30 December 2012

တန်ဖိုးနည်း အိမ်ယာ

(Unicode version)

တန်ဖိုးနည်းအိမ်ယာ ဆိုသည့်စကား ဂျာနယ်များတွင် ခုတလော ခေတ်စားလာပါသည်။ ဆင်းရဲသူများ၊ ကျူးကျော်သူများ တရား၀င်ပေါ်လာသည့် အတွက်ဟု ထင်ပါသည်။ ၄င်းတို့အတွက ်နေစရာ လိုလာသောအခါ သူတို့တတ်နိုင်လောက်သော နေစရာ ရှာသည့်သဘောပင် ဖြစ်ပါလိမ့်မည်။ ဘယ်လောက်တန်သည်ကို တန်ဖိုးနည်း အိမ်ဟုခေါ်မလဲ သိချင်ပါသည်။

ရှေးယခင်က ဖဆပလ အိမ်ယာများသည် လစာနည်း ၀န်ထမ်းများအတွက်ဟုကြားဘူးပါသည်။ နောက်ပိုင်း ဆိုရှယ်လစ်စံနစ်ခေတ်တွင် လုပ်အားပေး၍ သု၀ဏ္ဏတွင် အိမ်ယာများဖေါ်ထုတ်ပေးခ့ဲသည်။ ထိုခေတ်က မြေဈေးနှင့်တော့ တန်ဖိုးနည်းအိမ်ယာ ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ခုခေတ်တွင်တော့ ငှားနေဖို့ပင် မလွယ်တော့ပါ။

တွက်ကြည့်နိုင်ပါသည်။ တစ်စတုရန်းပေကို မဖြစ်နိုင်လောက်သော အနည်းဆုံးဈေး ၁၀၀၀၀ကျပ် နှင့်ပင် တွက်ကြည့်ကြပါစို့။ တိုက်ခန်းငယ် အသေးဆုံးမှာ ၆၅၀ စတုရန်းပေ ရှိပါသည်။ ထို့အတွက် တိုက်ခန််းဈေး ၆၅ သိန်းကျနေပါပြီ။ ဘာဆိုဘာမှ အလှဆင်ခြင်း မရှိသေးပါ။ ရေမီးပင် ပါမည်မဟုတ်သေးပါ။ အပြီးအစီး သိန်း၉၀ နှင့်ရဖို့ပင် တော်တော်လုပ်ရပါမည်။ ဒါတောင် အရေးအကြီးဆုံးဖြစ်သည့် မြေဈေးထ့ဲ မတွက်ထားပါ။ အပေါဆုံး မြေဈေးနှင့်ဆိုလျှင် သိန်းတရာ ကျော်ပါလိမ့်မည်။

လောလောဆယ် စည်ပင်သာယာက တင်ဒါခေါ်ထားသော တန်ဖိုးနဲအိမ်ယာတွင် အနဲဆုံးဘယ်လောက်သတ်မှတ်မည်လဲ မသိရသေးပါ။ တလ ၈၀၀၀၀ကျပ် ရသောသူ ၃၀% ဆပ်ရုံဖြင့် နေနိုင်အောင်တွက်ထားသည်ဟု ဆိုပါသည်။ တိုက်ခန်းဈေး သိန်းတရာအောက်ဆိုလျှင် သဲတိုက်များသာ ဖြစ်ပါလိမ့်မည်။ သံချောင်း ၆ ချောင်းထည့်ရမည့်နေရာတွင် လေးချောင်းဖြင့်သာ ကိစ္စပြီးပါလိမ့်မည်။

 ကြည့်လဲ လုပ်ကြပါ ဆရာတို့။ ဆင်းရသူများ ပတော့ ပပျောက်ပါရဲ့။ ရေေ၀းမှ တဆင့် ဖြစ်နေပါဦးမည်။ သမတကြီးပြောတိုင်းလဲ အရင်ခေတ်လို လုပ်ပြီးကြောင်း မညာကြပါနဲ့ဗျာ။ မဖြစ်နိုင်ဘူးဆို မဖြစ်နိုင်ဘူးပေါ့။ ဂွင်တော့ရပြီဆိုပြီး ဝါးဖို့တော့ မလုပ်ကြပါနဲ့။ ဖြစ်နိုင်ချေလေးတွေလဲ တွက်ချက်ပြီး ပြန်တင်ပြကြပါဦး။

တကယ် မိသားစုတိုင်း တိုက်ခန်းနဲ့နေနိုင်ဖို့က မိသားစုတိုင်း လုံလောက်တ့ဲ ၀င်ငွေရအောင် လုပ်ပေးရပါမယ်။ အလုပ်မလုပ်ဘဲ ၀င်ငွေရအောင်လုပ်ပေးခိုင်းတာ မဟုတ်ပါ။ အလုပ်လုပ်နိုင်သူတိုင်း အလုပ်ရအောင် လုပ်ပေးရမှာပါ။ ထုံးစံအတိုင်း ခရိုနီတွေတော့ ပါရင်ကောင်းတာပေါ့။ ခက်တာက အဲဒီ ခရိုနီတွေက ပုံမှန်အလုပ်မျိုးဆို မလုပ်တတ်တော့တာ ခက်တယ်။ သူတို့က မှန်မှန်ကန်ကန် အလုပ်မျိုးတွေ ဖေါ်ပေးနိုင်ယင်ကောင်းမယ်။ သူတို့လုပ်ခ့ဲတ့ဲ ၀ဋ်တွေလဲကြေကောင်းပါရဲ့။

ဘာပဲဖြစ်ဖြစ် စည်ပင်ကြီးကတော့ သာယာဦးမှ မြင်ယောင်သေးရဲ့ဗျာ။ ။



XxXxXx 

(Zawgyi version )


တန္ဖိုးနည္းအိမ္ယာ ဆိုသည့္စကား ဂ်ာနယ္မ်ားတြင္ ခုတေလာ ေခတ္စားလာပါသည္။ ဆင္းရဲသူမ်ား၊ က်ဴးေက်ာ္သူမ်ား တရား၀င္ေပၚလာသည့္ အတြက္ဟု ထင္ပါသည္။ ၄င္းတို႔အတြက ္ေနစရာ လိုလာေသာအခါ သူတို႔တတ္ႏိုင္ေလာက္ေသာ ေနစရာ ႐ွာသည့္သေဘာပင္ ျဖစ္ပါလိမ့္မည္။ ဘယ္ေလာက္တန္သည္ကို တန္ဖိုးနည္း အိမ္ဟုေခၚမလဲ သိခ်င္ပါသည္။
ေ႐ွးယခင္က ဖဆပလ အိမ္ယာမ်ားသည္ လစာနည္း  ၀န္ထမ္းမ်ားအတြက္ဟုၾကားဘူးပါသည္။ ေနာက္ပိုင္း ဆို႐ွယ္လစ္စံနစ္ေခတ္တြင္ လုပ္အားေပး၍ သု၀ဏၰတြင္ အိမ္ယာမ်ားေဖၚထုတ္ေပးခ့ဲသည္။ ထိုေခတ္က ေျမေစ်းႏွင့္ေတာ့ တန္ဖိုးနည္းအိမ္ယာ ျဖစ္ခ်င္ျဖစ္ပါလိမ့္မည္။ ခုေခတ္တြင္ေတာ့ ငွားေနဖို႔ပင္ မလြယ္ေတာ့ပါ။
တြက္ၾကည့္ႏိုင္ပါသည္။ တစ္စတုရန္းေပကို မျဖစ္ႏိုင္ေလာက္ေသာ အနည္းဆံုးေစ်း ၁၀၀၀၀က်ပ္ ႏွင့္ပင္ တြက္ၾကည့္ၾကပါစို႔။ တိုက္ခန္းငယ္ အေသးဆံုးမွာ ၆၅၀ စတုရန္းေပ ႐ွိပါသည္။ ထို႔အတြက္ တိုက္ခန္္းေစ်း ၆၅ သိန္းက်ေနပါၿပီ။ ဘာဆိုဘာမွ အလွဆင္ျခင္း မ႐ွိေသးပါ။ ေရမီးပင္ ပါမည္မဟုတ္ေသးပါ။ အၿပီးအစီး သိန္း၉၀ ႏွင့္ရဖို႔ပင္ ေတာ္ေတာ္လုပ္ရပါမည္။ ဒါေတာင္ အေရးအႀကီးဆံုးျဖစ္သည့္ ေျမေစ်းထ့ဲ မတြက္ထားပါ။ အေပါဆံုး ေျမေစ်းႏွင့္ဆိုလွ်င္ သိန္းတရာ ေက်ာ္ပါလိမ့္မည္။
ေလာေလာဆယ္ စည္ပင္သာယာက တင္ဒါေခၚထားေသာ တန္ဖိုးနဲအိမ္ယာတြင္ အနဲဆံုးဘယ္ေလာက္သတ္မွတ္မည္လဲ မသိရေသးပါ။ တလ ၈၀၀၀၀က်ပ္ ရေသာသူ ၃၀% ဆပ္႐ံုျဖင့္ ေနႏိုင္ေအာင္တြက္ထားသည္ဟု ဆိုပါသည္။ တိုက္ခန္းေစ်း သိန္းတရာေအာက္ဆိုလွ်င္ သဲတိုက္မ်ားသာ ျဖစ္ပါလိမ့္မည္။ သံေခ်ာင္း ၆ ေခ်ာင္းထည့္ရမည့္ေနရာတြင္ ေလးေခ်ာင္းျဖင့္သာ ကိစၥၿပီးပါလိမ့္မည္။
 ၾကည့္လဲ လုပ္ၾကပါ ဆရာတို႔။ ဆင္းရသူမ်ား ပေတာ့ ပေပ်ာက္ပါရဲ့။ ေရေ၀းမွ တဆင့္ ျဖစ္ေနပါဦးမည္။ သမတႀကီးေျပာတိုင္းလဲ အရင္ေခတ္လို လုပ္ၿပီးေၾကာင္း မညာၾကပါနဲ႔ဗ်ာ။ မျဖစ္ႏိုင္ဘူးဆို မျဖစ္ႏိုင္ဘူးေပါ့။ ဂြင္ေတာ့ရၿပီဆိုၿပီး ၀ါးဖို႔ေတာ့ မလုပ္ၾကပါနဲ႔။ ျဖစ္ႏိုင္ေခ်ေလးေတြလဲ တြက္ခ်က္ၿပီး ျပန္တင္ျပၾကပါဦး။
တကယ္ မိသားစုတိုင္း တိုက္ခန္းနဲ႔ေနႏိုင္ဖို႔က မိသားစုတိုင္း လံုေလာက္တ့ဲ ၀င္ေငြရေအာင္ လုပ္ေပးရပါမယ္။ အလုပ္မလုပ္ဘဲ ၀င္ေငြရေအာင္လုပ္ေပးခိုင္းတာ မဟုတ္ပါ။ အလုပ္လုပ္ႏိုင္သူတိုင္း အလုပ္ရေအာင္ လုပ္ေပးရမွာပါ။ ထံုးစံအတိုင္း ခ႐ိုနီေတြေတာ့ ပါရင္ေကာင္းတာေပါ့။ ခက္တာက အဲဒီ ခ႐ိုနီေတြက ပံုမွန္အလုပ္မ်ိဳးဆို မလုပ္တတ္ေတာ့တာ ခက္တယ္။ သူတို႕က မွန္မွန္ကန္ကန္ အလုပ္မ်ိဳးေတြ ေဖၚေပးႏိုင္ယင္ေကာင္းမယ္။ သူတို႔လုပ္ခ့ဲတ့ဲ ၀ဋ္ေတြလဲေၾကေကာင္းပါရဲ့။
ဘာပဲျဖစ္ျဖစ္ စည္ပင္ႀကီးကေတာ့ သာယာဦးမွ ျမင္ေယာင္ေသးရဲ့ဗ်ာ။     

No comments:

Post a Comment

Thank you.