01 May 2009

may day


ပုံဧ။် အလယ်ပိုင်းလောက်ကိုသေချာကြည့်လျှင် မိန်းခလေးများစွာ တန်းစီ၍ တက်နေသည်ကို တွေ့ရမည်။ လှိုင်သာယာစကိမှုဇုန်မှ စက်ရုံတစ်ရုံ duty ချိန်းချိန်ဖြစ်သည်။ အလုပ်သမပေါင်း ထောင်ချီ၍ အ၀င်အထွက် လုပ်ချိန်ဖြစ်သည်။ နအဖ အစိုးရသည် စက်မှုဇုန်များကို အထူးအားပေးနေရခြင်းမှာ လူများစွာကို အလုပ်ပေးနေသည့် အတွက်ဖြစ်မည်။ ထိုသို့သော စက်ရုံပေါင်းများစွာ စက်မှုဇုန်များတွင်ရှိ နေမည်ထင်ပါသည်။ ကောင်းပါသည်။ တိုးတက်အောင် လုပ်ကြရမည်။ ဟန်ပြလုပ်နေခြင်းကို လုံးဝ ရပ်တန့်သည့်ပြီ။
အရာရာကို အစိုးရအားကိုးနေသည့် ခေတ်ကျန်ခဲ့ပြီ။ ပုဂ္ဂလိကပိုင်း ယခုထက်ပင် ဖွံ့ဖြိုးနေသင့်သည်။ အစိုးရပိုင်းကလည်း အရာရာ ၀င်ရောက်စွက်ဖက်နေမှု အဆုံးသတ်သင့်ပြီ။ မိမိလူ ကျန်ရစ်မည်စိုး၍ ကျန်လူများကို ဆွဲထားခြင်းမျိုး လုံးဝမလုပ်သင့်တော့ပါ။ မိမိလူအသာရစေသော ကိစ္စမျိုးလည်း မလုပ်သင့်တော့ပါ။ ခုဖုံးကွယ်ထားလဲ များမကြာမှီပင် ပေါ်လာမည်သာ။
ယနေ့သည် ကမ္ဘာ့ အလုပ်သမားနေ့ကြီးဖြစ်သည်။ စစ်သား၊ လယ်သမား၊ ဆရာဆရာမ၊ အားလုံးသည် အလုပ်သမားများသာဖြစ်သည်။ ထို့ကြောင့် အားလုံးအတွက် အလုပ်သမားနေ့ ဖြစ်ပါသည်။

No comments:

Post a Comment

Thank you.