21 January 2012

အနှိပ်သည်

(Unicode version )

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော Sanction Lift လုပ်ရန်အတွက် အရေးပါသော အချက်တစ်ချက်မှာ တိုင်းရင်းသားများနဲ့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်ဆိုသော အချက်ဖြစ်သည်။ သို့ဆိုလျှင် နိုင်ငံတကာက Lift လုပ်ရန် အနှိပ်သည်ဧ။် အခန်းက အရေးပါလာပါသည်။



ကျွန်တော်ကိုယ်တိုင်အသေးစိတ် မသိသော်လည်း ဖတ်ဖူးသော စာလေးအရပြောခြင်း ဖြစ်ပါသည်။ မှားလျှင်တော့ ၀န္တာမိပါ။ တိုင်းရင်းသားများနှင့် အစိုးရက အဖွဲ့များခွဲ၍ဆွေးနွေးမှု များပြုလုပ်စေရာ တစ်ဖွဲ့ကို ဦးအောင်သောင်းက ဦးဆောင်ပါသည်။ ကျွန်တော်ဖတ်ဖူးသော စာတွင် အနှိပ်သည်အောင်သောင်းဟု အမည်တပ် ခံထားရတာ တွေ့ဖူးပါသည်။ ဗိုလိချုပ်သန်းရွှေကို အိမ်တိုင်ရာရောက် ညဖက်တွင်သွားသွားနှိပ်ပေးရင်း ဂုံးချောတတ်သူဟု ကြားဖူးပါသည်။ ယခင် စက်မှု (၁) ၀န်ကြီးဘ၀တွင်လည်း လာဘ် အလွန်စားသူဟု နာမည်ကြီးပါသည်။ အလွန်ဟု ပြောရခြင်းမှာ ထိုခေတ် ၀န်ကြီးတိုင်း လာဘ်စားပြီး သူက များလွန်းခြင်းကို ဆိုလိုပါသည်။



ယခု ငြိမ်းချမ်းရေးအဖွဲ့ကို အနှိပ်သည် ဦးဆောင်နေရရာ လာဘ်မစားဟု သေချာပါမလားမသိပါ။ မင်းတို့ ငြိမ်းချမ်းရေးရရင် ဒါတွေဒါတွေ လုပ်ခွင့်ရအောင် ငါပြောပေးမယ်၊ ဒီအတွက် ငါ့ကို ဒါတွေဒါတွေ ပြန်ပေးရမယ်ဟု

တောင်းမလား မသိပါ။ အကျင့်ပါနေလို့လေ။ သူဆွေးနွေးနေရသည့် အပိုင်းမှာ ကချင်ဒေသ ဖြစ်သည့်အတွက် ကျေျာက်စိမ်းလုပ်ခွင့် တောင်းနေမှာ စိုးမိပါသည်။ ကျန် တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးက နီးစပ်နေပြီး ဤကချင်တစ်ဖွဲ့သာ ခက်ခဲနေခြင်းမှာ ဒီအတွက်ကြောင့်များလား တွေးမိပါသည်။



တကယ်တော့အနှီပ်သည် အောင်သောင်းစာစုသည် ပြုတ်သွားသောထောက်လှမ်းရေးများက ရေးဟန်တူပါသည်။ သူတို့ ဗိုလ်ခင်ညွန့်ကိုဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေကို ည ည နှိပ်ပေးယင်း ဂုံးချောခ့ဲသည်ဟု

ယူဆ၍ရေးဟန်တူပါသည်။ တကယ်က သူတို့ဆရာလည်းမထူးပါ။ ဒီပုတ်ထဲက ဒီပဲသာ။ခုတစ်ကြိမ် ဦးအောင်သောင်းတို့လုပ်နေတာ ယခင်အပစ်များကို ဆေးကြောသည့် သဘောသာ ဖြစ်ပါစေဟု ဆုတောင်းမိပါသည် ခင်ဗျား။ ။


XxXxXx

(Zawgyi version)

ႏိုင္ငံတကာက ျမန္မာႏိုင္ငံအေပၚခ်မွတ္ထားေသာ Sanction Lift လုပ္ရန္အတြက္ အေရးပါေသာ အခ်က္တစ္ခ်က္မွာ တိုင္းရင္းသားမ်ားနဲ႔ စစ္မွန္ေသာ ျငိမ္းခ်မ္းေရး ရရွိရန္ဆိုေသာ အခ်က္ျဖစ္သည္။ သို႔ဆိုလွ်င္ ႏိုင္ငံတကာက Lift လုပ္ရန္ အႏွိပ္သည္ဧ။္ အခန္းက အေရးပါလာပါသည္။

ကၽြန္ေတာ္ကိုယ္တိုင္အေသးစိတ္ မသိေသာ္လည္း ဖတ္ဖူးေသာ စာေလးအရေျပာျခင္း ျဖစ္ပါသည္။ မွားလွ်င္ေတာ့ ၀ႏာၱမိပါ။ တိုင္းရင္းသားမ်ားႏွင့္ အစိုးရက အဖြဲ႕မ်ားခြဲ၍ေဆြးေႏြးမႈ မ်ားျပဳလုပ္ေစရာ တစ္ဖြဲ႔ကို ဦးေအာင္ေသာင္းက ဦးေဆာင္ပါသည္။ ကၽြန္ေတာ္ဖတ္ဖူးေသာ စာတြင္ အႏွိပ္သည္ေအာင္ေသာင္းဟု အမည္တပ္ ခံထားရတာ ေတြ႔ဖူးပါသည္။ ဗိုလိခ်ဳပ္သန္းေရႊကို အိမ္တိုင္ရာေရာက္ ညဖက္တြင္သြားသြားႏွိပ္ေပးရင္း ဂံုးေခ်ာတတ္သူဟု ၾကားဖူးပါသည္။ ယခင္ စက္မႈ (၁) ၀န္ႀကီးဘ၀တြင္လည္း လာဘ္ အလြန္စားသူဟု နာမည္ႀကီးပါသည္။ အလြန္ဟု ေျပာရျခင္းမွာ ထုိေခတ္ ၀န္ႀကီးတိုင္း လာဘ္စားၿပီး သူက မ်ားလြန္းျခင္းကို ဆိုလိုပါသည္။

ယခု ျငိမ္းခ်မ္းေရးအဖြဲ႔ကို အႏွိပ္သည္ ဦးေဆာင္ေနရရာ လာဘ္မစားဟု ေသခ်ာပါမလားမသိပါ။ မင္းတို႔ ၿငိမ္းခ်မ္းေရးရရင္ ဒါေတြဒါေတြ လုပ္ခြင့္ရေအာင္ ငါေျပာေပးမယ္၊ ဒီအတြက္ ငါ့ကို ဒါေတြဒါေတြ ျပန္ေပးရမယ္ဟု
ေတာင္းမလား မသိပါ။ အက်င့္ပါေနလို႔ေလ။ သူေဆြးေႏြးေနရသည့္ အပိုင္းမွာ ကခ်င္ေဒသ ျဖစ္သည့္အတြက္ ေက််ာက္စိမ္းလုပ္ခြင့္ ေတာင္းေနမွာ စိုးမိပါသည္။ က်န္ တိုင္းရင္းသားမ်ားနဲ႔ ၿငိမ္းခ်မ္းေရးက နီးစပ္ေနၿပီး ဤကခ်င္တစ္ဖြဲ႔သာ ခက္ခဲေနျခင္းမွာ ဒီအတြက္ေၾကာင့္မ်ားလား ေတြးမိပါသည္။

တကယ္ေတာ့အႏွီပ္သည္ ေအာင္ေသာင္းစာစုသည္ ျပဳတ္သြားေသာေထာက္လွမ္းေရးမ်ားက ေရးဟန္တူပါသည္။ သူတို႔ ဗိုလ္ခင္ၫြန္႔ကိုဦးေအာင္ေသာင္းက ဗိုလ္ခ်ဳပ္သန္းေ႐ႊကို ည ည ႏွိပ္ေပးယင္း ဂံုးေခ်ာခ့ဲသည္ဟု
ယူဆ၍ေရးဟန္တူပါသည္။ တကယ္က သူတို႔ဆရာလည္းမထူးပါ။ ဒီပုတ္ထဲက ဒီပဲသာ။ခုတစ္ႀကိမ္ ဦးေအာင္ေသာင္းတို႔လုပ္ေနတာ ယခင္အပစ္မ်ားကို ေဆးေၾကာသည့္ သေဘာသာ ျဖစ္ပါေစဟု ဆုေတာင္းမိပါသည္ ခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.