16 November 2012

၂၀၀၈ ဥပဒေ

(Unicode version)

                   ယနေ့အထိ တရား၀င်ကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းပြောလိုပါသည်။ ဤဥပဒေကို မြန်မာနိုင်ငံသား ၉၅%ခန့်က ထောက်ခံခ့ဲသည် ဆိုသော်လည်း တက့ဲအစစ်အမှန် ထောက်ခံမှုကို ယခင်စစ်တပ်အစိုးရနှင့် အတူ လက်ရှိ အစိုးရ လဲ သိပါသည်။

                  ဤ ဥပဒေသည် လက်ရှိ အချိန်အခါနှင့် မကိုက်ညီကြောင်းကို လက်ရှိအစိုးရ၊ လွှတ်တော် နှင့် ပြည်သူအားလုံးကသိပါသည်။ တချိန်ချိန်တွင် ပြင်ဆင်ရမည်ကိုလဲ အားလုံးက သိပါသည်။ သမ္မတ အပါအ၀င် အများစုက ပြင်ဆင်ရန်လိုအပ်ကြောင်း အင်တာဗျူးများတွင် တရား၀င်လဲ ပြောခ့ဲကြပါပြီ။ 

                  လူတွေ လက်ခံထားရသည့် အချက်မှာ ( မကြိုက်သော်လည်း ) လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် ကြီးစိုးနေသူများမှာ ကြံ့ဖွံ့ အဖွဲ့ဖြစ်နေပါသည်။ ထို့အတွက် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြံ့ဖွံ့အဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသင့်ပါသည်။ နိုင်ငံရေးပါး ၀ ရန်လိုပါသည်။ တချိန်ချိန်တွင် ပြင်ဆင်ရမည့် ဥပဒေတစ်ခုကို ငါတို့ လုပ်ပေးခ့ဲသည် ဆိုသော အဖြစ်မျိုး မလိုချင်ကြဘူးလား။ ၁၉၈၈ တုံးကလို ပြည်သူအားလုံးလက်မခံမှ ပြင်ပေးမည်ဆိုသော နိုင်ငံရေးည့ံဖျင်းမှုမျိုး သမိုင်းတစ်ပါတ် မလည်သင့်တော့ပါ။

                     လက်ရှိ ပြည်ခိုင်ဖြိုး ယာယီဥက္ကဌ ၊ လွှတ်တော် ဥက္ကဌကြီးကလဲ သဘောပေါက်သင့်ပြီ။ အပြောင်းအလဲကို တကယ်ဖြစ်စေချင်သည်ဟု အကြိမ်ကြိမ်ပြောနေသော်လည်း တကယ်အရေးအကြီးဆုံးကို ဘာကြောင့် လွဲချော်နေသည် မသိပါ။ သူဦးဆောင်၍ လှုပ်ရှားလိုက်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် တိုးတက်လာမှာ အသေအချာ။ တကယ်အပြောင်းအလဲ ၏အချုပ်ကို မသိတာတော့ မဖြစ်နိုင်ပါ။

                      ဒီတော့ ကျွန်တော်ထင်လာတာ တစ်ခုရှိသည်။ နောက်ပြန်သွားချင်နေကြသူများက အားသာနေသလား။ သိုမဟုတ် သူတို့၏ ခေါင်းကိုင်ဖခင်ကြီး သေသည်အထိ စောင့်နေကြသလား။ " ဟေ့ ကောင်တွေ။ ငါသေမှ ဒီ ကုလားမ ခေါင်းဆောင်လုပ်ပေ့စေ" လို့ ပြောထား၍ အချိန်ဆွဲနေကြတာလား။ ကျွန်တော်တော့ မသိတာ အမှန်ပါ။

                        စဉ်းစားစေချင်ပါသည်။ ယနေ့ ကမ္ဘာကြီးတွင် စက္ကန့်နှင့်အမျှ တိုးတက်နေကြပါသည်။ တစ်စက္ကန့်နောက်ကျလျှင် တော်တော် လိုက်ယူရပါမည်။ မြန်မာနိုင်ငံသည် နှစ် ၅၀ နောက်ကျ ကျန်နေခ့ဲပါပြီ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသော ဆိုင်းဘုဒ်ထောင်ယုံဖြင့် ဘာမှ လုပ်၍မရမှန်း လူတိုင်းသိသည့် ခေတ်ရောက်နေပါပြီ။ ကျွန်တော်တို့ တော်တော့်ကို ခေတ်မှီရန် လုပ်ရပါဦးမည်။ အဖေကြီး ညွှန်ကြားသည်အထိ စောင့်နေကြဦးမှာ လားဟု ကြံ့ဖွ့ံများကို မေးလိုပါကြောင်း။ ။



XxXxXx

(Zawgyi version )

                  ယေန႔အထိ တရား၀င္က်င့္သံုးေနေသာ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒ အေၾကာင္းေျပာလိုပါသည္။ ဤဥပေဒကို ျမန္မာႏိုင္ငံသား ၉၅%ခန္႔က ေထာက္ခံခ့ဲသည္ ဆိုေသာ္လည္း တက့ဲအစစ္အမွန္ ေထာက္ခံမႈကို ယခင္စစ္တပ္အစိုးရႏွင့္ အတူ လက္ရွိ အစိုးရ လဲ သိပါသည္။
                  ဤ ဥပေဒသည္ လက္ရွိ အခ်ိန္အခါႏွင့္ မကိုက္ညီေၾကာင္းကို လက္ရွိအစိုးရ၊ လႊတ္ေတာ္ ႏွင့္ ျပည္သူအားလံုးကသိပါသည္။ တခ်ိန္ခ်ိန္တြင္ ျပင္ဆင္ရမည္ကိုလဲ အားလံုးက သိပါသည္။ သမၼတ အပါအ၀င္ အမ်ားစုက ျပင္ဆင္ရန္လိုအပ္ေၾကာင္း အင္တာဗ်ဴးမ်ားတြင္ တရား၀င္လဲ ေျပာခ့ဲၾကပါၿပီ။  
                  လူေတြ လက္ခံထားရသည့္ အခ်က္မွာ ( မႀကိဳက္ေသာ္လည္း )  လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႔တြင္  ႀကီးစိုးေနသူမ်ားမွာ ႀကံ့ဖြံ႔ အဖြဲ႔ျဖစ္ေနပါသည္။ ထို႔အတြက္ လက္ရွိ အေျခခံဥပေဒကို ျပင္ဆင္ရန္ ႀကံ့ဖြံ႔အဖြဲ႔မွ လႊတ္ေတာ္သို႔ တင္သြင္းသင့္ပါသည္။ ႏိုင္ငံေရးပါး ၀ ရန္လိုပါသည္။ တခ်ိန္ခ်ိန္တြင္ ျပင္ဆင္ရမည့္ ဥပေဒတစ္ခုကို ငါတို႔ လုပ္ေပးခ့ဲသည္ ဆိုေသာ အျဖစ္မ်ိဳး မလိုခ်င္ၾကဘူးလား။ ၁၉၈၈ တံုးကလို   ျပည္သူအားလံုးလက္မခံမွ ျပင္ေပးမည္ဆိုေသာ  ႏိုင္ငံေရးည့ံဖ်င္းမႈမ်ိဳး သမိုင္းတစ္ပါတ္ မလည္သင့္ေတာ့ပါ။
                     လက္ရွိ ျပည္ခိုင္ၿဖိဳး ယာယီဥကၠဌ ၊ လႊတ္ေတာ္ ဥကၠဌႀကီးကလဲ သေဘာေပါက္သင့္ၿပီ။ အေျပာင္းအလဲကို တကယ္ျဖစ္ေစခ်င္သည္ဟု အႀကိမ္ႀကိမ္ေျပာေနေသာ္လည္း တကယ္အေရးအႀကီးဆံုးကို ဘာေၾကာင့္ လြဲေခ်ာ္ေနသည္ မသိပါ။ သူဦးေဆာင္၍ လႈပ္ရွားလိုက္ပါက ၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုးတက္လာမွာ အေသအခ်ာ။ တကယ္အေျပာင္းအလဲ ၏အခ်ဳပ္ကို မသိတာေတာ့ မျဖစ္ႏိုင္ပါ။
                      ဒီေတာ့ ကၽြန္ေတာ္ထင္လာတာ တစ္ခုရွိသည္။ ေနာက္ျပန္သြားခ်င္ေနၾကသူမ်ားက အားသာေနသလား။ သိုမဟုတ္ သူတို႔၏ ေခါင္းကိုင္ဖခင္ႀကီး   ေသသည္အထိ ေစာင့္ေနၾကသလား။  " ေဟ့ ေကာင္ေတြ။ ငါေသမွ ဒီ ကုလားမ ေခါင္းေဆာင္လုပ္ေပ့ေစ" လို႔ ေျပာထား၍ အခ်ိန္ဆြဲေနၾကတာလား။     ကၽြန္ေတာ္ေတာ့ မသိတာ အမွန္ပါ။
                        စဥ္းစားေစခ်င္ပါသည္။ ယေန႔ ကမာၻႀကီးတြင္ စကၠန္႔ႏွင့္အမွ် တိုးတက္ေနၾကပါသည္။ တစ္စကၠန္႔ေနာက္က်လွ်င္ ေတာ္ေတာ္ လိုက္ယူရပါမည္။ ျမန္မာႏိုင္ငံသည္ ႏွစ္ ၅၀ ေနာက္က် က်န္ေနခ့ဲပါၿပီ။ ေခတ္မွီဖြံ႔ျဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္သစ္ဆီသို႔ ဆိုေသာ ဆိုင္းဘုဒ္ေထာင္ယံုျဖင့္ ဘာမွ လုပ္၍မရမွန္း လူတိုင္းသိသည့္ ေခတ္ေရာက္ေနပါၿပီ။ ကၽြန္ေတာ္တို႔ ေတာ္ေတာ့္ကို ေခတ္မွီရန္ လုပ္ရပါဦးမည္။ အေဖႀကီး ၫႊန္ၾကားသည္အထိ ေစာင့္ေနၾကဦးမွာ လားဟု ႀကံ့ဖြ႔ံမ်ားကို ေမးလိုပါေၾကာင္း။    ။

No comments:

Post a Comment

Thank you.