18 January 2009
ဂါဇာ နဲ့ အစ္စရေး
-->
(Unicode version )
ဒီတစ်လလုံး ကျွန်တော်ကြည့်နေကျ tv သတင်း channel များဖြစ်ကြသည့် CNA ရော Aljazeera ပါ ဂါဇာသို့ အစ္စရေး၀င်သည့် အကြောင်းဘဲပြနေပါသည်။ ပုံမှန်အားဖြင့် ကျွန်တော်သည် မြန်မာလူမျိုးတို့ ထုံးစံအတိုင်း အားနည်းသူဖက်မှ သနားတတ်သည်။ ရုပ်ရှင်ကြည့်လျှင်သော်လည်းကောင်း၊ ဘောလုံးပွဲဲကြည့်လျှင်သော် လည်းကောင်း ထိုနည်းတူစွာပင်။ ကျွန်တော် အားအပေးဆုံးဖြစ်သော Manchester United ကိုပင်လျှင် နိုင်ပွဲဆက်လွန်းလျှင် တစ်ခါတစ်ရံ ရှုံးစေချင်မိပါသည်။ မြန်မာလူမျိုး အများစုသည်လည်း ထိုအတိုင်းဖြစ်၍ မြန်မာရုပ်ရှင်များတွင် အစပိုင်းတွင် မင်းသားကို အားနည်းအောင် ဖန်တီးထား၍ နောက်ပိုင်းကျမှ အသာပေးလေ့ရှိကြပါသည်။
သို့သော် ၊ ဂါဇာသတင်းပြသောအခါ ဂါဇာမှ ပါလက်စတိုင်းများကို သနားစိတ်မ၀င်မိဘဲ ကောင်းတယ်ဟုပင် ထင်မိပါသည်။ အထူးသဖြင့် Aljazeera သည် တစ်နေ့လုံးလောက်နီးပါး ထိခိုက်မှု သတင်းဘဲပြနေသည်။ တစ်ရက်တွင်ဆိုလျှင် သေသူများဧ။် နာမည်နှင့် အသက်များကိုပင် တစ်ဦးချင်း ထိုးပြနေပါသည်။ ကျွန်တော့်စိတ်ထဲ ငယ်ငယ်နဲ့သေသူများကို မသနားမိဘဲ နောင် အသေခံဗုံးခွဲမည့်သူများ စောစောသေ အေးတာဘဲဟုပင်ထင်မိသည်။ မိန်းမများဆိုထျှင်လည်း လူဆိုးလေးများ မွေးမည့်သူတွေပင် ဖြစ်မည်ဟုတွေးမိပါသည်။
ထိုအာရပ်များကို ကျွန်တော်ဘာကြောင့် ကြည့်မရမှန်း ကျွန်တော့်ဖာသာလဲ ကျွန်တော်မသိပါ။ အာရပ်ဆို၍လည်း အပြင်တွင်နှစ်ခါသာ တွေ့ဖူးပါသည်။ တော်တော်သောက်မြင်ကပ်စရာပင်။ ပထမတစ်ခါက နယ်သာလန်တွင် သင်တန်းတက်တုံးက ဖြစ်သည်။ အာရပ်နှစ်ဦးပါသည်။ တစ်ယောက်က အလွန်အေးသော်လည်း ကျန်တစ်ယောက်က အလွန်စွာသည်။ ဆရာက သင်ခန်းစာ အသစ်တစ်ခု စ လျှင် သူသိပြီးဖြစ်၍ နောက်ထပ်အသစ် ပြောင်းသင်ရန်ပြောသည်။ ကျွန်တော်တို့က ဗမာပီပီ ဘာမှမပြောသော်လည်း တစ်ခြား ကပ္ပလီများက ပြဿနာရှာတော့သည်။ ဆရာက သိပြီးလျှင် အေးအေးနေပါ၊ အခြားသူများ အတွက်သင်ဖို့လိုသည်ဟုပြော၍ ဆက်သင်မှ အေးတော့သည်။
နောက်တစ်ကြိမ်က အီဂျစ်နိုငိငံ ကိုင်ရိုလေဆိပ်တွင် ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့ကို လေဆိပ် CUSTOM က အိပ်များဖွင့်ပြရန် ပြောပါသည်။ ကျွန်တော်တို့က ဖွင့်ပြမည်လုပ်သော်လည်း ကျွန်တော်တို့အဖွဲ့ အတွက် LIAISON လုပ်သူက ဒါ သူ့ကိုစော်ကားတာ ဖြစ်သဖြင့် မပြနှင့်ပြောကာ ရန်ဖြစ်နေကြသည်။ ဘေးကြည့်လိုက်တော့လည်း ဖျာလောက်ရှိသည့် ( အာရပ်များသည် ကျွန်တော်တို့ ဗမာများလိုပင် ခရီးသွားလျှင် ပစ္စည်းအလွန်သယ်သည်။) သေတ္တာကြီးများကို ဖွင့်၍ရှာနေတာ တွေ့ရသည်။ သေတ္တာကြီးများကြီးပြီး ပစ္စည်းများလွန်း၍ ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်၍ပင် စစ်နေရသည်။ စစ်သူရော အစစ်ခံသူရော ရန်ဖြစ်သလို စကားများနေကြသေးသည်။ အလွန်စိတ်ပျက်စရာပင်။
ဒီလောက်နဲ့လည်း ကျွန်တော်အာရပ်များက်ု ဒီလောက်မမုန်းသင့်ပါ။ TV ကြည်ုယင်း အကုသိုလ် ယူသလိုပင်ဖြစ်နေပါသည်။ စဉ်းစားမိသလောက်လည်း ပတ်သက်ဖူးတာ ဒါဘဲရှိပါသည်။ ဖြစ်နိုင်တာတစ်ခုဘဲ ရှိပါသည်။ ဆရာကြီးဦးအေးမောင် နှင့် Mr.Stevenson ဆိုသူတို့ပြုစုသော သေသည်ဧ။်အခြားဖက်၌ ဟုထင်သော စာအုပ်တွင်ပါပါသည်။ ဗမာပြည် နယ်မြို့လေးတစ်မြို့ဧ။် ဈေးထဲတွင်ဖြစ်သည်။ အသက်လေးငါးနှစ်လောက် ကောင်လေးနှစ်ယောက်သည် မြင်သည်နှင့် နဘမ်းလုံးတော့သည်။ ဘေးမှလူများက ဖြန်ဖြေပေးသည်ကိုပင် မကြေနိုင် မချမ်းနိုင်။ အကြောင်းအရင်းကို မေးကြသော် သူတို့မပြောနိုင်။ သူတို့ချင်း မြင်ပင် မမြင်ဖူးကြ။ အသေးစိတ် စုံစမ်းကြည့်တော့မှ စစ်အတွင်းက တစ်ဦးနှင့်တစ်ဦး ရန်ပြုရင်းကျဆုံးခဲ့သော အင်္ဂလိပ်စစ်သားနှင့် ဂျပန်စစ်သားဖြစ်နေသည်။ ဒီဘ၀အထိ လူ၀င်စားဖြစ်ပြီး ရန်ဖြစ်နေသေးသည်။ ကျွန်တော်သည်လည်း ဟိုဘ၀များက အာရပ်များနှင့် ညိခဲ့ဖူးသူများ ဖြစ်နေမည်လား မပြောပြတတ်တော့ပါ။ ။
XxXxXx 
(Zawgyi version )
No comments:
Post a Comment
Thank you.