23 September 2020

ပန်းရန် တံဆိပ်ခေါင်း၊

 





မြန်မာ့ရိုးရာ ပန်းဆယ်မျိုးစီးရီးရဲ့ ပန်းရန်တံဆိပ်ခေါင်း ၂၁ရက်နေ့က ထွက်ပါတယ်။ စက်တင်ဘာ၂၁ တနင်္လါ မနက်၈နာရီကစ ရန်ကုန်တမြို့လုံး စတေး@ဟုမ်းဆိုလို့ အကုန်ဂွကျကုန်ပါတယ်။ သတင်းနားထောင်ပြီး ဒီနေ့မှသွားဖြစ်ပါတယ်။

.

စက်တင်ဘာလကုန်အထိ FDC ရောင်းပေးမှာဖြစ်သလို တုံးလည်းထုပေးပါမယ်တဲ့။ ရန်ကုန်စာတိုက်ကြီးအပေါ်ထပ် ငွေတိုက်ခန်းမှာ တံဆိပ်ခေါင်းဝယ်တာ၊ FDCဝယ်တာ၊ တုံးထုတာလုပ်ပေးပါတယ်။ လူရှင်းနေတော့ အေးဆေးလုပ်ရပါတယ်။

.

ရန်ကုန်မှာ ကိုဗစ်အခြေအနေက ဘယ်လိုဆက်သွားမယ်မသိတော့ ကျန်ခေါင်းများ ဘယ်လိုဆက်ထုတ်မည်မသိပါ။ အကြံပေးချင်တာကတော့ ကိုဗစ်အေးသွားမှဘဲ ဆက်ထုတ်စေချင်တယ်။ ၂၀၂၀အတွင်း အပြီးထုတ်ချင်တယ်ဆိုလည်း ရက်ခြားသာဆက်ထုတ်လိုက်ပေါ့။ 

.

တံဆိပ်ခေါင်းတန်ဖိုးက ၂၀၀ကျပ်ဖြစ်သလို FDCကလည်း ၂၀၀ကျပ်ပါ။


aplar.blogspot.com. 

No comments:

Post a Comment

Thank you.