21 December 2025

မန်းတက္ကသိုလ်ရာပြည့် တံဆိပ်ခေါင်း

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်တယ်။ တံဆိပ်ခေါင်း 'sheet' အနေနဲ့ ထွက်တာပါ။ မန်းတက္ကသိုလ်ရာပြည့်က ပြီးခဲ့တဲ့ ဇူလိုင်လကပေမင့် အခုမှ နှစ်မကူးခင်ထုတ်လိုက်ဟန် ရှိပါတယ်။ . တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ 'ရှိ' ထုတ်တာဆိုတော့ FDC မထုတ်ပါဘူး။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကလည်း 'ရှိ' ထုတ်ခဲ့တယ်။ အနုပညာရှင်ပိုထွက်တဲ့ မန္တလေးအတွက်ထုတ်မှဘဲ တံဆိပ်ခေါင်း'ရှိ'ကြည့်ရတာ 'ရှိ'ကသပ်သပ်၊ တံဆိပ်ခေါင်းကသပ်သပ် ဖြစ်နေသလိုဘဲ။ အမှတ်တမယ့်ကြည့်ရင် မန္တလေးတက္ကသိုလ်ပုံ ပို့စကဒ်ပေါ် တံဆိပ်ခေါင်း လာတင်ထားသလိုမြင်တယ်။ အဲ့လိုရည်ရွယ်ယင်တော့ မပြောတတ်။ . တံဆိပ်ခေါင်းဒီဇိုင်းက အင်ဂျင်နီယာကျောင်း ရာပြည့်နဲ့ဆင်တယ်။ မူလ လိုဂိုအတိုင်းဘဲ။ ရာပြည့်ပွဲအတွက် သေချာရွေးခဲ့ဟန်တူတယ်။ သဘောကျတယ်။ ဒီတကြိမ်လည်း တွေးမိပါတယ်။ တံဆိပ်ခေါင်း 'ရှိ' ပြိုင်ပွဲလေးလုပ် ရွေးချယ်ရင် ပိုအဆင်ပြေမှာဘဲလို့။

No comments:

Post a Comment

Thank you.