13 June 2014

ပိုးကရင်​

(Unicode version )

ဒီတပါတ်​ထဲ ထူးခ့ဲတ့ဲ သတင်​းများထဲမှာ ပြန်​​ပြောချင်​တ့ဲ သတင်​းတပုဒ်​ ရှိပါတယ်​။ KNU ​ခေါင်​း​ဆောင်​​တွေ ​နေပြည်​​တော်​မှာ သမတ ကာချုပ်​တို့နဲ့​တွေ့ အပြီးမှာ KNU ​ခေါင်​း​ဆောင်​တ​ယောက်​က သတင်​းစာ ဆရာ​တွေကို ​ပြောလိုက်​တ့ဲ စကားတခွန်​းပါ။ " ငြိမ်​းချမ်​း​ရေး မရ​သေးလို့၊ ငြိမ်​းချမ်​း​ရေး အစပြုခ့ဲတ့ဲ သမတကြီး ဦးသိန်​းစိန်​ကို ​နောက်​သက်​တမ်​း ငြိမ်​းချမ်​း​ရေး ရတ့ဲအထိ ဆက်​လုပ်​​စေချင်​ပါတယ်​တ့ဲ။"



အတိအကျ စကားလုံးမဟုတ်​​ပေမ့ဲ ဒီသ​ဘောပါဘဲ။ ကရင်​​တွေနဲ့ တခါမှ ငြိမ်​းချမ်​း​ရေး မရဘူး​သေးပါဘူး။ ဒီလိုမျိုး ကရင်​​ခေါင်​း​ဆောင်​​တွေ သ​ဘောထား ရှိတယ်​ဆိုတာ ​တော်​​တော်​ကို အံ့သြဖို့ ​ကောင်​း​နေပါတယ်​။ ​ေ၀ဖန်​သံ​တွေလဲ ညံသွားပါတယ်​။ ကရင်​ အားလုံး ရဲ့သ​ဘောထား မဟုတ်​​ကြောင်​းလဲ တခြားကရင်​အဖွဲ့​တွေက ​ကြေငြာချက်​ ထုတ်​တာ​တွေလဲ အင်​တာနက်​မှာ ပလူပျံသွားတာ​ပေါ့။ ဘာ အဓိပါယ်​ပါလိမ်​့။



ကျွန်​​တော်​ ပထမဦးဆုံး စဉ်​းစားမိတာက ဆုံးသွားပြီဖြစ်​တ့ဲ ကျွန်​​တော်​့ဆရာ ကရင်​တဦး အ​ကြောင်​းပါ။ ဆရာကရင်လို့ ကျွန်​​တော်တို့ ​ခေါ်​​လေ့ ရှိပါတယ်။ ကျွန်​​တော်​နဲ့ အလုပ်​ထဲမှာ နှစ်​နှစ်​ဆယ်​ခန်​့ ဆုံခ့ဲပြီး အလုပ်​အ​ကြောင်​းနဲ့ အင်္ဂလန်​ ပရီမီးယားလိဂ်​ ​ဘောပွဲအ​ကြောင်​း များစွာ​ပြောပြခ့ဲတာပါ။ ကျွန်​​တော်​့အတွက်​ သူဟာ ရိုးသားကြိုးစားသူပါ။ ဒါ​ပေမ့ဲ သူနဲ့ ရွယ်​တူ တခြားဆရာ​တွေက​တော့ ​ပြော​လေ့ရှိပါတယ်​။ မင်​းဆရာက ပိုးကရင်​ကွတ့ဲ။ ကျွန်​​တော်​ကလဲ မသိ​ကြောင်​းပြန်​​ပြော​တော့ ဟားကြပါတယ်​။ မင်​းဆရာက လူလည်​သိပ်​လုပ်​တယ်​။ သိပ်​ပါးတာ၊ ဒါ​ကြောင်​့ ပိုးကရင်​ကွ ဆိုမှ သ​ဘော​ပေါက်​ပါ​တော့တယ်​။



ခုလဲ KNU ​ခေါင်​း​ဆောင်​​တွေဟာ ပိုးကရင်​​တွေများလား ​တွေးမိပါတယ်​။ ရည်​ရွယ်​ချက်​ရှိရှိနဲ့ ​ပြောလိုက်​တာပါဘဲ။ ပထမဦးဆုံး ကျွန်​​တော်​့အထင်​က ဦးသိန်​းစိန်​ကို သူတု့ိဖက်​ ဆွယ်​လိုက်​တာပါဘဲ။ ဒါ​ပေမ့ဲ ​ဗြောင်​ကျလွန်​း​တော့ ဟုတ်​ပါ့မလားလဲ ဆင်​ခြင်​မိပါတယ်​။ ရိုးလွန်​းတာကိုး။ သူတို့လိုချင်​တာ​တွေ ရဖို့ အ​ပေးအယူ သ​ဘောမျိုးလဲ ဖြစ်​နိုင်​ပါတယ်​။



ဒုတိယတချက်​က ကြံ့ဖွတ်​​တွေကို ​သွေးခွဲတာလဲ ဖြစ်​နိုင်​ပါတယ်​။ ဦးသိန်​းစိန်​နဲ့ ဦး​ရွှေမန်​းကြား ဘက်​​ပေါ်လာနိုင်​ပါတယ်​။ ဦးသိန်​းစိန်​ဘဲ သမတဆက်​လုပ်​၊ ဒုသမတ တဦးက ပင်​စင်​ယူမ့ဲ ကာချုပ်​ကလုပ်​၊ ကျန်​ ဒုသမတ တဦးက​တော့ ကရင်​​တွေ အလှည်​့ဘဲ​ပေါ့။ NLD ​တွေကို ထည်​့မစဉ်​းစားကြ​တော့ဘူးလား။ အယင်​တ​ခေါက်​ကလို ကြ့ံဖွတ်​​တွေဘဲ အ​ရွေးခံရ​တော့မှာ မဟုတ်​ဘူး​လေ။ ဒီ​လောက်​လဲ ပိုးကရင်​​တွေ မညံ့​လောက်​ပါဘူး။



ကျွန်​​နော်​ အထင်​ဆုံး ​ကောက်​ချက်​က​တော့ တမျိုးပါ။ ကရင်​လူမျိုး​တွေ အပါအ၀င်​ တိုင်​းရင်​းသား ​တော်​​တော်​များများက သူတို့ကို ​ဒေါ်​အောင်​ဆန်​းစုကြည်​က သိပ်​ဂရုမစိုက်​ဘူးလို့ ထင်​​နေကြပါတယ်​။ ​ဒေါ်စုနဲ့ NLD ဟာ သူတို့ အာဏာရ​ရေးဘဲ အ​ရေးစိုက်​​နေတယ်​။ အ​ခြေခံဥပ​ဒေ ပြင်​​ရေးဘဲ ​ဇောက်​ချလုပ်​​နေတယ်​။ သူတို့ တိုင်​းရင်​းသား တိုးတက်​​ရေးမ​ပြောနဲ့၊ အပစ်​ရပ်​​ရေး၊ ငြိမ်​းချမ်​း​ရေးအတွက်​​တောင်​ ​ဆောင်​ရွက်​​ဖော်​ မရဘူးလို့ စွပ်​စွဲတာ​တွေ ​တွေ့​နေရပါတယ်​။ သူတို့လဲ ကျွန်​​တော်​တို့လိုဘဲ ​ဒေါ်စုကို ပုံအားကိုး​နေကြဟန်​တူပါတယ်​။ ​ဒေါ်စု တခုခု ​ပြောလိုက်​ယင်​ ငြိမ်​းချမ်​း​ရေးကြီး ချက်​ချင်​းရသွားမယ်​လို့ ထင်​​နေကြပုံဘဲ။ နားလည်​သူများက ​ဆောင်​းပါး​တွေ​ရေးပြီး မဟုတ်​​ကြောင်​း ရှင်​းပြတာလဲ ​တော်​​တော်​များ​နေပါပြီ။



ဒီ​တော့ ​ဒေါ်စုနဲ့ NLD သူတို့ကို သတိရအောင်​၊ သူတို့ကို အ​ရေးစိုက်​လာ​အောင်​ က​လေးဆိုးကြီးလို လုပ်​ပြလိုက်​တာလဲ ဖြစ်​နိုင်​ပါတယ်​။ KNU ထဲက အတွင်​း​ရေးမှူး အမျိုးသမီးကြီး ​ခေါင်​း​ဆောင်​တ့ဲ အဖွဲ့တဖွဲ့က​တော့ ​ဒေါ်စုနဲ့ လာ​တွေ့ဘူးပါတယ်​။ KNU ​တွေလဲ နှစ်​ဖွဲ့ခွဲပြီး ဒီဘက်​က နှစ်​ဖွဲ့စလုံးနဲ့ ဆက်​ဆံ​နေတာလဲ ဖြစ်​နိုင်​ပါတယ်​။ နိုင်​တ့ဲဘက်​နဲ့ ဆက်​လုပ်​မယ်​​ပေါ့။



ဒီတခါ ကရင်​​ခေါင်​း​ဆောင်​​တွေ ​ပြောလိုက်​တာ ​တော်​​တော်​ စဉ်​းစားစရာ​တွေ ဖြစ်​ကုန်​ပါတယ်​။ တခြား ဘယ်​တိုင်​းရင်​းသားကမှ ဒါမျိုး မ​ပြောဘူးဘဲကိုး။ တိုင်​းရင်​းသား မ​ပြောနဲ့၊ သူတို့ ကြ့ံဖွတ်​ထဲမှာ​တောင်​ ဘယ်​သူ့ကို သမတတင်​မယ်​ မ​ပြောနိုင်​​သေးပါဘူး။ ဒီ​အချိန်​ ကရင်​​တွေ ​ပြောလိုက်​​တော့ ရှုပ်​ကုန်​တာ​ပေါ့။ ကရင်​​ခေါင်​း​ဆောင်​​တွေ ဇတ်​လမ်​းတခု​တော့ စ ​ပေးလိုက်​ပါပြီ။ တခြားဖြစ်​နိုင်​တာ​တွေလဲ ရှိဦးမှာပါ။ ဘာလို့လဲဆို​တော့ ကရင်​​တွေအားလုံး စ​ကောကရင်​​တွေမှ မဟုတ်​ဘဲ​လေ။ ။

XxXxXx

(Zawgyi version)

ဒီတပါတ္​ထဲ ထူးခ့ဲတ့ဲ သတင္​းမ်ားထဲမွာ ျပန္​​ေျပာခ်င္​တ့ဲ သတင္​းတပုဒ္​ ႐ွိပါတယ္​။ KNU ​ေခါင္​း​ေဆာင္​​ေတြ ​ေနျပည္​​ေတာ္​မွာ သမတ ကာခ်ဳပ္​တို႔နဲ႔​ေတြ႔ အၿပီးမွာ KNU ​ေခါင္​း​ေဆာင္​တ​ေယာက္​က သတင္​းစာ ဆရာ​ေတြကို ​ေျပာလိုက္​တ့ဲ စကားတခြန္​းပါ။ " ၿငိမ္​းခ်မ္​း​ေရး မရ​ေသးလို႔၊ ၿငိမ္​းခ်မ္​း​ေရး အစျပဳခ့ဲတ့ဲ သမတႀကီး ဦးသိန္​းစိန္​ကို ​ေနာက္​သက္​တမ္​း ၿငိမ္​းခ်မ္​း​ေရး ရတ့ဲအထိ ဆက္​လုပ္​​ေစခ်င္​ပါတယ္​တ့ဲ။"

အတိအက် စကားလံုးမဟုတ္​​ေပမ့ဲ ဒီသ​ေဘာပါဘဲ။ ကရင္​​ေတြနဲ႔ တခါမွ ၿငိမ္​းခ်မ္​း​ေရး မရဘူး​ေသးပါဘူး။ ဒီလိုမ်ိဳး ကရင္​​ေခါင္​း​ေဆာင္​​ေတြ သ​ေဘာထား ႐ွိတယ္​ဆိုတာ ​ေတာ္​​ေတာ္​ကို အံ့ၾသဖို႔ ​ေကာင္​း​ေနပါတယ္​။ ​ေ၀ဖန္​သံ​ေတြလဲ ညံသြားပါတယ္​။ ကရင္​ အားလံုး ရဲ႕သ​ေဘာထား မဟုတ္​​ေၾကာင္​းလဲ တျခားကရင္​အဖြဲ႔​ေတြက ​ေၾကျငာခ်က္​ ထုတ္​တာ​ေတြလဲ အင္​တာနက္​မွာ ပလူပ်ံသြားတာ​ေပါ့။ ဘာ အဓိပါယ္​ပါလိမ္​့။

ကြၽန္​​ေတာ္​ ပထမဦးဆံုး စဥ္​းစားမိတာက ဆံုးသြားၿပီျဖစ္​တ့ဲ ကြၽန္​​ေတာ္​့ဆရာ ကရင္​တဦး အ​ေၾကာင္​းပါ။ ဆရာကရင္လို႔ က်ြန္​​ေတာ္တို႔ ​ေခၚ​​ေလ႔ ရိွပါတယ္။ ကြၽန္​​ေတာ္​နဲ႔ အလုပ္​ထဲမွာ ႏွစ္​ႏွစ္​ဆယ္​ခန္​႔ ဆံုခ့ဲၿပီး အလုပ္​အ​ေၾကာင္​းနဲ႔ အဂၤလန္​ ပရီမီးယားလိဂ္​ ​ေဘာပြဲအ​ေၾကာင္​း မ်ားစြာ​ေျပာျပခ့ဲတာပါ။ ကြၽန္​​ေတာ္​့အတြက္​ သူဟာ ႐ိုးသားႀကိဳးစားသူပါ။ ဒါ​ေပမ့ဲ သူနဲ႔ ရြယ္​တူ တျခားဆရာ​ေတြက​ေတာ့ ​ေျပာ​ေလ့႐ွိပါတယ္​။ မင္​းဆရာက ပိုးကရင္​ကြတ့ဲ။ ကြၽန္​​ေတာ္​ကလဲ မသိ​ေၾကာင္​းျပန္​​ေျပာ​ေတာ့ ဟားၾကပါတယ္​။ မင္​းဆရာက လူလည္​သိပ္​လုပ္​တယ္​။ သိပ္​ပါးတာ၊ ဒါ​ေၾကာင္​့ ပိုးကရင္​ကြ ဆိုမွ သ​ေဘာ​ေပါက္​ပါ​ေတာ့တယ္​။

ခုလဲ KNU ​ေခါင္​း​ေဆာင္​​ေတြဟာ ပိုးကရင္​​ေတြမ်ားလား ​ေတြးမိပါတယ္​။ ရည္​ရြယ္​ခ်က္​႐ွိ႐ွိနဲ႔ ​ေျပာလိုက္​တာပါဘဲ။ ပထမဦးဆံုး ကြၽန္​​ေတာ္​့အထင္​က ဦးသိန္​းစိန္​ကို သူတု႔ိဖက္​ ဆြယ္​လိုက္​တာပါဘဲ။ ဒါ​ေပမ့ဲ ​ေျဗာင္​က်လြန္​း​ေတာ့ ဟုတ္​ပါ့မလားလဲ ဆင္​ျခင္​မိပါတယ္​။ ႐ိုးလြန္​းတာကိုး။ သူတို႔လိုခ်င္​တာ​ေတြ ရဖို႔ အ​ေပးအယူ သ​ေဘာမ်ိဳးလဲ ျဖစ္​ႏိုင္​ပါတယ္​။

ဒုတိယတခ်က္​က ၾကံ့ဖြတ္​​ေတြကို ​ေသြးခဲြတာလဲ ျဖစ္​ႏိုင္​ပါတယ္​။ ဦးသိန္​းစိန္​နဲ႔ ဦး​ေရႊမန္​းၾကား ဘက္​​ေပၚလာႏိုင္​ပါတယ္​။ ဦးသိန္​းစိန္​ဘဲ သမတဆက္​လုပ္​၊ ဒုသမတ တဦးက ပင္​စင္​ယူမ့ဲ ကာခ်ဳပ္​ကလုပ္​၊ က်န္​ ဒုသမတ တဦးက​ေတာ့ ကရင္​​ေတြ အလွည္​့ဘဲ​ေပါ့။ NLD ​ေတြကို ထည္​့မစဥ္​းစားၾက​ေတာ့ဘူးလား။ အယင္​တ​ေခါက္​ကလို ၾက့ံဖြတ္​​ေတြဘဲ အ​ေရြးခံရ​ေတာ့မွာ မဟုတ္​ဘူး​ေလ။ ဒီ​ေလာက္​လဲ ပိုးကရင္​​ေတြ မညံ့​ေလာက္​ပါဘူး။

ကြၽန္​​ေနာ္​ အထင္​ဆံုး ​ေကာက္​ခ်က္​က​ေတာ့ တမ်ိဳးပါ။ ကရင္​လူမ်ိဳး​ေတြ အပါအ၀င္​ တိုင္​းရင္​းသား ​ေတာ္​​ေတာ္​မ်ားမ်ားက သူတို႔ကို ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​က သိပ္​ဂ႐ုမစိုက္​ဘူးလို႔ ထင္​​ေနၾကပါတယ္​။ ​ေဒၚစုနဲ႔ NLD ဟာ သူတို႔ အာဏာရ​ေရးဘဲ အ​ေရးစိုက္​​ေနတယ္​။ အ​ေျခခံဥပ​ေဒ ျပင္​​ေရးဘဲ ​ေဇာက္​ခ်လုပ္​​ေနတယ္​။ သူတို႔ တိုင္​းရင္​းသား တိုးတက္​​ေရးမ​ေျပာနဲ႔၊ အပစ္​ရပ္​​ေရး၊ ၿငိမ္​းခ်မ္​း​ေရးအတြက္​​ေတာင္​ ​ေဆာင္​ရြက္​​ေဖာ္​ မရဘူးလို႔ စြပ္​စြဲတာ​ေတြ ​ေတြ႔​ေနရပါတယ္​။ သူတို႔လဲ ကြၽန္​​ေတာ္​တို႔လိုဘဲ ​ေဒၚစုကို ပံုအားကိုး​ေနၾကဟန္​တူပါတယ္​။ ​ေဒၚစု တခုခုု ​ေျပာလိုက္​ယင္​ ၿငိမ္​းခ်မ္​း​ေရးႀကီး ခ်က္​ခ်င္​းရသြားမယ္​လို႔ ထင္​​ေနၾကပံုဘဲ။ နားလည္​သူမ်ားက ​ေဆာင္​းပါး​ေတြ​ေရးၿပီး မဟုတ္​​ေၾကာင္​း ႐ွင္​းျပတာလဲ ​ေတာ္​​ေတာ္​မ်ား​ေနပါၿပီ။

ဒီ​ေတာ့ ​ေဒၚစုနဲ႔ NLD သူတို႔ကို သတိရေအာင္​၊ သူတို႔ကို အ​ေရးစိုက္​လာ​ေအာင္​ က​ေလးဆိုးႀကီးလို လုပ္​ျပလိုက္​တာလဲ ျဖစ္​ႏိုင္​ပါတယ္​။ KNU ထဲက အတြင္​း​ေရးမႉး အမ်ိဳးသမီးႀကီး ​ေခါင္​း​ေဆာင္​တ့ဲ အဖြဲ႔တဖြဲ႔က​ေတာ့ ​ေဒၚစုနဲ႔ လာ​ေတြ႔ဘူးပါတယ္​။ KNU ​ေတြလဲ ႏွစ္​ဖြဲ႔ခြဲၿပီး ဒီဘက္​က ႏွစ္​ဖြဲ႔စလံုးနဲ႔ ဆက္​ဆံ​ေနတာလဲ ျဖစ္​ႏိုင္​ပါတယ္​။ ႏိုင္​တ့ဲဘက္​နဲ႔ ဆက္​လုပ္​မယ္​​ေပါ့။

ဒီတခါ ကရင္​​ေခါင္​း​ေဆာင္​​ေတြ ​ေျပာလိုက္​တာ ​ေတာ္​​ေတာ္​ စဥ္​းစားစရာ​ေတြ ျဖစ္​ကုန္​ပါတယ္​။ တျခား ဘယ္​တိုင္​းရင္​းသားကမွ ဒါမ်ိဳး မ​ေျပာဘူးဘဲကိုး။ တိုင္​းရင္​းသား မ​ေျပာနဲ႔၊ သူတို႔ ၾက့ံဖြတ္​ထဲမွာ​ေတာင္​ ဘယ္​သူ႔ကို သမတတင္​မယ္​ မ​ေျပာႏိုင္​​ေသးပါဘူး။ ဒီ​အခ်ိန္​ ကရင္​​ေတြ ​ေျပာလိုက္​​ေတာ့ ႐ႈပ္​ကုန္​တာ​ေပါ့။ ကရင္​​ေခါင္​း​ေဆာင္​​ေတြ ဇတ္​လမ္​းတခု​ေတာ့ စ ​ေပးလိုက္​ပါၿပီ။ တျခားျဖစ္​ႏိုင္​တာ​ေတြလဲ ႐ွိဦးမွာပါ။ ဘာလို႔လဲဆို​ေတာ့ ကရင္​​ေတြအားလံုး စ​ေကာကရင္​​ေတြမွ မဟုတ္​ဘဲ​ေလ။ ။

No comments:

Post a Comment

Thank you.