02 September 2016

၂၁ရာစုပင်လုံ တံဆိပ်ခေါင်း



၃၁.၀၈.၂၀၁၆    
   
 (Unicode version )


      ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတံဆိပ်ခေါင်း သုံးမျိုးထုတ်ပါသည်။ တစ်ရာကျပ်၊ နှစ်ရာကျပ်တန်နှင့် ငါးရာကျပ်တန် များဖြစ်သည်။

.

     တံဆိပ်ခေါင်း ဒီဇိုင်းအနေနှင့် တိုးတက်လာသည်ဟု ထင်မိသည်။ တစ်ရာကျပ်တန်ခေါင်း ဒီဇိုင်းမှာ အကောင်းဆုံးဖြစ်သည်။ ငါးရာတန်လဲ မဆိုးပါ။ နှစ်ရာကျပ်တန်ကတော့ အရင်ခေတ်က စတိုင်အတိုင်း ကြော်ငြာဘုတ် bill board ဒီဇိုင်းကို တံဆိပ်ခေါင်း ထုတ်သလိုဖြစ်နေသည်။

.

     စာတိုက်ဌာနမှ တရားဝင်ထုတ်သော firstday cover မှာ ဝယ်မရပါ။ ခဏနှင့် ကုန်သွားသည်ဟုဆိုသည်။ ဝါသနာရှင် အလိုရှိသူများ စာတိုက်ကြီးအဝရှိ အရာကြီးရောင်းသောဆိုင်လေးတွင် အားပေးနိုင်ပါလိမ့်မည်။ တံဆိပ်ခေါင်းသုံးမျိုးပုံ ပို့စကဒ်သုံးမျိုးကိုလဲ ထုတ်ဝေခ့ဲသည်။

.

     ယခု တံဆိပ်ခေါင်း သုံးမျိုးသည် ပြည်သူ့အစိုးရလက်ထက် ပထမဆုံး ထုတ်ဝေသော တံဆိပ်ခေါင်းဖြစ်ပါသည်။ အစဉ်အမြဲသုံး တံဆိပ်ခေါင်းများကိုလဲ ယခုအစိုးရခေတ်တွင် ဒီဇိုင်းအသစ်များဖြင့် ပြန်ထုတ်သင့်ပါကြောင်း။


XxXxXx

(Zawgyi version)

     ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ရာစုပင္လံု အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳတံဆိပ္ေခါင္း သံုးမ်ိဳးထုတ္ပါသည္။ တစ္ရာက်ပ္၊ ႏွစ္ရာက်ပ္တန္ႏွင့္ ငါးရာက်ပ္တန္ မ်ားျဖစ္သည္။
.
     တံဆိပ္ေခါင္း ဒီဇိုင္းအေနႏွင့္ တိုးတက္လာသည္ဟု ထင္မိသည္။ တစ္ရာက်ပ္တန္ေခါင္း ဒီဇိုင္းမွာ အေကာင္းဆံုးျဖစ္သည္။ ငါးရာတန္လဲ မဆိုးပါ။ ႏွစ္ရာက်ပ္တန္ကေတာ့ အရင္ေခတ္က စတိုင္အတိုင္း ေၾကာ္ျငာဘုတ္ bill board ဒီဇိုင္းကို တံဆိပ္ေခါင္း ထုတ္သလိုျဖစ္ေနသည္။
.
     စာတိုက္ဌာနမွ တရားဝင္ထုတ္ေသာ firstday cover မွာ ဝယ္မရပါ။ ခဏႏွင့္ ကုန္သြားသည္ဟုဆိုသည္။ ဝါသနာ႐ွင္ အလို႐ွိသူမ်ား စာတိုက္ႀကီးအဝ႐ွိ အရာႀကီးေရာင္းေသာဆိုင္ေလးတြင္ အားေပးႏိုင္ပါလိမ့္မည္။ တံဆိပ္ေခါင္းသံုးမ်ိဳးပံု ပို႔စကဒ္သံုးမ်ိဳးကိုလဲ ထုတ္ေဝခ့ဲသည္။
.
     ယခု တံဆိပ္ေခါင္း သံုးမ်ိဳးသည္ ျပည္သူ႔အစိုးရလက္ထက္ ပထမဆံုး ထုတ္ေဝေသာ တံဆိပ္ေခါင္းျဖစ္ပါသည္။ အစဥ္အျမဲသံုး တံဆိပ္ေခါင္းမ်ားကိုလဲ ယခုအစိုးရေခတ္တြင္ ဒီဇိုင္းအသစ္မ်ားျဖင့္ ျပန္ထုတ္သင့္ပါေၾကာင္း။

No comments:

Post a Comment

Thank you.