03 April 2017

NLD နှင့် တိုင်းရင်းသားအ​ရေး

(Unicode version )

   ပြီးသွားခ့ဲသည်​့ ကြားဖြတ်​​ရွေး​ကောက်​ပွဲ ရလဒ်​က NLD ပါတီ အတွက်​ ​ခေါင်​း​လောင်​းထိုးလိုက်​ပါပြီ။ တိုင်​းရင်​းသားများ အ​ရေးနှင်​့ပတ်​သက်​၍ ပိုမိုအာရုံစိုက်​ဖို့လို​ကြောင်​း သတိ​ပေးလိုက်​သံပါ။ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ဒီအဖြစ်​မျိုးကြုံတာ ကံ​ကောင်​းပါသည်​။ တနိုင်​ငံလုံး ပုံမှန်​​ရွေး​ကောက်​ပွဲအချိန်​တွင်​ဆိုပါက ကြ့ဖွတ်​​တွေလို ပြင်​ဆင်​ချိန်​မရဘဲ ဖြစ်​သွားပါမည်​။ NLD ပါတီက ကံ​ကောင်​းမှာ​သေချာသည်​။ ​ဒေါ်​အောင်​ဆန်​းစုကြည်​၏ တိုင်​းပြည်​အ​ပေါ်ထားသည်​့ ​စေတနာ​မေတ္တာ​ကြောင်​့ ကံ​ကောင်​းဦးမှာ ​သေချာသည်​။ ​ဒေါ်စုအလွန်​​ခေတ်​အတွက်​​တော့ ကြိုတင်​ပြင်​ဆင်​ထားကြ​ပေါ့။

.

ယခုတ​ခေါက်​ တိုင်​းရင်​းသား​ဒေသ ပြည်​နယ်​များတွင်​ ချင်​းတ​နေရာမှအပ အ​ခြေမလှခ့ဲ။ ဥိီးဝင်​းထိန်​ရဲ့ ရှမ်​းစကား မကျွမ်​းလို့ဆို​သော ​ဖြေရှင်​းချက်​မှသည်​ တံတားအမည်​ ဇွတ်​​ပေးလို့အထိ အ​ကြောင်​းပြချက်​ စုံလှပါသည်​။ ဒါ​တွေလည်​း ထည်​့တွက်​ရမ့ဲ အချက်​​တွေပါဘဲ။ တကယ်​့အ​ကြောင်​းအရင်​းက NLDပါတီသည်​ ဗမာလူမျိုး ကြီးစိုးဖို့လုပ်​​ဆောင်​သည်​့ ပါတီမျိုးမဟုတ်​​ကြောင်​း၊ ဖက်​ဒရယ်​ပြည်​​ထောင်​စုကို တကယ်​ရည်​ရွယ်​​ကြောင်​း တိုင်​းရင်​းသားများ ယုံကြည်​လာ​ရေးက အဓိကပါ။

.

၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ တိုင်​းရင်​းသားပါတီ​ဒေသများတွင်​ NLD ယှဉ်​ပြိုင်​သည်​့ကိစ္စ၊ ရခိုင်​နှင်​့ရှမ်​းတွင်​ ဖွဲ့စည်​းပုံအရ ဝန်​ကြီးချုပ်​​ရွေးသည်​့ကိစ္စများအထိ ပြန်​စဉ်​းစားသင်​့သည်​ ​ထင်​ပါသည်။ အမာခံ လက်​တွဲ​ဖော်​ပါတီတချို့ကို ​ဝေးကွာ​စေခ့ဲပါသည်​။ ၂၀၂၀ ​ရွေး​ကောက်​ပွဲတွင်​ မဟာမိတ်​တိုင်​းရင်​းသားပါတီများ ပြည်​နယ်​များတွင်​ ​ရွေးချယ​်​​စေ၍ NLDမှ သူတို့နယ်​များတွင်​ ဝင်​အ​ရွေးမခံသင်​့ပါ။ သူတို့ လိုအပ်​လို့ အကူအညီ​တောင်​းမှသာ ဝင်​​ရောက်​ယှဉ်​ပြိုင်​သင်​့သည်​ ထင်​သည်​။

.

ဗဟိုအစိုးရဖွဲ့​ရေးအတွက်​ မဟာမိတ်​ တိုင်​းရင်​းသားပါတီများက ​ထောက်​ခံမဲ​ပေးသလို ဖွဲ့စည်​းပုံ မပြင်​နိုင်​​သေး​စေကာမူ ပြည်​နယ်​အစိုးရအဖွဲ့အတွက်​ မဟာမိတ်​ တိုင်​းရင်​းသားပါတီကိုသာ တာဝန်​​ပေးသင်​့ပါသည်​။ ပထမအချက်​အ​နေဖြင်​့ တိုင်​းရင်​းသားများရဲ့ ယုံကြည်​မှုရနိုင်​ပါသည်​။ သူတို့ လိုအပ်​ချက်​ရှိပါက နည်​းလမ်​းပြ အကူအညီ​ပေးခြင်​းဖြင်​့ ယုံကြည်​မှု ပိုမိုတည်​​ဆောက်​နိုင်​ပါသည်​။ ဒုတိယအ​နေနှင်​့ တိုင်​း​ဒေသ​နေရာများအတွက်​ NLDအ​နေနှင်​့ ဖိဖိစီးစီး​ဆောင်​ရွက်​နိုင်​ပါမည်​။ မဟာဗျူဟာအားထုတ်​ရမှု၊ လူအင်​အားရှာရမှု၊ ဘဏ္႑ာ​ငွေ ​လျော့သုံးနိုင်​မှုများတွင်​ပါ အသာရနိုင်​ပါသည်​။ ၂၀၂၀တွင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​သည်​ ပါတီစည်​းရုံး​ရေးကိစ္စကို ၂၀၁၅ကလို ဦး​ဆောင်​​ရှေ့ထွက်​ဖို့ မဖြစ်​နိုင်​သည်​ကိုလည်​း ထည်​့တွက်​ထားသင်​့ပါပြီ။

.

NLD နှင်​့ တိုင်​းရင်​းသားပါတီများ၏ အတွင်​း​ရေးကို မသိ​သော အပြင်​လူတ​ယောက်​အ​နေဖြင်​့ NLDကို ​အောင်​မြင်​မှုရ​စေချင်​​သော အယူအဆဖြစ်​ပါသည်​။ အခြားသော အယူအဆများလည်​း ရှိနိုင်​ပါ​သေးသည်​။ ​လေးနှစ်​တာကာလအတွင်​း ပြင်​ဆင်​ချိန်​ အများကြီး ရှိပါ​သေးသည်​။ ကြားဖြတ်​​ရွေး​ကောက်​ပွဲလည်​း အနည်​းဆုံးတကြိမ်​ စမ်​းသတ်​နိုင်​ပါ​သေးသည်​။ NLD၏ ​အောင်​မြင်​မှုကို အမြဲမြင်​ချင်​​နေသူမို့ ဆန္ဒ​စောသည်​ဟု​တော့ မထင်​ချင်​​စေကြ​ကြောင်​းပါ။

.

အစိုးရနှစ်​လည်​မိန်​့ခွန်​းတွင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​မှ လှပ​သော ​ဆောင်​ပုဒ်​တခု ပြည်​သူနဲ့အတူ ဟု ထုတ်​​ဖော်​​ပေးလိုက်​ပါပြီ။ အလွန်​လှ​သော လုပ်​​ဆောင်​ချက်​​လေး တခုပါဘဲ။ လာမည်​့​လေးနှစ်​အတွင်​းမှာလည်​း #တိုင်​းရင်​းသားများနဲ့အတူ ဆိုသည်​့ ​ဆောင်​ပုဒ်​​လေး ​ပေါ်လာ​စေချင်​ပါသည်​။ မိမိတို့ ဗမာ​တွေဘက်​ကကြည်​့လျှင်​ ပြည်​သူနဲ့အတူဆိုတာ တိုင်​းရင်​းသား​တွေလည်​း ပါတယ်​​လေဟု ​စောဒကတက်​နိုင်​​သော်​လည်​း တိုင်​းရင်​းသားများဘက်​မှ ဝင်​​တွေး​ပေးကြည်​့ပါဦးဟုသာ ​ပြောချင်​မိပါသည်​ခင်​ဗျား။

XxXxXx

(Zawgyi version )

   ၿပီးသြားခ့ဲသည္​့ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲ ရလဒ္​က NLD ပါတီ အတြက္​ ​ေခါင္​း​ေလာင္​းထိုးလိုက္​ပါၿပီ။ တိုင္​းရင္​းသားမ်ား အ​ေရးႏွင္​့ပတ္​သက္​၍ ပိုမိုအာရံုစိုက္​ဖို႔လို​ေၾကာင္​း သတိ​ေပးလိုက္​သံပါ။ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲတြင္​ ဒီအျဖစ္​မ်ိဳးၾကံဳတာ ကံ​ေကာင္​းပါသည္​။ တႏိုင္​ငံလံုး ပံုမွန္​​ေရြး​ေကာက္​ပြဲအခ်ိန္​တြင္​ဆိုပါက ၾက့ဖြတ္​​ေတြလို ျပင္​ဆင္​ခ်ိန္​မရဘဲ ျဖစ္​သြားပါမည္​။ NLD ပါတီက ကံ​ေကာင္​းမွာ​ေသခ်ာသည္​။ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​၏ တိုင္​းျပည္​အ​ေပၚထားသည္​့ ​ေစတနာ​ေမတၱာ​ေၾကာင္​့ ကံ​ေကာင္​းဦးမွာ ​ေသခ်ာသည္​။ ​ေဒၚစုအလြန္​​ေခတ္​အတြက္​​ေတာ့ ႀကိဳတင္​ျပင္​ဆင္​ထားၾက​ေပါ့။
.
ယခုတ​ေခါက္​ တိုင္​းရင္​းသား​ေဒသ ျပည္​နယ္​မ်ားတြင္​ ခ်င္​းတ​ေနရာမွအပ အ​ေျခမလွခ့ဲ။ ဥိီးဝင္​းထိန္​ရဲ႕ ႐ွမ္​းစကား မကြၽမ္​းလို႔ဆို​ေသာ ​ေျဖ႐ွင္​းခ်က္​မွသည္​ တံတားအမည္​ ဇြတ္​​ေပးလို႔အထိ အ​ေၾကာင္​းျပခ်က္​ စံုလွပါသည္​။ ဒါ​ေတြလည္​း ထည္​့တြက္​ရမ့ဲ အခ်က္​​ေတြပါဘဲ။ တကယ္​့အ​ေၾကာင္​းအရင္​းက NLDပါတီသည္​ ဗမာလူမ်ိဳး ႀကီးစိုးဖို႔လုပ္​​ေဆာင္​သည္​့ ပါတီမ်ိဳးမဟုတ္​​ေၾကာင္​း၊ ဖက္​ဒရယ္​ျပည္​​ေထာင္​စုကို တကယ္​ရည္​ရြယ္​​ေၾကာင္​း တိုင္​းရင္​းသားမ်ား ယံုၾကည္​လာ​ေရးက အဓိကပါ။
.
၂၀၁၅ ​ေရြး​ေကာက္​ပြဲတြင္​ တိုင္​းရင္​းသားပါတီ​ေဒသမ်ားတြင္​ NLD ယွဥ္​ၿပိဳင္​သည္​့ကိစၥ၊ ရခိုင္​ႏွင္​့႐ွမ္​းတြင္​ ဖြဲ႔စည္​းပံုအရ ဝန္​ႀကီးခ်ဳပ္​​ေရြးသည္​့ကိစၥမ်ားအထိ ျပန္​စဥ္​းစားသင္​့သည္​ ​ထင္​ပါသည္။ အမာခံ လက္​တြဲ​ေဖာ္​ပါတီတခ်ိဳ႕ကို ​ေဝးကြာ​ေစခ့ဲပါသည္​။ ၂၀၂၀ ​ေရြး​ေကာက္​ပြဲတြင္​ မဟာမိတ္​တိုင္​းရင္​းသားပါတီမ်ား ျပည္​နယ္​မ်ားတြင္​ ​ေရြးခ်ယ​္​​ေစ၍ NLDမွ သူတို႔နယ္​မ်ားတြင္​ ဝင္​အ​ေရြးမခံသင္​့ပါ။ သူတို႔ လိုအပ္​လို႔ အကူအညီ​ေတာင္​းမွသာ ဝင္​​ေရာက္​ယွဥ္​ၿပိဳင္​သင္​့သည္​ ထင္​သည္​။
.
ဗဟိုအစိုးရဖြဲ႔​ေရးအတြက္​ မဟာမိတ္​ တိုင္​းရင္​းသားပါတီမ်ားက ​ေထာက္​ခံမဲ​ေပးသလို ဖြဲ႔စည္​းပံု မျပင္​ႏိုင္​​ေသး​ေစကာမူ ျပည္​နယ္​အစိုးရအဖြဲ႔အတြက္​ မဟာမိတ္​ တိုင္​းရင္​းသားပါတီကိုသာ တာဝန္​​ေပးသင္​့ပါသည္​။ ပထမအခ်က္​အ​ေနျဖင္​့ တိုင္​းရင္​းသားမ်ားရဲ႕ ယံုၾကည္​မႈရႏိုင္​ပါသည္​။ သူတို႔ လိုအပ္​ခ်က္​႐ွိပါက နည္​းလမ္​းျပ အကူအညီ​ေပးျခင္​းျဖင္​့ ယံုၾကည္​မႈ ပိုမိုတည္​​ေဆာက္​ႏိုင္​ပါသည္​။ ဒုတိယအ​ေနႏွင္​့ တိုင္​း​ေဒသ​ေနရာမ်ားအတြက္​ NLDအ​ေနႏွင္​့ ဖိဖိစီးစီး​ေဆာင္​ရြက္​ႏိုင္​ပါမည္​။ မဟာဗ်ဴဟာအားထုတ္​ရမႈ၊ လူအင္​အား႐ွာရမႈ၊ ဘ႑ာ​ေငြ ​ေလ်ာ့သံုးႏိုင္​မႈမ်ားတြင္​ပါ အသာရႏိုင္​ပါသည္​။ ၂၀၂၀တြင္​ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​သည္​ ပါတီစည္​းရံုး​ေရးကိစၥကို ၂၀၁၅ကလို ဦး​ေဆာင္​​ေ႐ွ႕ထြက္​ဖို႔ မျဖစ္​ႏိုင္​သည္​ကိုလည္​း ထည္​့တြက္​ထားသင္​့ပါၿပီ။
.
NLD ႏွင္​့ တိုင္​းရင္​းသားပါတီမ်ား၏ အတြင္​း​ေရးကို မသိ​ေသာ အျပင္​လူတ​ေယာက္​အ​ေနျဖင္​့ NLDကို ​ေအာင္​ျမင္​မႈရ​ေစခ်င္​​ေသာ အယူအဆျဖစ္​ပါသည္​။ အျခားေသာ အယူအဆမ်ားလည္​း ႐ွိႏိုင္​ပါ​ေသးသည္​။ ​ေလးႏွစ္​တာကာလအတြင္​း ျပင္​ဆင္​ခ်ိန္​ အမ်ားႀကီး ႐ွိပါ​ေသးသည္​။ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲလည္​း အနည္​းဆံုးတႀကိမ္​ စမ္​းသတ္​ႏိုင္​ပါ​ေသးသည္​။ NLD၏ ​ေအာင္​ျမင္​မႈကို အျမဲျမင္​ခ်င္​​ေနသူမို႔ ဆႏၵ​ေစာသည္​ဟု​ေတာ့ မထင္​ခ်င္​​ေစၾက​ေၾကာင္​းပါ။
.
အစိုးရႏွစ္​လည္​မိန္​႔ခြန္​းတြင္​ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​မွ လွပ​ေသာ ​ေဆာင္​ပုဒ္​တခု ျပည္​သူနဲ႔အတူ ဟု ထုတ္​​ေဖာ္​​ေပးလိုက္​ပါၿပီ။ အလြန္​လွ​ေသာ လုပ္​​ေဆာင္​ခ်က္​​ေလး တခုပါဘဲ။ လာမည္​့​ေလးႏွစ္​အတြင္​းမွာလည္​း #တိုင္​းရင္​းသားမ်ားနဲ႔အတူ ဆိုသည္​့ ​ေဆာင္​ပုဒ္​​ေလး ​ေပၚလာ​ေစခ်င္​ပါသည္​။ မိမိတို႔ ဗမာ​ေတြဘက္​ကၾကည္​့လွ်င္​ ျပည္​သူနဲ႔အတူဆိုတာ တိုင္​းရင္​းသား​ေတြလည္​း ပါတယ္​​ေလဟု ​ေစာဒကတက္​ႏိုင္​​ေသာ္​လည္​း တိုင္​းရင္​းသားမ်ားဘက္​မွ ဝင္​​ေတြး​ေပးၾကည္​့ပါဦးဟုသာ ​ေျပာခ်င္​မိပါသည္​ခင္​ဗ်ား။

No comments:

Post a Comment

Thank you.