02 September 2019

ဒီမိုကရေစီ နဲ့ မြန်မာ



(Unicode version)

   ပြ်ိီးခဲ့တဲ့အပတ်ထဲက မထော်မနှမ်းစကားတွေကြားရတယ်။ အတော်ဘဲလည်း အံ့အားသင့်စရာကောင်းသလို ပြောသူတွေက ဆက်စပ်နေတဲ့ တဖွဲ့ထဲကဖြစ်နေတော့ ဆန်းလျှက်နဲ့ မထူးတော့ပါဘူး။
.
စကားလုံး အတိအကျတော့ မမှတ်မိတော့ဘူး။ အဓိပ္ပာယ်တော့ တူပါတယ်။ ကြားရတာက လွှတ်တော်မှာ မဲများရာ အနိုင်လို့ ဆုံးဖြတ်နေရင် ဒီမိုကရေစီ မကျဘူးဆိုလား၊ နောက်တခုက အဆိုတွေကို မဲခွဲဆုံးဖြတ်မှုလုပ်နေရင် ဒီမိုကရေစီ မကျဘူးလား ဆိုလား၊ အဲဒါမျိုးတွေပါ။ နောက်တယောက်ကလည်း ပြောသေးတယ်။ လွှတ်တော်ထဲပြောတာ ပြောသူတာဝန်ယူရမတဲ့။
.
ဒါမျိုးတွေ ပြောထွက်တာဟာ ဒီမိုကရေစီနဲ့ လွှတ်တော်ဆိုတာကို နားမလည်မှန်း သေချာပါတယ်။ ဒီမိုကရေစီလို့ ပြောရင်ကို ဖမ်းမချုပ်ခံရတောင် ဒုက္ခအပေးခံရနိုင်တဲ့ နှစ်ငါးဆယ်လောက် မြန်မာတွေဖြတ်သန်းလာတော့ မြန်မာအများစုကြီးက မသိတော့ပါဘူး။ ခုနောက်ပိုင်းမှ စိတ်ဝင်စားသူတွေသာ လေ့လာလို့ သိလာကြတာပါ။
.
ကောင်းတာက တက္ကသိုလ်တွေ အထက်တန်းကျောင်းတွေမှာ မသင်နိုင်တောင် ရှင်းပြဖို့ ဟောပြောဖို့ လိုပါလိမ့်မယ်။ ငယ်စဉ်ကတည်းက ဒီမိုကရေစီ အခြေခံသိခဲ့မှ သူတို့လူကြီးဖြစ်ချိန် တိုင်းပြည်တည်ငြိမ်ပါလိမ့်မယ်။ ဒီလိုဟောပြော ရှင်းပြဖို့  ကျောင်းဆရာများကိုသာ အားကိုးလို့မရဘဲ ပြင်ပက နိုင်ငံရေး လှုပ်ရှားသူများကိုပါ အကူအညီ တောင်းသင့်ပါတယ်။
.
ဒီမိုကရေစီဆိုပြီး ကိုယ်လုပ်ချင်ရာ လုပ်လို့မရဘူး။ ကိုယ်လုပ်ချင်တာရှိလည်း အများလက်ခံလာအောင် စွဲဆောင်ရှင်းပြတတ်လာမယ်။ ငယ်စဉ်ကတည်းက ဒီအကျင့်တွေ ရရှိခဲ့ရင် နောင်အခါ ဒီမိုကရေစီအုပ်ချုပ်ရေးမှာ ပိုအလုပ်ဖြစ်မယ် ထင်တာပါဘဲ​ဗျာ။     ။


XxXxXx

(Zawgyi version )

   ျပ္ိီးခဲ့တဲ့အပတ္ထဲက မေထာ္မႏွမ္းစကားေတြၾကားရတယ္။ အေတာ္ဘဲလည္း အံ့အားသင့္စရာေကာင္းသလို ေျပာသူေတြက ဆက္စပ္ေနတဲ့ တဖြဲ႕ထဲကျဖစ္ေနေတာ့ ဆန္းလွ်က္နဲ႕ မထူးေတာ့ပါဘူး။
.
စကားလုံး အတိအက်ေတာ့ မမွတ္မိေတာ့ဘူး။ အဓိပၸာယ္ေတာ့ တူပါတယ္။ ၾကားရတာက လႊတ္ေတာ္မွာ မဲမ်ားရာ အနိုင္လို႔ ဆုံးျဖတ္ေနရင္ ဒီမိုကေရစီ မက်ဘဴးဆိုလား၊ ေနာက္တခုက အဆိုေတြကို မဲခြဲဆုံးျဖတ္မႈလုပ္ေနရင္ ဒီမိုကေရစီ မက်ဘဴးလား ဆိုလား၊ အဲဒါမ်ိဳးေတြပါ။ ေနာက္တေယာက္ကလည္း ေျပာေသးတယ္။ လႊတ္ေတာ္ထဲေျပာတာ ေျပာသူတာဝန္ယူရမတဲ့။
.
ဒါမ်ိဳးေတြ ေျပာထြက္တာဟာ ဒီမိုကေရစီနဲ႕ လႊတ္ေတာ္ဆိုတာကို နားမလည္မွန္း ေသခ်ာပါတယ္။ ဒီမိုကေရစီလို႔ ေျပာရင္ကို ဖမ္းမခ်ဳပ္ခံရေတာင္ ဒုကၡအေပးခံရနိုင္တဲ့ ႏွစ္ငါးဆယ္ေလာက္ ျမန္မာေတြျဖတ္သန္းလာေတာ့ ျမန္မာအမ်ားစုႀကီးက မသိေတာ့ပါဘူး။ ခုေနာက္ပိုင္းမွ စိတ္ဝင္စားသူေတြသာ ေလ့လာလို႔ သိလာၾကတာပါ။
.
ေကာင္းတာက တကၠသိုလ္ေတြ အထက္တန္းေက်ာင္းေတြမွာ မသင္နိုင္ေတာင္ ရွင္းျပဖို႔ ေဟာေျပာဖို႔ လိုပါလိမ့္မယ္။ ငယ္စဥ္ကတည္းက ဒီမိုကေရစီ အေျခခံသိခဲ့မွ သူတို႔လူႀကီးျဖစ္ခ်ိန္ တိုင္းျပည္တည္ၿငိမ္ပါလိမ့္မယ္။ ဒီလိုေဟာေျပာ ရွင္းျပဖို႔ ေက်ာင္းဆရာမ်ားကိုသာ အားကိုးလို႔မရဘဲ ျပင္ပက နိုင္ငံေရး လႈပ္ရွားသူမ်ားကိုပါ အကူအညီ ေတာင္းသင့္ပါတယ္။
.
ဒီမိုကေရစီဆိုၿပီး ကိုယ္လုပ္ခ်င္ရာ လုပ္လို႔မရဘူး။ ကိုယ္လုပ္ခ်င္တာရွိလည္း အမ်ားလက္ခံလာေအာင္ စြဲေဆာင္ရွင္းျပတတ္လာမယ္။ ငယ္စဥ္ကတည္းက ဒီအက်င့္ေတြ ရရွိခဲ့ရင္ ေနာင္အခါ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးမွာ ပိုအလုပ္ျဖစ္မယ္ ထင္တာပါဘဲ​ဗ်ာ။ ။ 

No comments:

Post a Comment

Thank you.