27 October 2021

ပုဂံခေတ်ဝတ်ဆင်မှု တံဆိပ်ခေါင်း၊

 


မြန်မာဝတ်စားဆင်ယင်မှုစီးရီး ဒုတိယအသုတ်အဖြစ် ပုဂံခေတ်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်း နှစ်ခေါင်း ယနေ့ထုတ်သည်။ FDC လည်းထုတ်ဝေသည်။ ပထမခေါင်းများလိုဘဲ ကျား မ ဝတ်စုံနှစ်မျိုးဖြင့် ထုတ်သည်။ တံဆိပ်ခေါင်း ၂၀၀ကျပ်စီနှင့် FDC ၂၀၀ကျပ်စီ။

.

ပထမခေါင်းများလိုဘဲ ကောက်ကြောင်းများ နောက်ခံအပြည့် ထည့်ထားသည်။ ယုတ်တရက်ကြည့်လျှင် ကျား မ ခေါင်း မကွဲ။ နောက်ခံအရောင် ဆင်တူ၊ အင်္ကျီအရောင် ဆင်တူ။ စီးရီးပီပီ ဒါကိုက စတိုင်ဟု သတ်မှတ်ရတော့မည်။ သို့သော် ဒီဇိုင်းပညာ နားမလည်သော တံဆိပ်ခေါင်းသမားတဦး အနေနဲ့ ပထမခေါင်းများထက်တော့ သာသည်လို့ထင်သည်။ တံဆိပ်ခေါင်း မပီသဘဲ ပိုစတာဆန်သည်တော့ ထင်မိ။

.

စီးရီးပီသတာ နောက်တခုက အင်္ဂလိပ်လို Bagan Era Traditional Costume Style ဆိုတာ တံဆိပ်ခေါင်းပေါ်မှာ မပါခဲ့။ FDC တွင်မူ ထင်ရှားစွာပါသည်။ ပုံက ရှုပ်ထွေးနေလို့ အင်္ဂလိပ်လို နိုင်ငံအမည်ပင် သေချာကြည့်ရသည်။ နိုင်ငံအမည် မြန်မာ အင်္ဂလိပ်လိုကို အခြားအရောင်သုံးလျှင် ပိုပေါ်လွင်မည်။

.

ယခုစီးရီးသည် မြန်မာအကြောင်း ပြည်ပနိုင်ငံများ တံဆိပ်ခေါင်းမှတဆင့် သိရန်လုပ်နိုင်သည်။ ယခုတော့ ပြည်ပ တံဆိပ်ခေါင်းစုသူများ အတွက် ရည်ရွယ်ဟန်မတူ။ ပြည်ပမှစုသူများ ကြိုက်ကြပါ့မလား မသိ။

No comments:

Post a Comment

Thank you.