12 February 2023

၇၆နှစ်မြောက် ပြည်ထောင်စုနေ့ တံဆိပ်ခေါင်း


 ၇၆နှစ်မြောက် ပြည်ထောင်စုနေ့ တံဆိပ်ခေါင်းထွက်တယ်။ ၂၀ဝကျပ်တန်ပါ။ FDC ထွက်တယ်။ brochure မထုတ်ပါ။ FDC က အိပ် ၁၀၀ လောက် ရောင်းအပြီး ကုန်သွားလို့ မရကြပါ။ ရန်ကုန်စာတိုက်ကြီး အောက်အဝင်ဝမှ လမ်းဘေးရောင်းသူစီမှာ အထုပ်လိုက်တွေ့တယ်။ ပြန်မရောင်းပါ။ ကြိုတင် စာရင်းပေး ဝယ်ထားတာပါတဲ့။ ဟုတ်မှာပါလေ။

.

တံဆိပ်ခေါင်း အနားသား perforation. နေရာမှာ အဝါရောင်ပန်းဒီဇိုင်း နှိပ်ထားတယ်။ အရင်ခေါင်းတွေလို အဖြူရောင်မဟုတ်။ ဒီဇိုင်းပုံက ၇၀ ခေတ်များစီက ပို့စကဒ်ဒီဇိုင်း အဆင့်ဘဲ။ အရောင်စုံ သုံးထားသော်လည်း တောက်ပမှု မရှိပါ။ ပုံမှာ ဖေ့ဘုတ်ကပုံနဲ့ ယှဥ်ပြထားတယ်။ 

No comments:

Post a Comment

Thank you.