28 April 2013

ဂျာနယ်အပါး

(Unicode version )

လွန်ခ့ဲသော ဆယ်နှစ်ခန့်အတွင်း စနေနေ့တိုင်း ကျွန်တော်လုပ်နေကြ တစ်ခုရှိပါသည်။အကျင့် တစ်ခုလိုပင် ဖြစ်နေပြီ။ The Voice Weekly ဂျာနယ် ၀ယ်ခြင်းဖြစ်ပါသည်။ ထွက်ကာစကတည်းက တွေးစရာများ ပါသည့်အတွက် အပါတ်စဉ်၀ယ်ခ့ဲပါသည်။ အရင် ဆရာနေ၀င်းမောင်ဧ။် Ideaအားလုံးကို သဘောမတူသော်လည်း စဉ်းစားစရာ၊ တွေးစရာများ၊ တစ်ခါတစ်ရံ ဒေါသထွက်စရာများပါသဖြင့် အပါတ်စဉ်လောက်နီးနီး ၀ယ်ဖြစ်ခ့ဲသည်။ ညီနောင်စာစောင်ထွက်စဉ်က ၀ယ်ဖတ်ခ့ဲသော်လည်း ထူးဆန်းစွာ မကြိုက်ခ့ဲသဖြင့် ၀ယ်မဖတ်တော့ပါ။ မှတ်မိသလောက် ဆရာကျော်၀င်းဆောင်းပါး အခန်းဆက်ပါနေသဖြင့် Voice တွင်သာ ထည့်ပါရန် စာရေးခ့ဲဘူးသည်။ ထို ဂျာနယ်ရပ်သွားသဖြင့် အေးသွားပါသည်။ ထိုအချိန်စောစောပိုင်းက Voice ကို၀ယ်ထားပြီး လူအများကို ဖတ်ဖို့ပေးပါက ဖတ်လေ့မရှိကြပါ။ ဘာတွေမှန်းမသိဟု ပြောခံရလေ့ရှိသည်။ စိတ်အထင် ရွေးကောက်ပွဲအသံ ညံလာချိန်မှ လူအဖတ်များလာသည် ထင်ပါသည်။ Voice အထဲမှ Idea များကို ေ၀ဖန်ညင်းခုံသံများ ကြားလာရပါသည်။ သဘောမတူသူများ၊ စွပ်စွဲသူများဖြင့် ပွဲဆူလာခ့ဲသည်။ဆရာနေ၀င်းမောင်လဲ နာမည်ကြီးလာခ့ဲသည်။ အဆဲခံရတာလဲ များလာမှာပေါ့လေ။ ဘာဘဲဖြစ်ဖြစ် စနေနေ့တိုင်း ဂျာနယ်၀ယ်ဖတ်နေမြဲပါ။ ဒီနှစ် ဧပြီတစ်ရက်နေ့မှစ၍ ပုဂ္ဂလိက သတင်းစာများထုတ်ေ၀ခွင့် ပေးတော့မည်ဆိုကတည်းက စာဖတ်ဝါသနာ ပါသူများ ပျော်နေခ့ဲသည်။ ကြားဖြတ်ပြောရလျှင် ကျွန်တော်သည် နှစ်ပေါင်းများစွာ စာမဖတ်ရ မနေနိုင်၍ ၊ လုံး၀ဖတ်စရာ မရှိတော့လျှင် သတင်းစာကိုပင် အစအဆုံးဖတ်လေ့ရှိပါသည်။ ပြည်ပမှ သတင်းစာများဖတ့်လျှင် အလွန်အရသာရှိနေမိသည်။ မဆလ ခေတ်ကဆိုလျှင် သတင်းစာ ငါးစောင်လုံး ဖတ်တတ်သည်။ ကြော်ငြာနှင့်ဆောင်းပါးများသာ ကွာခြားပါသည်။ ပြည်ပမှ ပြန်လာသူများကို အဆင်ပြေလျှင် လေယာဉ်ပေါ်မှ သတင်းစာသာ ယူလာခိုင်းလေ့ရှိပါသည်။ ကျွန်တော်လိုသူမျိုးအတွက် စဉ်းစားသာ ကြည့်ပါတော့။ ဧပြီတစ်ရက်နေ့တွင် The Voice Daily ကိုသာ အယင်ဆုံး၀ယ်ပါသည်။ ဟိုပါတီကြီးဧ။် သတင်းစာကို သတင်းစာပုံပေါက်မည်ကို သိသော်လည်း အမြင်ကပ်ဆဲဖြစ်၍ မ၀ယ်ဖြစ်ခ့ဲမိပါ။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် Tabloid သတင်းစာမျိုးကိုလည်း မဖတ်ချင်တော့ပါ။ Singapore မှ Straight Time မျိုးနှင့် Bangkok မှ Bangkok Post နှင့် The Nation မျိုးလောက်သာ ဖတ်ချင်တော့သည်။ ဖတ်လာတာကြာတော့ ကြီးကျယ်သွားပြီလေ။ ဂျာနယ်တွေအများကြီးထဲမှာတောင် The Voice လောက်မှ ဖတ်တ့ဲကောင်လေ။ The Voice Daily ကိုဖတ်လိုက်ရတော့ တော်တော်ကို စိတ်ဓါတ်ကျသွားပါသည်။ ပထမနေ့မို့ နေမှာပါ။ နောက်ရက်တွေကျ အိုကေ လာမှာပါဟု ထင်မိသည်။ နောက်နေ့၊ နောက်နေ့ ခုထက်ထိတော့ တိုးထူးမလာတော့ပါ။ သွားလေသူနေ၀င်းမောင်ကိုဘဲ ' တ ' ရတော့မည်။ နေ့စဉ်ထုတ် ရသဖြင့် သတင်းရှားပါးမှု တွေ့ရသည်။ ဆောင်းပါးတွေဖြင့် ဖြေ့နေရတာ တွေ့သည်။ တစ်ချို့ဆို ကြော်ငြာဆောင်းပါဟန် ပင်ပေါက်နေသည်ကို တေ့ရသည်။ နယ်သတင်းများ များများပါမှ နယ်ပရိသတ် ရပေမည်။ ပြင်ဆင်ချိန် သူများတန်းတူ ရသော်လည်း သူများကို မမှီ။ များများလာမည်ဟု ထင်ထားသောပုံစံဖြင့် လာသည့် ရွှေနိုင်ငံသစ် လောက်ပင် သတင်းစာပုံစံ မပေါက်ဖြစ်နေသည်။ စစ်အစိုးရခေတ် အစပိုင်း တစ်လျှောက်လုံး မဂ္ဂဇင်းများ တော်တော်ခေတ်စားခ့ဲသည်။ တော်တော်စီးပွားဖြစ်ခ့ဲကြဟန်တူပါသည်။ ဆယ်အုပ်ပြည့်၊ နှစ်ဆယ့်ငါးပြည့်၊ တစ်ရာပြည့် များတွင် အထူးထုတ်ဆိုပြီး အပြိုင်အဆိုင် ထုတ်ခ့ဲကြသည်။ မြန်မာများပီပီ အစပိုင်းတွင် ဟုတ်သလိုလိုရှိသော်လည်း နောက်ပိုင်းတွင် အထူထုတ် ဆိုပြီးတွင်ခ့ဲသည်။ အထူးထုတ်တွင် ဘာမှမထူးဘဲ စာရွက်များသာ ထူလာ၍ နောက်ပြီးခေါ်ရင်း အမည်တွင်ခ့ဲပါသည်။ ဆိုင် မဆိုင်တော့ မသိပါ။ The Voice Daily ကိုတွေ့တိုင်း ဂျာနယ်အပါးထုတ် ဟုသာ ခေါ်ချင်တော့သည်။ သတင်းစာပုံ မပေါက်ဘဲ ဂျာနယ်ကို စာရွက်လျှော့ထုတ်သည်နှင့် တူနေလို့ပါ။ နဂိုရ် The Voice Weekly ကိုပြန်တွေ့တော့လည်း ဘာပြောရမည် မသိတော့။ သတင်းစာ ဖက်သို့ ဆောင်းပါးများပေးလိုက်ရသဖြင့် ပေါ့နေပြီ။ သတင်းတွေကလည်း သတင်းစာတွင် ဖေါ်ပြရသဖြင့် မရှိတော့။ ဒုက္ခ၊ ဒုက္ခ။ ထိုင်နေ အကောင်းသားဗျာ။ ကျွန်တော် ဒီအပါတ် စနေနေ့တွင် The Voice Weekly မ၀ယ်ဖြင်တော့။


XxXxXx

(Zawgyi version)

လြန္ခ့ဲေသာ ဆယ္ႏွစ္ခန္႔အတြင္း စေနေန႔တိုင္း ကၽြန္ေတာ္လုပ္ေနၾက တစ္ခု႐ွိပါသည္။အက်င့္ တစ္ခုလိုပင္ ျဖစ္ေနၿပီ။ The Voice Weekly ဂ်ာနယ္ ၀ယ္ျခင္းျဖစ္ပါသည္။ ထြက္ကာစကတည္းက ေတြးစရာမ်ား ပါသည့္အတြက္ အပါတ္စဥ္၀ယ္ခ့ဲပါသည္။ အရင္ ဆရာေန၀င္းေမာင္ဧ။္ Ideaအားလံုးကို သေဘာမတူေသာ္လည္း စဥ္းစားစရာ၊ ေတြးစရာမ်ား၊ တစ္ခါတစ္ရံ ေဒါသထြက္စရာမ်ားပါသျဖင့္ အပါတ္စဥ္ေလာက္နီးနီး ၀ယ္ျဖစ္ခ့ဲသည္။ ညီေနာင္စာေစာင္ထြက္စဥ္က ၀ယ္ဖတ္ခ့ဲေသာ္လည္း ထူးဆန္းစြာ မႀကိဳက္ခ့ဲသျဖင့္ ၀ယ္မဖတ္ေတာ့ပါ။ မွတ္မိသေလာက္ ဆရာေက်ာ္၀င္းေဆာင္းပါး အခန္းဆက္ပါေနသျဖင့္ Voice တြင္သာ ထည့္ပါရန္ စာေရးခ့ဲဘူးသည္။ ထို ဂ်ာနယ္ရပ္သြားသျဖင့္ ေအးသြားပါသည္။ ထိုအခ်ိန္ေစာေစာပိုင္းက Voice ကို၀ယ္ထားၿပီး လူအမ်ားကို ဖတ္ဖို႔ေပးပါက ဖတ္ေလ့မ႐ွိၾကပါ။ ဘာေတြမွန္းမသိဟု ေျပာခံရေလ့႐ွိသည္။ စိတ္အထင္ ေ႐ြးေကာက္ပြဲအသံ ညံလာခ်ိန္မွ လူအဖတ္မ်ားလာသည္ ထင္ပါသည္။ Voice အထဲမွ Idea မ်ားကို ေ၀ဖန္ညင္းခံုသံမ်ား ၾကားလာရပါသည္။ သေဘာမတူသူမ်ား၊ စြပ္စြဲသူမ်ားျဖင့္ ပြဲဆူလာခ့ဲသည္။ဆရာေန၀င္းေမာင္လဲ နာမည္ႀကီးလာခ့ဲသည္။ အဆဲခံရတာလဲ မ်ားလာမွာေပါ့ေလ။ ဘာဘဲျဖစ္ျဖစ္ စေနေန႔တိုင္း ဂ်ာနယ္၀ယ္ဖတ္ေနၿမဲပါ။ ဒီႏွစ္ ဧၿပီတစ္ရက္ေန႔မွစ၍ ပုဂၢလိက သတင္းစာမ်ားထုတ္ေ၀ခြင့္ ေပးေတာ့မည္ဆိုကတည္းက စာဖတ္၀ါသနာ ပါသူမ်ား ေပ်ာ္ေနခ့ဲသည္။ ၾကားျဖတ္ေျပာရလွ်င္ ကၽြန္ေတာ္သည္ ႏွစ္ေပါင္းမ်ားစြာ စာမဖတ္ရ မေနႏိုင္၍ ၊ လံုး၀ဖတ္စရာ မ႐ွိေတာ့လွ်င္ သတင္းစာကိုပင္ အစအဆံုးဖတ္ေလ့႐ွိပါသည္။ ျပည္ပမွ သတင္းစာမ်ားဖတ္႔လွ်င္ အလြန္အရသာ႐ွိေနမိသည္။ မဆလ ေခတ္ကဆိုလွ်င္ သတင္းစာ ငါးေစာင္လံုး ဖတ္တတ္သည္။ ေၾကာ္ျငာႏွင့္ေဆာင္းပါးမ်ားသာ ကြာျခားပါသည္။ ျပည္ပမွ ျပန္လာသူမ်ားကို အဆင္ေျပလွ်င္ ေလယာဥ္ေပၚမွ သတင္းစာသာ ယူလာခိုင္းေလ့႐ွိပါသည္။ ကၽြန္ေတာ္လိုသူမ်ိဳးအတြက္ စဥ္းစားသာ ၾကည့္ပါေတာ့။ ဧၿပီတစ္ရက္ေန႔တြင္ The Voice Daily ကိုသာ အယင္ဆံုး၀ယ္ပါသည္။ ဟိုပါတီႀကီးဧ။္ သတင္းစာကို သတင္းစာပံုေပါက္မည္ကို သိေသာ္လည္း အျမင္ကပ္ဆဲျဖစ္၍ မ၀ယ္ျဖစ္ခ့ဲမိပါ။ ႀကီးႀကီးက်ယ္က်ယ္ေျပာရလွ်င္ Tabloid သတင္းစာမ်ိဳးကိုလည္း မဖတ္ခ်င္ေတာ့ပါ။ Singapore မွ Straight Time မ်ိဳးႏွင့္ Bangkok မွ Bangkok Post ႏွင့္ The Nation မ်ိဳးေလာက္သာ ဖတ္ခ်င္ေတာ့သည္။ ဖတ္လာတာၾကာေတာ့ ႀကီးက်ယ္သြားၿပီေလ။ ဂ်ာနယ္ေတြအမ်ားႀကီးထဲမွာေတာင္ The Voice ေလာက္မွ ဖတ္တ့ဲေကာင္ေလ။ The Voice Daily ကိုဖတ္လိုက္ရေတာ့ ေတာ္ေတာ္ကို စိတ္ဓါတ္က်သြားပါသည္။ ပထမေန႔မို႔ ေနမွာပါ။ ေနာက္ရက္ေတြက် အိုေက လာမွာပါဟု ထင္မိသည္။ ေနာက္ေန႔၊ ေနာက္ေန႔ ခုထက္ထိေတာ့ တိုးထူးမလာေတာ့ပါ။ သြားေလသူေန၀င္းေမာင္ကိုဘဲ ' တ ' ရေတာ့မည္။ ေန႔စဥ္ထုတ္ ရသျဖင့္ သတင္း႐ွားပါးမႈ ေတြ႕ရသည္။ ေဆာင္းပါးေတြျဖင့္ ေျဖ့ေနရတာ ေတြ႕သည္။ တစ္ခ်ိဳ႕ဆို ေၾကာ္ျငာေဆာင္းပါဟန္ ပင္ေပါက္ေနသည္ကို ေတ႕ရသည္။ နယ္သတင္းမ်ား မ်ားမ်ားပါမွ နယ္ပရိသတ္ ရေပမည္။ ျပင္ဆင္ခ်ိန္ သူမ်ားတန္းတူ ရေသာ္လည္း သူမ်ားကို မမွီ။ မ်ားမ်ားလာမည္ဟု ထင္ထားေသာပံုစံျဖင့္ လာသည့္ ေ႐ႊႏိုင္ငံသစ္ ေလာက္ပင္ သတင္းစာပံုစံ မေပါက္ျဖစ္ေနသည္။ စစ္အစိုးရေခတ္ အစပိုင္း တစ္ေလွ်ာက္လံုး မဂၢဇင္းမ်ား ေတာ္ေတာ္ေခတ္စားခ့ဲသည္။ ေတာ္ေတာ္စီးပြားျဖစ္ခ့ဲၾကဟန္တူပါသည္။ ဆယ္အုပ္ျပည့္၊ ႏွစ္ဆယ့္ငါးျပည့္၊ တစ္ရာျပည့္ မ်ားတြင္ အထူးထုတ္ဆိုၿပီး အၿပိဳင္အဆိုင္ ထုတ္ခ့ဲၾကသည္။ ျမန္မာမ်ားပီပီ အစပိုင္းတြင္ ဟုတ္သလိုလို႐ွိေသာ္လည္း ေနာက္ပိုင္းတြင္ အထူထုတ္ ဆိုၿပီးတြင္ခ့ဲသည္။ အထူးထုတ္တြင္ ဘာမွမထူးဘဲ စာ႐ြက္မ်ားသာ ထူလာ၍ ေနာက္ၿပီးေခၚရင္း အမည္တြင္ခ့ဲပါသည္။ ဆိုင္ မဆိုင္ေတာ့ မသိပါ။ The Voice Daily ကိုေတြ႕တိုင္း ဂ်ာနယ္အပါးထုတ္ ဟုသာ ေခၚခ်င္ေတာ့သည္။ သတင္းစာပံု မေပါက္ဘဲ ဂ်ာနယ္ကို စာ႐ြက္ေလွ်ာ့ထုတ္သည္ႏွင့္ တူေနလို႔ပါ။ နဂိုရ္ The Voice Weekly ကိုျပန္ေတြ႕ေတာ့လည္း ဘာေျပာရမည္ မသိေတာ့။ သတင္းစာ ဖက္သို႔ ေဆာင္းပါးမ်ားေပးလိုက္ရသျဖင့္ ေပါ့ေနၿပီ။ သတင္းေတြကလည္း သတင္းစာတြင္ ေဖၚျပရသျဖင့္ မ႐ွိေတာ့။ ဒုကၡ၊ ဒုကၡ။ ထိုင္ေန အေကာင္းသားဗ်ာ။ ကၽြန္ေတာ္ ဒီအပါတ္ စေနေန႔တြင္ The Voice Weekly မ၀ယ္ျဖင္ေတာ့။

1 comment:

  1. မွန္၏ ... ဒီအပါတ္ စေနေန႔တြင္ The Voice ေဒါင္းလုတ္မလုပ္လုပ္ျဖစ္ေတာ့ပါ ..
    :) .. ေဖ့ဘြတ္မွာ ပင္ စံုလင္လွေပျပီ .... အဟီး

    ReplyDelete

Thank you.