05 October 2025
တင်ညွန့်ရဲ့ ''မှီ'' ၊
စာရေးသူတဦးရဲ့ စာများကို သဘောကျပါလျှင် စာအုပ်ထွက်သည့်အခါ ဝယ်ယူအားပေးခြင်းသည် အကောင်းဆုံးအားပေးမှုဟု ထင်မိတယ်။ အထူးသဖြင့် အွန်လိုင်းပေါ်မှာ စာရေးသားသူများသည် စာမူခမရကြ။ သူတို့ရေးသည့် စာအုပ်ထွက်သည့်အခါ ဝယ်ဖတ်ပြီး အားပေးမည်ဟု စိတ်ကူးအတိုင်း (ဦး)တင်ညွန့်ရဲ့ ''မှီ'' ကို ဝယ်ဖတ်ခဲ့ပါတယ်။
.
ဆရာဦးတင်ညွန့် စာရေးကောင်းတာ သူဖေ့ဘုတ်တွင် နေ့စဥ်ရေးနေသည့် စာများဖတ်သူတွေ သိပြီးသားပါ။ အခု ''မှီ''ကိုလည်း အပိုင်းနှစ်ဆယ်ကျော်အထိ ဆရာရဲ့ ဖေ့ဘုတ်အကောင့်နှစ်ခုမှာ ဖတ်ရကတည်းက စိတ်ဝင်စားစရာပါ။ အဆုံးအထိ မတင်ပေးဘဲ စာအုပ်ထွက်မှ ဇတ်သိမ်းသိလိုသူတွေ ဝယ်ဖတ်ရန် စီစဥ်ရေးသားခဲ့တာပါ။
.
ဇတ်လိုက်က သူရေးနေကျစတိုင်အတိုင်း ပညာရေးဌာနမှ ဆရာ။ သိပ္ပံသမား၊ ရုပ်ဝါဒီကို ပိုမိုသဘောကျသူ။ သို့သော် သဘာဝလွန်ဖြစ်ရပ်များနှင့် ကြုံလာပြီး ဇတ်လမ်းတပုဒ် ဖြစ်လာပြီ။ ဘယ်လို အဆုံးသတ်မှာပါလိမ့်။ ဒီတခါတော့ ဆရာက မြန်မာပရိဿတ်ကြီးအကြိုက် အဆုံးသတ်ပေးလိုက်သည်ဟု ထင်မြင်မိပါတယ်။
.
ဒီပုံစံမျိုးလေးတွေ ဆရာရေးလေ့ရှိပါတယ်။ အချို့ ဇတ်ကွက်များက အရင်ဖတ်ဖူးနေသလို ထင်မိတယ်။ သို့သော် ရေးဟန်ကောင်းတာကြောင့် ဇတ်အဆုံးအထိ စွဲဆောင်သွားနိုင်တဲ့ ဝတ္ထုတအုပ်ဖြစ်ကြောင်း အာမခံပါတယ်။
.
မေက္ခစာအုပ်တိုက်မှ ထုတ်ဝေပြီး စာအုပ်တန်ဖိုး တသောင်းရှစ်ထောင်ကျပ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Thank you.