09 February 2011

အနေဝေး ရေဝေး

ဘာလိုလို နဲ ့ကိုခင်ဝမ်းဆုံးပါးသွားတာ ၁၁နှစ်တောင်ပြည့်ခဲ့ပါပြီ၊ဒီနှစ်

မှာတော့ ၁၀နှစ်ပြည့်တုန်းကလောက်အမှတ်တရဆောင်းပါးတွေ ရေးတာသိပ်မတွေ ့

ရသေးပါဘူး၊ဒါပေမဲ့ ကိုခင်ဝမ်း ရဲ ့နာမည်ကြီးသီချင်းဖြစ်တဲ့ပြည်မှာဆောင်းသီချင်းကိုတော ့ Aငြိမ်းကျော် ကပြန်ဆိုထားတဲ့ အခွေလေးတိုက်တိုက်ဆိုင်ဆိုင်

ပဲထွက်လာပါတယ်၊ ကိုခင်ဝမ်းသီချင်းလေးပါလာလို ့ဝမ်းသာအားရ နားထောင်မိပေမဲ့ CHO အပိုဒ်မှာတော့ ဘယ်သူ ့ခွင့်ပြုချက်ယူပြီးတော့များ စာသားကို ပြောင်းဆိုလဲဆိုတာ မတွေးတတ်အောင်ပါပဲဗျာ၊ အဆိုရှင် ကိုယ်တိုင်ကပဲ ဒီခေတ်နဲ ့ ယှဉ်ပြီးတော့ သူ ့အတွက်နိမိတ်မကောင်းဘူးလို ့များမှတ်ယူလေရော့

သလားမပြောတတ်ပါဘူး။ ကိုခင်ဝမ်း ကတော့ "အနေဝေးရေဝေးမှာဆုံးရှုံးသွားရတော့ မဲ့ပြည်မှာဆောင်း" ပါ၊Aငြိမ်းကျော် ကတော့ "အနေဝေးမြေဝေးမှာ

ဆုံးရှုံးသွားရတော့မဲ့ ပြည်မှာဆောင်း" ပါတဲ့ ၊ဘာပဲပြောပြောကိုခင်ဝမ်းကို အနေဝေးတဲ့ ရေဝေးတစ်နေရာမှာဆုံးရုံးခဲ့ရပြီး ၁၁နှစ်အကြာမှာတော့ ကိုခင်ဝမ်း

ရဲ ့ ပြည်မှာဆောင်း သီချင်းဟာလဲ ကိုခင်ဝမ်း နဲ ့အနေဝေးသွားပြီဖြစ်တဲ့ ကမ်ဘာမြေတစ်နေရာမှာ ပျက်စီးခဲ့ရပြန်ပြီပေါ့

Emperor Music Group to aplarblogspot.com





ကျွန်တော့်ထံ ရောက်လာသော စာတစ်စောင်ပါ။

ခင်၀မ်းကို Crazy ဖြစ်သော ကျွန်တော့် အမြင်ကို ပြောစေချင်သလား မသိပါ။

ကျွန်တော့် အမြင်ကတော့ စိတ်ကုန်သည်ဟုသာ ပြောချင်မိသည်။ ပထမအနေနှင့် နဂိုရ်စာသားကို ဘာအကြောင်းကြောင့်ဖြစ်စေ မပြင်စေချင်ပါ။ ပြင်ချင်သည်ဆိုလျှင်ပင် ဥပဒေအရဖြစ်စေ၊ Etiquette အရဖြစ်စေ ခင်၀မ်းဧ။် မိသားစုထံမှ ခွင့်တောင်းသင့်သည်။ ကျွန်တော်တစ်ဦးထဲဧ။် သဘောအရဆိုလျှင် ခင်၀မ်းဧ။် မိသားစုက ပင်လျှင် ခွင့်မပြုသင့်ပါ။ ရေေ၀း ဆိုသော စာလုံးကို အယူသည်း၍လည်း မဆိုချင်၊ ဒီသီချင်းကိုလည်း သိတ်ဆိုချင်နေသည်ဆိုလျှင်် ခင်၀မ်းရှိရာ ကောင်းကင်ဘုံသို့ ကိုယ်တိုင်သာ သွား၍ ခွင့်တောင်းသင့်သည်။

စိတ်ကုန်ရသည့်အထဲ ယခု MRTV-4 တွင်လွွှင့်နေသော ကိုနေ၀င်းအမှတ်တရ Live Show ကိုကြည့်နေချိန်ဖြစ်၍ ပိုဆိုးသည်။ စာသားများမှားလိုက်ကြသည် ဖြစ်ချင်း။ ဒါကိုသတ်သတ်ရေးပါဦးမည်။

No comments:

Post a Comment

Thank you.