18 July 2020

အစိုးရအဖွဲ့နဲ့ မဲဆွယ်ခွင့်



   လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLDပါတီအတွက် သမတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံအမေစု ဦးဆောင်ပြီးမဲဆွယ်မယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က အသံတွေထွက်လာတယ်။ ခြေဥအရ အစိုးရအဖွဲ့ဝင်တွေ မဲမဆွယ်ရ၊ ပါတီလုပ်ငန်း ဝင်မလုပ်ရစသဖြင့်ပေါ့။
.
မသိတဲ့သူတွေရှိသလို သိရဲ့သားနဲ့ ချွန်တွန်းသူတွေလည်း ပါမှာဘဲ။ လွန်ခဲ့တဲ့ငါးနှစ် ဒီအချိန်မျိုးမှာ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ မဲဆွယ်မှာစိုးလို့ NLDက ကန့်ကွက်ခဲ့တဲ့စာနဲ့ ပို့စ်တွေတင်ကြတယ်။ အာဏာရတော့ အပြောတမျိုး အလုပ်တမျိုးလုပ်နေတယ်ပေါ့။
.
ဒီပြဿနာ ဦးသိန်းစိန်ခေတ်ကတည်းက ရှင်းခဲ့ပြီးသားပါ။ ခြေဥမှာ မပါရလို့ဆိုထားပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ အရွေးခံမယ်ဆိုရင် မဲဆွယ်ခွင့် ရှိပြန်သတဲ့။ အဲဒီတုံးက NLDကန့်ကွက်ခဲ့တာက သမတဦးသိန်းစိန် ရှုံးမှာကြောက်လို့ ဝင်အရွေးမခံရဲဘဲ သမတအနေနဲ့ တိုင်းခန်းလှည့်လည် စည်းရုံးရေးဆင်းခဲ့လို့ပါ။
.
စဥ်းစားကြည့်မိတယ်။ မိမိပါတီအတွင်းမှာပင် ဦးရွှေမန်းနဲ့အပြိုင် သမတနေရာ လုခဲ့ရတယ်။ မိမိပါတီနိုင်တာနဲ့ ဦးသိန်းစိန် သမတထပ်လုပ်ယုံပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပါတီကအမတ်နေရာ အများစုရပေမယ့် ဦးသိန်းစိန်ရှုံးနိမ့်ခဲ့ရင် ဆိုတဲ့အတွေးတွေ ဖွတ်ခေါင်းဆောင်တွေမှာ ရိုက်ခတ်နေမှာဘဲ။ အကယ်လို့ဖြစ်ခဲ့ရင်လည်း ခြေဥအရ သမတလုပ်လို့ရပေမယ့် NLDကမဟားတောင် မိမိပါတီကဖယ်ထုတ်ခဲ့တဲ့ ဦးရွှေမန်းတို့ တံတွေးခွက်ထဲ ပက်လက်ကလေးနေရမှာ အသေအချာဘဲလေ။ ရွေးကောက်ပွဲမတိုင်ခင်လေးလလုံး အတော်ကို စိတ်မတည်မငြိမ်ဖြစ်နေမှာ အသေအချာပါ။ 
.
စုတ်လည်းစူး စားလည်းရူးအခြေအနေမှာ ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာ သူမှန်သွားပါတယ်။ သူပြိုင်လည်း ဝက်ဝက်ကွဲရှုံးဦးမှာကိုး။ သူတို့အထင်နဲ့လွဲပြီး သူတို့အများစုရှုံးတယ်။ ပြည်သူတွေချစ်တဲ့ အမေစုရဲ့NLDပါတီဘဲ နိုင်တယ်။ NLDအစိုးရဖွဲ့တယ်။
.
အခုရွေးကောက်ပွဲမှာ သမတဦးဝင်းမြင်နဲ့အမေစုက ရှင်းတယ်။ ဝင်အရွေးခံမှာတဲ့။ ဒီတော့ တရားဝင် မဲဆွယ်စည်းရုံးရေး လုပ်ခွင့်ရပြီ။ ဟိုလူတွေလို မလှိမ့်တပတ် မလုပ်ဘူး။ ဒါကိုဘဲ အစိုးရအဖွဲ့ဝင်တွေ မဲဆွယ်တာ မှားတယ်လုပ်နေသူတွေကို အံ့သြမိပါကြောင်း။     ။

11 July 2020

ကျနော်နဲ့ ကိုကျော်၊


ကျနော် ငယ်ငယ်ကတည်းက ရုပ်ရှင် သိတ်စိတ်မဝင်စားပါ။ မြန်မာကားဆို မကြည့်ဘူးသလောက်ပါ။ အဲဒီခေတ်က မင်းသားတွေက တကယ့်ကို မင်းသားလိုနေကြရတာ။ ဝင်းဦး ဇော်ခင် ညွန့်ဝင်းတို့လိုပေါ့။ အပြင်လူတွေနဲ့ မတူအောင်ကို နေကြ လှုပ်ရှားရကြတာ။ သိတ်မကြိုက်ဘူး။
.
ကျနော် လူပျိုပေါက်အရွယ်မှာ လူငယ်တွေကြားပေါက်သွားတဲ့ မင်းသားပေါ်လာတယ်။ အပြင်က လူတွေအတိုင်းဘဲ။ ပိုတောင် ရွဲသေးလားမသိ။ မဲမဲပိန်ပိန်ခြောက်ခြောက်။ ဆံပင်က ကောက်တိကောက်ကွေး၊ လူကိုယ်က တွန့်လိမ်တွန့်လိမ်နဲ့။ အသံကလည်း သိတ်မထွက်ရှာဘူး။ ဝတ်လိုက်ရင်လည်း ခပ်ရွဲရွဲ။ လူငယ်တွေကတော့ သိတ်ကြိုက်ကုန်ကြတာ။ သူ့ပုံစံမျိုးကို လိုက်တုလုပ်ကြတာ။ အဲဒီခေတ်က ''ကိုကျော်'' လို့ခေါ်တဲ့ ''ကျော်ဟိန်း'' ပါဘဲ။
.
ကျနော်က သူသီချင်းဆိုတာကို ပိုကြိုက်တာ။ ရေဒီယိုမှာ ဓာတ်ပြားရ တပုဒ်ဘဲကြားဘူးတယ်။ ''စိမ်းတယ်လို့မှတ်မှာလား''။ သူ့အခွေထုတ်တော့ ကျနော်ကိုးတန်းထင်တယ်။ ''မျက်ရည်စက်များနားစေသတည်း'' တဲ့။ ကမ္ဘာကျော်သီချင်း ကော်ပီတွေပေမယ့် စာသားတွေက မောင်စစ်ငြိမ်းနဲ့ မောင်ဆွေနွယ်ဆိုတော့ တအားအဓိပ္ပါယ်ရှိတာ။ သူနာမည်ကြီးခဲ့တဲ့အခွေ ''အဓိပ္ပါယ်ရှိသောသူ'' အခွေထက်ကို အဓိပ္ပါယ်ရှိတာဗျာ။ ရော့စတီးဝဒ်ဆိုတာလည်း အဲ့ခွေကြောင့် ကြားဘူးတာဘဲ။ တခွေလုံးကို ကြိုက်ခဲ့တာဘဲ။ 
.
မဂ္ဂဇင်းတခုမှာ ဝတ္ထုတို တပုဒ်တော့ဖတ်ဘူးတာ မှတ်မိတယ်။ '' ပြာ'' လို့မှတ်မိတာဘဲ။ ကိုကျော်က စာရေးမှာတော့ အရမ်းမပေါက်ခဲ့ဘူး။
.
ရုပ်ရှင်နောက်ပိုင်း ဗီဒီယိုခေတ်အထိ အများကြီးလုပ်သွားတာပါ။ အဖေအရွယ်မှာ အဖေခန်းတွေရိုက်သွားတာကို အများကြီး။  ဒီတော့ နောက်လူတွေကလည်း ဆက်ကြိုက်ကြတာဘဲ။ ''ဦးကျော်'' ဆိုပြီးတော့။ နောက်ပေါက် မင်းသားမင်းသမီး အငယ်တွေနဲ့ကို အများကြီးလုပ်ပြသွားတာ။ 
.
နောက်ဆုံးမှာ အားလုံးကို အနိုင်ပိုင်းပြီး ဘုန်းကြီးဝတ်ကာ လူ့လောကမှ ထွက်သွားတယ်။ မထွက်ခင် လူဝတ်နဲ့ဗျူးတခုရယ်၊ ဝတ်ကာစ ဝါနုသေးတဲ့အချိန် ပြောခဲ့တဲ့ ဗုဒ္ဓတရားတွေကြားတော့ စိုးရိမ်မိသေးတယ်။ သူလို ပရိဿတ်အများကြီးရှိတဲ့သူ ပြောတာတွေကို လူတွေယုံကုန်ရင် ခက်ရချီရဲ့လို့။ ဒါပေမယ့် ဦးကျော်ကဦးကျော်ပါ။ နောက်ပိုင်းဟောတာ နာရတော့ တရားအသိ တော်တော်ရှိသွားပါပြီ။ လူအများကြီးကို နေထိုင်လုပ်ကိုင်ဝတ်စားပုံတွေ ပြောင်းစေခဲ့ပေမယ့် တရားဘက်အချိန်မှာ စိတ်ပြတ်သားစွာ ဖြတ်ထားခဲ့ပြီ။
.
ကိုကျော် ခုတော့ လူ့လောကမှ ထွက်ခွာသွားပြီတဲ့။ ''လူသားအားလုံးကို လေးစားပါတယ်'' လို့များ တိုးတိုးလေး ပြောသွားသေးလား မသိ။    ။

03 July 2020

အမေစုကိုယ်တိုင် မဲမဆွယ်စေချင်ပါ။



  • တနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတဦးဝင်းမြင့်တို့ ကိုယ်တိုင်မဲဆွယ်မယ်ဆိုတဲ့ ကြေငြာချက်တစောင်တွေ့တယ်။ လူအများစုကြီး ပျော်တာတွေ့ပေမယ့် ကျနော်မကြိုက်လှပါ။
  • .
  • လက်ရှိခြေဥအရ ဦးသိန်းစိန်ခေတ်မှာ သူတို့လုပ်ခဲ့တယ်။ ဝန်ကြီးတွေတောင် လေးလအလိုမှာ နှုတ်ထွက်ပြီး မဲဆွယ်ဖို့ပြင်ဆင်တာ သိခဲ့ရတယ်။ ဒါပေမယ့် မည်သည့်ဥပဒေအရမှန်း မသိဘဲ သူတို့အားလုံး နှုတ်ထွက်စရာမလိုဘဲ ရာထူးလက်ကိုင်နဲ့ဘဲ မဲဆွဲခဲ့တာမှတ်မိတယ်။ NLDက ကန့်ကွက်ပေမယ့်လည့်း မထူးခဲ့ပါ။ ဥပဒေရဲ့အားနည်းချက်တခုကို အသုံးချသွားလား မသိပါ။ 
  • .
  • ဒီအချက်ကို ပြန်အသုံးချပြီး NLDအစိုးရက အမေစုမဲဆွယ်ဖို့ လုပ်သလားမသိပါ။ ကျနော်မလုပ်စေချင်တာ ဒီအချက်ကြောင့် မဟုတ်ပါ။ NLD အစိုးရအဖွဲ့ဝင်တွေနဲ့မဆိုင်ဘဲ အမေစုတဦးတည်းကိုသာ မဲဆွယ်မှု မလုပ်စေချင်တာပါ။ ကျန်တာက ဥပဒေအတိုင်းပါဘဲ။
  • .
  • တစ်အချက်က သူမအသက်အရွယ်ပါ။ သူမကိုယ်တိုင်နဲ့ မြန်မာပြည်ကုသိုလ်အရ ၇၅နှစ်အရွယ်မှာ သွက်လက်စွာလှုပ်ရှားနိုင်ပေမယ့် တတ်နိုင်သမျှ အနားရစေချင်တာပါ။ မြန်မာအမျိုးသမီးထဲမှာ ဒီအရွယ် ပြည်သူအတွက်လုပ်နေတာ ရှားလှပါတယ်။ မြေးထိန်းပြီး တရားရှာနေကြပါပြီ။ သို့သော်လည်း မြန်မာပြည်အတွက်က သူမကို အလွန်လိုအပ်နေတာမို့ နားနားနေနေ နောက်ကွယ်ကသာ စေခိုင်းစေချင်တာပါ။
  • .
  • ဒုတိယအချက်က ကိုဗစ်အချိန်ဖြစ်နေလို့ပါ။ မဲဆွယ်တဲ့အခါ လူကြားထဲရောက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်မှုတွေ လုပ်ရပါမယ်။ ပုံမှန်အချိန်မှာတောင် အမေစုက လူကြားထဲရောက်ရောက်သွားတာ စိုးရိမ်မိတယ်။ ခုလိုအချိန်မျိုးမှာ အမြင့်ဆုံး စိုးရိမ်စရာပါ။ 
  • .
  • သူမဲမဆွယ်ရင် မဲတွေရော့မှာ စိုးသူတွေလည်းရှိပါလိမ့်မယ်။ ကျနော့်သဘောက နောက်ကွယ်ကဘဲ စီစဥ်စေချင်တယ်။ လိုအပ်ရင် ဗီဒီယိုမိန့်ခွန်းမျိုးဘဲ ပြောစေချင်တယ်။ မဲဆွယ်ပွဲမှာ လူကိုယ်တိုင်လုပ်မှ ထိရောက်တာ ကျနော်သိပါတယ်။
  • .
  •  အသက်၇၅ အမေအိုအတွက် စိုးရိမ်လို့ပါ။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လည်း နိုင်ငံအတွက် လုပ်ပေးခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်တဲ့ သက်တမ်းအတွင်းလည်း အခွင့်ရသမျှ လုပ်ပြခဲ့ပါပြီ။ ဒါကိုမှ မသိနိုင်သေးဘဲ အခြားဘက်ကို ပြေးချင်ကြရင်ဖြင့် ပစ်ထားခဲ့ပါတော့လို့ဘဲ ပြောချင်ပါတော့တယ်။

02 July 2020

၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။



  • မြန်မာနိုင်ငံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေငြာပါပြီ။ နိုဝင်ဘာလ၈ရက် တနင်္ဂနွေနေ့ပါ။
  • .
  • မြန်မာပြည်သားများ၊ အထူးသဖြင့် ဒီတခေါက်မှ မဲစပေးရမယ့်လူငယ်များကို မဲပေးကြဖို့ တိုက်တွန်းပါတယ်။ ရွေးကောက်ပွဲမှာမဲပေးတာ ဒီမိုကရေစီနိုင်ငံသားတဦးရဲ့ အခွင့်အရေး နဲ့ တာဝန်ပါ။ 
  • .
  • ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးရမှာလဲ။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးန်ိုင်ပါတယ်။ ဘယ်သူတွေ ဘယ်ပါတီတွေက လူထုနဲ့နိုင်ငံအတွက် အကျိုးရှိစေလည်း လေ့လာပြီး မဲပေးရမှာပါ။ နေ့တဝက်လောက် လေ့လာလိုက်ရင်ကို သိနိုင်ပါတယ်။ ကိုယ့်ထက်အကြီး သူငယ်ချင်းမိတ်ဆွေကအစ အတွေ့အကြုံရှိသူ မိဘဆရာသမား ဆွေမျိုးများကိုလည်း မေးမြန်းကြည့်ရင် သိနိုင်ပါတယ်။ 
  • .
  • မနေ့ကကြည့်လိုက်ရတဲ့ မကွေးဝန်ချုပ်နဲ့ဗျူးမှာ ပြောသွားသလို အစိုးရဌာနတွေ၊ ပါတီတွေကစ NGOတွေ၊ အသင်းတွေ၊ လူမှုရေးအဖွဲ့တွေ၊ လူတဦးချင်းကအစ မိမိနှစ်သက်တဲ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းပေးရပါမယ်။
  • .
  • မိမိ ဘယ်ပါတီကို မဲပေးမယ်ဆိုတာ လူအများသိအောင် ပြောစရာမလိုပါ။ မိမိအခွင့်အရေးသာ ဖြစ်တယ်။ အခြားသူတွေက ခြိမ်းခြောက်ပြီးသော်၎င်း၊ တန်စိုးလက်ဆောင် လာဘ်ထိုးပြီးသော်၎င်း မဲဆွယ်လာရင် ခေါင်းညိတ်ပြခဲ့ပြီး မဲရုံထဲရောက်ရင် ကိုယ်ကြိုက်သူပေးလို့ရပါတယ်။ လျှို့ဝှက်မဲပေးတဲ့စံနစ်မို့ မိမိမှတပါး အခြားသူမသိနိုင်ပါဘူး။
  • .
  • ဒီတော့ အသက်၁၈နှစ်ပြည့်သူတိုင်း မဲပေးဖ်ို့ လေ့လာပြင်ဆင်ကြပါ။ မဲဆန္ဒရှင်စာရင်း ကြေငြာရင် သွားကြည့်ပြီး မိမိအမည်ပါမပါ စစ်ပါ။ မပါရင် လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြားပါ။ နိုင်ငံသားတဦးပီသအောင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။

24 June 2020

ဇီဝလက်နက်ဆိုတာ...




ကမ္ဘာဦးအစ လူသားနှစ်ဦးရန်ဖြစ်လျှင် လက်ဗလာသာ ဖိုက်ခဲ့ပါလိမ့်မည်။ တဖြေးဖြေးကြာလာသော် ကျောက်တုံး တုတ်ချောင်းများ သုံးတတ်လာလိမ့်မည်။ တဖြေးဖြေး ဓားလှံများ သုံးတတ်လာသည်။ နောက်သေနတ် အမြောက် စသဖြင့်တိုးတက်လာလိမ့်မည်။
.
၂၀ရါစုထဲတွင် အဝေးသို့လှမ်းပစ်နိုင်သည့် ရော့ကက်များတည်ထွင်လာသည်။ အီလက်ထရွန်းနစ် ကွန်ထရိုးများနိုင်နင်းလာချိန်တွင် လိုရာပစ်မှတ်ကို တမီတာမလွဲ ပစ်နိုင်နေပြီဟုဆိုကြသည်။ ယင်းရော့ကက်ထိပ်ဖူးတွင် အနုမြူဗုံးထည့်သွင်းနိုင်လာတော့ အနုမြူလက်နက် ခေတ်စားလာတော့သည်။
.
နောက်ဆုံး နှစ်ဆယ်ရာစုနှောင်းပိုင်းမှာ လက်နက်သစ်ဟုခေါ်နိုင်မလား မသိ။ ဇီဝလက်နက်ဆိုတာ ကြားဘူးလာသည်။ အရင်လက်နက်တွေလို ရုပ်ဝတ္ထုအထင်အရှား မြင်တွေ့ဖို့မလွယ်။ သို့သော် သက်ရောက်မှုကြီးမားသဖြင့် မသုံးကြရန်တားမြစ်နေရသည်။ ဒီလိုတွေစကြားရတော့ ဖြစ်နိုင်ပါ့မလားပေါ့။ 
.
ယခု ဝူဟန်မှစတွေ့သည့် ကိုဗစ်နိုင်တိန်းဗိုင်းရပ်စ်အစွမ်းကိုမြင်မှ လက်ခံရတော့သည်။ ဤလက်နက်သည် ပစ်သံလည်း မကြားရ။ ထိရောက်မှုက များလှသည်။ ကိုဗစ်သည် တမင်သက်သက် တိုက်ခိုက်တာ မဟုတ်သေး။ အကြောင်းတခုခုကြောင့်သော်၎င်း၊ သဘာဝအလျောက်သာ၎င်း ပြန့်နှံ့တာသာ ဖြစ်သေးသည်။ တမင်စစ်ဆင်ရေးသဘောဖြင့် ရည်ရွယ်ချက်ရှိရှိသာ ပြန့်နှံ့အောင်လုပ်ပါက ထိမ်းဖို့မလွယ်နိုင်။ ဘယ်အချိန်က စဖြန့်သွားလည်း မသိနိုင်။ ဘယ်သူက တိုက်သွားမှန်းလည်း မသိနိုင်။ ဘယ်လောက်ပြန့်မလည်း မသိနိုင်။ လူသေကြေသည်သာမက ရေရှည်မှာ စီးပွားရေးပါထိခိုက်နိုင်သော တိုက်ခိုက်မှုမျိုးဖြစ်သည်။ အသံတိတ်စစ်ပွဲပါပေ။
.
တချို့ နိုင်ငံကြီးများက လိုအပ်လျှင်တိုက်ခိုက်နိုင်ရန် ဗိုင်းရပ်စ်များ ဓာတ်ခွဲခန်းများတွင် မွေးထားသည်ဆိုသည်။ ကုသရန်ဆေးလည်း ရှာထားမည်ထင်သည်။ ဒါတောင် ဗိုင်းရပ်စ်အသစ်ပေါ်လျှင် ဒုက္ခကြီးကြီးတွေနိုင်သဖြင့် လုံးဝမလုပ်သင့်သည့်အလုပ်ဟု ထင်မိသည်။ အနုမြူလက်နက်နှင့်အတူ ဇီဝလက်နက်အားလုံး စွန့်လွှတ်သင့်သည်ဟုပါ ထင်မိပါကြောင်း။ 

18 June 2020

ကွီးဖြိုး ပြုံးနေလောက်ပြီ။



  •    ယနေ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပသည်။ အကြောင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို ဖွတ်အမတ်နှင့်တပ် ပေါင်းတင်သောကြောင့်ဖြစ်သည်။ သို့သော် အစည်းအဝေးတွင် ဘာဆုံးဖြတ်မည်ဖြစ်စေ လူထု၏စိတ်ဝင်စားမှုက ကျသွားပြီဖြစ်သည်။
  • .
  • ၂၀၁၆ NLDအစိုးရတက်လာပြီးနောက် မကြာမီပင် တတိုင်းပြည်လုံး စိတ်အဝင်စားခံရဆုံးသူက အမေစုပြီးလျင် ကွီးဖြိုးဖြစ်လာသည်။ အသက်ငယ်ငယ်နှင့် ရန်ကုန်လိုနေရာမှာ ဝန်ကြီးချုပ်တာဝန် အပေးခံရသဖြင့် မျက်စိဒေါက်ထောက် အကြည့်ခံရပြီ။ ဘာအစွမ်းတွေ ရှိလို့များလည်း။
  • .
  • ကွီးကလည်း အစွမ်းပြပါသည်။ တက်တဲ့နှစ်မှာပင် ရန်ကုန်သင်္ကြန်ကို ပုံစံပြောင်းလိုက်သည်။ တဆက်ထဲမှာပင် အထပ်မြှင့်၊ မဘသ၊ မထသ နှင့် ကာချုပ်ရဲ့ နေရာမှန်ပြောလိုက်သဖြင့် မလိုသူတွေ၏ တားဂက်ဖြစ်လာတော့သည်။ အမေစုကို မယှဥ်နိုင်ကြတော့ ယှဥ်စရာရှာကြတာထင်သည်။
  • .
  • ဒီကြားထဲ ဘယ်သူက စပင့်လိုက်သည်မသိ။ ကွီးဖြိုးသည် နောင်တချိန် အမေစုလွန်ခေတ်တွင် NLDပါတီ ခေါင်းဆောင်ဖြစ်လာမည့်သူဟူ၏။ တဖက်အဖွဲ့သားများ ကွီးဖြိုးအပေါ် အမုန်းစု၍ အပစ်ရှာလေကြကုန်တော့သည်။
  • .
  • ကွီးဖြိုးသည် မြန်မာနိုင်ငံ၏ အဓိကတိုင်းရန်ကုန်တွင် အတိုက်အခံများကြားမှာ အလုပ်လုပ်ရတာဖြစ်လို့ မလွယ်လှ။ မိမိပါတီ NLDထဲမှပင် အပစ်ရှာသူတွေ ပေါ်ထွက်လာသည်။ ရန်ကုန်ဝန်ကြီးချုပ်၏ အဓိကဒေါက်တိုင်ဖြစ်ရမည့် ရန်ကုန်မြို့တော်ဝန်ထံမှလည်း အထောက်အပံ့မရတဲ့အပြင် ပြန်ထိန်းနေရပုံပင်ပေါ်နေသည်။ 
  • .
  • သူသည် အတော်ဆုံးလူမဟုတ်တာ လက်ခံပါသည်။ သူလုပ်ခဲ့သမျှ အကောင်းကြီးမဟုတ်တာ သေချာပါသည်။ အဂတိကင်းစွာဖြင့် လုပ်ခဲ့သည်သာ သေချာသည်။ သူက ပညာရှင်ထက် နိုင်ငံရေးသမားပုံ ပိုပေါက်နေသည်။ အပြောရဲသည်။ အလုပ်လုပ်ပြသည်။ ရင်ဆိုင်ဖြေရှင်းနိုင်သည်။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဖန် ဆက်သွားနေသည့်သူ။
  • .
  • သူ့အပေါ် မည်သို့မျှအပစ်ရှာမရတဲ့အဆုံး ဖွတ်တွေက အယုံအကြည်မရှိအဆို တင်တော့သည်။ လွှတ်တော်တွင် မဲခွဲလျှင်ရှုံးမှာသေချာပေမယ့် လာတော့မယ့်ရွေးကောက်ပွဲအတွက် သိက္ခာချသည့် အောက်လုံးထိုးခြင်းဖြစ်သည်။
  • .
  • သို့သော် ထင်သလိုဖြစ်မလာခဲ့။ မဲခွဲဖို့ လွှတ်တော်ခေါ်ပြီး နောက်ရက်မှာဘဲ ကွီးဖြိုးကအင်တာဗျူးတခုတွင် သူကိုယ်စားလှယ်လောင်းအဖြစ် လျောက်လွှာမတင်တော့ဟု ပြောချလိုက်သည်။ ဝန်ကြီးချုပ်သည် အရွေးချယ်ခံကိုယ်စားလှယ်မှသာလုပ်ရသဖြင့် မလုပ်တော့မည့်သဘော။
  • .
  • ရန်သူကိုအငိုက်တိုက်ရန် သင်ထားသည့်သူများ ငုတ်တုပ်မိကုန်သည်။ ထို့ကြောင့် ဒီနေ့ လွှတ်တော်အဆုံးအဖြတ်ထက် ကွီးဖြိုးနေရာ ဘယ်သူလာမလဲ။ ကွီးဖြိုးက ဘယ်နေရာရောက်မှာလဲကို ပိုစိတ်ဝင်စားကုန်ပြီ။ ဒုသမတနေရာအထိက ပါတီကသဘောတူလျှင် အေးဆေးလေ။
  • .
  • ကွီးဖြိုးသာ ရန်ကုန်ဝန်ကြီးချုပ် တကယ်မလုပ်တော့ပါက ဖွတ်တွေ ဘယ်သူ့သိက္ခာချရမလဲ မသိဖြစ်နေလောက်ပြီ။ ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်စချိန်အထိ လျှို့ဝှက်ထားနိုင်လျှင် ဖွတ်တွေ ပိုဒုက္ခရောက်နေမည်။ ခုတောင် အလားအလာရှိသည်ဟု ထင်သူတွေမှန်း ရမ်းတုပ်နေကြပြီ။ 
  • .
  • ဤအကွက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဆိုလျှင် လှပသော နိုင်ငံရေးကစားကွက်တခုအဖြစ် သတ်မှတ်ရမည်။ ဖွတ်နဲ့ဖွတ်ကျားတွေကို ငုပ်တုပ်မိ အလုပ်ရှုပ်စေခဲ့လို့လေ။

17 June 2020

ဒီတခါ ပျံဝံဖွတ်တော်တယ်၊

   ဒီတပတ်ထဲ ကြားရတဲ့ နိုင်ငံရေးသတင်းတခုက ရယ်စရာကောင်းတယ်ဗျ။
.
အရင် သံပဒတ်ကြီးလက်ထက်က အဖာကောင်းသော ပျံဝံက သူ့ဆရာ ကာလိုဇောနဲ့ မီဒီယာတခုမှာပြောလိုက်တယ်။ ဖေ့ဘုတ်တွင်မြင်စဥ်က မယုံမိ။ အသံဖိုင်ကြားရမှ တအံ့တသြယုံရတော့တယ်။ သူ့ဆရာလက်ထက် ဖွတ်ဝန်ကြီးချုပ်တွေ တိုင်းရန်ပုံငွေဆိုပြီး ဘတ်ခဲ့တာ ဒင်းတို့တာဝန်သာဖြစ်ကြောင်း၊ တိုင်းတိုးတက်ရေးလုပ်ဆောင်ဖို့ ရန်ပုံငွေကောက်ခဲ့တာဖြစ်လို့ ကိုယ်ပိုင်ယူ၍မရကြောင်း၊ နောက်တက်တဲ့တိုင်းအစိုးရကို လွှဲခဲ့ရမှာသာဖြစ်ကြောင်း၊ ဒီကိစ္စ သူ့ဆရာနဲ့ လုံးဝမဆိုင်ကြောင်း စသဖြင့်ပြောချလိုက်ရောဗျ။
.
မကြာခင် လာတော့မယ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးနေချိန် နှာနုဖြတ်ရိုက်ခံရသလို ဘာသံမှကို ထွက်မလာတော့ဘူးဗျာ။ မဟုတ်ကြောင်း မမှန်ကြောင်း သတင်းစာရှင်းပွဲလေးတောင် ကြားမိပါ။ ပျံဝံပြောတဲ့အထဲပါသေးတာက လက်ရှိအစိုးရက သေချာစစ်ပြီး အရေးယူသင့်တာတဲ့ဗျ။ သူတို့ချင်း ဘယ်သူဘယ်လောက်ဘတ်တယ် သေချာသိထားမှာဘဲ။
.
 ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်လုပ်သူတွေ အသံထွက်လည်း မဆဲရဲ။ ဒီတခေါက်ရွေးကောက်ပွဲမှာ သူတို့ကိုယ်တိုင် မပါကြတော့မှာ သေချာပေမယ့် ရွေးပေးမယ့်သူတွေက သူတို့လူယုံ သူတို့တပည့်ရင်းတွေဖြစ်မှာ သေချာတယ်။ ခုတော့ ဘယ်လိုဆက်လုပ်ရမလဲ။ ဒေသခံတွေက ဘယ်သူတွေက ဖွတ်တပည့်ရင်းတွေဆိုတာ သေချာသိပြီးသားတွေလေ။ သူတို့ဆရာ ဝန်ကြီးချုပ်ဟောင်းတွေအရှိန်နဲ့ ဖိခြောက်မဲပေးခိုင်းမလို့ဟာကို။ ဖွတ်ဝံကြီးဟောင်းက သူတို့ဆရာတွေ ဘတ်ထားတာတွေရှိတယ်လို့ ဖွင့်ချလိုက်တော့ အသံတိတ်ဘဲ ဆဲနေကြမှာ အသေအချာပါဘဲဗျာ။ 
.
ဘာဘဲဖြစ်ဖြစ် ဒီတခါ ပျံဝံဖွတ် တော်တယ်။