19 February 2019

အမေစုခရီးစဉ်များ နောက်ဆက်တွဲ







  (Unicode version)

   ဒီရက်ပိုင်း အမေစုအတော် ခရီးသွားခ့ဲပါတယ်။ ကချင် ချင်း ရှမ်း တနင်္သာရီ အနှံ့ပါဘဲ။ အမေစု ခရီးစဉ်က အခြားရုံးအလုပ်ကိစ္စတွေလည်း ပါပေမယ့် အမေရဲ့ ပြည်သူ့အသံကို ကြားချင်တာကလည်း အကြောင်းတခုဖြစ်မှာပါ။

.

ခရီးစဉ်တွေမှာ ဒေါ်စုကိုတွေ့ချင်လွန်းလို့ ကြိုဆိုသူများတာ မဆန်းပါဘူး။ ဓာတ်ပုံအရိုက်ခံရဆုံး လူတဦးဖြစ်မှာ အသေအချာပါ။ လူထုနဲ့ တွေ့ဆုံပွဲတွေမှာတော့ လူထုဆန္ဒကို ဌာနဆိုင်ရာတွေရှေ့မှာ ပြောခွင့်ပြုလာတာတော့ ပြည်သူလူထု အကြိုက်ပါဘဲ။ အရင်ဆရာတွေတုံးက ဘာမှပြောခွင့်မရတ့ဲအပြင် လက်အုပ်ချီကြိုဆိုပြီး ပြောတာနားထောင်လာရတာ မဟုတ်လား။

.

ကချင်ခရီးအစတွေမှာ ပြည်သူတွေတင်ပြတာ သိတ်မရဲဝံ့သေးပါ။ အရင်ခေတ်လို ပြန်သွားရင် ပြသနာရှာခံရမှာ စိုးနေသေးလို့လား မသိပါ။ တဖြေးဖြေးပြောရဲလာကြတာ တနင်္သာရီခရီးကျတော့ အတော့ကိုပြောကြတာပါ။ တကယ်က နှစ်ငါးဆယ်ကျော် အောင့်ထားသမျှ ပြောကြရတာကိုး။

.

သေချာတာကတော့ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာဝန်ကြီးတွေ အလူးအလဲပါဘဲ။ မဟုတ်တာလုပ်ထားရင် အရင်လိုချောင်မှာ မဟုတ်တော့ပါဘူး။ အရင်က ပြည်သူ့ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ခ့ဲကြတာ ခုတော့ တန်ပြန်ခံရပါတော့မယ်။

.

နောက်တဆက်တည်း တွေးမိတာက လူသန့်လာပါတော့မယ်။ ၂၀၁၅ တုံးက နေရာလိုချင်သူတွေ ကိုယ်ကျိုးရှာလိုသူတွေ ငါအာဏာရရင် အရင်မောင်တွေလို သမလိုက်မဟ့ဲဆိုပြီး ပါလာသူတွေ ၂၀၂၀မှာ လစ်ကြပါလိမ့်မယ်။ ဝန်ကြီးဖြစ်ပြီဆိုပြီး မလုပ်မရှုတ်မပြုတ်လုပ်နေသူတွေ ကျန်ရစ်ပါလိမ့်မယ်။

.

ပြည်နယ်နဲ့တိုင်း အစိုးရတွေကိုလည်း ပြည်သူနဲ့ ပိုထိတွေ့ကြဖို့ အမေစုက တိုက်တွန်းခ့ဲပါပြီ။ ပြည်သူတွေကလည်း ဆန္ဒတွေ ပိုပြောခွင့်ရလာတော့မှာပါ။ ပြည်သူဘက်ကလည်း မှန်မှန်ကန်ကန် အဓိပ္ပာယ်ရှိရှိတင်ပြကြဖို့ လိုပါတယ်။ မိမိကိုယ်ကျိုးအတွက်ဘဲ လုပ်လို့မဖြစ်ပါဘူး။

.

ဒီလို ပြည်သူနဲ့ထိတွေမှုများတ့ဲ စံနစ်တည်ထောင်နိုင်ရင် အလုပ်ကြိုးစားတ့ဲအစိုးရတွေ အဂတိနည်းတ့ဲအစိုးရတွေ ပေါ်ထွန်းလာမှာ အသေအချာပါ။ ၂၀၂၀မှာ NLDပါတီကို မဲပေးခြင်းဖြင့် ဒီစံနစ်ခိုင်မာအောင် တည်ဆောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

XxXxXx

(Zawgyi version)

 ဒီရက္ပိုင္း အေမစုအေတာ္ ခရီးသြားခ့ဲပါတယ္။ ကခ်င္ ခ်င္း ႐ွမ္း တနသၤာရီ အႏွံ႔ပါဘဲ။ အေမစု ခရီးစဥ္က အျခားရံုးအလုပ္ကိစၥေတြလည္း ပါေပမယ့္ အေမရဲ႕ ျပည္သူ႔အသံကို ၾကားခ်င္တာကလည္း အေၾကာင္းတခုျဖစ္မွာပါ။
.
ခရီးစဥ္ေတြမွာ ေဒၚစုကိုေတြ႔ခ်င္လြန္းလို႔ ႀကိဳဆိုသူမ်ားတာ မဆန္းပါဘူး။ ဓာတ္ပံုအ႐ိုက္ခံရဆံုး လူတဦးျဖစ္မွာ အေသအခ်ာပါ။ လူထုနဲ႔ ေတြ႔ဆံုပြဲေတြမွာေတာ့ လူထုဆႏၵကို ဌာနဆိုင္ရာေတြေ႐ွ႕မွာ ေျပာခြင့္ျပဳလာတာေတာ့ ျပည္သူလူထု အႀကိဳက္ပါဘဲ။ အရင္ဆရာေတြတံုးက ဘာမွေျပာခြင့္မရတ့ဲအျပင္ လက္အုပ္ခ်ီႀကိဳဆိုၿပီး ေျပာတာနားေထာင္လာရတာ မဟုတ္လား။
.
ကခ်င္ခရီးအစေတြမွာ ျပည္သူေတြတင္ျပတာ သိတ္မရဲဝံ့ေသးပါ။ အရင္ေခတ္လို ျပန္သြားရင္ ျပသနာ႐ွာခံရမွာ စိုးေနေသးလို႔လား မသိပါ။ တေျဖးေျဖးေျပာရဲလာၾကတာ တနသၤာရီခရီးက်ေတာ့ အေတာ့ကိုေျပာၾကတာပါ။ တကယ္က ႏွစ္ငါးဆယ္ေက်ာ္ ေအာင့္ထားသမွ် ေျပာၾကရတာကိုး။
.
ေသခ်ာတာကေတာ့ ဌာနဆိုင္ရာမ်ားနဲ႔ သက္ဆိုင္ရာဝန္ႀကီးေတြ အလူးအလဲပါဘဲ။ မဟုတ္တာလုပ္ထားရင္ အရင္လိုေခ်ာင္မွာ မဟုတ္ေတာ့ပါဘူး။ အရင္က ျပည္သူ႔ကို ဂ႐ုမစိုက္ဘဲ လုပ္ခ်င္ရာလုပ္ခ့ဲၾကတာ ခုေတာ့ တန္ျပန္ခံရပါေတာ့မယ္။
.
ေနာက္တဆက္တည္း ေတြးမိတာက လူသန္႔လာပါေတာ့မယ္။ ၂၀၁၅ တံုးက ေနရာလိုခ်င္သူေတြ ကိုယ္က်ိဳး႐ွာလိုသူေတြ ငါအာဏာရရင္ အရင္ေမာင္ေတြလို သမလိုက္မဟ့ဲဆိုၿပီး ပါလာသူေတြ ၂၀၂၀မွာ လစ္ၾကပါလိမ့္မယ္။ ဝန္ႀကီးျဖစ္ၿပီဆိုၿပီး မလုပ္မ႐ႈတ္မျပဳတ္လုပ္ေနသူေတြ က်န္ရစ္ပါလိမ့္မယ္။
.
ျပည္နယ္နဲ႔တိုင္း အစိုးရေတြကိုလည္း ျပည္သူနဲ႔ ပိုထိေတြ႔ၾကဖို႔ အေမစုက တိုက္တြန္းခ့ဲပါၿပီ။ ျပည္သူေတြကလည္း ဆနၵေတြ ပိုေျပာခြင့္ရလာေတာ့မွာပါ။ ျပည္သူဘက္ကလည္း မွန္မွန္ကန္ကန္ အဓိပၸာယ္႐ွိ႐ွိတင္ျပၾကဖို႔ လိုပါတယ္။ မိမိကိုယ္က်ိဳးအတြက္ဘဲ လုပ္လို႔မျဖစ္ပါဘူး။
.
ဒီလို ျပည္သူနဲ႔ထိေတြမႈမ်ားတ့ဲ စံနစ္တည္ေထာင္ႏိုင္ရင္ အလုပ္ႀကိဳးစားတ့ဲအစိုးရေတြ အဂတိနည္းတ့ဲအစိုးရေတြ ေပၚထြန္းလာမွာ အေသအခ်ာပါ။ ၂၀၂၀မွာ NLDပါတီကို မဲေပးျခင္းျဖင့္ ဒီစံနစ္ခိုင္မာေအာင္ တည္ေဆာက္ၾကပါလို႔ တိုက္တြန္းလိုပါတယ္။ 

13 February 2019

ကယားပြည်နယ်မှ ဗိုလ်ချုပ်ကြေးရုပ်












(Unicode version)

   ဗိုလ်ချုပ်မွေးနေ့မတိုင်ခင်တစ်ရက် ပြည်ထောင်စုနေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတချို့နဲ့ ရဲတွေ ထိပ်တိုက်တိုးတာ အားလုံးသိကြမှာပါ။ ပြည်မကအများစုက ခြေဥပြင်မယ်ဆိုလို့ လက်မဲကြီးက မီးမွှေးနေပြီလို့ ထင်ကြပါတယ်။ အရင်ကလည်း အမြဲ ဖြစ်ခ့ဲတာကိုး။

.

ဒါပေမယ့် Myanmar Now သတင်းအရ အဲဒီနေ့က ဆန္ဒပြသူအများစုဟာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်ကြပြီး စစ်အစိုးရလက်ထက်က အာဇာနည်နေ့တွေမှာ ချီတက်အလေးပြုသူတွေ ပါဝင်ကြတယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရရေးအတွက် လှုပ်ရှားပေးသူတွေ ပါဝင်ကြတယ်ဆိုတာ အံ့အားသင့်ဖွယ် သိလိုက်ရပါတယ်။

.

လက်ရှိအခြေအနေအရ ဗိုလ်ချုပ်ကြေးရုပ် စိုက်လိုသူတွေနဲ့ ကန့်ကွက်လိုသူတွေ ဆက်ဆွေးနွေးကြပါလိမ့်မယ်။ ဒါ ကောင်းတ့ဲ ဒီမိုကရေစီ အလေ့အထပါ။ ညှိနှိုင်းပြေလည်လိမ့်မယ်လို့လည်း ယုံကြည်ပြီး ဆုလည်းတောင်းပါတယ်။ ကိုယ့်အချင်းချင်းပြေလည်ရင် အပြင်လူဝင်ပြီး သွေးခွဲလို့ မရတော့ဘူးပေါ့။

.

Myanmar Now ရဲ့ သတင်းမှာဘဲ ကယားလူငယ်တချို့ရဲ့ ထင်မြင်ချက်ကို ဖော်ပြထားပါတယ်။ ကရင်နီဒေသလို့လည်းခေါ်တ့ဲ ကယားပြည်နယ်သည် ရှေးပဝေသဏီကပင် ဗမာဘုရင်လက်အောက်ရော၊ အင်္ဂလိပ်ကိုလိုနီအဖြစ်ရော မရောက်ဘူးလို့ ယုံကြည်ကြသတ့ဲ။ အဲဒီမှာ မှန်မလိုနဲ့ လွဲရှာကြတော့တာပါဘဲ။

.

ကယားပြည်နယ်သည် ဗမာရော အင်္ဂလိပ်ရောရဲ့ ကိုလိုနီမဖြစ်ခ့ဲပေမယ့် ၁၉၆၂ခု မတ်လ ၂ရက်နေ့ကစလို့ စစ်တပ်ရဲ့ကိုလိုနီဖြစ်ခ့ဲတယ်လေ။ ခုလည်း မြန်မာပြည်ရဲ့ ကျန်အစိတ်အဝှမ်းများနည်းတူ စစ်ကိုလိုနီက အပြည့်အဝ မလွတ်သေးတာ သတိထားကြရလိမ့်မယ်။

.

 NLDလက်ရှိအစိုးရက တကယ်လွတ်လပ်သော တန်းတူညီမျှရှိသော ဖက်ဒရယ်ဖြစ်အောင် ကြိုးပမ်းနေတာကို မြင်အောင်ကြည့်ကြပါ။ မြန်မာလူမျိုးများလည်း စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ခံခ့ဲရတာ သိကြပါ။ NLD အစိုးအရက ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ချီတက်နေချိန်မှာ အဓိက အဟန့်အတားဖြစ်နေတ့ဲ နာဂစ်ခြေဥကို စတင်ပြင်ဖို့ ကြိုးစားနေတာ ဝင်ကူညီကြပါ။ တိုင်းရင်းသားတွေ ပြည်မသားတွေ ညီတူဆန္ဒတူမှ အပြည့်အဝ ဖက်ဒရယ်စံနစ်ရမယ်ဆိုတာ လုံးဝဥသုံ ယုံကြည်ထားကြပါဗျာ။ ။

XxXxXx

(Zawgyi version)

   ဗိုလ္ခ်ဳပ္ေမြးေန႔မတိုင္ခင္တစ္ရက္ ျပည္ေထာင္စုေန႔မွာ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူမႈနဲ႔ပတ္သက္ၿပီး ဆႏၵျပသူတခ်ိဳ႕နဲ႔ ရဲေတြ ထိပ္တိုက္တိုးတာ အားလံုးသိၾကမွာပါ။ ျပည္မကအမ်ားစုက ေျခဥျပင္မယ္ဆိုလို႔ လက္မဲႀကီးက မီးေမႊးေနၿပီလို႔ ထင္ၾကပါတယ္။ အရင္ကလည္း အျမဲ ျဖစ္ခ့ဲတာကိုး။
.
ဒါေပမယ့္ Myanmar Now သတင္းအရ အဲဒီေန႔က ဆႏၵျပသူအမ်ားစုဟာ ေဒသခံတိုင္းရင္းသားေတြ ျဖစ္ၾကၿပီး စစ္အစိုးရလက္ထက္က အာဇာနည္ေန႔ေတြမွာ ခ်ီတက္အေလးျပဳသူေတြ ပါဝင္ၾကတယ္။ အထူးသျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD အနိုင္ရေရးအတြက္ လႈပ္႐ွားေပးသူေတြ ပါဝင္ၾကတယ္ဆိုတာ အံ့အားသင့္ဖြယ္ သိလိုက္ရပါတယ္။
.
လက္႐ွိအေျခအေနအရ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္လိုသူေတြနဲ႔ ကန္႔ကြက္လိုသူေတြ ဆက္ေဆြးေႏြးၾကပါလိမ့္မယ္။ ဒါ ေကာင္းတ့ဲ ဒီမိုကေရစီ အေလ့အထပါ။ ညႇိႏိႈင္းေျပလည္လိမ့္မယ္လို႔လည္း ယံုၾကည္ၿပီး ဆုလည္းေတာင္းပါတယ္။ ကိုယ့္အခ်င္းခ်င္းေျပလည္ရင္ အျပင္လူဝင္ၿပီး ေသြးခြဲလို႔ မရေတာ့ဘူးေပါ့။
.
Myanmar Now ရဲ႕ သတင္းမွာဘဲ  ကယားလူငယ္တခ်ိဳ႕ရဲ႕ ထင္ျမင္ခ်က္ကို ေဖာ္ျပထားပါတယ္။ ကရင္နီေဒသလို႔လည္းေခၚတ့ဲ ကယားျပည္နယ္သည္ ေ႐ွးပေဝသဏီကပင္ ဗမာဘုရင္လက္ေအာက္ေရာ၊ အဂၤလိပ္ကိုလိုနီအျဖစ္ေရာ မေရာက္ဘူးလို႔ ယံုၾကည္ၾကသတ့ဲ။  အဲဒီမွာ မွန္မလိုနဲ႔ လြဲ႐ွာၾကေတာ့တာပါဘဲ။
.
ကယားျပည္နယ္သည္ ဗမာေရာ အဂၤလိပ္ေရာရဲ႕ ကိုလိုနီမျဖစ္ခ့ဲေပမယ့္ ၁၉၆၂ခု မတ္လ ၂ရက္ေန႔ကစလို႔ စစ္တပ္ရဲ႕ကိုလိုနီျဖစ္ခ့ဲတယ္ေလ။ ခုလည္း ျမန္မာျပည္ရဲ႕ က်န္အစိတ္အဝွမ္းမ်ားနည္းတူ စစ္ကိုလိုနီက အျပည့္အဝ  မလြတ္ေသးတာ သတိထားၾကရလိမ့္မယ္။
.
 NLDလက္႐ွိအစိုးရက တကယ္လြတ္လပ္ေသာ တန္းတူညီမွ်႐ွိေသာ ဖက္ဒရယ္ျဖစ္ေအာင္ ႀကိဳးပမ္းေနတာကို ျမင္ေအာင္ၾကည့္ၾကပါ။ ျမန္မာလူမ်ိဳးမ်ားလည္း စစ္တပ္ရဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္ အုပ္ခ်ဳပ္ခံခ့ဲရတာ သိၾကပါ။ NLD အစိုးအရက ဖက္ဒရယ္ျပည္ေထာင္စုျဖစ္ေအာင္ ခ်ီတက္ေနခ်ိန္မွာ အဓိက အဟန္႔အတားျဖစ္ေနတ့ဲ နာဂစ္ေျခဥကို စတင္ျပင္ဖို႔ ႀကိဳးစားေနတာ ဝင္ကူညီၾကပါ။ တိုင္းရင္းသားေတြ ျပည္မသားေတြ ညီတူဆႏၵတူမွ အျပည့္အဝ ဖက္ဒရယ္စံနစ္ရမယ္ဆိုတာ လံုးဝဥသံု ယံုၾကည္ထားၾကပါဗ်ာ။     ။

05 February 2019

တပို့တွဲလ တံဆိပ်ခေါင်း

(Unicode version)


   ရာသီအလိုက် ပွဲတော်နဲ့ပန်း စီးရီးရဲ့ ဒုတိယမြောက် တံဆိပ်ခေါင်းထွက်ပါတယ်။ တပို့တွဲလဆန်း တစ်ရက်နေ့မှာ ထမနဲ့ပွဲနဲ့ ပေါက်ပန်းပုံနဲ့ ထုတ်ပါတယ်။ FDC လဲ စီးရီးအတိုင်းထုတ်ပါတယ်။ FDC က ၂၀၀ကျပ်၊ တံဆိပ်ခေါင်း ၂၀၀ကျပ် ပါ။

.

ပထမခေါင်းနဲ့ စီးရီးအတိုင်း လိုက်ဖက်တ့ဲ ဒီဇိုင်းပါ။ နောက်ဆက်ထုတ်မ့ဲ တံဆိပ်ခေါင်းများရဲ့ ဒီဇိုင်းလည်း ဆင်တူဘဲဖြစ်မှာပါ။ တံဆိပ်ခေါင်း ဆယ့်နှစ်လုံး စီးရီးထုတ်တာ မြန်မာပြည်အတွက်တော့ ပထမဆုံးပါ။


XxXxXx

(Zawgyi version)

   ရာသီအလိုက္ ပြဲေတာ္နဲ႔ပန္း စီးရီးရဲ႕ ဒုတိယေျမာက္ တံဆိပ္ေခါင္းထြက္ပါတယ္။ တပို႔တြဲလဆန္း တစ္ရက္ေန႔မွာ ထမနဲ႔ပြဲနဲ႔ ေပါက္ပန္းပံုနဲ႔ ထုတ္ပါတယ္။ FDC လဲ စီးရီးအတိုင္းထုတ္ပါတယ္။ FDC က ၂၀၀က်ပ္၊ တံဆိပ္ေခါင္း ၂၀၀က်ပ္ ပါ။
.
ပထမေခါင္းနဲ႔ စီးရီးအတိုင္း လိုက္ဖက္တ့ဲ ဒီဇိုင္းပါ။ ေနာက္ဆက္ထုတ္မ့ဲ တံဆိပ္ေခါင္းမ်ားရဲ႕ ဒီဇိုင္းလည္း ဆင္တူဘဲျဖစ္မွာပါ။ တံဆိပ္ေခါင္း ဆယ့္ႏွစ္လံုး စီးရီးထုတ္တာ ျမန္မာျပည္အတြက္ေတာ့ ပထမဆံုးပါ။

03 February 2019

YP အဓွန့်ရှည်ဖို့လိုတယ်










  (Unicode version)

   ၂၀၁၈ထဲမှာ ရန်ကုန်ဝန်ကြီးချုပ်ကွီးဖြိုးက ရန်ကုန်အစိုးရ အနေနဲ့ ဓာတ်ဆီဈေးထိန်းပေးချင်လို့် ကုမ္ပဏီဖွဲ့လုပ်ချင်တယ်လို့် ပြောခ့ဲဘူးပါတယ်။ လက်ရှိဆီဆိုင်ပိုင်ရှင် ခရိုနီတွေက မပြောရသေးဘူး။ မနာလိုတ့ဲ NLDအမတ်တွေက စကန့်ကွက်တာနဲ့ ဖြစ်မလာခ့ဲပါဘူး။

.

ဓာတ်ဆီလုပ်ငန်း ရန်ကုန်အစိုးရအနေနဲ့ လုပ်ချင်ရခြင်းအကြောင်းကို ကွီးဖြိုးရှင်းပြတုံးက သူ အင်မတန် လူကြီးဆန်ခ့ဲပါတယ်။ လက်ရှိလုပ်ငန်းရှင်တွေက ဒေါ်လာဈေးကျချိန် ရေနံဈေးကျချိန်မှာ အများကြီးရင်းပြီး ဝယ်မထားနိုင်ကြောင်းနဲ့ သိမ်းစရာနေရာ အများကြီး မရှိကြောင်းဘဲ ပြောခ့ဲပါတယ်။ ဒါတွေကို တိုင်းအစိုးရအနေနဲ့ ဖြေရှင်းပေးချင်လို့ပါဘဲ ပြောခ့ဲတယ်။

.

တက့ဲအကြောင်းက ဒေါ်လာဈေးရေနံဈေး ကမ္ဘာမှာတက်ရင် ဒီကဓာတ်ဆီဈေး ချက်ချင်းလိုက်တက်ပါတယ်။ ရက်မကူးပါဘူး။ ဟိုမှာကျရင်တော့ တက်ဈေးတုံးက ဝယ်ထားရလို့ဆိုပြီး ဈေးကျဖို့ လချီစောင့်ရပါတယ်။ တက်တိုင်းကျတိုင်း အချီကြီးအမြတ်ထုတ်ကြလွန်းလို့ဓာတ်ဆီလုပ်ငန်းကို ရန်ကုန်အစိုးရ အနေနဲ့ ဝင်ထိန်းချင်တာပါ။ ဒီလိုအမြတ်ထုပ်မှုမျိုးကို စစ်အစိုးရခေတ်တလျောက်လုံး ဒေါ်လာနဲ့ ပြည်ပကသွင်းရတ့ဲ စားအုန်းဆီ ဘိလပ်မြေ သံချောင်းတွေကစလို့ အိမ်သုံးဆေးဝါးအထိ လုပ်စားလာကြတာပါ။

.

ကုမ္ပဏီလုပ်ခွင့်မရတော့ လုပ်ငန်းရှင်တဦးကို မြေနေရာပေးပြီး ဖွင့်စေပါတယ်။ yangon petrol (yp) ဆိုပြီးတော့ပါ။ ဓာတ်ဆီဈေး တက်ချင်တိုင်း တက်မရတော့ပါ။ ခုဆို 92ron ဆို ၇၀၀အောက်ဘဲ ရောင်းနေရပါပြီ။ yp မှာတော့ ဒါ့ထက်လျော့ပါတယ်။ ဆိုင်အသစ်တွေဖွင့်ဖို့ မြေနေရာ အခက်အခဲ ဖြစ်နေပါတယ်။

.

ဒီလိုပြည်သူတွေ သက်သာအောင် စလုပ်တာနဲ့ ခရိုနီတွေနဲ့ သူတို့မီဒီယာတွေက စတင်တိုက်ခိုက်ပါတယ်။ ကွီးဖြိုးက မြေနေရာကို အောက်ဈေးနဲ့ ပေးတယ်ဆိုပြီးတော့ပါ။ ကွီးဖြိုးကို အမှုရှာရင်း သူတို့ပြန်အပတ်ခံနေရတ့ဲ တစ်ပူးအချဉ်ထုပ်က အဆိုးဆုံးပါ။

.

တကယ်ဆို အရင်ဓာတ်ဆီဆိုင်တွေကို အရင်အစိုးရက ဘယ်သူတွေကို ဘယ်လိုဈေးနဲ့ ပေးခ့ဲတာလည်း ယှဉ်ပြဖို့လိုပါတယ်။ အရင်ဆိုင်တွေက နေရာကောင်းတွေကြီးမှာပါ။ ကွီးဖြိုးကို ပုဂ္ဂိုလ်ရေးမကြေနပ်လို့ ပြောသူရယ်၊ မိမိအမြတ်ကြီးစားကွက်ပျက်လို့ ရေးခိုင်းသူတွေရယ် သတိထားရမှာက ဒီကိစ္စဟာ ပြည်သူတွေအပေါ် တိုက်ရိုက်အကျိုး သက်ရောက်တယ်ဆိုတာပါဘဲ။ ပြည်သူ့မေတ္တာ ခံယူရပါလိမ့်မယ်။ သတိကြီးကြီးထားကြပါ။

XxXxXx

(Zawgyi version )

 ၂၀၁၈ထဲမွာ  ရန္ကုန္ဝန္ႀကီးခ်ဳပ္ကီြးၿဖိဳးက ရန္ကုန္အစိုးရ အေနနဲ႔ ဓာတ္ဆီေစ်းထိန္းေပးခ်င္လို္႔ ကုမၸဏီဖြဲ႔လုပ္ခ်င္တယ္လို္႔ ေျပာခ့ဲဘူးပါတယ္။ လက္႐ွိဆီဆိုင္ပိုင္႐ွင္ ခ႐ိုနီေတြက မေျပာရေသးဘူး။ မနာလိုတ့ဲ NLDအမတ္ေတြက စကန္႔ကြက္တာနဲ႔ ျဖစ္မလာခ့ဲပါဘူး။
.
ဓာတ္ဆီလုပ္ငန္း ရန္ကုန္အစိုးရအေနနဲ႔ လုပ္ခ်င္ရျခင္းအေၾကာင္းကို ကီြးၿဖိဳး႐ွင္းျပတံုးက သူ အင္မတန္ လူႀကီးဆန္ခ့ဲပါတယ္။ လက္႐ွိလုပ္ငန္း႐ွင္ေတြက ေဒၚလာေစ်းက်ခ်ိန္ ေရနံေစ်းက်ခ်ိန္မွာ အမ်ားႀကီးရင္းၿပီး ဝယ္မထားႏိုင္ေၾကာင္းနဲ႔ သိမ္းစရာေနရာ အမ်ားႀကီး မ႐ွိေၾကာင္းဘဲ ေျပာခ့ဲပါတယ္။ ဒါေတြကို တိုင္းအစိုးရအေနနဲ႔ ေျဖ႐ွင္းေပးခ်င္လို႔ပါဘဲ ေျပာခ့ဲတယ္။
.
တက့ဲအေၾကာင္းက ေဒၚလာေစ်းေရနံေစ်း ကမာၻမွာတက္ရင္ ဒီကဓာတ္ဆီေစ်း ခ်က္ခ်င္းလိုက္တက္ပါတယ္။ ရက္မကူးပါဘူး။ ဟိုမွာက်ရင္ေတာ့ တက္ေစ်းတံုးက ဝယ္ထားရလို႔ဆိုၿပီး ေစ်းက်ဖို႔ လခ်ီေစာင့္ရပါတယ္။ တက္တိုင္းက်တိုင္း အခ်ီႀကီးအျမတ္ထုတ္ၾကလြန္းလို႔ဓာတ္ဆီလုပ္ငန္းကို ရန္ကုန္အစိုးရ အေနနဲ႔ ဝင္ထိန္းခ်င္တာပါ။ ဒီလိုအျမတ္ထုပ္မွုမ်ိဳးကို စစ္အစိုးရေခတ္တေလ်ာက္လံုး ေဒၚလာနဲ႔ ျပည္ပကသြင္းရတ့ဲ စားအုန္းဆီ ဘိလပ္ေျမ သံေခ်ာင္းေတြကစလို႔ အိမ္သံုးေဆးဝါးအထိ လုပ္စားလာၾကတာပါ။
.
ကုမၸဏီလုပ္ခြင့္မရေတာ့ လုပ္ငန္း႐ွင္တဦးကို ေျမေနရာေပးၿပီး ဖြင့္ေစပါတယ္။ yangon petrol (yp) ဆိုၿပီးေတာ့ပါ။ ဓာတ္ဆီေစ်း တက္ခ်င္တိုင္း တက္မရေတာ့ပါ။ ခုဆို 92ron ဆို ၇၀၀ေအာက္ဘဲ ေရာင္းေနရပါၿပီ။ yp မွာေတာ့ ဒါ့ထက္ေလ်ာ့ပါတယ္။ ဆိုင္အသစ္ေတြဖြင့္ဖို႔ ေျမေနရာ အခက္အခဲ ျဖစ္ေနပါတယ္။
.
ဒီလိုျပည္သူေတြ သက္သာေအာင္ စလုပ္တာနဲ႔ ခ႐ိုနီေတြနဲ႔ သူတို႔မီဒီယာေတြက စတင္တိုက္ခိုက္ပါတယ္။ ကီြးၿဖိဳးက ေျမေနရာကို ေအာက္ေစ်းနဲ႔ ေပးတယ္ဆိုၿပီးေတာ့ပါ။ ကီြးၿဖိဳးကို အမႈ႐ွာရင္း သူတို႔ျပန္အပတ္ခံေနရတ့ဲ တစ္ပူးအခ်ဥ္ထုပ္က အဆိုးဆံုးပါ။
.
တကယ္ဆို အရင္ဓာတ္ဆီဆိုင္ေတြကို အရင္အစိုးရက ဘယ္သူေတြကို ဘယ္လိုေစ်းနဲ႔ ေပးခ့ဲတာလည္း ယွဥ္ျပဖို႔လိုပါတယ္။ အရင္ဆိုင္ေတြက ေနရာေကာင္းေတြႀကီးမွာပါ။ ကီြးၿဖိဳးကို ပုဂၢိဳလ္ေရးမေၾကနပ္လို႔ ေျပာသူရယ္၊ မိမိအျမတ္ႀကီးစားကြက္ပ်က္လို႔ ေရးခိုင္းသူေတြရယ္ သတိထားရမွာက ဒီကိစၥဟာ ျပည္သူေတြအေပၚ တိုက္႐ိုက္အက်ိဳး သက္ေရာက္တယ္ဆိုတာပါဘဲ။ ျပည္သူ႔ေမတၱာ ခံယူရပါလိမ့္မယ္။ သတိႀကီးႀကီးထားၾကပါ။ 

30 January 2019

အခြေခံဥပဒေနဲ့ ညီမညီ

   အရင္က ဝတၳဳမ်ားမွာ ဖတ္ဘူး၊ ႐ုပ္႐ွင္မ်ားမွာ ၾကည့္ဘူးပါတယ္။ တရားရံုးေတြမွာ ေ႐ွ႕ေနေတြ ဟိုဘက္ဒီဘက္ ဥပေဒအရ အၿပိဳင္ၾကဲၾကတ့ဲ ဇတ္လမ္းေတြပါ။ တည္ဆဲဥပေဒကို မ႑ိုင္ထားၿပီး မိမိလိုရာ ရေအာင္ ပညာၿပိဳင္ၾကတ့ဲ သေဘာပါဘဲ။
.
ျမန္မာႏိုင္ငံမွာေတာ့ ၈၈ေနာက္ပိုင္းကတည္းက ပ်က္သြားပါၿပီ။ အေၾကာင္း ႏွစ္ခ်က္ေၾကာင့္ပါ။ ပထမအခ်က္က ၈၈အၿပီး စစ္ခံုရံုးေတြနဲ႔ အမိန္႔ခ်တာ မေျပာလိုပါဘူး။ အ့ဲဒီေနာက္ပိုင္း  အရပ္ဘက္တရားရံုးေတြမွာ ဒီမိုေတြကို အပစ္ႀကီးႀကီးေပးခ်င္ၾကတယ္။ တည္ဆဲဥပေဒအရ ေပးလို႔က မရ။ ပစ္မႈမေျမာက္။ ဒီေတာ့ တရားသူႀကီးေတြဆီ အိတ္ပိတ္အမိန္႔ေရာက္လာၿပီး ပါတာဖတ္ ခိုင္းေတာ့တယ္။ စပ်က္ေတာ့တာေပါ့။
့.
ဒုတိယက ျမန္မာတရားသူႀကီးေတြက ဥပေဒနဲ႔မညီ သူတို႔ကို ခိုင္းခံရတာကို အခြင့္အေရးယူတယ္။ ငါတို႔လည္း ပိုက္ဆံယူၿပီး အမိန္႔ေတြ ခ်ၾကမယ္ေပါ့။ ေငြမ်ား တရားႏိုင္ေခတ္ ေရာက္ေတာ့တာဘဲ။ ဥပေဒကို လွည့္ဖ်ားတာ စံနစ္တခု ေခတ္တခု ျဖစ္လာပါတယ္။
.
ဒါကို မေန႔က လႊတ္ေတာ္မွာ မ်က္ဝါးထင္ထင္ ေတြ႔ၾကရတယ္။ ျပည္သူ႔အေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ွ႕ေနႀကီး ဦးေအာင္ၾကည္ၫြန္႔က အေျခခံဥပေဒ ျပင္ဆင္ဖို႔ ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီဖြဲ႔ဖို႔ တင္တာ တပ္ကိုယ္စားလွယ္က ကမန္းကတန္း ထကန္႔ကြက္တာ ႐ုပ္ပ်က္တ့ဲအထိဘဲ။
.
သူ ကန္႔ကြက္သလို အေျခခံဥပေဒျပင္ဖို႔ ဥပေဒမူၾကမ္း တင္တာမွမဟုတ္တာ။ ဒီေကာ္မတီက အဲဒီဥပေဒမူၾကမ္းမွာ ဘာေတြပါသင့္သလဲ တိုင္ပင္ဖို႔ ဖြဲ႔တာျဖစ္ႏိုင္တယ္၊ ျပည္လံုးကြၽတ္ဆႏၵခံယူပြဲ လုပ္သင့္မသင့္ ေဆြးေႏြးဖို႔ ျဖစ္ႏိုင္တယ္၊ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။ အဲဒီကေန ရလာဒ္တခုရလာၿပီးမွ တပ္ကိုယ္စားလွယ္ေျပာတ့ဲ မူၾကမ္းအေနနဲ႔ လုပ္ထံုးလုပ္နည္း စမွာပါ။ အခုက အဲဒီအဆင့္မွ မေရာက္ေသးတာ။
.
"ဥပေဒက မည္သို႔ပင္ဆိုေစကာမူ'' ဆိုၿပီး ႏွစ္သံုးဆယ္ အုပ္ခ်ဳပ္ခ့ဲသူေတြ ဥပေဒနဲ႔အညီ လုပ္တတ္ေတာ့ဟန္ မတူပါဘူး။ အေျခခံဥပေဒျပင္ဆင္ေရး ဆိုတ့ဲစကား ၾကားတာနဲ႔တင္ ကန္႔ကြက္ၾကတာ ရယ္စရာ အဆဲခံရစရာ ျဖစ္ကုန္ပါတယ္။ နားမလည္ဘဲ ေျပာသြားေသးတယ္။ ဒါ ဥပေဒကို လက္တစ္လံုးျခား လုပ္တာတ့ဲ။ ရယ္လိုက္ရတာဗ်ာ။     ။

XxXxXx

(Unicode version)

   အရင်က ဝတၳုများမှာ ဖတ်ဘူး၊ ရုပ်ရှင်များမှာ ကြည့်ဘူးပါတယ်။ တရားရုံးတွေမှာ ရှေ့နေတွေ ဟိုဘက်ဒီဘက် ဥပဒေအရ အပြိုင်ကြဲကြတ့ဲ ဇတ်လမ်းတွေပါ။ တည်ဆဲဥပဒေကို မဏ္႑ိုင်ထားပြီး မိမိလိုရာ ရအောင် ပညာပြိုင်ကြတ့ဲ သဘောပါဘဲ။

.

မြန်မာနိုင်ငံမှာတော့ ၈၈နောက်ပိုင်းကတည်းက ပျက်သွားပါပြီ။ အကြောင်း နှစ်ချက်ကြောင့်ပါ။ ပထမအချက်က ၈၈အပြီး စစ်ခုံရုံးတွေနဲ့ အမိန့်ချတာ မပြောလိုပါဘူး။ အ့ဲဒီနောက်ပိုင်း အရပ်ဘက်တရားရုံးတွေမှာ ဒီမိုတွေကို အပစ်ကြီးကြီးပေးချင်ကြတယ်။ တည်ဆဲဥပဒေအရ ပေးလို့က မရ။ ပစ်မှုမမြောက်။ ဒီတော့ တရားသူကြီးတွေဆီ အိတ်ပိတ်အမိန့်ရောက်လာပြီး ပါတာဖတ် ခိုင်းတော့တယ်။ စပျက်တော့တာပေါ့။

့.

ဒုတိယက မြန်မာတရားသူကြီးတွေက ဥပဒေနဲ့မညီ သူတို့ကို ခိုင်းခံရတာကို အခွင့်အရေးယူတယ်။ ငါတို့လည်း ပိုက်ဆံယူပြီး အမိန့်တွေ ချကြမယ်ပေါ့။ ငွေများ တရားနိုင်ခေတ် ရောက်တော့တာဘဲ။ ဥပဒေကို လှည့်ဖျားတာ စံနစ်တခု ခေတ်တခု ဖြစ်လာပါတယ်။

.

ဒါကို မနေ့က လွှတ်တော်မှာ မျက်ဝါးထင်ထင် တွေ့ကြရတယ်။ ပြည်သူ့အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ဦးအောင်ကြည်ညွန့်က အခြေခံဥပဒေ ပြင်ဆင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့ဖို့ တင်တာ တပ်ကိုယ်စားလှယ်က ကမန်းကတန်း ထကန့်ကွက်တာ ရုပ်ပျက်တ့ဲအထိဘဲ။

.

သူ ကန့်ကွက်သလို အခြေခံဥပဒေပြင်ဖို့ ဥပဒေမူကြမ်း တင်တာမှမဟုတ်တာ။ ဒီကော်မတီက အဲဒီဥပဒေမူကြမ်းမှာ ဘာတွေပါသင့်သလဲ တိုင်ပင်ဖို့ ဖွဲ့တာဖြစ်နိုင်တယ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်သင့်မသင့် ဆွေးနွေးဖို့ ဖြစ်နိုင်တယ်၊ အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီကနေ ရလာဒ်တခုရလာပြီးမှ တပ်ကိုယ်စားလှယ်ပြောတ့ဲ မူကြမ်းအနေနဲ့ လုပ်ထုံးလုပ်နည်း စမှာပါ။ အခုက အဲဒီအဆင့်မှ မရောက်သေးတာ။

.

"ဥပဒေက မည်သို့ပင်ဆိုစေကာမူ'' ဆိုပြီး နှစ်သုံးဆယ် အုပ်ချုပ်ခ့ဲသူတွေ ဥပဒေနဲ့အညီ လုပ်တတ်တော့ဟန် မတူပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတ့ဲစကား ကြားတာနဲ့တင် ကန့်ကွက်ကြတာ ရယ်စရာ အဆဲခံရစရာ ဖြစ်ကုန်ပါတယ်။ နားမလည်ဘဲ ပြောသွားသေးတယ်။ ဒါ ဥပဒေကို လက်တစ်လုံးခြား လုပ်တာတ့ဲ။ ရယ်လိုက်ရတာဗျာ။ ။

26 January 2019

YBS နှစ်နှစ်ပြည့်ခဲ့ပြီ

 


(Unicode version )

YBS ကားတွေ ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခ့ဲပါပြီ။ အခက်အခဲ အဖျက်တွေကြားက ဒီလောက်ရောက်လာတာ အောင်မြင်တာပါဘဲ။ ပိုမိုအောင်မြင် အဆင်ပြေအောင် အချို့အချက်တွေ အကြံပြုချင်ပါတယ်။

.

ကားပေါပေါများများ အဲကွန်းနဲ့ စီးရတာ ၈၀% အောင်မြင်တယ်လို့ ဆိုရမှာပါ။ လိုသေးတ့ဲ ၂၀%ထဲမှာ မူလရည်မှန်းချက်ဖြစ်တ့ဲ ကုမ္ပဏီတွေ အကုန်မဖြစ်သေးဘဲ ကိုယ်ရကိုယ်ယူကားတွေ ရှိနေသေးတာ ပါပါတယ်။ အဲဒီကားတွေက အဲကွန်းမပါဘဲ စပယ်ယာပါတုံးပါ။ အများပိုင် ကုမ္ပဏီတွေဖြစ်ခ့ဲရင် နှစ်ဦးနှစ်ဘက် ပိုအဆင်ပြေမှာပါ။

.

နောက်တချက်က ကဒ်စံနစ် နှေးနေတာပါ။ အရင်လူဟောင်းတွေက ကဒ်စံနစ်လုပ်ဖို့ တင်ဒါကို အောက်ဈေးနဲ့ရအောင်ယူပြီး အချိန်နီးမှ မလုပ်နိုင်ဘူးဆိုပြီး ကဖျက်ယဖျက် လုပ်တာဆိုတ့ဲ ကောလဟလ ဘယ်လောက်မှန်မယ် မသိပါ။ နှစ်ရာတန်တွေ ခရီးသွားတွေလက်ထဲ မပြတ်ရှိနေလို့သာ ပြသနာမဖြစ်တာပါ။

.

နောက်ဆုံးကြားရတ့ဲ ကဒ်စံနစ်က အတက်တခါ အဆင်းတခါ ဖြတ်ပြီး ခရီးစဉ်သွားသလောက်ဘဲ ယူမယ်ဆိုပါတယ်။ တမှတ်တိုင်စီးစီး အစအဆုံးဈေး ပေးစရာ မလိုဘူးပေါ့။ ငါးဆယ်ကျပ် တစ်ရာ တစ့်ရားငါးဆယ် နှစ်ရာကျပ် စသဖြင့် သတ်မှတ်ဖြတ်ရင် ခရီးတိုသွားတွေအတွက် ပိုသက်သာသွားမှာပါ။

.

နောက်တခုက ကားပြိုင်မောင်းတာနဲ့ မှတ်တိုင်မရပ်တာပါ။ ကားမောင်းခ ပုံသေဆိုတော့ ဒီပြသနာ ရှိနေမှာပါ။ တပ်ရလွယ်ကူတ့ဲ cctv တွေ ပေါ်နေပါပြီ။ ကားတိုင်းမတပ်နိုင်တောင် အလှည့်ကျ ယာဉ်မောင်းကို အသိမပေးဘဲ တပ်ပြီး ပြန်စစ်နိုင်ပါတယ်။ ယာဉ်မောင်းတဦးချင်းရဲ့ အလေ့အထလည်း သိနိုင်ပါမယ်။

.

ကျန် အသေးအဖွဲ အချက်တွေ ပြောရရင် ပထမဆုံး သန့်ရှင်းရေးပါ။ ကားဂိတ်တွေမှာ သန့်ရှင်းရေးတံမျက်လှည်းတွေ ခန့်ထားပြိ်ီး ဝင်လာတ့ဲကားတိုင်း မထွက်ခင်တခေါက် လှည်းသင့်ပါတယ်။ သုံးလေးရက်တခါ အပြင်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ကားကြံ့ခိုင်ရေးကိုတော့ သတ်မှတ်ချက်နဲ့အညီ စစ်ဆေးမယ် ထင်ပါတယ်။

.

နောက် ကားမှာတပ်ထားတ့ဲ ဆင်းဖို့နှိပ်ရမ့ဲခလုတ် အကုန်ကောင်းနေဖို့ လိုပါတယ်။ မကောင်းရင် ချက်ချင်းပြင်ဖို့ လိုပါတယ်။ စပယ်ယာမပါတ့ဲအတွက် အရေးကြီးပါတယ်။

.

မှတ်တိုင်ကြေငြာပေးတ့ဲစံနစ် တပ်နိုင်ရင် ကောင်းပါမယ်။ တချို့ကားတွေမှာ တပ်ထားပါတယ်။ gps နဲ့ တွဲတပ်ရရင် အကုန်အကျ ပိုနိုင်သော်လည်း ကားနေရာပြမြေပုံ app ဆက်လုပ်ဖို့ အဆင်ပြေပါလိမ့်မယ်။

.

သိတ်အရေးတကြီး မဟုတ်သော်လည်း တချက်အကြံပြုချင်ပါသေးတယ်။ ကားထဲမှာ သီချင်း ရေဒီယို စပီကာမှ ဖွင့်ပေးတ့ဲကိစ္စပါ။ တချို့ဖွင့်ထားတာ ဆူညံနေတာပါ။ ဆူညံသီချင်းကြားတ့ဲအတွက် မောင်းသူရောစီးသူပါ စိတ်တိုစေပါတယ်။ အေးဆေးညင်သာသော တီးလုံးတွေ ဖွင့်ပေးရင် ကားပေါ်ပါလူများ စိတ်ငြိမ်စေပါလိမ့်မယ်။

.

ဘာဘဲဖြစ်ဖြစ် အတော်ကို ခရီးရောက်ခ့ဲပါပြီ။ ခုစနေပြီဖြစ်တ့ဲ တန်းစီတက်တ့ဲအဆင့်ထိ ရောက်ခ့ဲရင် YBS အတိုင်းထက်အလွန်လို့ဘဲ ပြောပါရစေ။

XxXxXx

(Zawgyi version )


YBS ကားေတြ ဘာလိုလိုနဲ႔ ႏွစ္ႏွစ္ျပည့္ခ့ဲပါၿပီ။ အခက္အခဲ အဖ်က္ေတြၾကားက ဒီေလာက္ေရာက္လာတာ ေအာင္ျမင္တာပါဘဲ။ ပိုမိုေအာင္ျမင္ အဆင္ေျပေအာင္ အခ်ိဳ႕အခ်က္ေတြ အၾကံျပဳခ်င္ပါတယ္။
.
ကားေပါေပါမ်ားမ်ား အဲကြန္းနဲ႔ စီးရတာ ၈၀% ေအာင္ျမင္တယ္လို႔ ဆိုရမွာပါ။ လိုေသးတ့ဲ ၂၀%ထဲမွာ မူလရည္မွန္းခ်က္ျဖစ္တ့ဲ ကုမၸဏီေတြ အကုန္မျဖစ္ေသးဘဲ ကိုယ္ရကိုယ္ယူကားေတြ ႐ွိေနေသးတာ ပါပါတယ္။ အဲဒီကားေတြက အဲကြန္းမပါဘဲ စပယ္ယာပါတံုးပါ။ အမ်ားပိုင္ ကုမၸဏီေတြျဖစ္ခ့ဲရင္ ႏွစ္ဦးႏွစ္ဘက္ ပိုအဆင္ေျပမွာပါ။
.
ေနာက္တခ်က္က ကဒ္စံနစ္ ေႏွးေနတာပါ။ အရင္လူေဟာင္းေတြက ကဒ္စံနစ္လုပ္ဖို႔ တင္ဒါကို ေအာက္ေစ်းနဲ႔ရေအာင္ယူၿပီး အခ်ိန္နီးမွ မလုပ္ႏိုင္ဘူးဆိုၿပီး ကဖ်က္ယဖ်က္ လုပ္တာဆိုတ့ဲ ေကာလဟလ ဘယ္ေလာက္မွန္မယ္ မသိပါ။ ႏွစ္ရာတန္ေတြ ခရီးသြားေတြလက္ထဲ မျပတ္႐ွိေနလို႔သာ ျပသနာမျဖစ္တာပါ။
.
ေနာက္ဆံုးၾကားရတ့ဲ ကဒ္စံနစ္က အတက္တခါ အဆင္းတခါ ျဖတ္ၿပီး ခရီးစဥ္သြားသေလာက္ဘဲ ယူမယ္ဆိုပါတယ္။ တမွတ္တိုင္စီးစီး အစအဆံုးေစ်း ေပးစရာ မလိုဘူးေပါ့။ ငါးဆယ္က်ပ္ တစ္ရာ တစ့္ရားငါးဆယ္ ႏွစ္ရာက်ပ္ စသျဖင့္ သတ္မွတ္ျဖတ္ရင္ ခရီးတိုသြားေတြအတြက္ ပိုသက္သာသြားမွာပါ။
.
ေနာက္တခုက ကားၿပိဳင္ေမာင္းတာနဲ႔ မွတ္တိုင္မရပ္တာပါ။ ကားေမာင္းခ ပံုေသဆိုေတာ့ ဒီျပသနာ ႐ွိေနမွာပါ။ တပ္ရလြယ္ကူတ့ဲ cctv ေတြ ေပၚေနပါၿပီ။ ကားတိုင္းမတပ္ႏိုင္ေတာင္ အလွည့္က် ယာဥ္ေမာင္းကို အသိမေပးဘဲ တပ္ၿပီး ျပန္စစ္ႏိုင္ပါတယ္။ ယာဥ္ေမာင္းတဦးခ်င္းရဲ႕ အေလ့အထလည္း သိႏိုင္ပါမယ္။
.
က်န္ အေသးအဖြဲ အခ်က္ေတြ ေျပာရရင္ ပထမဆံုး သန္႔႐ွင္းေရးပါ။ ကားဂိတ္ေတြမွာ သန္႔႐ွင္းေရးတံမ်က္လွည္းေတြ ခန္႔ထားၿပိ္ီး ဝင္လာတ့ဲကားတိုင္း မထြက္ခင္တေခါက္ လွည္းသင့္ပါတယ္။ သံုးေလးရက္တခါ အျပင္သန္႔႐ွင္းေရး လုပ္သင့္ပါတယ္။ ကားၾကံ့ခိုင္ေရးကိုေတာ့ သတ္မွတ္ခ်က္နဲ႔အညီ စစ္ေဆးမယ္ ထင္ပါတယ္။
.
ေနာက္ ကားမွာတပ္ထားတ့ဲ ဆင္းဖို႔ႏွိပ္ရမ့ဲခလုတ္ အကုန္ေကာင္းေနဖို႔ လိုပါတယ္။ မေကာင္းရင္ ခ်က္ခ်င္းျပင္ဖို႔ လိုပါတယ္။ စပယ္ယာမပါတ့ဲအတြက္ အေရးႀကီးပါတယ္။
.
မွတ္တိုင္ေၾကျငာေပးတ့ဲစံနစ္ တပ္ႏိုင္ရင္ ေကာင္းပါမယ္။ တခ်ိဳ႕ကားေတြမွာ တပ္ထားပါတယ္။ gps နဲ႔ တြဲတပ္ရရင္ အကုန္အက် ပိုႏိုင္ေသာ္လည္း ကားေနရာျပေျမပံု app ဆက္လုပ္ဖို႔ အဆင္ေျပပါလိမ့္မယ္။
.
သိတ္အေရးတႀကီး မဟုတ္ေသာ္လည္း တခ်က္အၾကံျပဳခ်င္ပါေသးတယ္။ ကားထဲမွာ သီခ်င္း ေရဒီယို စပီကာမွ ဖြင့္ေပးတ့ဲကိစၥပါ။ တခ်ိဳ႕ဖြင့္ထားတာ ဆူညံေနတာပါ။ ဆူညံသီခ်င္းၾကားတ့ဲအတြက္ ေမာင္းသူေရာစီးသူပါ စိတ္တိုေစပါတယ္။ ေအးေဆးညင္သာေသာ တီးလံုးေတြ ဖြင့္ေပးရင္ ကားေပၚပါလူမ်ား စိတ္ၿငိမ္ေစပါလိမ့္မယ္။
.
ဘာဘဲျဖစ္ျဖစ္ အေတာ္ကို ခရီးေရာက္ခ့ဲပါၿပီ။ ခုစေနၿပီျဖစ္တ့ဲ တန္းစီတက္တ့ဲအဆင့္ထိ ေရာက္ခ့ဲရင္ YBS အတိုင္းထက္အလြန္လို႔ဘဲ ေျပာပါရေစ။ 

14 January 2019

မြစ်ဆုံဆည်မှ ခြေဥပြင်အထိ










(Unicode version)


မြစ်ဆုံဆည် ဇတ်လမ်းက ပြန်စပြန်ပြီ။ ဒေါ်စုကပါ သဘောတူသယောင် ကောလဟလတွေလဲ ပျံ့နေတယ်။ တရုပ်သံကလဲ ကချင်တွေ ကန့်ကွက်သူမရှိဆိုပြီး ပြောလို့ ဆဲခံနေရပြီ။ ရခိုင်စစ်ပွဲကလဲ ဒါနဲ့ဆက်စပ်နေသတ့ဲ။ မပြောတတ်တော့ပါ။

.

မြန်မာပြည်အတွက် လျှပ်စစ်လိုတာတော့ အမှန်ဘဲ။ မြစ်ဆုံ အိုင်ဒဲန်တတီ ပျောက်တာကတကြောင်း၊ ဟိုမအေပေးတွေ တိုင်းပြည်အတွက် လုံးဝမတွက်ဘဲ လက်မှတ်ထိုးကြေး မက်ပြီး မတန်မရာစာချုပ်ကို လက်မှတ်ထိုးသွားတာကတကြောင်း လက်ရှိအစိုးရရော တရုပ်ကုမ္ပဏီပါ ဂန့်နေရပြီ။ ဒီကြားထဲ သဘာဝပျက်စီးမယ်ဆိုသူတွေကလဲ တမှောင့်။

.

တကယ်တော့ စာချုပ်ပါအချက်အလက်တွေကို ပြည်သူတွေကို မချွင်းမချန် ချပြစေချင်တယ်။ ငွေရေးကြေးရေးလဲ အပါအဝင်ပေါ့။ ရော်ရမယ်အမောင့်က ဒီလောက်၊ ပွဲခက ဒီလောက်၊ စာချုပ်အရ မြန်မာရတာက ဒီလောက်၊ စသဖြင့်ပေါ့။ ဘယ်သူမျက်နှာမှမထောက်ဘဲ ပြည်သူ့မျက်နှာအတွက် လုပ်ပြရမယ်။

.

ပြီးတော့မှ နှစ်ဖက်အဖွဲ့တွေ လော်ကြပါစေ။ အချိန်တခုပေးပြီးမှ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ဆုံးဖြတ်သင့်တယ် ထင်တာဘဲ။ ပြည်သူတွေ ရွေးထားတ့ဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆုံးဖြတ်ခိုင်းမှာထက် ပြည်သူတွေပါဝင် ဆုံးဖြတ်သင့်တ့ဲ ကိစ္စကြီးမို့ပါ။ ဆန္ဒခံယူပွဲ လုပ်ကြည့်သင့်တာက နောင်ခြေဥပြင်ဖို့လဲ အလေ့အကျင့်ဖြစ်တာပေါ့လေ။

XxXxXx

(Zawgyi version)


ျမစ္ဆံုဆည္ ဇတ္လမ္းက ျပန္စျပန္ၿပီ။ ေဒၚစုကပါ သေဘာတူသေယာင္ ေကာလဟလေတြလဲ ပ်ံ့ေနတယ္။ တ႐ုပ္သံကလဲ ကခ်င္ေတြ ကန္႔ကြက္သူမ႐ွိဆိုၿပီး ေျပာလို႔ ဆဲခံေနရၿပီ။ ရခိုင္စစ္ပြဲကလဲ ဒါနဲ႔ဆက္စပ္ေနသတ့ဲ။ မေျပာတတ္ေတာ့ပါ။
.
ျမန္မာျပည္အတြက္ လွ်ပ္စစ္လိုတာေတာ့ အမွန္ဘဲ။ ျမစ္ဆံု အိုင္ဒဲန္တတီ ေပ်ာက္တာကတေၾကာင္း၊ ဟိုမေအေပးေတြ တိုင္းျပည္အတြက္ လံုးဝမတြက္ဘဲ လက္မွတ္ထိုးေၾကး မက္ၿပီး မတန္မရာစာခ်ဳပ္ကို လက္မွတ္ထိုးသြားတာကတေၾကာင္း လက္႐ွိအစိုးရေရာ တ႐ုပ္ကုမၸဏီပါ ဂန္႔ေနရၿပီ။ ဒီၾကားထဲ သဘာဝပ်က္စီးမယ္ဆိုသူေတြကလဲ တေမွာင့္။
.
တကယ္ေတာ့ စာခ်ဳပ္ပါအခ်က္အလက္ေတြကို ျပည္သူေတြကို မခြၽင္းမခ်န္ ခ်ျပေစခ်င္တယ္။ ေငြေရးေၾကးေရးလဲ အပါအဝင္ေပါ့။ ေရာ္ရမယ္အေမာင့္က ဒီေလာက္၊ ပြဲခက ဒီေလာက္၊ စာခ်ဳပ္အရ ျမန္မာရတာက ဒီေလာက္၊ စသျဖင့္ေပါ့။ ဘယ္သူမ်က္ႏွာမွမေထာက္ဘဲ ျပည္သူ႔မ်က္ႏွာအတြက္ လုပ္ျပရမယ္။
.
ၿပီးေတာ့မွ ႏွစ္ဖက္အဖြဲ႔ေတြ ေလာ္ၾကပါေစ။ အခ်ိန္တခုေပးၿပီးမွ ျပည္သူ႔ဆႏၵခံယူပြဲလုပ္ၿပီး ဆံုးျဖတ္သင့္တယ္ ထင္တာဘဲ။ ျပည္သူေတြ ေရြးထားတ့ဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဆံုးျဖတ္ခိုင္းမွာထက္ ျပည္သူေတြပါဝင္ ဆံုးျဖတ္သင့္တ့ဲ ကိစၥႀကီးမို႔ပါ။  ဆႏၵခံယူပြဲ လုပ္ၾကည့္သင့္တာက ေနာင္ေျခဥျပင္ဖို႔လဲ အေလ့အက်င့္ျဖစ္တာေပါ့ေလ။