11 January 2019

ကျေးဂျူးကမ္ဘာပါ ကချင်ပြည်









(Unicode version )


   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဒီပုံလေးကို သတိထားမိကြမယ်ထင်ပါတယ်။ ပုံမှာပါတ့ဲ ကလေးငယ်အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေမြင်ရမှာပါ။ ဒေါ်စုကို ကြိုနေတ့ဲ ကျောင်းသားလေးတွေပါ။

.

ကလေးတွေရဲ့အပြုံးက ဟန်ဆောင်လို့မရပါဘူး။ ဆင့်ခေါ်ခံရလို့ဖြစ်စေ၊ ပိုက်ဆံရလို့ဖြစ်စေ လာကြိုနေရသူတွေမှာ ဒီအပြုံးမျိုး မတွေ့နိုင်ပါ။ ဒီကလေးတွေသာမက မြန်မာပြည်မြောက်ဖျားအကျဆုံးမြို့ ခေါင်လန်ဖူးကစ မချမ်းဘော ပူတာအို မြစ်ကြီးနားမြို့တွေက ပြည်သူတွေ ၊ အထူးသဖြင့် ဒေသခံတိုင်းရင်းသားတွေ သောင်းသောင်းဖြဖြကြိုဆိုကြတာ တွေ့ရပါတယ်။

.

ဒီလိုကြိုဆိုတာ ဒေါ်စုရဲ့ ငြိမ်းချမ်းရေးကိစ္စအပါအဝင် လုပ်ရပ်တွေကို ကြိုဆိုမျှော်လင့်လို့ဆိုတာ ကချင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အားလုံး သဘောပေါက်သင့်ပါပြီ။ တိုင်းပြည်အတွက်၊ ပြည်နယ်အတွက်၊ လူမျိုးအတွက်စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး စစ်တိုက်နေကြတာ ရပ်သင့်ပါပြီ။ ဒေါ်စုခေတ်မှာမရရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ မရနိုင်တော့ဘူးဆိုတာ အားလုံး လက်ခံသဘောပေါက်သင့်ပါပြီ။

.

ကချင်ပြည်နယ်က ခုလိုသောင်းသောင်းဖြဖြကြိုတာ ဝမ်းလည်းသာ ကျေးဇူးလည်းတင်တယ်၊ တဆက်တည်း ဝန်ခံရဦးမယ်။ ဒေါ်စု ကချင်ပြည်နယ်သွားမ့ဲသတင်း ကြားတော့ စိုးရိမ်မိပါတယ်။ ကချင်ပြည်နယ်မှ မကြေနပ်သူ ပြသနာရှာမှာထက်၊ ကချင်တွေဒုက္ခဖြစ်အောင် ကချင်ယောင်ဆောင်ပြီး ပြသနာရှာမ့ဲသူ ရှိနိုင်တာကို တွေးပူမိတာပါ။ ခုတော့ ချောချောမောမောနဲ့ ပြီးဆုံးခ့ဲပါပြီ။ ဒီ့အတွက်လည်း ကချင်ပြည်နယ်မျ ဒေသခံများကို ထပ်ဆင့်ကျေးဇူးတင်မိပါတယ်ခင်ဗျား။
XxXxXx

(Zawgyi version )


  ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကခ်င္ျပည္နယ္ခရီးစဥ္မွာ ဒီပံုေလးကို သတိထားမိၾကမယ္ထင္ပါတယ္။ ပံုမွာပါတ့ဲ ကေလးငယ္အားလံုးရဲ႕ မ်က္ႏွာမွာ အျပံဳးေတြျမင္ရမွာပါ။ ေဒၚစုကို ႀကိဳေနတ့ဲ ေက်ာင္းသားေလးေတြပါ။
.
ကေလးေတြရဲ႕အျပံဳးက ဟန္ေဆာင္လို႔မရပါဘူး။ ဆင့္ေခၚခံရလို႔ျဖစ္ေစ၊ ပိုက္ဆံရလို႔ျဖစ္ေစ လာႀကိဳေနရသူေတြမွာ ဒီအျပံဳးမ်ိဳး မေတြ႔ႏိုင္ပါ။ ဒီကေလးေတြသာမက ျမန္မာျပည္ေျမာက္ဖ်ားအက်ဆံုးၿမိဳ႕ ေခါင္လန္ဖူးကစ မခ်မ္းေဘာ ပူတာအို ျမစ္ႀကီးနားၿမိဳ႕ေတြက ျပည္သူေတြ ၊ အထူးသျဖင့္ ေဒသခံတိုင္းရင္းသားေတြ ေသာင္းေသာင္းျဖျဖႀကိဳဆိုၾကတာ ေတြ႔ရပါတယ္။
.
ဒီလိုႀကိဳဆိုတာ ေဒၚစုရဲ႕ ၿငိမ္းခ်မ္းေရးကိစၥအပါအဝင္ လုပ္ရပ္ေတြကို ႀကိဳဆိုေမွ်ာ္လင့္လို႔ဆိုတာ ကခ်င္ျပည္နယ္အတြင္း႐ွိ လက္နက္ကိုင္အားလံုး သေဘာေပါက္သင့္ပါၿပီ။ တိုင္းျပည္အတြက္၊ ျပည္နယ္အတြက္၊ လူမ်ိဳးအတြက္စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး စစ္တိုက္ေနၾကတာ ရပ္သင့္ပါၿပီ။ ေဒၚစုေခတ္မွာမရရင္ ဖက္ဒရယ္ျပည္ေထာင္စုဆိုတာ မရႏိုင္ေတာ့ဘူးဆိုတာ အားလံုး လက္ခံသေဘာေပါက္သင့္ပါၿပီ။
.
ကခ်င္ျပည္နယ္က ခုလိုေသာင္းေသာင္းျဖျဖႀကိဳတာ ဝမ္းလည္းသာ ေက်းဇူးလည္းတင္တယ္၊ တဆက္တည္း ဝန္ခံရဦးမယ္။ ေဒၚစု ကခ်င္ျပည္နယ္သြားမ့ဲသတင္း ၾကားေတာ့ စိုးရိမ္မိပါတယ္။ ကခ်င္ျပည္နယ္မွ မေၾကနပ္သူ ျပသနာ႐ွာမွာထက္၊ ကခ်င္ေတြဒုကၡျဖစ္ေအာင္ ကခ်င္ေယာင္ေဆာင္ၿပီး ျပသနာ႐ွာမ့ဲသူ ႐ွိႏိုင္တာကို ေတြးပူမိတာပါ။ ခုေတာ့ ေခ်ာေခ်ာေမာေမာနဲ႔ ၿပီးဆံုးခ့ဲပါၿပီ။ ဒီ့အတြက္လည္း ကခ်င္ျပည္နယ္မ် ေဒသခံမ်ားကို ထပ္ဆင့္ေက်းဇူးတင္မိပါတယ္ခင္ဗ်ား။ 

No comments:

Post a Comment

Thank you.