31 May 2012
မဟုတ်တရုပ်
 (Unicode version )
                    ခုလက်ရှိ မြန်မာနိုင်ငံ Sanction လွတ်ရေးမှာ အချက် ၃ ချက်တောင်းဆိုတာ
ရှိပါတယ်။ နပါတ် ၁ဖြစ်တ့ဲ ဒေါ်အောင်ဆန်းစုကြည် ကိစ္စလဲ လွှတ်တော်ထဲရောက်နေတော့ အဆင်ပြေတ့ဲသဘောပါ။ နံပါတ် ၂ ဖြစ်တ့ဲနိုင်ငံရေးအကျဉ်းသားကိစ္စလဲ တော်တော်လွှတ်ထားတော့ အဆင်ပြေသလောက်ပါဘဲ။နံပါတ် ၃ ကတော့ တိုင်းရင်းသားကိစ္စပါဘဲ။ အရင်ဆုံးအဆင်ပြေမလိုလိုနဲ့ ခုထိ
မပြေနိုင်သေးတ့ဲ ကိစ္စဖြစ်လာပါတယ်။ ၁၃၅မျိုးသော သူတွေနဲ့ အလုံးစုံအဆင်ပြေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။
                   ဒါပေမ့ဲ အရင်ကလဲ အချို့တိုင်းရင်းသားတွေနဲ့က ၁၉၈၉ ခုလောက်ကတည်းကအဆင်ပြေခ့ဲဘူးတ့ဲသိတ်မခက်ခဲတော့ လောက်ဘူးလို့ ထင်မိတယ်။ အရင်က တစ်ခါမှငြိမ်းချမ်းရေး လက်မှတ်မထိုးဘူးတ့ဲ ကရင်တွေ နဲ့တောင်ဆွေးနွေးပြီဆိုတော့ပြီးပြီပေါ့။ ကချင်တွေနဲ့ဆိုတာ ၁၉၉၀ လောက်ကတည်းက Peace ဖြစ်ခ့ဲတာလေ။ဗိုလ်ချုပ်ခင်ညွန့်တို့ နဲ့ ကချင်တွေ တ့ဲလွန်းလို့ မြန်မာပြည်ကကျောက်စိမ်းတွေ ကုန်ပေါ့။
                      ခုတကယ် ငြိမ်းချမ်းရေးဆိုတော့မှ ကချင်တွေ ကျန်နေပါတယ်။ကျန်လူမျိုးပေါင်းစုံ Peace ဖြစ်ကာမှ သူတို့ကျန်နေတာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ စဉ်းစားကြည့်မိတယ်။ မြန်မာပြည်မှာ အားလုံးငြိမ်းချမ်းယင်ဘယ်သူတွေ အကျိုးယုတ်နိုင်လို့လဲ။ အားလုံး အဆင်ပြေယင် Sanctionရုတ်သွားမယ်လေ။ Sanction မရှိယင် ဘယ်သူတွေ အကျိုးမရှိနိုင်လဲစဉ်းစားမိတော့ တရုတ်ပြည်ကြီးဘဲ ရှိတာ သတိထားမိတယ်။
                     အရင်စစ်အစိုးရလက်ထက်မှာ သူတို့ ခွင်ဖြစ်နေတယ်လေ။ သူတို့ ပေးမှ ကမ်းမှ၀တ်စုံလှလှ ၀တ်ရတ့ဲ ဗိုလ်ချုပ်တွေ ဖြစ်နေတယ်လေ။ ခု အရပ်သားအစိုးရလက်ထက်ကြတော့ သူတို့စိတ်ကြိုက် ချယ်လှယ် ခွင့်ရတော့ဟန်မတူပါ။ အရင်ကရခ့ဲတ့ဲ ခွင်တွေပျောက်ကုန်မှာ စိုးလာဟန်တူတယ်။ ဒီတော့ မငြိမ်းချမ်းမှဖြစ်တော့မယ်လို့ တွက်ဟန်တူပါတယ် ။မြောက်ပေးလို့ရမ့ဲသူရှာလိုက်တော့ကချင်တွေဘဲတွေ့့မှာပါ။ နယ်နမိတ်ချင်းလဲဆက်နေသလို ကချင်တွေကဂျင်းဖောဆိုပြီး တရုပ်နယ်ထဲမှာလဲ ရှိနေပါတယ်။ ဟိုးအယင်ကလဲ ဗကပတွေကိုမွေးထားပေးခ့ဲတ့ဲ အစဉ်အလာလဲရှိခ့ဲပါတယ်။ ခုလိုထင်တာ အထောက်အထားတော့မရှိပါဘူး။ အယင်ကသောက်ကျင့်တွေကို အခြေခံပြီး ပြောပြတာပါ။ ဒီက ဟုတ်
တရုပ်တွေ သည်းညည်းခံပေးကြပါ။
XxXxXx
(Zawgyi version)
                   ဒါပေမဲ့ အရင်ကလဲ အချို့တိုင်းရင်းသားတွေနဲ့က ၁၉၈၉ ခုလောက်ကတည်းကအဆင်ပြေခဲ့ဘူးတဲ့သိတ်မခက်ခဲတော့ လောက်ဘူးလို့ ထင်မိတယ်။ အရင်က တစ်ခါမှငြိမ်းချမ်းရေး လက်မှတ်မထိုးဘူးတဲ့ ကရင်တွေ နဲ့တောင်ဆွေးနွေးပြီဆိုတော့ပြီးပြီပေါ့။ ကချင်တွေနဲ့ဆိုတာ ၁၉၉၀ လောက်ကတည်းက Peace ဖြစ်ခဲ့တာလေ။ဗိုလ်ချုပ်ခင်ညွန့်တို့ နဲ့ ကချင်တွေ တဲ့လွန်းလို့ မြန်မာပြည်ကကျောက်စိမ်းတွေ ကုန်ပေါ့။
No comments:
Post a Comment
Thank you.