15 August 2012

၂၀၁၂-၂၀၁၃ ပရီမီယာလိဂ်

 (Unicode version )

                      ရက်အနည်းငယ်အတွင်း အင်္ဂလန်ပရီမီးယားလိဂ်ပြန်စပါတော့မည်။ ESPN and STAR

Channel များတွင် မနှစ်က နောက်ဆုံးနေ့ ဖြစ်စဉ်များကို ပြန်ပြတာ ကြည့်ရတိုင်း ကွျှန်တော် ဒေါသထွက်ရတာရှိသည်။ ထိုပွဲများ ကြည့်ခ့ဲရသူတိုင်း

သတိရပါလိမ့်မည်။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ

ပွဲကအသဲအသန်ဖြစ်နေသည်။ ပြန်ပြတာကြည့်ရတော့ ဘောလုံးပွဲကြေငြာသူဧ၊်

ကြေငြာသံက မနှစ်က ကြည့်ရသော MRTV 4 မှ ကြေငြာသံနှင့် အရမ်းကွာနေတာ

သတိထားမိပါသည်။ အင်္ဂလိပ်လို တစ်၀က်လောက်သာ နားလည်သော်လည်း ကြေငြာသူဧ။်

မာန်ပါသောအသံကြောင့် ပွဲက အရမ်းကိုအသက်၀င်နေတာ သတိပြုမိသည်။

                     မနှစ်က ထိုပွဲကို MRTV 4 မှ ကြေငြာနေသူဧ။်အသံသည် အပျိုကြီးအိမ်မှ ကြောင်

အစာတောင်းသည့် အသံမျိုးဖြစ်နေသည်။ တကယ့်ကို ညောင်နာနာ။ ကြည့်ရတာ မန်ယူ

ဘက်ကလောင်းထားဟန်တူသည်။ သူအော်နေသံက မန်ယူဘက်က ကြေငြာသလိုဖြစ်နေသည်။

ကျွန်တော်လည်း ရွာသားဖြစ်ပါသည်။ မန်ာူအသင်းကို ၁၉၉၀ ခေတ်ခန့်ကပင်

အားပေးခ့ဲပါသည်။ ကျွန်တော့် Blog တွင်လည်း အတိအလင်းဖေါ်ပြထားပါသည်။

သို့သော် ဘော်လုံးပွဲ ကြေငြာသူသည် အစွဲကင်းရပါမည်။ ဘော်လုံးအကြောင်းကို

ကစားကမားများ အကြောင်းသာမကဘဲ နည်းဥပဒေများ အထိ သိထားသင့်ပါသည်။

                       ပရီမီယာလိဂ်မှ Mertin Tylor တို့ဆိုလျှင် History အားလုံးလောက် သိနေသည်။

သူကြေငြာသမျှ အကုန်နားလည်လျှင် လွန်စွာတန်ဖိုး ရျိပါလိမ့်မည်။

တကယ်က မြန်မာပြည်မှ ဘောလုံးပွဲကြေငြာသူများသည် Announcer

အဆင့်သာရှိခ့ဲသည်။ ဟိုးအယင် ရေဒီယ်ု ခေတ်က မြန်မာ့အသံမှ

ဦး၀င်းမြင့်ကြေငြာသလို ကြေငြာနေတိုံးရှိသေးသည်။ မဂိုးဂွေးသမား

မိတယ်ခင်ဗျာ ဆိုတာ မှတ်မိနေကြဦးမည်ထင်ပါသည်။ ပြောရလျှင် MRTV 4 မှ သူသည်

ထိုအဆင့်ပင် မရှီပါ။ Football Fan တစ်ယောက် သူအားပေးသော အသင်းကို လာ

အားပေးနေသည့်အဆင့်သာ ရှိသည်။

                      တကယ်ဖြစ်သင့်သည်က Football Commentator အဆင့်ဖြစ်သင့်သည်။ ကြေငြာယုံသာ

မဟုတ်ဘဲ ပွဲကို ေ၀ဖန်နိုင်သည့် အဆင့်ဖြစ်ရမည်။ ဆွဲပြေးတယ်ခင်ဗျာ လို့

အော်နေစဉ် ပရိဿတ်က သူနဲ့အတူ မြင်တေပြီဖြစ်သည်။ တစ်ချို့ဆို သူတို့

မမြင်တာတောင်တွေ့နေပြီ။ ပရိဿတ်က သောင်းသိန်းချီနိုင်သည်လေ။

ဥပဒေမသိလျှင်လည်း ရယ်စရာဖြစ်နေသည်။ နာမည်ကျော် ဦးလှ၀င်းက

ဒီနေ့ကျွန်တော်တို့ ဂိုးသမား ဘယ်လိုလုပ်နေလဲ မသိဘူးဗျာ၊ နောက်တန်းလူတွေ

ပြန်ပေးသမျှကို လက်နဲ့မဖမ်းဘဲ ကန်ကန်ထုတ်နေတယ်တ့ဲ။

                    ဘာဘဲဖြစ်ဖြစ်ကြိုးစားစေချင်ပါသည်။ အရေးအကြီးဆုံးကတော့ အစွဲ

ကင်းစေချင်ပါသည် ။ တတ်နိုင်လျှင် Dual အသံလွှင့်ပေးစေချင်ပါသည်။

နည်းပညာခေတ်မှာ သိတ်တော့ ခက်လိမ့်မည် မထင်ပါ။ ဒါမှ ငှက်ဆိုးထိုးသံမှ

ေ၀းမည်ထင်ကြောင်းပါ။


XxXxXx

(Zawgyi version)

                     ရက္အနည္းငယ္အတြင္း အဂၤလန္ပရီမီးယားလိဂ္ျပန္စပါေတာ့မည္။ ESPN and STAR
Channel မ်ားတြင္ မႏွစ္က ေနာက္ဆံုးေန႔ ျဖစ္စဥ္မ်ားကို ျပန္ျပတာ ၾကည့္ရတိုင္း ကႊ်န္ေတာ္ ေဒါသထြက္ရတာရွိသည္။ ထိုပြဲမ်ား ၾကည့္ခ့ဲရသူတိုင္း
သတိရပါလိမ့္မည္။ ေနာက္ဆံုးမိနစ္၊ ေနာက္ဆံုးစကၠန္႔အထိ
ပြဲကအသဲအသန္ျဖစ္ေနသည္။ ျပန္ျပတာၾကည့္ရေတာ့ ေဘာလံုးပြဲေၾကျငာသူဧ၊္
ေၾကျငာသံက မႏွစ္က ၾကည့္ရေသာ MRTV 4 မွ ေၾကျငာသံႏွင့္ အရမ္းကြာေနတာ
သတိထားမိပါသည္။ အဂၤလိပ္လို တစ္၀က္ေလာက္သာ နားလည္ေသာ္လည္း ေၾကျငာသူဧ။္
မာန္ပါေသာအသံေၾကာင့္ ပြဲက အရမ္းကိုအသက္၀င္ေနတာ သတိျပဳမိသည္။
                     မႏွစ္က ထိုပြဲကို MRTV 4 မွ ေၾကျငာေနသူဧ။္အသံသည္ အပ်ိဳႀကီးအိမ္မွ ေၾကာင္
အစာေတာင္းသည့္ အသံမ်ိဳးျဖစ္ေနသည္။ တကယ့္ကို ေညာင္နာနာ။ ၾကည့္ရတာ မန္ယူ
ဘက္ကေလာင္းထားဟန္တူသည္။ သူေအာ္ေနသံက မန္ယူဘက္က ေၾကျငာသလိုျဖစ္ေနသည္။
ကၽြန္ေတာ္လည္း ရြာသားျဖစ္ပါသည္။ မန္ာူအသင္းကို ၁၉၉၀ ေခတ္ခန္႔ကပင္
အားေပးခ့ဲပါသည္။ ကၽြန္ေတာ့္ Blog တြင္လည္း အတိအလင္းေဖၚျပထားပါသည္။
သို႔ေသာ္ ေဘာ္လံုးပြဲ ေၾကျငာသူသည္ အစြဲကင္းရပါမည္။ ေဘာ္လံုးအေၾကာင္းကို
ကစားကမားမ်ား အေၾကာင္းသာမကဘဲ နည္းဥပေဒမ်ား အထိ သိထားသင့္ပါသည္။
                       ပရီမီယာလိဂ္မွ Mertin Tylor တို႔ဆိုလွ်င္ History အားလံုးေလာက္ သိေနသည္။
သူေၾကျငာသမွ် အကုန္နားလည္လွ်င္ လြန္စြာတန္ဖိုး ရ်ိပါလိမ့္မည္။
တကယ္က ျမန္မာျပည္မွ ေဘာလံုးပြဲေၾကျငာသူမ်ားသည္ Announcer
အဆင့္သာရွိခ့ဲသည္။ ဟိုးအယင္ ေရဒီယ္ု ေခတ္က ျမန္မာ့အသံမွ
ဦး၀င္းျမင့္ေၾကျငာသလို ေၾကျငာေနတိံုးရွိေသးသည္။ မဂိုးေဂြးသမား
မိတယ္ခင္ဗ်ာ ဆိုတာ မွတ္မိေနၾကဦးမည္ထင္ပါသည္။ ေျပာရလွ်င္ MRTV 4 မွ သူသည္
ထိုအဆင့္ပင္ မရွီပါ။ Football Fan တစ္ေယာက္ သူအားေပးေသာ အသင္းကို လာ
အားေပးေနသည့္အဆင့္သာ ရွိသည္။
                      တကယ္ျဖစ္သင့္သည္က Football Commentator အဆင့္ျဖစ္သင့္သည္။ ေၾကျငာယံုသာ
မဟုတ္ဘဲ ပြဲကို ေ၀ဖန္ႏိုင္သည့္ အဆင့္ျဖစ္ရမည္။ ဆြဲေျပးတယ္ခင္ဗ်ာ လို႔
ေအာ္ေနစဥ္ ပရိႆတ္က သူနဲ႔အတူ ျမင္ေတၿပီျဖစ္သည္။ တစ္ခ်ိဳ႕ဆို သူတို႔
မျမင္တာေတာင္ေတြ႔ေနၿပီ။ ပရိႆတ္က ေသာင္းသိန္းခ်ီႏိုင္သည္ေလ။
ဥပေဒမသိလွ်င္လည္း ရယ္စရာျဖစ္ေနသည္။ နာမည္ေက်ာ္ ဦးလွ၀င္းက
ဒီေန႔ကၽြန္ေတာ္တို႔ ဂိုးသမား ဘယ္လိုလုပ္ေနလဲ မသိဘူးဗ်ာ၊ ေနာက္တန္းလူေတြ
ျပန္ေပးသမွ်ကို လက္နဲ႔မဖမ္းဘဲ ကန္ကန္ထုတ္ေနတယ္တ့ဲ။
                    ဘာဘဲျဖစ္ျဖစ္ႀကိဳးစားေစခ်င္ပါသည္။ အေရးအႀကီးဆံုးကေတာ့ အစြဲ
ကင္းေစခ်င္ပါသည္ ။ တတ္ႏိုင္လွ်င္ Dual အသံလႊင့္ေပးေစခ်င္ပါသည္။
နည္းပညာေခတ္မွာ သိတ္ေတာ့ ခက္လိမ့္မည္ မထင္ပါ။ ဒါမွ ငွက္ဆိုးထိုးသံမွ
ေ၀းမည္ထင္ေၾကာင္းပါ။

No comments:

Post a Comment

Thank you.