးသတိ ျပဳ​ေစခ်င္​ပါသည္​။

သို႔ျဖစ္​၍ မိမိကိုယ္​တိုင္​လည္​း သ​ေဘာ​ေပါက္​၍ အျခားသူမ်ားကိုလည္​း ႐ွင္​းျပ စည္​းရံုး ​ေစလိုပါသည္​။ ​ေနာက္​ဆံုး အ​ေျခအ​ေနအရ လြတ္​​ေတာ္​ထဲတြင္​ အ႐ူးကြက္​နင္​း၍ ဘာဆက္​လုပ္​မည္​ မသိ​ေတာ့ပါ။ ႐ုတ္​တရက္​ ကပ္​၍ PRစံနစ္​ျဖင္​့ ​ေရြး​ေကာက္​ပြဲ လုပ္​လွ်င္​လဲ အဆင္​သင္​့ ျဖစ္​​ေန​ေစခ်င္​​ေၾကာင္​းပါ ခင္​ဗ်ား ။

28 July 2014

ဗိုလ်​ချုပ်​ဆန်းဆင့်အ​ကြောင်း။

(Unicode version )

ဗိုလ်​ချုပ်​ဆန်​းဆင်​့ အ​ကြောင်​းဆိုလို့ လန်​့မသွားကြပါနဲ့။ သူ့ကိစ္စ ဘာ​ကြောင်​့ ဖြစ်​ရတာလဲ ဆန်​းစစ်​ကြည်​့ချင်​လို့ပါ။ ဗိုလ်​ချုပ်​ဆန်​းဆင်​့ကို လုံး၀ မသိပါဘူး။ သူ ခုလို ဖြစ်​ရတာ ၀မ်​းလဲမသာသလို ၀မ်​းလဲ မနည်​းမိပါ။ မိမိနှင်​့ လုံး၀ မသက်​ဆိုင်​​သော ကိစ္စ တခု ဖြစ်​ပါတယ်​။ ဖြစ်​ကာစက​တော့ ဒီမိုဘက်​သား​တွေက ဟီးရိုးဖြစ်​သ​ယောင်​ ​ရေးကြ ​ပြောကြတယ်​။ နဲနဲကြာသွား​ရော ဒီ​ကောင်​​တွေ အချင်​းချင်​း ဖြစ်​တာဘဲ ဆိုပြီး သိပ်​​မြှောက်​မ​ပေး​တော့တာ ​တွေ့ရပါတယ်​။



ဟုတ်​ပါတယ်​။ ကျွန်​​တော်​ စိတ်​၀င်​စားတာကလဲ သူတို့ အချင်​းချင်​း ဘာဖြစ်​ကြတာလဲပါ။ အမှု စဖြစ်​ချိန်​က မဟာသန္တိသုခ အမှု ဖြစ်​ထားချိန်​ဆို​တော့ အဲဒီ ကိစ္စ များလား​ပေါ့။ အမှုစွဲ​တော့မှ ​ငွေကျပ်​ သိန်​း၇၀ လာဘ်​စားလို့လို့ ဖြစ်​လာပါတယ်​။ ကျွန်​​တော်​ အပါအ၀င်‌ ဘယ်​သူမှ မယုံကြပါ။ ဗိုလ်​ချုပ်​ဆန်​းဆင်​့ အဆင်​့မဆိုထားနှင်​့ ဗိုလ်​ကြီးတ​ယောက်​ သိန်​း၇၀ လာဘ်​ယူတယ်​ဆိုယင်​​တောင်​ ထူးတယ်​မထင်​​တော့တာ နှစ်​အစိတ်​ခန်​့ ရှိ​နေပါပြီ။ ဒါဆို အခြားအ​ကြောင်​း ရှိ​နေတာ ​သေချာပါပြီ။



ဗိုလ်​ချုပ်​ဆန်​းဆင်​့ ​နောက်​​ကြောင်​းပြန်​ကြည်​့​တော့ ရန်​ကုန်​တိုင်​း ဒုတိုင်​းမှုး ဘ၀မှာ စကြားဘူးတာပါ။ ​တော်​​တော်​ကြာကြာတယ်​ ထင်​ပါတယ်​၊ ရန်​ကုန်​မြို ့ မြို့​တော်​အချိန်​မှာ ဒုတိုင်​းမှုးနဲ့ ကြာကြာ​နေရတယ်​ဆို​တော့ စိတ်​ချလို့ ထားတာ​သေချာပါတယ်​။ ကျွန်​​တော်​့မှာလဲ သူတို့ အ​ကြောင်​း​တွေ မှတ်​ထားတာ မရှိ​တော့ ​နေပြည်​​တော်​ကို ​ရွှေ့​တော့ သတိမထားမိ​တော့ပါ။ ​နောက်​တကြိမ်​ ပြန်​သတိပြုမိတာက သူ ဧရာ၀တီတိုင်​း လွှတ်​​တော်​ ဥက္ကဌဖြစ်​ပြီး တိုင်​း၀န်​ကြီးချုပ်​နဲ့ ပြဿနာ​တွေဖြစ်​မှပါ။ တိုင်​းက ပြည်​သူပြည်​သားများဖက်​က ရပ်​တည်​​လေ့ ရှိလို့ သာသနာ​ရေး၀န်​ကြီးအဖြစ်​ အ​ရွှေ့ခံရတယ်​လို ဆိုကြပါတယ်​။ သမတနဲ့ လွှတ်​​တော်​ ဥက္ကဋ္ဌ က ​ခေါ်ညှိ​ပေးတာ​တောင်​ လက်​မခံလို့ `စ´ အညိုအညင်​ ခံရတယ်​ထင်​ပါတယ်​။



အဲဒီ အချိန်​ကစလို့ ဗိုလ်​ချုပ်​ဆန်​းဆင်​့ဟာ ဂျာနယ်​​တွေရဲ့ ဒီမို ဟီးရိုးဖြစ်​လာပါတယ်​။ သံ​တော်​ဆင်​့ဂျာနယ်​က​တော့ အဆိုးဆုံး​ပေါ့။ ဦးဆန်​းဆင်​့ ဂျာနယ်​ လို့​တောင်​ စွပ်​စွဲခံရတာပါ။ ကျွန်​​တော်​့ အမြင်​က​တော့ ကြံ့ဖွတ်​​တွေ ​သွေးကွဲ​အောင်​ ​မြှောက်​​ပေး​နေတာပါ။ ကြီးကြီးကျယ်​ကျယ်​ ​ပြောရယင်​ " မိမိ ရန်​သူ၏ ရန်​သူသည်​ မိမိ မိတ်​​ဆွေ ဖြစ်​သည်​။ " ဆိုတ့ဲ အတိုင်​း​ပေါ့။ ဒီမှာ ဦးဆန်​းဆင်​့ စကားတခွန်​း မှားခ့ဲပါတယ်​။ သူက ​နေပြည်​​တော်​ကို ​ပြောင်​းပြီးတုံးက စစ်​ရာထူးခန်​့ချုပ်​ ဖြစ်​ခ့ဲပါ​သေးသတ့ဲ။ အဲဒီရာထူး ထမ်​း​ဆောင်​​နေချိန်​မှာ စစ်​တပ်​ထဲကလူ​တွေ ရာထူးတိုးဖို့ ရှိတိုင်​း အတိုင်​အ​တောကိစ္စ​တွေ ​ပေါ်လာ​တော့ သူ့ဆီမှာ မှတ်​တမ်​း​တွေရှိ​နေတယ်​ ဆိုတ့ဲ သ​ဘောမျိုး အင်​တာဗျူးတခုမှာ ​ပြောခ့ဲပါတယ်​။ သူ့ကို ဒုက္ခ ​ပေးခ့ဲတာ အဲဒီ စကားတခွန်​းလို့ဘဲ ကျွန်​​တော်​ထင်​ပါတယ်​။



သမတကြီး ဗိုလ်​ချုပ်​ကြီး သိန်​းစိန်​ဟာ စစ်​သား စစ်​စစ်​ပါ။ အသက်​ ၁၆နှစ်​​လောက်​က စစ်​ထဲ ၀င်​ခ့ဲတယ်​ဆို နှစ်​ငါးဆယ်​​လောက်​ တပ်​ထဲမှာဘဲ ​နေခ့ဲတာပါ။ စစ်​သားများဟာ အလိုလို​နေယင်​း ရန်​သူ​ပေါ်လာမလား ​တွေးပြီး လုံခြုံ​ရေး သတိ ရှိ​နေတာပါ။ ဒါ သူတို့ အလုပ်​ပါ။ မြန်​မာစစ်​သားမှ မဟုတ်​ပါဘူး၊ ဘယ်​တိုင်​းပြည်​က စစ်​သားမဆို ဒီလိုမျိုးဖြစ်​​နေ​အောင်​ ​လေ့ကျင်​့​ပေးထားတာပါ။ ရန်​သူလို့ မသင်​ကာယင်​လဲ လက်​ဦးမှု ရ​အောင်​ယူဖို့ အဆင်​သင်​့ ဖြစ်​​နေကြတာပါ။ တချက်​ သတိလွတ်​သွားယင်​ မိမိအသက်​ ​ပေးလိုက်​ရမယ်​ဆိုတ့ဲ ကီျးလန်​့စာစားစိတ်​နဲ့ ​နေ​နေကျ ဖြစ်​​နေပါပြီ။ ဒီ​တော့ ဗိုလ်​ချုပ်​ကြီး သမတကြီးက လက်​ဦးမှု ယူလိုက်​တ့ဲ သ​ဘောပါဘဲ။



ဧရာ၀တီတိုင်​း ကိစ္စမှာ ​ခေါ်ယူ ညှိ​ပေးတယ်​။ လက်​မခံဘူး။ အရပ်​သား အစိုးရ ဆို​ပေမ့ဲလည်​း နှစ်​​လေးငါးဆယ်​ စစ်​သားလုပ်​လာသူ​တွေ ။ ​ခေါ်ညှိတာကို လက်​မခံဘူး ဆိုတာ တပ်​မှာ အမိန်​့မနာခံတ့ဲ သ​ဘောဖြစ်​​နေပြီ။ ဘယ်​လိုမှ လက်​ခံနိုင်​စရာ မရှိဘူး။ မသင်​ကာတ့ဲ စိတ်​နဲ့ ​စောင်​့ကြည်​့​နေပါပြီ။ ဒါကို ဗိုလ်​ချုပ်​ဆန်​းဆင်​့က သတိလက်​လွတ်​ဖြစ်​ပြီး၊ ​(မြှောက်​​ပေးတ့ဲ အရှိန်​​တွေလဲ ပါပါလိမ်​့မယ်​။) စစ်​ဗိုလ်​ချုပ်​​တွေ အတိုင်​ခံထားရတ့ဲ ကိစ္စ ​တွေ သူမှာ အ​ထောက်​အထားရှိတယ်​လို့ ဖွင်​့​ပြောလိုက်​​တော့ ရန်​သူဖြစ်​သွားပါပြီ။ တချိန်​မဟုတ်​ တချိန်​ ဒုက္ခ ​ပေးနိုင်​​နေပြီဖြစ်​လို့ အ​ရေးယူလိုက်​တာ ​နေမှာပါ။



ဟဲဟဲ။ ဒါ​တွေကလဲ အတိအကျ သိလို့​တော့ မဟုတ်​ပါ။ ဂျာနယ်​​တွေ ဖတ်​ပြီး စိတ်​ကူးမိတာပါ။ ၁၉၂၃​လောက်​ကထုတ်​ထားတ့ဲ လျို့၀ှက်​ချက်​ ဥပ​ဒေလဲ ​ကြောက်​ပါတယ်​။ အ​ရေးယူချင်​ယင်​ ကျွန်​​တော်​ ဒီလို စဉ်​းစားမိ​အောင်​ ​ရေးကြတ့ဲ ဂျာနယ်​​တွေကိုသာ အ​ရေးယူသင်​့ပါတယ်​။ ကျွန်​​တော်​ ဘာမှ မသိပါ။ ဒါ​ပေမ့ဲ ဂျာနယ်​​တွေဖတ်​ပြီး ဒီလို စဉ်​းစားမိယုံမက ​နောက်​တမျိုးလဲ မျက်​စိထဲ ​ပေါ်လာပါတယ်​။ မိတ်​​ဆွေတို့၊ ကုလားရုပ်​ရှင်​ ကြည်​့ဘူးကြမှာပါ။ မြန်​မာရုပ်​ရှင်​ အချို့လဲ ခိုးချထား​တော့ တူကြပါတယ်​။ အဲဒီကုလားကား​တွေမှာ လူဆိုးက ဇတ်​လိုက်​ကို ရန်​ဖြစ်​ပြီး အနိုင်​ရလို့ ဇတ်​လိုက်​လဲ​နေချိန်​မှာ ​သေနတ်​ရှိရက်​နဲ့​တောင်​ ချက်​ချင်​း မပစ်​ပါဘူး။ ​သေနတ်​ကြီးကိုင်​ပြီး စကားများ​နေတတ်​ပါတယ်​။ ဒီလိုဆို ပရိသာတ်​က သ​ဘော​ပေါက်​​နေပါပြီ။ တနည်​းနည်​းနဲ့ လူဆိုး​တော့ ခံရ​တော့မယ်​ဆိုတာ။ ဒီလိုပါဘဲ၊ ဗိုလ်​ချုပ်​ဆန်​းဆင်​့ အာရိုက်​​နေချိန်​မှာ တဖက်​က လက်​ဦးမှုယူသွားတာပါဘဲ။ သမတကြီးက ဒီတချီမှာ​တော့ စစ်​သား​ကောင်​းပီသ​ကြောင်​း ချီးကျူးလိုက်​ပါတယ်​ခင်​ဗျား။ ။

XxXxXx

(Zawgyi version )

ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ အ​ေၾကာင္​းဆိုလို႔ လန္​႔မသြားၾကပါနဲ႔။ သူ႔ကိစၥ ဘာ​ေၾကာင္​့ ျဖစ္​ရတာလဲ ဆန္​းစစ္​ၾကည္​့ခ်င္​လို႔ပါ။ ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ကို လံုး၀ မသိပါဘူး။ သူ ခုလို ျဖစ္​ရတာ ၀မ္​းလဲမသာသလို ၀မ္​းလဲ မနည္​းမိပါ။ မိမိႏွင္​့ လံုး၀ မသက္​ဆိုင္​​ေသာ ကိစၥ တခု ျဖစ္​ပါတယ္​။ ျဖစ္​ကာစက​ေတာ့ ဒီမိုဘက္​သား​ေတြက ဟီး႐ိုးျဖစ္​သ​ေယာင္​ ​ေရးၾက ​ေျပာၾကတယ္​။ နဲနဲၾကာသြား​ေရာ ဒီ​ေကာင္​​ေတြ အခ်င္​းခ်င္​း ျဖစ္​တာဘဲ ဆိုၿပီး သိပ္​​ေျမႇာက္​မ​ေပး​ေတာ့တာ ​ေတြ႔ရပါတယ္​။

ဟုတ္​ပါတယ္​။ ကြၽန္​​ေတာ္​ စိတ္​၀င္​စားတာကလဲ သူတို႔ အခ်င္​းခ်င္​း ဘာျဖစ္​ၾကတာလဲပါ။ အမႈ စျဖစ္​ခ်ိန္​က မဟာသႏၲိသုခ အမႈ ျဖစ္​ထားခ်ိန္​ဆို​ေတာ့ အဲဒီ ကိစၥ မ်ားလား​ေပါ့။ အမႈစြဲ​ေတာ့မွ ​ေငြက်ပ္​ သိန္​း၇၀ လာဘ္​စားလို႔လို႔ ျဖစ္​လာပါတယ္​။ ကြၽန္​​ေတာ္​ အပါအ၀င္‌ ဘယ္​သူမွ မယံုၾကပါ။ ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ အဆင္​့မဆိုထားႏွင္​့ ဗိုလ္​ႀကီးတ​ေယာက္​ သိန္​း၇၀ လာဘ္​ယူတယ္​ဆိုယင္​​ေတာင္​ ထူးတယ္​မထင္​​ေတာ့တာ ႏွစ္​အစိတ္​ခန္​႔ ႐ွိ​ေနပါၿပီ။ ဒါဆို အျခားအ​ေၾကာင္​း ႐ွိ​ေနတာ ​ေသခ်ာပါၿပီ။

ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ ​ေနာက္​​ေၾကာင္​းျပန္​ၾကည္​့​ေတာ့ ရန္​ကုန္​တိုင္​း ဒုတိုင္​းမႈး ဘ၀မွာ စၾကားဘူးတာပါ။ ​ေတာ္​​ေတာ္​ၾကာၾကာတယ္​ ထင္​ပါတယ္​၊ ရန္​ကုန္​ၿမိဳ ့ ၿမိဳ႕​ေတာ္​အခ်ိန္​မွာ ဒုတိုင္​းမႈးနဲ႔ ၾကာၾကာ​ေနရတယ္​ဆို​ေတာ့ စိတ္​ခ်လို႔ ထားတာ​ေသခ်ာပါတယ္​။ ကြၽန္​​ေတာ္​့မွာလဲ သူတို႔ အ​ေၾကာင္​း​ေတြ မွတ္​ထားတာ မ႐ွိ​ေတာ့ ​ေနျပည္​​ေတာ္​ကို ​ေရႊ႔​ေတာ့ သတိမထားမိ​ေတာ့ပါ။ ​ေနာက္​တႀကိမ္​ ျပန္​သတိျပဳမိတာက သူ ဧရာ၀တီတိုင္​း လႊတ္​​ေတာ္​ ဥကၠဌျဖစ္​ၿပီး တိုင္​း၀န္​ႀကီးခ်ဳပ္​နဲ႔ ျပႆနာ​ေတြျဖစ္​မွပါ။ တိုင္​းက ျပည္​သူျပည္​သားမ်ားဖက္​က ရပ္​တည္​​ေလ့ ႐ွိလို႔ သာသနာ​ေရး၀န္​ႀကီးအျဖစ္​ အ​ေရႊ႔ခံရတယ္​လို ဆိုၾကပါတယ္​။ သမတနဲ႔ လႊတ္​​ေတာ္​ ဥကၠ႒ က ​ေခၚညႇိ​ေပးတာ​ေတာင္​ လက္​မခံလို႔ `စ´ အညိဳအညင္​ ခံရတယ္​ထင္​ပါတယ္​။

အဲဒီ အခ်ိန္​ကစလို႔ ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ဟာ ဂ်ာနယ္​​ေတြရဲ႕ ဒီမို ဟီး႐ိုးျဖစ္​လာပါတယ္​။ သံ​ေတာ္​ဆင္​့ဂ်ာနယ္​က​ေတာ့ အဆိုးဆံုး​ေပါ့။ ဦးဆန္​းဆင္​့ ဂ်ာနယ္​ လို႔​ေတာင္​ စြပ္​စြဲခံရတာပါ။ ကြၽန္​​ေတာ္​့ အျမင္​က​ေတာ့ ၾကံ့ဖြတ္​​ေတြ ​ေသြးကြဲ​ေအာင္​ ​ေျမႇာက္​​ေပး​ေနတာပါ။ ႀကီးႀကီးက်ယ္​က်ယ္​ ​ေျပာရယင္​ " မိမိ ရန္​သူ၏ ရန္​သူသည္​ မိမိ မိတ္​​ေဆြ ျဖစ္​သည္​။ " ဆိုတ့ဲ အတိုင္​း​ေပါ့။ ဒီမွာ ဦးဆန္​းဆင္​့ စကားတခြန္​း မွားခ့ဲပါတယ္​။ သူက ​ေနျပည္​​ေတာ္​ကို ​ေျပာင္​းၿပီးတံုးက စစ္​ရာထူးခန္​႔ခ်ဳပ္​ ျဖစ္​ခ့ဲပါ​ေသးသတ့ဲ။ အဲဒီရာထူး ထမ္​း​ေဆာင္​​ေနခ်ိန္​မွာ စစ္​တပ္​ထဲကလူ​ေတြ ရာထူးတိုးဖို႔ ႐ွိတိုင္​း အတိုင္​အ​ေတာကိစၥ​ေတြ ​ေပၚလာ​ေတာ့ သူ႔ဆီမွာ မွတ္​တမ္​း​ေတြ႐ွိ​ေနတယ္​ ဆိုတ့ဲ သ​ေဘာမ်ိဳး အင္​တာဗ်ဴးတခုမွာ ​ေျပာခ့ဲပါတယ္​။ သူ႔ကို ဒုကၡ ​ေပးခ့ဲတာ အဲဒီ စကားတခြန္​းလို႔ဘဲ ကြၽန္​​ေတာ္​ထင္​ပါတယ္​။

သမတႀကီး ဗိုလ္​ခ်ဳပ္​ႀကီး သိန္​းစိန္​ဟာ စစ္​သား စစ္​စစ္​ပါ။ အသက္​ ၁၆ႏွစ္​​ေလာက္​က စစ္​ထဲ ၀င္​ခ့ဲတယ္​ဆို ႏွစ္​ငါးဆယ္​​ေလာက္​ တပ္​ထဲမွာဘဲ ​ေနခ့ဲတာပါ။ စစ္​သားမ်ားဟာ အလိုလို​ေနယင္​း ရန္​သူ​ေပၚလာမလား ​ေတြးၿပီး လံုျခံဳ​ေရး သတိ ႐ွိ​ေနတာပါ။ ဒါ သူတို႔ အလုပ္​ပါ။ ျမန္​မာစစ္​သားမွ မဟုတ္​ပါဘူး၊ ဘယ္​တိုင္​းျပည္​က စစ္​သားမဆို ဒီလိုမ်ိဳးျဖစ္​​ေန​ေအာင္​ ​ေလ့က်င္​့​ေပးထားတာပါ။ ရန္​သူလို႔ မသင္​ကာယင္​လဲ လက္​ဦးမႈ ရ​ေအာင္​ယူဖို႔ အဆင္​သင္​့ ျဖစ္​​ေနၾကတာပါ။ တခ်က္​ သတိလြတ္​သြားယင္​ မိမိအသက္​ ​ေပးလိုက္​ရမယ္​ဆိုတ့ဲ ကီ်းလန္​႔စာစားစိတ္​နဲ႔ ​ေန​ေနက် ျဖစ္​​ေနပါၿပီ။ ဒီ​ေတာ့ ဗိုလ္​ခ်ဳပ္​ႀကီး သမတႀကီးက လက္​ဦးမႈ ယူလိုက္​တ့ဲ သ​ေဘာပါဘဲ။

ဧရာ၀တီတိုင္​း ကိစၥမွာ ​ေခၚယူ ညႇိ​ေပးတယ္​။ လက္​မခံဘူး။ အရပ္​သား အစိုးရ ဆို​ေပမ့ဲလည္​း ႏွစ္​​ေလးငါးဆယ္​ စစ္​သားလုပ္​လာသူ​ေတြ ။ ​ေခၚညႇိတာကို လက္​မခံဘူး ဆိုတာ တပ္​မွာ အမိန္​႔မနာခံတ့ဲ သ​ေဘာျဖစ္​​ေနၿပီ။ ဘယ္​လိုမွ လက္​ခံႏိုင္​စရာ မ႐ွိဘူး။ မသင္​ကာတ့ဲ စိတ္​နဲ႔ ​ေစာင္​့ၾကည္​့​ေနပါၿပီ။ ဒါကို ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့က သတိလက္​လြတ္​ျဖစ္​ၿပီး၊ ​(ေျမႇာက္​​ေပးတ့ဲ အ႐ွိန္​​ေတြလဲ ပါပါလိမ္​့မယ္​။) စစ္​ဗိုလ္​ခ်ဳပ္​​ေတြ အတိုင္​ခံထားရတ့ဲ ကိစၥ ​ေတြ သူမွာ အ​ေထာက္​အထား႐ွိတယ္​လို႔ ဖြင္​့​ေျပာလိုက္​​ေတာ့ ရန္​သူျဖစ္​သြားပါၿပီ။ တခ်ိန္​မဟုတ္​ တခ်ိန္​ ဒုကၡ ​ေပးႏိုင္​​ေနၿပီျဖစ္​လို႔ အ​ေရးယူလိုက္​တာ ​ေနမွာပါ။

ဟဲဟဲ။ ဒါ​ေတြကလဲ အတိအက် သိလို႔​ေတာ့ မဟုတ္​ပါ။ ဂ်ာနယ္​​ေတြ ဖတ္​ၿပီး စိတ္​ကူးမိတာပါ။ ၁၉၂၃​ေလာက္​ကထုတ္​ထားတ့ဲ လ်ိဳ႕၀ွက္​ခ်က္​ ဥပ​ေဒလဲ ​ေၾကာက္​ပါတယ္​။ အ​ေရးယူခ်င္​ယင္​ ကြၽန္​​ေတာ္​ ဒီလို စဥ္​းစားမိ​ေအာင္​ ​ေရးၾကတ့ဲ ဂ်ာနယ္​​ေတြကိုသာ အ​ေရးယူသင္​့ပါတယ္​။ ကြၽန္​​ေတာ္​ ဘာမွ မသိပါ။ ဒါ​ေပမ့ဲ ဂ်ာနယ္​​ေတြဖတ္​ၿပီး ဒီလို စဥ္​းစားမိယံုမက ​ေနာက္​တမ်ိဳးလဲ မ်က္​စိထဲ ​ေပၚလာပါတယ္​။ မိတ္​​ေဆြတို႔၊ ကုလား႐ုပ္​႐ွင္​ ၾကည္​့ဘူးၾကမွာပါ။ ျမန္​မာ႐ုပ္​႐ွင္​ အခ်ိဳ႕လဲ ခိုးခ်ထား​ေတာ့ တူၾကပါတယ္​။ အဲဒီကုလားကား​ေတြမွာ လူဆိုးက ဇတ္​လိုက္​ကို ရန္​ျဖစ္​ၿပီး အႏိုင္​ရလို႔ ဇတ္​လိုက္​လဲ​ေနခ်ိန္​မွာ ​ေသနတ္​႐ွိရက္​နဲ႔​ေတာင္​ ခ်က္​ခ်င္​း မပစ္​ပါဘူး။ ​ေသနတ္​ႀကီးကိုင္​ၿပီး စကားမ်ား​ေနတတ္​ပါတယ္​။ ဒီလိုဆို ပရိသာတ္​က သ​ေဘာ​ေပါက္​​ေနပါၿပီ။ တနည္​းနည္​းနဲ႔ လူဆိုး​ေတာ့ ခံရ​ေတာ့မယ္​ဆိုတာ။ ဒီလိုပါဘဲ၊ ဗိုလ္​ခ်ဳပ္​ဆန္​းဆင္​့ အာ႐ိုက္​​ေနခ်ိန္​မွာ တဖက္​က လက္​ဦးမႈယူသြားတာပါဘဲ။ သမတႀကီးက ဒီတခ်ီမွာ​ေတာ့ စစ္​သား​ေကာင္​းပီသ​ေၾကာင္​း ခ်ီးက်ဴးလိုက္​ပါတယ္​ခင္​ဗ်ား။ ။

19 July 2014

အလံတ၀က်​ ထူကြစို့ ။

(Unicode version )

အာဇာနည်​​နေ့ မှာ အလံ အ​ကြောင်​း​ပြောချင်​ပါသည်​။

ပထမဆုံးက​တော့ ယ​နေ့ အလံတိုင်​တ၀က်​ ထူဖို့ဘဲ ဖြစ်​သည်​။

ပုံမှန်​ အလံထူထား​သော အစိုးရ ရုံးများကို ယ​နေ့ ​သေချာ လိုက်​ကြည်​့ပါက အလံ တ၀က်​ မချထားတာ​တွေ ​တွေ့နိုင်​မည်​။

ယ​နေ့က ရုံးပိတ်​ရက်​ ြဖြစ်၍ ရုံးမှာ လူမရှိ၍ မချဖြစ်​တာ ဖြစ်​နိုင်​သည်​။

ယ​နေ့ ရုံးပိတ်​ရက်​ ဆိုပြီး မ​နေ့ကတည်​းကလဲ ကြိုလုပ်​၍ ရသည်​မဟုတ်​။

ဂရုပြု၍ လုပ်​ကြ​စေချင်​ပါသည်​။

အာဇာနည်​​နေ ့ ကို အစိုးရကလဲ sensitive မဖြစ်​​တော့ဟု ထင်​ပါသည်​။

၁၀နာရီ ၃၇မိနစ်​တွင်​လဲဥသြ ဆွဲ​ပေးပါလိမ်​့မည်​။ မကြားရတာ အ​တော်​ကြာခ့ဲ​ပေါ့။



ဒုတိယ ​ပြောချင်​သည်​မှာ လက်​ရှိ အလံကို ကျွန်​​တော်​ မကြိုက်​ပါ။

၂၀၀၈ အရ ​ပေါ်လာ​သော​ကြောင်​့လဲ မဟုတ်​ပါ။

အာဖရိက နိုင်​င့့ံံအလံ ​တွေနှင်​့တူသည်​ ထင်​​သော​ကြောငိ့ပါ။

အနုပညာ မဆန်​ဟုလည်​း ထင်​​သော​ကြောင်​့ပါ။ နိုင်​ငံ​ရေး မပါပါဘူး။



ဒါ​ကြောင်​့ half mast flag ကို ပုံဖျက်​​ပေးလိုက်​ပါတယ်​။

နိုင်​င့ံ အလံ​တော်​ကို မ​လေးမစားလုပ်​တာ မဟုတ်​ရ​ကြောင်​းပါ ခင်​ဗျား။

XxXxXx

(Zawgyi version )

အာဇာနည္​​ေန႔ မွာ အလံ အ​ေၾကာင္​း​ေျပာခ်င္​ပါသည္​။
ပထမဆံုးက​ေတာ့ ယ​ေန႔ အလံတိုင္​တ၀က္​ ထူဖို႔ဘဲ ျဖစ္​သည္​။
ပံုမွန္​ အလံထူထား​ေသာ အစိုုးရ ရံုးမ်ားကို ယ​ေန႔ ​ေသခ်ာ လိုက္​ၾကည္​့ပါက အလံ တ၀က္​ မခ်ထားတာ​ေတြ ​ေတြ႔ႏိုင္​မည္​။
ယ​ေန႔က ရံုးပိတ္​ရက္​ ျျဖစ္၍ ရံုးမွာ လူမ႐ွိ၍ မခ်ျဖစ္​တာ ျဖစ္​ႏိုင္​သည္​။
ယ​ေန႔ ရံုးပိတ္​ရက္​ ဆိုၿပီး မ​ေန႔ကတည္​းကလဲ ႀကိဳလုပ္​၍ ရသည္​မဟုတ္​။
ဂ႐ုျပဳ၍ လုပ္​ၾက​ေစခ်င္​ပါသည္​။
အာဇာနည္​​ေန ့ ကို အစိုးရကလဲ sensitive မျဖစ္​​ေတာ့ဟု ထင္​ပါသည္​။
၁၀နာရီ ၃၇မိနစ္​တြင္​လဲဥၾသ ဆြဲ​ေပးပါလိမ္​့မည္​။ မၾကားရတာ အ​ေတာ္​ၾကာခ့ဲ​ေပါ့။

ဒုတိယ ​ေျပာခ်င္​သည္​မွာ လက္​႐ွိ အလံကို ကြၽန္​​ေတာ္​ မႀကိဳက္​ပါ။
၂၀၀၈ အရ ​ေပၚလာ​ေသာ​ေၾကာင္​့လဲ မဟုတ္​ပါ။
အာဖရိက ႏိုင္​င့့ံံအလံ ​ေတြႏွင္​့တူသည္​ ထင္​​ေသာ​ေၾကာငိ့ပါ။
အႏုပညာ မဆန္​
ဟုလည္​း ထင္​​ေသာ​ေၾကာင္​့ပါ။ ႏိုင္​ငံ​ေရး မပါပါဘူး။

ဒါ​ေၾကာင္​့ half mast flag ကို ပံုဖ်က္​​ေပးလိုက္​ပါတယ္​။
ႏိုင္​င့ံ အလံ​ေတာ္​ကို မ​ေလးမစားလုပ္​တာ မဟုတ္​ရ​ေၾကာင္​းပါ ခင္​ဗ်ား။

13 July 2014

​လေးပွင့်ဆိုင်​တဲ့လား

(Unicode version )

ယ​နေ့ မြန်​မာ့ နိုင်​ငံ​ရေးတွင်​ ​လေးပွင်​့ဆိုင်​ ​ဆွေး​နွေး​ရေး ဖိတ်​​ခေါ်ထားတာ ရှိပါသည်​။ NLD ဥက္ကဋ္ဌ ​ဒေါ်​အောင်​ဆန်​းစုကြည်​မှ နိုင်​ငံ့အ​ရေးကို ​ပြောင်​းလဲနိုင်​သူ ကျန်​သုံးဦးကို သူနှင်​့ ​တွေ့ဆုံ​ဆွေး​နွေးရန်​ ဖိတ်​​ခေါ်ခြင်​း ဖြစ်​ပါသည်​။ ဖြစ်​မဖြစ်​က​တော့ မြန်​မာ​တွေ အားလုံးအသိပင်​။



ယ​နေ့ တရား၀င်​ မြန်​မာ့နိုင်​ငံ​ရေးကို ဦး​ဆောင်​​နေသူ ဤ​လေးဦးကို ​လေ့လာကြည်​့ချင်​ပါသည်​။ ​ဒေါ်စုကို ဘာမျှ​ေ၀ဖန်​စရာ မရှိပါ။ မြန်​မာ

သာမက ကမ္ဘာကပါ လက်​ခံထားပါသည်​။ ကျွန်​​တော်​ တစ်​ဦးထဲအ​နေနှင်​့ အကြွင်​းမ့ဲ ယုံကြည်​ပါသည်​။ လွန်​ကြူးစွာ ဆိုရလျှင်​ မိမိကိုယ်​ထက်​ပင်​ ပိုယုံပါသည်​။ ဟုတ်​တယ်​​လေ ၊ ​ဒေါ်လာ ဆယ်​သန်​း​လောက်​​ပေး၍ မင်​းတိတ်​တိတ်​​နေဆိုလျှင်​ မ​သေချာ​သော်​လည်​း သန်​းတရာ​လောက်​ဆိုလျှင်​ ၊ "အင်​း ၊ ငါတ​ယောက်​ထဲနဲ့လဲ ဘာမှထူးမှာ မဟုတ်​ပါဘူး ၊ ဗမာလူမျိုး​တွေ ကုသိုလ်​ကံကိုက နဲပါတယ်​​လေ "ဟု မိမိကိုယ်​ကို လိမ်​ကာ လစ်​သွားနိုင်​ပါသည်​။



​နောက်​ ​ခေါင်​း​ဆောင်​တဦးမှာ သမတ ဦးသိန်​းစိန်​ ဖြစ်​ပါသည်​။ ပြီးခ့ဲသည်​့ စစ်​အစိုးရအတွင်​း clean အဖြစ်​ခ့ဲဆုံးသူပါ။ သူ၏ သမတသက်​တမ်​း ပထမ နှစ်​နှစ်​အတွင်​း ကျွန်​​တော်​ သူ့ကို ယုံခ့ဲပါသည်​။ သူတက်​ပြီးကာစ ​ရေးခ့ဲတာများတွင်​ ​တွေ့နိုင်​ပါသည်​။ နိုင်​ငံ​ရေး စီးပွား​ရေး ပြုပြင်​​ပြောင်​းလဲမှုများကို တကယ်​ စလုပ်​ခ့ဲပါသည်​။ နိုင်​ငံတကာမှပင်​ ​ထောက်​ခံ အား​ပေးမှုကို ရခ့ဲပါသည်​။



​နောက်​တဦးမှာ လွှတ်​​တော်​ ဥက္ကဋ္ဌ သူရဦး​ရွှေမန်​းပါ။ စစ်​ဗိုလ်​ချုပ်​​ဟောင်​းပါဘဲ။ ကိုယ်​တိုင်​ ဘာ​တွေ မ​တော်​မတရား လုပ်​ခ့ဲသည်​ မသိ​သော်​လည်​း သားများ​ကြောင်​့ နာမည်​ပျက်​ သူပါ။ စစ်​်တိုင်​းမှူးဘ၀ကပင်​ တိုင်​းအတွင်​း သူ၏သားများ ကုမ္ပဏီမှ ​မြေသြဇာ မ၀ယ်​မ​နေရ ဖြစ်​ခ့ဲပါသည်​။ ​နောက်​ သူရာထူးတက်​လာ​သောအခါ သူ၏သားများ ကုမ္ပဏီလဲ ကြီးလာပါသည်​။ ယခုအခါ စွယ်​စုံလုပ်​ ကုမ္ပဏီကြီး ဖြစ်​​နေပါပြီ။ သမတ မှန်​းထားဟန်​တူ​သော်​လည်​း လွှတ်​​တော်​ ဥက္ကဋ္ဌ ဖြစ်​လာ​သောအခါ ​ဒေါ်စုနှင်​့ ​ပေါင်​း၍ ပြုပြင်​​ပြောင်​်​းလဲမှုများ လုပ်​ပြခ့ဲပါသည်​။ အစိုးရအဖွဲ့ကိုလည်​း ကန်​့လန်​့လုပ်​ခ့ဲသည်​့အတွက်​ တချို့က မစားရ၍ သဲနဲ့ပက်​သည်​ဟု ဆိုခ့ဲ​သော်​လည်​း အပြန်​အလှန်​ ထိမ်​း​ကျောင်​းမှုဟုသာ ​ပြောခ့ဲပါသည်​။ လွှတ်​​တော်​ အသံ ၊ ပြည်​သူ့အသံဟု ​ကြွေး​ကြော်​ခ့ဲ​သော်​လည်​း ကျွန်​​တော်​ တဦးထဲအ​နေဖြင်​့ မြင်​​နေရ၍သာ ယုံ​နေရပါသည်​။ စိတ်​ချယုံကြည်​မှု မရှိခ့ဲပါ။



​နောက်​ဆုံး တဦးမှာ ကာချုပ်​ ဗိုလ်​မင်​း​အောင်​လှိုင်​ပါ။ သူ့အ​ကြောင်​း​တော့ နာမည်​ဆိုးလဲ မကြားဘူးသလို နာမည်​​ကောင်​းလဲ မကြားဘူးပါ။ ​နောက်​​ကြောင်​းရာဇ၀င်​လဲ မသိပါ။ ​နောက်​ဆုံးအချိန်​ ကာချုပ်​ဖြစ်​မှပင်​ သိရပြီး ဗိုလ်​ချုပ်​သန်​း​ရွှေမှ ယုံကြည်​လို့ ​ပေးခ့ဲတာဖြစ်​မည်​ဟုသာ ယုံပါသည်​။ လက်​ရှိတွင်​ နိုင်​င့ံ ကံကြမ္မာ ၂၅% နှုံးကို ပိုင်​ဆိုင်​သည်​ဟု အဆဲခံ​နေရသူ ဖြစ်​​နေပါသည်​။ ဒီဖက်​ နှစ်​နှစ်​ သုံးနှစ်​တွင်​ ဘာမျှ ထူးထူးခြားခြား မရှိပါ။ သမတ ကွန်​ထရိုး​အောက်​တွင်​သာ ရှိသည်​ဟု ထင်​ရပါသည်​။



​ဒေါ်စု ​တွေ့ချင်​သည်​့ ဤသုံးဦးသည်​ အစပိုင်​းတွင်​ ဟုတ်​သလိုလို ရှိခ့ဲပါသည်​။ သူတို့ ​လေးဦး​တွေ့လိုက်​လျှင်​ မြန်​မာ့နိုင်​ငံ​ရေး အကြပ်​အတည်​း ​ပြေလည်​သွားမည်​ဟု ထင်​ခ့ဲကြပါသည်​။ သို့​သော်​ ယခု ၂၀၁၄ ထဲ အ​ရောက်​တွင်​ တ​ယောက်​ပြီး တ​ယောက်​ ​ဖောက်​လာပါပြီ။ တကယ်​က ၂၀၁၃ထဲမှာပင်​ သမတနှင်​့ ကာချုပ်​က လမ်​း​ကြောင်​း​ပြောင်​းသွားပါပြီ။ ပြီးခ့ဲသည်​့ ရက်​များမှာ​တော့ ဦး​ရွှေမန်​းပါ ​ပြောင်​းသွားပြီ ဖြစ်​ပါသည်​။ တချို့ကလဲ ဤဇတ်​လမ်​းက ကြိုတင်​ဆွဲထားပြီးသားဟု ဆိုသည်​။ ဇတ်​တိုက်​ထားပြီးသားဟု ထင်​ကြသည်​။ ကျွန်​​တော်​က​တော့ ထိုဆရာ သုံးဦးသည်​ အစပိုင်​းတွင်​ ရိုးရိုးသားသား မိမိတို့ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​ဖြင်​့ လုပ်​နိုင်​ပြီဟု ထင်​ကာ ယုံကြည်​စွာဖြင်​့ လုပ်​ခ့ဲသည်​ဟု ထင်​ပါသည်​။ ​နောက်​ပိုင်​းမှသာ တခုခုကို မလွန်​ဆန်​နိုင်​၍ လမ်​း​ကြောင်​း​ပြောင်​းကုန်​ကြခြင်​း ဖြစ်​ပါမည်​။



၂၀၁၂ သတင်​းကျွတ်​တွင်​ ယခု လူကြီးလုပ်​​နေသူများ ယခင်​လူကြီးကို သွားကန်​​တော့ရာမှ စသည်​ထင်​ပါသည်​။ ကန်​​တော့ရာမှအပြန်​ ဘယ်​​လောက်​​ပြော(ဆဲ) လိုက်​သည်​ မသိ၊ သမတကြီး ​နောက်​သက်​တမ်​း လုပ်​ချင်​စိတ်​ ကုန်​သည်​အထိ ဖြစ်​ပြီး ညည်​းမိဟန်​တူသည်​။ ဒါကိုကြားသည်​့ ဦး​ရွှေမန်​းက သမတကြီး ​နောက်​သက်​တမ်​း မလုပ်​​တော့​ကြောင်​း မိမိကို ​ပြောသည်​၊ လူကြီးတ​ယောက်​ စကားမို့ အတည်​ဖြစ်​မည်​ဟု ယုံကြည်​​ကြောင်​း သတင်​းစာရှင်​းလင်​းပွဲလုပ်​ကာ အပိုင်​​နေရာ ယူ​တော့သည်​။



ဒီ​နောက်​ပိုင်​းတွင်​​တော့ သမတကြီးနှင်​့ ​ဒေါ်စု ​ေ၀းသွားပါသည်​။ ကာချုပ်​က​တော့ သူတို့ထဲမှာ ချာတိတ်​ဖြစ်​၍ ဘာသံမျှ ထွက်​မလာ​တော့ပါ။ ဦး​ရွှေမန်​းသာ ​ယောင်​​တောင်​​တောင်​ဖြင်​့ ဆက်​၍ ဟန်​ပြ​နေရဟန်​တူသည်​။ ယခု​နောက်​ဆုံး​တော့ ​ရေကြာကြာ ငုပ်​နိုင်​ဟန်​ မတူ​တော့ပါ။ ဗိုလ်​သန်​း​ရွှေ၏ သားတပည်​့ ဦး​အောင်​​သောင်​း ခြံရန်​လျှက်​ ပြည်​သူ့ဆန္ဒကို လက်​မခံနိုင်​​ကြောင်​း ​ပေါ်တင်​ ထုတ်​​ပြောလာရ​လေပြီ။ ​ခေါ်အဆဲခံ ရ​သေးလား​တော့ မသိပါ။



ဒီ​လောက်​ဆိုလျှင်​ ​လေးပွင်​့ဆိုင်​မှ ကျန်​သုံးပွင်​့၏ အ​ခြေအ​နေကို သိ​လောက်​ပါပြီ။ တကယ်​က ထိုသုံးဦးသည်​ ​ကျေးဇူးရှင်​ အ​ဖေကြီးကို မ​ကျော်​နိုင်​ပါ။ ကျွန်​​တော်​ သူတို့သုံးဦးကို ပြုပြင်​​ပြောင်​်​းလဲမှုများ လုပ်​ချင်​လိမ်​့မည်​ဟု ယုံသည်​။ ​ဒေါ်စု နှင်​့လက်​တွဲ၍ စစ်​တပ်​နာမည်​ပျက်​ခ့ဲသည်​များကို ​ကျော်​လွှား​အောင်​ လုပ်​မည်​ဟု တကယ်​ထင်​ပါသည်​။ သို့​သော်​ မြန်​မာတို့ ယဉ်​​ကျေးမှု ဖြစ်​သည်​့ ​ကျေးဇူးရှင်​ကြီးကို​တော့ ​ကျေးစွပ်​လိမ်​့မည်​ မထင်​ပါ။



ဒီလိုဆို နှစ်​ပွင်​့ဆိုင်​ဘဲ ​ဆွေး​နွေးယုံ​ပေါ့ဟု ထင်​ရပါသည်​။ မဖြစ်​နိုင်​ပါ။ ဗိုလ်​သန်​း​ရွှေသည်​ တရား၀င်​ ဘာတာ၀န်​မှ မရှိ​တော့ပါ။ တရား၀င်​ ဘာအမိန်​့မှလည်​း ​ပေး​တော့မည်​ မထင်​ပါ။ သူနှင်​့ ​ဆွေး​နွေးစရာ ဘာမျှ မလို​တော့ပါဟုသာ လုပ်​ပါလိမ်​့မည်​။ သူ မရှိ​တော့လျှင်​​တော့ တမျိုး​ပြောင်​းနိုင်​သည်​ဟု ကျွန်​​တော်​ ထင်​သည်​။



အခု​တော့ သူကြီးက စာဖတ်​​နေ​လေပြီ။ မြန်​မာ​တွေ ဆက်​ခံ​နေကြဦး​ပေါ့။ ကျွန်​​တော်​ ​ဒေါ်လာ သန်​းတရာမရ​သော်​လည်​း ​ပြောရပါ​တော့မည်​။ မြန်​မာ​တွေကိုက ကံဆိုးပါတယ်​ ဟုသာ။ ။

XxXxXx

(Zawgyi version )

ယ​ေန႔ ျမန္​မာ့ ႏိုင္​ငံ​ေရးတြင္​ ​ေလးပြင္​့ဆိုင္​ ​ေဆြး​ေႏြး​ေရး ဖိတ္​​ေခၚထားတာ ႐ွိပါသည္​။ NLD ဥကၠ႒ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​မွ ႏိုင္​ငံ့အ​ေရးကို ​ေျပာင္​းလဲႏိုင္​သူ က်န္​သံုးဦးကို သူႏွင္​့ ​ေတြ႔ဆံု​ေဆြး​ေႏြးရန္​ ဖိတ္​​ေခၚျခင္​း ျဖစ္​ပါသည္​။ ျဖစ္​မျဖစ္​က​ေတာ့ ျမန္​မာ​ေတြ အားလံုးအသိပင္​။

ယ​ေန႔ တရား၀င္​ ျမန္​မာ့ႏိုင္​ငံ​ေရးကို ဦး​ေဆာင္​​ေနသူ ဤ​ေလးဦးကို ​ေလ့လာၾကည္​့ခ်င္​ပါသည္​။ ​ေဒၚစုကို ဘာမ်ွ​ေ၀ဖန္​စရာ မ႐ွိပါ။ ျမန္​မာ
သာမက ကမာၻကပါ လက္​ခံထားပါသည္​။ ကြၽန္​​ေတာ္​ တစ္​ဦးထဲအ​ေနႏွင္​့ အႂကြင္​းမ့ဲ ယုံၾကည္​ပါသည္​။ လြန္​ၾကဴးစြာ ဆိုရလ်ွင္​ မိမိကိုယ္​ထက္​ပင္​ ပိုယံုပါသည္​။ ဟုတ္​တယ္​​ေလ ၊ ​ေဒၚလာ ဆယ္​သန္​း​ေလာက္​​ေပး၍ မင္​းတိတ္​တိတ္​​ေနဆိုလ်ွင္​ မ​ေသခ်ာ​ေသာ္​လည္​း သန္​းတရာ​ေလာက္​ဆိုလွ်င္​ ၊ "အင္​း ၊ ငါတ​ေယာက္​ထဲနဲ႔လဲ ဘာမွထူးမွာ မဟုတ္​ပါဘူး ၊ ဗမာလူမ်ိဳး​ေတြ ကုသိုလ္​ကံကိုက နဲပါတယ္​​ေလ "ဟု မိမိကိုယ္​ကို လိမ္​ကာ လစ္​သြားႏိုင္​ပါသည္​။

​ေနာက္​ ​ေခါင္​း​ေဆာင္​တဦးမွာ သမတ ဦးသိန္​းစိန္​ ျဖစ္​ပါသည္​။ ၿပီးခ့ဲသည္​့ စစ္​အစိုးရအတြင္​း clean အျဖစ္​ခ့ဲဆံုးသူပါ။ သူ၏ သမတသက္​တမ္​း ပထမ ႏွစ္​ႏွစ္​အတြင္​း ကြၽန္​​ေတာ္​ သူ႔ကို ယံုခ့ဲပါသည္​။ သူတက္​ၿပီးကာစ ​ေရးခ့ဲတာမ်ားတြင္​ ​ေတြ႔ႏိုင္​ပါသည္​။ ႏိုင္​ငံ​ေရး စီးပြား​ေရး ျပဳျပင္​​ေျပာင္​းလဲမႈမ်ားကို တကယ္​ စလုပ္​ခ့ဲပါသည္​။ ႏိုင္​ငံတကာမွပင္​ ​ေထာက္​ခံ အား​ေပးမႈကို ရခ့ဲပါသည္​။

​ေနာက္​တဦးမွာ လႊတ္​​ေတာ္​ ဥကၠ႒ သူရဦး​ေရႊမန္​းပါ။ စစ္​ဗိုလ္​ခ်ဳပ္​​ေဟာင္​းပါဘဲ။ ကိုယ္​တိုင္​ ဘာ​ေတြ မ​ေတာ္​မတရား လုပ္​ခ့ဲသည္​ မသိ​ေသာ္​လည္​း သားမ်ား​ေၾကာင္​့ နာမည္​ပ်က္​ သူပါ။ စစ္​္တိုင္​းမႉးဘ၀ကပင္​ တိုင္​းအတြင္​း သူ၏သားမ်ား ကုမၸဏီမွ ​ေျမၾသဇာ မ၀ယ္​မ​ေနရ ျဖစ္​ခ့ဲပါသည္​။ ​ေနာက္​ သူရာထူးတက္​လာ​ေသာအခါ သူ၏သားမ်ား ကုမၸဏီလဲ ႀကီးလာပါသည္​။ ယခုအခါ စြယ္​စံုလုပ္​ ကုမၸဏီႀကီး ျဖစ္​​ေနပါၿပီ။ သမတ မွန္​းထားဟန္​တူ​ေသာ္​လည္​း လႊတ္​​ေတာ္​ ဥကၠ႒ ျဖစ္​လာ​ေသာအခါ ​ေဒၚစုႏွင္​့ ​ေပါင္​း၍ ျပဳျပင္​​ေျပာင္​္​းလဲမႈမ်ား လုပ္​ျပခ့ဲပါသည္​။ အစိုးရအဖြဲ႔ကိုလည္​း ကန္​႔လန္​႔လုပ္​ခ့ဲသည္​့အတြက္​ တခ်ိဳ႕က မစားရ၍ သဲနဲ႔ပက္​သည္​ဟု ဆိုခ့ဲ​ေသာ္​လည္​း အျပန္​အလွန္​ ထိမ္​း​ေက်ာင္​းမႈဟုသာ ​ေျပာခ့ဲပါသည္​။ လႊတ္​​ေတာ္​ အသံ ၊ ျပည္​သူ႔အသံဟု ​ေႂကြး​ေၾကာ္​ခ့ဲ​ေသာ္​လည္​း ကြၽန္​​ေတာ္​ တဦးထဲအ​ေနျဖင္​့ ျမင္​​ေနရ၍သာ ယံု​ေနရပါသည္​။ စိတ္​ခ်ယံုၾကည္​မႈ မ႐ွိခ့ဲပါ။

​ေနာက္​ဆံုး တဦးမွာ ကာခ်ဳပ္​ ဗိုလ္​မင္​း​ေအာင္​လိႈင္​ပါ။ သူ႔အ​ေၾကာင္​း​ေတာ့ နာမည္​ဆိုးလဲ မၾကားဘူးသလို နာမည္​​ေကာင္​းလဲ မၾကားဘူးပါ။ ​ေနာက္​​ေၾကာင္​းရာဇ၀င္​လဲ မသိပါ။ ​ေနာက္​ဆံုးအခ်ိန္​ ကာခ်ဳပ္​ျဖစ္​မွပင္​ သိရၿပီး ဗိုလ္​ခ်ဳပ္​သန္​း​ေရႊမွ ယံုၾကည္​လို႔ ​ေပးခ့ဲတာျဖစ္​မည္​ဟုသာ ယံုပါသည္​။ လက္​႐ွိတြင္​ ႏိုင္​င့ံ ကံၾကမၼာ ၂၅% ႏွံုးကို ပိုင္​ဆိုင္​သည္​ဟု အဆဲခံ​ေနရသူ ျဖစ္​​ေနပါသည္​။ ဒီဖက္​ ႏွစ္​ႏွစ္​ သံုးႏွစ္​တြင္​ ဘာမွ် ထူးထူးျခားျခား မ႐ွိပါ။ သမတ ကြန္​ထ႐ိုး​ေအာက္​တြင္​သာ ႐ွိသည္​ဟု ထင္​ရပါသည္​။

​ေဒၚစု ​ေတြ႔ခ်င္​သည္​့ ဤသံုးဦးသည္​ အစပိုင္​းတြင္​ ဟုတ္​သလိုလို ႐ွိခ့ဲပါသည္​။ သူတို႔ ​ေလးဦး​ေတြ႔လိုက္​လွ်င္​ ျမန္​မာ့ႏိုင္​ငံ​ေရး အၾကပ္​အတည္​း ​ေျပလည္​သြားမည္​ဟု ထင္​ခ့ဲၾကပါသည္​။ သို႔​ေသာ္​ ယခု ၂၀၁၄ ထဲ အ​ေရာက္​တြင္​ တ​ေယာက္​ၿပီး တ​ေယာက္​ ​ေဖာက္​လာပါၿပီ။ တကယ္​က ၂၀၁၃ထဲမွာပင္​ သမတႏွင္​့ ကာခ်ဳပ္​က လမ္​း​ေၾကာင္​း​ေျပာင္​းသြားပါၿပီ။ ၿပီးခ့ဲသည္​့ ရက္​မ်ားမွာ​ေတာ့ ဦး​ေရႊမန္​းပါ ​ေျပာင္​းသြားၿပီ ျဖစ္​ပါသည္​။ တခ်ိဳ႕ကလဲ ဤဇတ္​လမ္​းက ႀကိဳတင္​ဆြဲထားၿပီးသားဟု ဆိုသည္​။ ဇတ္​တိုက္​ထားၿပီးသားဟု ထင္​ၾကသည္​။ ကြၽန္​​ေတာ္​က​ေတာ့ ထိုဆရာ သံုးဦးသည္​ အစပိုင္​းတြင္​ ႐ိုး႐ိုးသားသား မိမိတို႔ ကိုယ္​ပိုင္​ဆံုးျဖတ္​ခ်က္​ျဖင္​့ လုပ္​ႏိုင္​ၿပီဟု ထင္​ကာ ယံုၾကည္​စြာျဖင္​့ လုပ္​ခ့ဲသည္​ဟု ထင္​ပါသည္​။ ​ေနာက္​ပိုင္​းမွသာ တခုခုကို မလြန္​ဆန္​ႏိုင္​၍ လမ္​း​ေၾကာင္​း​ေျပာင္​းကုန္​ၾကျခင္​း ျဖစ္​ပါမည္​။

၂၀၁၂ သတင္​းကြၽတ္​တြင္​ ယခု လူႀကီးလုပ္​​ေနသူမ်ား ယခင္​လူႀကီးကို သြားကန္​​ေတာ့ရာမွ စသည္​ထင္​ပါသည္​။ ကန္​​ေတာ့ရာမွအျပန္​ ဘယ္​​ေလာက္​​ေျပာ(ဆဲ) လိုက္​သည္​ မသိ၊ သမတႀကီး ​ေနာက္​သက္​တမ္​း လုပ္​ခ်င္​စိတ္​ ကုန္​သည္​အထိ ျဖစ္​ၿပီး ညည္​းမိဟန္​တူသည္​။ ဒါကိုၾကားသည္​့ ဦး​ေရႊမန္​းက သမတႀကီး ​ေနာက္​သက္​တမ္​း မလုပ္​​ေတာ့​ေၾကာင္​း မိမိကို ​ေျပာသည္​၊ လူႀကီးတ​ေယာက္​ စကားမို႔ အတည္​ျဖစ္​မည္​ဟု ယံုၾကည္​​ေၾကာင္​း သတင္​းစာ႐ွင္​းလင္​းပြဲလုပ္​ကာ အပိုင္​​ေနရာ ယူ​ေတာ့သည္​။

ဒီ​ေနာက္​ပိုင္​းတြင္​​ေတာ့ သမတႀကီးႏွင္​့ ​ေဒၚစု ​ေ၀းသြားပါသည္​။ ကာခ်ဳပ္​က​ေတာ့ သူတို႔ထဲမွာ ခ်ာတိတ္​ျဖစ္​၍ ဘာသံမွ် ထြက္​မလာ​ေတာ့ပါ။ ဦး​ေရႊမန္​းသာ ​ေယာင္​​ေတာင္​​ေတာင္​ျဖင္​့ ဆက္​၍ ဟန္​ျပ​ေနရဟန္​တူသည္​။ ယခု​ေနာက္​ဆံုး​ေတာ့ ​ေရၾကာၾကာ ငုပ္​ႏိုင္​ဟန္​ မတူ​ေတာ့ပါ။ ဗိုလ္​သန္​း​ေရႊ၏ သားတပည္​့ ဦး​ေအာင္​​ေသာင္​း ျခံရန္​လ်ွက္​ ျပည္​သူ႔ဆႏၵကို လက္​မခံႏိုင္​​ေၾကာင္​း ​ေပၚတင္​ ထုတ္​​ေျပာလာရ​ေလၿပီ။ ​ေခၚအဆဲခံ ရ​ေသးလား​ေတာ့ မသိပါ။

ဒီ​ေလာက္​ဆိုလ်ွင္​ ​ေလးပြင္​့ဆိုင္​မွ က်န္​သံုးပြင္​့၏ အ​ေျခအ​ေနကို သိ​ေလာက္​ပါၿပီ။ တကယ္​က ထိုသံုးဦးသည္​ ​ေက်းဇူး႐ွင္​ အ​ေဖႀကီးကို မ​ေက်ာ္​ႏိုင္​ပါ။ ကြၽန္​​ေတာ္​ သူတို႔သံုးဦးကို ျပဳျပင္​​ေျပာင္​္​းလဲမႈမ်ား လုပ္​ခ်င္​လိမ္​့မည္​ဟု ယံုသည္​။ ​ေဒၚစု ႏွင္​့လက္​တြဲ၍ စစ္​တပ္​နာမည္​ပ်က္​ခ့ဲသည္​မ်ားကို ​ေက်ာ္​လႊား​ေအာင္​ လုပ္​မည္​ဟု တကယ္​ထင္​ပါသည္​။ သို႔​ေသာ္​ ျမန္​မာတို႔ ယဥ္​​ေက်းမႈ ျဖစ္​သည္​့ ​ေက်းဇူး႐ွင္​ႀကီးကို​ေတာ့ ​ေက်းစြပ္​လိမ္​့မည္​ မထင္​ပါ။

ဒီလိုဆို ႏွစ္​ပြင္​့ဆိုင္​ဘဲ ​ေဆြး​ေႏြးယံု​ေပါ့ဟု ထင္​ရပါသည္​။ မျဖစ္​ႏိုင္​ပါ။ ဗိုလ္​သန္​း​ေရႊသည္​ တရား၀င္​ ဘာတာ၀န္​မွ မ႐ွိ​ေတာ့ပါ။ တရား၀င္​ ဘာအမိန္​႔မွလည္​း ​ေပး​ေတာ့မည္​ မထင္​ပါ။ သူႏွင္​့ ​ေဆြး​ေႏြးစရာ ဘာမွ် မလို​ေတာ့ပါဟုသာ လုပ္​ပါလိမ္​့မည္​။ သူ မ႐ွိ​ေတာ့လွ်င္​​ေတာ့ တမ်ိဳး​ေျပာင္​းႏိုင္​သည္​ဟု ကြၽန္​​ေတာ္​ ထင္​သည္​။

အခု​ေတာ့ သူႀကီးက စာဖတ္​​ေန​ေလၿပီ။ ျမန္​မာ​ေတြ ဆက္​ခံ​ေနၾကဦး​ေပါ့။ ကြၽန္​​ေတာ္​ ​ေဒၚလာ သန္​းတရာမရ​ေသာ္​လည္​း ​ေျပာရပါ​ေတာ့မည္​။ ျမန္​မာ​ေတြကိုက ကံဆိုးပါတယ္​ ဟုသာ။ ။

04 July 2014

မန္တ​လေး ပုံရိပ်​များ


(Unicode version )

မြန်​မာပြည်​ရဲ့ ဒုတိယ အကြီးဆုံး မြို့က ​ရွှေမန္တ​လေးပါ။ မြန်​မာဘုရင်​​တွေ ​နောက်​ဆုံးစံစားခ့ဲတ့ဲမြို့၊ ယဉ်​​ကျေးမှု​တွေ အထွန်​းကားဆုံးမြို့၊ ပဉ္စသင်္ဂါယနာတင်​ခ့ဲ​တော့ ဘာသာ​ရေးလည်​း ထွန်​းကားခ့ဲတ့ဲမြို့၊ အလှူအတန်​း​တွေ မပြတ်​တ့ဲမြို့။ ဂုဏ်​ပုဒ်​​တွေ အများကြီးနဲ့​ပေါ့။ ကမ္ဘာ​ကျော်​ မြို့ကြီး​ပေါ့။ နန်​းဟန်​ မြန်​မာ့ယဉ်​​ကျေးမှု အ​ငွေ့အသက်​​တွေ ကြည်​့ချင်​ယင်​ ယ​နေ့အထိ တိုးရစ်​​တွေ သွား​နေရတ့ဲ မြို့ကြီး​ပေါ့။ ခု ပွင်​့လင်​းတ့ဲ ​ခေတ်​ကြီးမှာလည်​း ကမ္ဘာ့အဖွံ့ဖြိုးဆုံး တိုင်​းပြည်​ကြီးနှစ်​နိုင်​ငံကို ဆက်​သွယ်​​ပေးနိုင်​တ့ဲ ​ရွှေမြို့​တော်​ကြီး မဟုတ်​ပါလား။



ခုရက်​ပိုင်​း​တော့ ကြားရတ့ဲ သတင်​း​တွေက မသက်​သာပါ။ ပုဒ်​မ ၁၄၄ ကာဖျူးထုတ်​ရတ့ဲ အဆင်​့​ရောက်​​နေပါပြီ။ ဘယ်​သူ့​ကြောင်​့ ဘယ်​လို​ကြောင်​့​တွေ အင်​တာနက်​​ပေါ် ပလူပျံ​နေပါပြီ။



ဒီအချိန်​ကျမှ ကျွန်​​တော်​လဲ ဘယ်​လိုဖြစ်​တယ်​ မသိ။ မန္တ​လေး အ​ကြောင်​း​ရေးဖွဲ့ထားတ့ဲ သီချင်​း​တွေ ညီး​နေမိပါတယ်​။ အမုန်​းစကား​တွေ ဖြန်​့တ့ဲအထဲ ကျွန်​​တော်​မပါ​လောက်​ပါဘူး​နော်​။ နဲနဲ ညီးကြည်​့ကြပါလား။ ​ဘေးလူ​တွေ တမျိုးထင်​မှာစိုးလဲ တိုးတိုးညီးကြ​ပေါ့။ ညီးရတာ အရသာရှိလိုက်​တာဗျာ။



မစိမ်းစိမ်းရဲ့ ​​​ရွှေမန်​းဆီသို့ တခါတ​ခေါက်​​တော့ ​ရောက်​​စေချင်​သည်​၊ က​နေ အစပြုလို့

၀င်​းဦးရဲ့ မန်​း.... မန်​းမြို့သူဇာ​မေ၊

စိုင်​းထီးစိုင်​ရဲ့ မန္တ​လေး​ရောက်​ ရှမ်​းတ​ယောက်​ရဲ့ အဖြစ်​ဟာ မလွယ်​ပါလား။

ခင်​၀မ်​းရဲ့ ​ရွှေမန်​း​ပေါက်​မှာဆုံမယ်​ တမာရွက်​က​လေး​တွေ ပြန်​့ကျဲ​နေတ့ဲ၊

​ဂျေ​မောင်​​မောင်​ရဲ့ မန္တ​လေးမှာ ရှိ​နေမယ်​၊

အငဲရဲ့ ဟိုးတုံးက မန္တ​လေး ည​တွေ၊

နိုင်​ငံ​တော်​သီချင်​းလို ဖြစ်​​နေတ့ဲ လူတိုင်​းလဲဆို​နေတ့ဲ မြနန္ဒာတို့ ​ရွှေမန်​း​တောင်​ရိပ်​ခိုတို့ အများကြီး​ပေါ့ဗျာ။



ဆိုင်​မဆိုင်​ မသိ​ပေမ့ဲ မန္တ​လေး သတင်​း​တွေကြား​တော့ စိတ်​ထဲ ​ပေါ်လာတ့ဲ ပုံရိပ်​​တွေပါ။ ဘယ်​သီချင်​း ညီးမိ ညီးမိ ပြဿဒ်​​တွေနဲ့ မန္တ​လေး​တောင်​​တော်​ပုံက​တော့ မျက်​စိထဲ ​ပေါ်လာမိပါတယ်​။ မြန်​မြန်​ ​အေးချမ်​းပါ​စေ။

XxXxXx

(Zawgyi version )

ျမန္​မာျပည္​ရဲ႕ ဒုတိယ အႀကီးဆံုး ၿမိဳ႕က ​ေရႊမႏၲ​ေလးပါ။ ျမန္​မာဘုရင္​​ေတြ ​ေနာက္​ဆံုးစံစားခ့ဲတ့ဲၿမိဳ႕၊ ယဥ္​​ေက်းမႈ​ေတြ အထြန္​းကားဆံုးၿမိဳ႕၊ ပၪၥသဂၤါယနာတင္​ခ့ဲ​ေတာ့ ဘာသာ​ေရးလည္​း ထြန္​းကားခ့ဲတ့ဲၿမိဳ႕၊ အလႉအတန္​း​ေတြ မျပတ္​တ့ဲၿမိဳ႕။ ဂုဏ္​ပုဒ္​​ေတြ အမ်ားႀကီးနဲ႔​ေပါ့။ ကမာၻ​ေက်ာ္​ ၿမိဳ႕ႀကီး​ေပါ့။ နန္​းဟန္​ ျမန္​မာ့ယဥ္​​ေက်းမႈ အ​ေငြ႔အသက္​​ေတြ ၾကည္​့ခ်င္​ယင္​ ယ​ေန႔အထိ တိုးရစ္​​ေတြ သြား​ေနရတ့ဲ ၿမိဳ႕ႀကီး​ေပါ့။ ခု ပြင္​့လင္​းတ့ဲ ​ေခတ္​ႀကီးမွာလည္​း ကမာၻ႔အဖြံ႔ၿဖိဳးဆံုး တိုင္​းျပည္​ႀကီးႏွစ္​ႏိုင္​ငံကို ဆက္​သြယ္​​ေပးႏိုင္​တ့ဲ ​ေရႊၿမိဳ႕​ေတာ္​ႀကီး မဟုတ္​ပါလား။

ခုရက္​ပိုင္​း​ေတာ့ ၾကားရတ့ဲ သတင္​း​ေတြက မသက္​သာပါ။ ပုဒ္​မ ၁၄၄ ကာဖ်ဴးထုတ္​ရတ့ဲ အဆင္​့​ေရာက္​​ေနပါၿပီ။ ဘယ္​သူ႔​ေၾကာင္​့ ဘယ္​လို​ေၾကာင္​့​ေတြ အင္​တာနက္​​ေပၚ ပလူပ်ံ​ေနပါၿပီ။

ဒီအခ်ိန္​က်မွ ကြၽန္​​ေတာ္​လဲ ဘယ္​လိုျဖစ္​တယ္​ မသိ။ မႏၲ​ေလး အ​ေၾကာင္​း​ေရးဖြဲ႔ထားတ့ဲ သီခ်င္​း​ေတြ ညီး​ေနမိပါတယ္​။ အမုန္​းစကား​ေတြ ျဖန္​႔တ့ဲအထဲ ကြၽန္​​ေတာ္​မပါ​ေလာက္​ပါဘူး​ေနာ္​။ နဲနဲ ညီးၾကည္​့ၾကပါလား။ ​ေဘးလူ​ေတြ တမ်ိဳးထင္​မွာစိုးလဲ တိုးတိုးညီးၾက​ေပါ့။ ညီးရတာ အရသာ႐ွိလိုက္​တာဗ်ာ။

မစိမ္းစိမ္းရဲ႔ ​​​ေရႊမန္​းဆီသို႔ တခါတ​ေခါက္​​ေတာ့ ​ေရာက္​​ေစခ်င္​သည္​၊ က​ေန အစျပဳလို႔
၀င္​းဦးရဲ႕ မန္​း.... မန္​းၿမိဳ႕သူဇာ​ေမ၊
စိုင္​းထီးစိုင္​ရဲ႕ မႏၲ​ေလး​ေရာက္​ ႐ွမ္​းတ​ေယာက္​ရဲ႕ အျဖစ္​ဟာ မလြယ္​ပါလား။
ခင္​၀မ္​းရဲ႕ ​ေရႊမန္​း​ေပါက္​မွာဆံုမယ္​ တမာရြက္​က​ေလး​ေတြ ျပန္​႔က်ဲ​ေနတ့ဲ၊
​ေဂ်​ေမာင္​​ေမာင္​ရဲ႕ မႏၲ​ေလးမွာ ႐ွိ​ေနမယ္​၊
အငဲရဲ႕ ဟိုးတံုးက မႏၲ​ေလး ည​ေတြ၊
ႏိုင္​ငံ​ေတာ္​သီခ်င္​းလို ျဖစ္​​ေနတ့ဲ လူတိုင္​းလဲဆို​ေနတ့ဲ ျမနႏၵာတို႔ ​ေရႊမန္​း​ေတာင္​ရိပ္​ခိုတို႔ အမ်ားႀကီး​ေပါ့ဗ်ာ။

ဆိုင္​မဆိုင္​ မသိ​ေပမ့ဲ မႏၲ​ေလး သတင္​း​ေတြၾကား​ေတာ့ စိတ္​ထဲ ​ေပၚလာတ့ဲ ပံုရိပ္​​ေတြပါ။ ဘယ္​သီခ်င္​း ညီးမိ ညီးမိ ျပႆဒ္​​ေတြနဲ႔ မႏၲ​ေလး​ေတာင္​​ေတာ္​ပံုက​ေတာ့ မ်က္​စိထဲ ​ေပၚလာမိပါတယ္​။ ျမန္​ျမန္​ ​ေအးခ်မ္​းပါ​ေစ။ 

03 July 2014

နှစ်​​ခြောက်​ဆယ်​ပြည့် တံဆိပ်​​ခေါင်း







(Unicode version)


ဇွန်​လ၂၈ရက်​​နေ့က ြငြိမ်​းချမ်းစွာ အတူယှဉ်​တွဲ​နေထိုင်​​ရေး ြမြန်မာ တရုပ်​ အန္ဒိယ သ​ဘောတူညီခ့ဲ​့တာ နှစ်​ခြေက်ဆယ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ တရာတန်နဲ့ ငါးရာတန်ပါ။

ထူးခြားတာက တရာတန်တံဆိပ်ခေါင်းပါ စာအိပ်ပါ ထုတ်ေ၀ပါတယ်။ ဈေးကလဲ စာအိပ်ပါ တရာပါဘဲ။

ဒီဇိုင်းကတော့ ပိုစတာ အဆင့်က မတက်သေးပါဘူး။ နှစ်ရောင်ပြောင်းပြီ နှစ်မျိုးထုတ်တာပါ။




XxXxXx

(Zawgyi version)


ဇြန္​လ၂၈ရက္​​ေန႔က ျၿငိမ္​းခ်မ္းစြာ အတူယွဥ္​တြဲ​ေနထိုင္​​ေရး ျျမန္မာ တ႐ုပ္​ အႏၵိယ သ​ေဘာတူညီခ့ဲ​့တာ ႏွစ္​ေျခက္ဆယ္ျပည့္ အထိမ္းအမွတ္ တံဆိပ္ေခါင္း ထုတ္ပါတယ္။ တရာတန္နဲ႔ ငါးရာတန္ပါ။
ထူးျခားတာက တရာတန္တံဆိပ္ေခါင္းပါ စာအိပ္ပါ ထုတ္ေ၀ပါတယ္။ ေစ်းကလဲ စာအိပ္ပါ တရာပါဘဲ။
ဒီဇိုင္းကေတာ့ ပိုစတာ အဆင့္က မတက္ေသးပါဘူး။ နွစ္ေရာင္ေျပာင္းျပီ နွစ္မ်ိုးထုတ္တာပါ။