23 September 2011

ခင်၀မ်းသရဲ

အမှတ်စဉ် - ၁

ကွယ်လွန်သူ အဆိုတော် ခင်၀မ်း သရဲ ဖြစ်သွားတာ မဟုတ်ပါ။ ခင်၀မ်းကြိုက်သူများ ခင်၀မ်း စွဲ စွဲ နေသူများကိုသာ ဆိုလိုပါသည်။ သေပြီး သရဲဖြစ်နေသူများ ကိုလဲ ဆိုလိုပါသည်။ ထိုသို့ ပုဂ္ဂိုလ်များရှိခ့ဲလျှင် ထို ခင်၀မ်းသရဲများသည် ခင်၀မ်းကြိုက်ခ့ဲသည်များကို ကြိုက်နေကြမှာ အသေအချာ။ ထိုသူတို့သည် အမေ များကို ချစ်ကြမည်။ ချစ်သူများကို အခြားသူများထက်ပို၍ ချစ်ကြမည်။ပြည်မှာဆောင်း ကိုချစ်ကြမည်။ ထို့အပြင် ဧရာ၀တီ ကိုချစ်ကြမှာ အသေအချာပင်။

အမှတ်စဉ် - ၂

ခုတလော ဧရာ၀တီ ခေတ်စားနေသည်။ ရောဂါ ဟုပင် သမုတ်သူက သမုတ်သည်။ ဂျာနယ်များတွင် ကား အကြောင်းပြီးလျှင် အဖတ်ရဆုံးပင်။ပြောရဲသူက မြစ်ဆုံဆည် အကြောင်း ကျွန်တော်သာ အသိဆုံး ဆို၍ အထူးအ့ံသြမိသည်။ ခင်၀မ်း crazy များအတွက် ဧရာ၀တီ ပျောက်ကွယ်သွား၍ မဖြစ်ပါ။ ဧရာ၀တီ သီချင်းဧ။် Intro ရေစီးသံ ပျောက်သွား၍ မဖြစ်နိုင်ပါ။ ထိုအခါ ဘာမှ မတတ်နိုင်သူ ကျွန်တော်တို့ ဆုတောင်း ယုံသာရှိတော့သည်။

အမှတ်စဉ် - ၃

ကျွန်တော်တို့ ငယ်စဉ်က မဟုတ်တာ လုပ်သူများကို တစ်ချို့လူကြီးများက ဆုံးမလေ့ရှိသည်။ ဒီကောင်တော့ အတွယ်ခံ ရတော့မယ်။ ဘာ တွယ်ခံရမှန်းလဲ မသိပါ။ မျှော့ တွယ်တာမျိုးလဲ မဖြစ်နိုင်ပါ။ ချစ်သူချင်း တွယ်တာ တာ မျိုးလဲ မဟုတ်နိုင်ပါ။

၁ + ၂ + ၃

ကျွန်တော့် ဆုတောင်း

ခရားဆူးခြုံ တောနက်ထဲက ခင်၀မ်းသရဲကြီး တွယ်လိမ့်မယ် ။

1 comment:

  1. ခင်ဝမ်း သရဲတစ်ယောက်ပါ ...
    ဧရာဝတီလည်း တိမ်ကောလို့ မဖြစ်ပါလေ ...

    ReplyDelete

Thank you.