27 July 2017

တန်ဖိုးကြီး တံဆိပ်ခေါင်း



 (Unicode version)




  အစဉ်အမြဲသုံး တံဆိပ်ခေါင်း Definitive Stamp Series ၏ တန်ဖိုးကြီး High Value တံဆိပ်ခေါင်းနှစ်လုံးကို မြန်မာ့စာပို့ဌာနမှ ယနေ့ထုတ်ဝေလိုက်ပါသည်။ ယခင် ထုတ်ဝေဘူးသော မြန်မာ့တူရိယာပစ္စည်း အဆက်ဖြစ်သည်။ ၁၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်တန်များပါ။

.

ယခင် တံဆိပ်ခေါင်းစီးရီး၏ အဆက်ကို ထုတ်ဝေလိုက်သဖြင့် ဒီမိုကရေစီအစိုးရလက်ထက်တွင် အမြဲသုံးတံဆိပ်ခေါင်း စီးရီးအသစ်ထုတ်မလားဆိုသော မျှော်လင့်ချက် မဖြစ်နိုင်တော့ပါ။ ထုတ်ဝေပြီးဖြစ်သော တူရိယာစီးရီးတွင် ၅ကျပ်၊ တဆယ်ကျပ်၊ နှစ်ဆယ်ကျပ်၊ သုံးဆယ်ကျပ်၊ ၅၀ကျပ်နှင့် တရာကျပ်တန် တံဆိပ်ခေါင်းများ ရှိပါသည်။

.

အကြံပြုလိုတာ ရှိပါသည်။ လက်ရှိ အသုံးများနေသော ၂၀၀ကျပ်နှင့် ၅၀၀ကျပ်တန်များ စီးရီးအတွက် ထုတ်ဝေသင့်ပါသည်။ လောလောဆယ် လိုအပ်ချက်များကို အထိမ်းအမှတ်ထုတ်များဖြင့် သုံးနေတာ တွေ့ရပါသည်။ အထိမ်းအမှတ်ထုတ်များကို အရည်အတွက် အကန့်အသတ် အတိအကျဖြင့်သာ ထုတ်ဝေသင့်ပါသည်။ ထိုအသစ် နှစ်ခေါင်းနှင့်အတူ ပထမထုတ်ဝေထားသော တံဆိပ်ခေါင်း ငါးမျိုးကိုလည်း အရွယ်အသေး 21mm X 30mm ဆိုဒ်ဖြင့် ပြန်လည်ထုတ်ဝေသင့်ပါကြောင်း။


XxXxXx

(Zawgyi version)

 အစဥ္အျမဲသံုး တံဆိပ္ေခါင္း Definitive Stamp Series ၏ တန္ဖိုးႀကီး High Value တံဆိပ္ေခါင္းႏွစ္လံုးကို ျမန္မာ့စာပို႔ဌာနမွ ယေန႔ထုတ္ေဝလိုက္ပါသည္။ ယခင္ ထုတ္ေဝဘူးေသာ ျမန္မာ့တူရိယာပစၥည္း အဆက္ျဖစ္သည္။ ၁၀၀၀က်ပ္ႏွင့္ ၂၅၀၀က်ပ္တန္မ်ားပါ။
.
ယခင္ တံဆိပ္ေခါင္းစီးရီး၏ အဆက္ကို ထုတ္ေဝလိုက္သျဖင့္ ဒီမိုကေရစီအစိုးရလက္ထက္တြင္ အျမဲသံုးတံဆိပ္ေခါင္း စီးရီးအသစ္ထုတ္မလားဆိုေသာ ေမွ်ာ္လင့္ခ်က္ မျဖစ္ႏိုင္ေတာ့ပါ။ ထုတ္ေဝၿပီးျဖစ္ေသာ တူရိယာစီးရီးတြင္ ၅က်ပ္၊ တဆယ္က်ပ္၊ ႏွစ္ဆယ္က်ပ္၊ သံုးဆယ္က်ပ္၊ ၅၀က်ပ္ႏွင့္ တရာက်ပ္တန္ တံဆိပ္ေခါင္းမ်ား ႐ွိပါသည္။
.
အၾကံျပဳလိုတာ ႐ွိပါသည္။ လက္႐ွိ အသံုးမ်ားေနေသာ ၂၀၀က်ပ္ႏွင့္ ၅၀၀က်ပ္တန္မ်ား စီးရီးအတြက္ ထုတ္ေဝသင့္ပါသည္။ ေလာေလာဆယ္ လိုအပ္ခ်က္မ်ားကို အထိမ္းအမွတ္ထုတ္မ်ားျဖင့္ သံုးေနတာ ေတြ႔ရပါသည္။ အထိမ္းအမွတ္ထုတ္မ်ားကို အရည္အတြက္ အကန္႔အသတ္ အတိအက်ျဖင့္သာ ထုတ္ေဝသင့္ပါသည္။ ထိုအသစ္ ႏွစ္ေခါင္းႏွင့္အတူ ပထမထုတ္ေဝထားေသာ တံဆိပ္ေခါင္း ငါးမ်ိဳးကိုလည္း အရြယ္အေသး 21mm X 30mm ဆိုဒ္ျဖင့္ ျပန္လည္ထုတ္ေဝသင့္ပါေၾကာင္း။ 

24 July 2017

မန်းနီးဒရော့မြန်မာ လန်ကြုပ်လား

  (Unicode version)

     အမေရိကန် တီဗီစီးရီးတွေအကြောင်း ဖတ်ဘူးပါသည်။ ပထမဆုံး season တွင် ဇတ်ကောင် လေးငါးယောက်ဖြင့် ဇတ်လမ်းစလိုက်သည်။ season ကုန်ဆုံးချိန်တွင် ပရိဿတ်ရဲ့ တုံ့ပြန်မှုကို နားထောင်သည်။ ဘယ်ဇတ်ကောင်ကို ပရိဿတ်စိတ်ဝင်စားမှု အရှိဆုံးလည်း။ ထိုဇတ်ကောင်ကို အဓိကထား၍ ဒုတိယ season အတွက် ရိုက်ကူးပါတော့သည်။ အခြားဇတ်ကောင်များက ဝန်းရံပေး၍ပေါ့။

.

ဒုတိယ season ကုန်လျှင်လည်း ထိုနည်းအတိုင်း စနည်းနာ။ ပရိဿတ် စိတ်ဝင်စားသူကို အသားပေး၍ နောက်ဇတ်ကို ဆက်ရေးသည်တ့ဲ။ ဒီတော့ ပရိဿတ်ရဲ့ စိတ်ဝင်စားမှုက အမြဲရနေသလို ဖြစ်တော့သည်။ မြန်မာပြည်တီဗီတွင် အမေရိကန် စီးရီးများ မပြသော်လည်း ဗီစီဒီ ဒီဗီဒီများ၏ ကျေးဇူးကြောင် 24, Prison break, lost တို့ ကြည့်ဘူးသူတွေ သတိထားမိကြပါလိမ့်မည်။ အဓိကက သူတို့ အစီအစဉ်ကို လူစိတ်ဝင်စားအောင် လုပ်ကြတာဖြစ်သည်။

.

ယခုတလော money drop myanmar လည်း လူစိတ်ဝင်စားအောင် အဲဒီလို ခပ်ဆင်ဆင် လုပ်နေပြီလားဟု ထင်မိသည်။ ပြီးခ့ဲသည့် သောကြာနေ့ကအပိုင်းကို မသင်္ကာ၍ ဒီနေ့ပြန်ကြည့်တာ တော်တော်သေချာသွားပါသည်။ သောကြာနေ့ညနေက ပြိုင်ပွဲဝင်သည့် MRTV4 စီးရီးမှ မင်းသားနှစ်လက်ကို မှတ်မိကြဦးမည် ထင်သည်။

ထိုညနေ ဖွဘုတ်လောကမှာ ဆဲသံညံသွားသည်။

.

ဒီအစီအစဉ်ကို ကြည့်မိသူတွေ

အရင်ကလည်း သိသင့်သည့် မေးခွန်းများကို မဖြေနိုင်၍ သွားလေသူ ပညာရေးပညာရှင်ကြီးများကို မေတ္တာပို့နေကြတာပါ။ သူတို့၏ အစီအမံကြောင့် ပညာရေးကျဆင်းပြီး လူငယ်တွေ ဗဟုသုတ အရမ်းနည်းမှန်း ထင်ပေါ်လာလို့ ဆဲနေကြသည်။ အဲဒီအချက်ကို အသုံချ၍ Money drop myanmar အစီအစဉ်ကို လူစိတ်ဝင်စားအောင် လုပ်သွားသည်ဟုဘဲ ထင်ပါသည်။

.

ဤအစီအစဉ်အတွက် ပရိဿတ်၏ တုံ့ပြန်မှု အများဆုံးမှာ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မေးခွန်း မဖြေနိုင်တာ ဖြစ်သည်။ ဗိုလ်ချုပ်အမေကို ဒေါ်နုဟု ရောဖြေစဉ်က အဆဲသံ အညံဆုံး။ ယခုလည်း မင်းသားနှစ်လက်ကို ဗိုလ်ချုပ်ရဲ့ ရဲဘော်သုံးကျိတ်အမည် မေးသည်။ အသားပိုဖြူသူ မျက်နှာသွယ်သွယ်မင်းသားက ဗိုလ်တေဇဟု ရွတ်လိုက်သံ ကြားလိုက်ရသည်။ သူ ငွေပုံမည်လုပ်စဉ် မျက်နှာဝိုင်းဝိုင်းမင်းသားက လက်တို့ခေါ်ပြီး တခုခုပြောလိုက်ပါသည်။ ပြီးတော့ ဗိုလ်ရှုမောင်(ဦးနေဝင်း) မှလွဲလို် ကျန်သုံးခုပေါ် ငွေသွားပုံသည်။

.

ဒါလေးမှ မသိရကောင်းလားလို့ ဖွဘုတ်တွင် ဆဲသံညံတော့သည်။ ထိုမင်းသားနှစ်လက်ကတော့ ရုပ်ရှင်အရဆိုရလျှင် လူဆိုးခန်းမှ ပရိဿတ်ရအောင် လုပ်သွားတာဘဲ ဖြစ်မည်။ သူတို့ရဲ့ တီဗီအစီအစဉ် လူစိတ်ဝင်စားမှု များအောင် အပေးအယူလုပ်သွားသည်ဟုသာ ထင်မိပါကြောင်း။

XxXxXx

(Zawgyi version)

   အေမရိကန္ တီဗီစီးရီးေတြအေၾကာင္း ဖတ္ဘူးပါသည္။ ပထမဆံုး season တြင္ ဇတ္ေကာင္ ေလးငါးေယာက္ျဖင့္ ဇတ္လမ္းစလိုက္သည္။ season ကုန္ဆံုးခ်ိန္တြင္ ပရိႆတ္ရဲ႕ တံု႔ျပန္မႈကို နားေထာင္သည္။ ဘယ္ဇတ္ေကာင္ကို ပရိႆတ္စိတ္ဝင္စားမႈ အ႐ွိဆံုးလည္း။ ထိုဇတ္ေကာင္ကို အဓိကထား၍ ဒုတိယ season အတြက္ ႐ိုက္ကူးပါေတာ့သည္။ အျခားဇတ္ေကာင္မ်ားက ဝန္းရံေပး၍ေပါ့။
.
ဒုတိယ season ကုန္လွ်င္လည္း ထိုနည္းအတိုင္း စနည္းနာ။ ပရိႆတ္ စိတ္ဝင္စားသူကို အသားေပး၍ ေနာက္ဇတ္ကို ဆက္ေရးသည္တ့ဲ။ ဒီေတာ့ ပရိႆတ္ရဲ႕ စိတ္ဝင္စားမႈက အျမဲရေနသလို ျဖစ္ေတာ့သည္။ ျမန္မာျပည္တီဗီတြင္ အေမရိကန္ စီးရီးမ်ား မျပေသာ္လည္း ဗီစီဒီ ဒီဗီဒီမ်ား၏ ေက်းဇူးေၾကာင္ 24, Prison break, lost တို႔ ၾကည့္ဘူးသူေတြ သတိထားမိၾကပါလိမ့္မည္။ အဓိကက သူတို႔ အစီအစဥ္ကို လူစိတ္ဝင္စားေအာင္ လုပ္ၾကတာျဖစ္သည္။
.
ယခုတေလာ money drop myanmar လည္း လူစိတ္ဝင္စားေအာင္ အဲဒီလို ခပ္ဆင္ဆင္ လုပ္ေနၿပီလားဟု ထင္မိသည္။ ၿပီးခ့ဲသည့္ ေသာၾကာေန႔ကအပိုင္းကို မသကၤာ၍ ဒီေန႔ျပန္ၾကည့္တာ ေတာ္ေတာ္ေသခ်ာသြားပါသည္။ ေသာၾကာေန႔ညေနက ၿပိဳင္ပြဲဝင္သည့္ MRTV4 စီးရီးမွ မင္းသားႏွစ္လက္ကို မွတ္မိၾကဦးမည္ ထင္သည္။
ထိုညေန ဖြဘုတ္ေလာကမွာ ဆဲသံညံသြားသည္။
.
ဒီအစီအစဥ္ကို ၾကည့္မိသူေတြ
အရင္ကလည္း သိသင့္သည့္ ေမးခြန္းမ်ားကို မေျဖႏိုင္၍ သြားေလသူ ပညာေရးပညာ႐ွင္ႀကီးမ်ားကို ေမတၱာပို႔ေနၾကတာပါ။ သူတို႔၏ အစီအမံေၾကာင့္ ပညာေရးက်ဆင္းၿပီး လူငယ္ေတြ ဗဟုသုတ အရမ္းနည္းမွန္း ထင္ေပၚလာလို႔ ဆဲေနၾကသည္။ အဲဒီအခ်က္ကို အသံုခ်၍ Money drop myanmar အစီအစဥ္ကို လူစိတ္ဝင္စားေအာင္ လုပ္သြားသည္ဟုဘဲ ထင္ပါသည္။
.
ဤအစီအစဥ္အတြက္ ပရိႆတ္၏ တံု႔ျပန္မႈ အမ်ားဆံုးမွာ ဗိုလ္ခ်ဳပ္ႏွင့္ပတ္သက္သည့္ ေမးခြန္း မေျဖႏိုင္တာ ျဖစ္သည္။ ဗိုလ္ခ်ဳပ္အေမကို ေဒၚႏုဟု ေရာေျဖစဥ္က အဆဲသံ အညံဆံုး။ ယခုလည္း မင္းသားႏွစ္လက္ကို ဗိုလ္ခ်ဳပ္ရဲ႕ ရဲေဘာ္သံုးက်ိတ္အမည္ ေမးသည္။ အသားပိုျဖဴသူ မ်က္ႏွာသြယ္သြယ္မင္းသားက ဗိုလ္ေတဇဟု ရြတ္လိုက္သံ ၾကားလိုက္ရသည္။ သူ ေငြပံုမည္လုပ္စဥ္ မ်က္ႏွာဝိုင္းဝိုင္းမင္းသားက လက္တို႔ေခၚၿပီး တခုခုေျပာလိုက္ပါသည္။ ၿပီးေတာ့ ဗိုလ္႐ႈေမာင္(ဦးေနဝင္း) မွလြဲလို္ က်န္သံုးခုေပၚ ေငြသြားပံုသည္။
.
ဒါေလးမွ မသိရေကာင္းလားလို႔ ဖြဘုတ္တြင္ ဆဲသံညံေတာ့သည္။ ထိုမင္းသားႏွစ္လက္ကေတာ့ ႐ုပ္႐ွင္အရဆိုရလွ်င္ လူဆိုးခန္းမွ ပရိႆတ္ရေအာင္ လုပ္သြားတာဘဲ ျဖစ္မည္။ သူတို႔ရဲ႕ တီဗီအစီအစဥ္ လူစိတ္ဝင္စားမႈ မ်ားေအာင္ အေပးအယူလုပ္သြားသည္ဟုသာ ထင္မိပါေၾကာင္း။ 

15 July 2017

ကားကြပ်တာ အဆင်ပြေစေဖို့

   










(Unicode version )

 ရန်ကုန်မှာ သွားလာရတာ ကားကြပ်လို့ စိတ်ညစ်နေရတာ သုံးလေးနှစ် ရှိပါပြီ။ အထူးသဖြင့် ကိုယ်သွားတ့ဲ လမ်းဆုံတွေမှာ ကားပိတ်နေလား မသိတော့ မောင်းသွားရင်း တွေ့မှ ရှောင်လိုမရနဲ့ စိတ်ညစ်ရပါတယ်။ အထူးသဖြင့် ကားအမြဲမောင်းနေရတ့ဲ သူတွေပေါ့။

.

ဒီပြဿနာကို သက်သာစေမ့ဲ ဖုန်းအပလီကေးရှင်း ရှိလာပါပြီ။ အရင်သုံးနေတ့ဲ ဂူဂဲမက်ပ် google map ပါဘဲ။ ပုံမှာ ပြထားသလိုပါဘဲ။ ကားကြပ်နေတ့ဲနေရာတွေကို အရောင်နဲ့ ပြထားပါတယ်။ အစိမ်း လိမေ္မာ် အနီ နဲ့ ကြက်သွေးရောင် အစဉ်လိုက် ကားကြပ်တာကို ပြပါတယ်။

.

အလွယ်ဆုံး အသုံးပြုဖို့ အဲဒီအက်ပ် (Google map) ကို ဖွင့်လိုက်ပါ။ မိမိရောက်နေတ့ဲနေရာကို ပြပါလိမ့်မယ်။ အောက်မှာပြနေတ့ဲ ကားပုံလေးကို နှိပ်လိုက်ပါ။ မိမိ သွားလိုတ့ဲဘက်ကို ရွေ့ကြည့်လိုက်ရင် မိမိမောင်းမ့ဲ လမ်း ကားကြပ်တ့ဲအခြေအနေကို ပြပါလိမ့်မယ်။ ရှောင်စရာရှိရင် ကြိုရှောင်မောင်းယုံပါဘဲ။

.

ဒုတိယ အဆင့်ကတော့ ကိုယ်ရှိတ့ဲနေရာမှ သွားလိုတ့ဲနေရာကို ရွေးပြီး လမ်းကြောင်းရှာခိုင်းနိုင်ပါတယ်။ အရန်လမ်း ရှိရင်လည်း ပြပါတယ်။ သူရွေးပေးထားတ့ဲ လမ်းတလျောက် ကားကြပ်တ့ဲနေရာ ကြာမ့ဲ ခန့်မှန်းချိန်တွေကို ပြနေတာပါ။

.

ဒါလေးကို သုံတတ်ဖို့ အင်္ဂလိပ်လို နည်းနည်းတတ်ဖို့လိုပါမယ်။ နေရာတွေကို အင်္ဂလိပ်လို ရှာနိုင်ဖို့ပါ။ မြေပုံကို ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ မြေပုံကို သဘောပေါက်ရင် အင်္ဂလိပ်လို မတတ်လည်း သုံးလို့ရပါတယ်။ ဒီအက်ပ် app ကို သုံးဖို့ သင့်ဖုန်းက အသင့်မဖြစ်သေးရင်တော့ အပ်ဒိတ်လုပ်ဖို့ လိုပါလိမ့်မယ်။

.

သုံးဖို့ စိတ်ဝင်စားပြီး မသုံးတတ်သေးရင် နားလည်ပြီး သုံးနေသူကို မေးကြည့်လိုက်ပါ။ တခေါက် နှစ်ခေါက်လောက်နဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ယာဉ်ကြပ်နေလို့ စိတ်တိုနေရတ့ဲ ဒုက္ခ ကင်းဝေးကြပါစေ။

XxXxXx

(Zawgyi version)


 ရန္ကုန္မွာ သြားလာရတာ ကားၾကပ္လို႔ စိတ္ညစ္ေနရတာ သံုးေလးႏွစ္ ႐ွိပါၿပီ။ အထူးသျဖင့္ ကိုယ္သြားတ့ဲ လမ္းဆံုေတြမွာ ကားပိတ္ေနလား မသိေတာ့ ေမာင္းသြားရင္း ေတြ႔မွ ေ႐ွာင္လိုမရနဲ႔ စိတ္ညစ္ရပါတယ္။ အထူးသျဖင့္ ကားအျမဲေမာင္းေနရတ့ဲ သူေတြေပါ့။
.
ဒီျပႆနာကို သက္သာေစမ့ဲ ဖုန္းအပလီေကး႐ွင္း ႐ွိလာပါၿပီ။ အရင္သံုးေနတ့ဲ ဂူဂဲမက္ပ္ google map ပါဘဲ။ ပံုမွာ ျပထားသလိုပါဘဲ။ ကားၾကပ္ေနတ့ဲေနရာေတြကို အေရာင္နဲ႔ ျပထားပါတယ္။ အစိမ္း လိေမၼာ္ အနီ နဲ႔ ၾကက္ေသြးေရာင္ အစဥ္လိုက္ ကားၾကပ္တာကို ျပပါတယ္။
.
အလြယ္ဆံုး အသံုးျပဳဖို႔ အဲဒီအက္ပ္ (Google map) ကို ဖြင့္လိုက္ပါ။ မိမိေရာက္ေနတ့ဲေနရာကို ျပပါလိမ့္မယ္။ ေအာက္မွာျပေနတ့ဲ ကားပံုေလးကို ႏွိပ္လိုက္ပါ။ မိမိ သြားလိုတ့ဲဘက္ကို ေရြ႔ၾကည့္လိုက္ရင္ မိမိေမာင္းမ့ဲ လမ္း ကားၾကပ္တ့ဲအေျခအေနကို ျပပါလိမ့္မယ္။ ေ႐ွာင္စရာ႐ွိရင္ ၿကိဳေ႐ွာင္ေမာင္းယံုပါဘဲ။
.
ဒုတိယ အဆင့္ကေတာ့ ကိုယ္႐ွိတ့ဲေနရာမွ သြားလိုတ့ဲေနရာကို ေရြးၿပီး လမ္းေၾကာင္း႐ွာခိုင္းႏိုင္ပါတယ္။ အရန္လမ္း ႐ွိရင္လည္း ျပပါတယ္။ သူေရြးေပးထားတ့ဲ လမ္းတေလ်ာက္ ကားၾကပ္တ့ဲေနရာ ၾကာမ့ဲ ခန္႔မွန္းခ်ိန္ေတြကို ျပေနတာပါ။
.
ဒါေလးကို သံုတတ္ဖို႔ အဂၤလိပ္လို နည္းနည္းတတ္ဖို႔လိုပါမယ္။ ေနရာေတြကို အဂၤလိပ္လို ႐ွာႏိုင္ဖို႔ပါ။ ေျမပံုကို ၾကည့္တတ္ဖို႔လိုပါလိမ့္မယ္။ ေျမပံုကို သေဘာေပါက္ရင္ အဂၤလိပ္လို မတတ္လည္း သံုးလို႔ရပါတယ္။ ဒီအက္ပ္ app ကို သံုးဖို႔ သင့္ဖုန္းက အသင့္မျဖစ္ေသးရင္ေတာ့ အပ္ဒိတ္လုပ္ဖို႔ လိုပါလိမ့္မယ္။
.
သံုးဖို႔ စိတ္ဝင္စားၿပီး မသံုးတတ္ေသးရင္ နားလည္ၿပီး သံုးေနသူကို ေမးၾကည့္လိုက္ပါ။ တေခါက္ ႏွစ္ေခါက္ေလာက္နဲ႔ အဆင္ေျပသြားႏိုင္ပါတယ္။ ယာဥ္ၾကပ္ေနလို႔ စိတ္တိုေနရတ့ဲ ဒုကၡ ကင္းေဝးၾကပါေစ။ 

10 July 2017

မန်းနီးဒရော့ မြန်မာ

(Unicode version )

     မြန်မာ့တီဗီ အစီအစဉ်တွေ စုံလာပါပြီ။ ပုံမှန် တရုပ် ကိုရီးယားစီးရီးများအပြင် လူကြည့်များလာတာက သီချင်းဆိုပြိုင်ပွဲ အမျိုးမျိုးပါ။ သီချင်းဆိုပြိုင်ပွဲ လူကြိုက်များလာတော့ ပုံစံမျိုးစုံနဲ့ ပြိုင်ပွဲလုပ်ပါတယ်။ ကြည့်သူပရိဿတ်ကိုပါ ဗုတ်လုပ်ခိုင်းပါတယ်။ လူတွေလည်း ဗုတ်ပေးပြီး ပျော်တ့ဲသူ ပျော်ကြ၊ ကိုယ်ပေးတ့ဲသူ မနိုင်တော့ ဒေါပွကြနဲ့ အနုပညာရဲ့ ဖျော်ဖြေမှုကို ရနေကြပါတယ်။

.

အခုရက်ပိုင်း မှာတော့ လူပြောများတ့ဲ အစီအစဉ်သစ် တိုးလာပါတယ်။ ဒီတခါတော့ မဗုတ်ချင်ဘူး။ တုတ်ဘဲပေးချင်တယ်ဖြစ်အောင် လူပြောများလာပါတယ်။ အပျင်းပြေ ဖျော်ဖြေရေး ကြည့်သူတွေသာမက နိုင်ငံ့အရေး၊ နိုင်ငံတိုးတက်ရေး ဟစ်နေတ့ဲသူတွေပါ စိတ်ပါလာပါပြီ။ ဒီတခါကတော့ သီချင်းအဆို ပြိုင်ပွဲ မဟုတ်တော့ဘဲ အညံ့ပြိုင်ပွဲကြီး ဖြစ်နေလို့ပါဘဲ။ ဟုတ်ပါတယ်၊ မန်းနီးဒရော့မြန်မာဘဲ ဖြစ်ပါတယ်ခင်ဗျား။

.

ဗဟုသုတ ပြိုင်ပွဲပါ။ စပြိုင်သူကို သိန်း၂၅၀ကျပ် ပေးထားပြီး အဖြေမှန်ပေါ်မှာ ကြိုက်သလို ငွေထိုးရတာပါ။ မမှန်ရင်တော့ ကိုယ်ထိုးထားတာ ပြုတ်ကျပြီး ဆုံးရှုံးသွားတာပေါ့။ လာပြိုင်တ့ဲလူတိုင်း ငွေတွေရပြီး ပြန်လို့မရအောင်တော့ မေးထားတာပေါ့။ ဒါပေမယ့် ခုနာမည်ကြီးနေတာက ရှေ့ပိုင်းမေးခွန်းတွေမှာ အလွယ်တကူ မေးထားတာတောင် မဖြေနိုင်ကြလို့ နောင်တိုင်းပြည်ကို ရှေ့ဆောင်မ့ဲ လူငယ်တွေကို စိတ်ပျက်ကုန်ကြတာပါ။

.

ဒီလို လူငယ်တွေ ဗဟုသုတ သိသင့်တာလေးတွေကို မသိတာ ပထမအချက်အနေနဲ့ ပြီးခ့ဲတ့ဲ နှစ်သုံးဆယ်ပညာရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မအောင်မရှိ ငါ့တပည့်တို့၊ ကျွန်တော့်အဖေသည် ဦးဘဖြစ်ပါသည်ဆိုပြီး အလွတ်ကျက် ဒါမေးဒါဖြေစံနစ်တို့ရဲ့ အကျိုးဆက်ပါဘဲ။ ဘွဲ့ရသူတွေက ပူတာအို မြန်မာပြည်ရဲ့ ဘယ်နားရှိမှန်း မသိ။ ပတ္တမြားက အပြာရောင်တို့ဟာ ကျောင်းသင်ခန်းစာတွေထဲမှာ ဘယ်လိုသင်ခ့ဲသလည်းရဲ့ အဖြေတွေပါဘဲ။ ကျောင်းမှာ သင်ခ့ဲရတ့ဲ သိပ္ပံ ပထဝီ သမိုင်းတွေလည်း မသိကြပါဘူး။ ခက်ခက်ခဲခဲ မေးလို့ မဖြေနိုင်တာဆို ထားပါတော့။ ခုဟာက......

.

နောက်အချက်က လူငယ်တွေရဲ့ စာဖတ်အား၊ ပတ်ဝန်းကျင်လေ့လာမှုအား၊ စိတ်ဝင်စားမှုတို့နဲ့ ပတ်သက်ပါတယ်။ အထွေထွေဗဟုသုတတွေ မေးတာ၊ လက်ရှိသတင်းတွေထဲက မေးတာတွေကို မဖြေနိုင်ပါဘူး။ ဘင်လာဒင်ကို ငြိမ်းချမ်းရေးသမားလို့ ဖြေသူရှိနေပါတယ်။ ဦးနု နဲ့ ဦးသန့်ကို မကွဲပြားပါဘူး။ အရမ်းကြိုက်ပါတယ်ဆိုပြီး သင်္ကြန်မိုးဇတ်ကားရဲ့ ဒါရိုက်တာမေးတော့ ဦးသုခနဲ့ မောင်တင်ဦး ခွဖြေလို့ တဝက်မှန်သွားတာပါ။

.

ဒီလူငယ်တွေ ဘာမှစိတ်မဝင်စားတာတော့ မဖြစ်နိုင်ပါ။ ဗဟုသုတ ညံ့တ့ဲသူတွေ လာဖြေလို့ ဒီလိုဖြစ်တာ၊ တော်တ့ဲ လူငယ်တွေ ရှိဦးမှာဘဲလို့ အောက်မေ့ထားပါတယ်။ တဦးချင်း စာဖတ်အားနည်း လေ့လာမှုအားနည်းတာက သူတဦးနဲ့ဘဲ ပတ်သက်ပေမယ့် များလာပြီဆိုရင်တော့ ငယ်စဉ်က စထိတွေ့ခ့ဲရတ့ဲ ပညာရေးစံနစ်ကို ပြန်သုံးသပ်ဖို့လိုပြီလို့ ထင်မိပါတယ်ခင်ဗျား။ ။

XxXxXx

(Zawgyi version )

     ျမန္မာ့တီဗီ အစီအစဥ္ေတြ စံုလာပါၿပီ။ ပံုမွန္ တ႐ုပ္ ကိုရီးယားစီးရီးမ်ားအျပင္ လူၾကည့္မ်ားလာတာက သီခ်င္းဆိုၿပိဳင္ပြဲ အမ်ိဳးမ်ိဳးပါ။ သီခ်င္းဆိုၿပိဳင္ပြဲ လူႀကိဳက္မ်ားလာေတာ့ ပံုစံမ်ိဳးစံုနဲ႔ ၿပိဳင္ပြဲလုပ္ပါတယ္။ ၾကည့္သူပရိႆတ္ကိုပါ ဗုတ္လုပ္ခိုင္းပါတယ္။ လူေတြလည္း ဗုတ္ေပးၿပီး ေပ်ာ္တ့ဲသူ ေပ်ာ္ၾက၊ ကိုယ္ေပးတ့ဲသူ မႏိုင္ေတာ့ ေဒါပြၾကနဲ႔ အႏုပညာရဲ႕ ေဖ်ာ္ေျဖမႈကို ရေနၾကပါတယ္။
.
အခုရက္ပိုင္း မွာေတာ့ လူေျပာမ်ားတ့ဲ အစီအစဥ္သစ္ တိုးလာပါတယ္။ ဒီတခါေတာ့ မဗုတ္ခ်င္ဘူး။ တုတ္ဘဲေပးခ်င္တယ္ျဖစ္ေအာင္ လူေျပာမ်ားလာပါတယ္။ အပ်င္းေျပ ေဖ်ာ္ေျဖေရး ၾကည့္သူေတြသာမက ႏိုင္ငံ့အေရး၊ ႏိုင္ငံတိုးတက္ေရး ဟစ္ေနတ့ဲသူေတြပါ စိတ္ပါလာပါၿပီ။ ဒီတခါကေတာ့ သီခ်င္းအဆို ၿပိဳင္ပြဲ မဟုတ္ေတာ့ဘဲ အညံ့ၿပိဳင္ပြဲႀကီး ျဖစ္ေနလို႔ပါဘဲ။ ဟုတ္ပါတယ္၊ မန္းနီးဒေရာ့ျမန္မာဘဲ ျဖစ္ပါတယ္ခင္ဗ်ား။
.
ဗဟုသုတ ၿပိဳင္ပြဲပါ။ စၿပိဳင္သူကို သိန္း၂၅၀က်ပ္ ေပးထားၿပီး အေျဖမွန္ေပၚမွာ ႀကိဳက္သလို ေငြထိုးရတာပါ။ မမွန္ရင္ေတာ့ ကိုယ္ထိုးထားတာ ျပဳတ္က်ၿပီး ဆံုး႐ွံုးသြားတာေပါ့။ လာၿပိဳင္တ့ဲလူတိုင္း ေငြေတြရၿပီး ျပန္လို႔မရေအာင္ေတာ့ ေမးထားတာေပါ့။ ဒါေပမယ့္ ခုနာမည္ႀကီးေနတာက ေ႐ွ႕ပိုင္းေမးခြန္းေတြမွာ အလြယ္တကူ ေမးထားတာေတာင္ မေျဖႏိုင္ၾကလို႔ ေနာင္တိုင္းျပည္ကို ေ႐ွ႕ေဆာင္မ့ဲ လူငယ္ေတြကို စိတ္ပ်က္ကုန္ၾကတာပါ။
.
ဒီလို လူငယ္ေတြ ဗဟုသုတ သိသင့္တာေလးေတြကို မသိတာ ပထမအခ်က္အေနနဲ႔ ၿပီးခ့ဲတ့ဲ ႏွစ္သံုးဆယ္ပညာေရးနဲ႔ တိုက္႐ိုက္သက္ဆိုင္ပါတယ္။ မေအာင္မ႐ွိ ငါ့တပည့္တို႔၊ ကြၽန္ေတာ့္အေဖသည္ ဦးဘျဖစ္ပါသည္ဆိုၿပီး အလြတ္က်က္ ဒါေမးဒါေျဖစံနစ္တို႔ရဲ႕ အက်ိဳးဆက္ပါဘဲ။ ဘြဲ႔ရသူေတြက ပူတာအို ျမန္မာျပည္ရဲ႕ ဘယ္နား႐ွိမွန္း မသိ။ ပတၱျမားက အျပာေရာင္တို႔ဟာ ေက်ာင္းသင္ခန္းစာေတြထဲမွာ ဘယ္လိုသင္ခ့ဲသလည္းရဲ႕ အေျဖေတြပါဘဲ။ ေက်ာင္းမွာ သင္ခ့ဲရတ့ဲ သိပၸံ ပထဝီ သမိုင္းေတြလည္း မသိၾကပါဘူး။ ခက္ခက္ခဲခဲ ေမးလို႔ မေျဖႏိုင္တာဆို ထားပါေတာ့။ ခုဟာက......
.
ေနာက္အခ်က္က လူငယ္ေတြရဲ႕ စာဖတ္အား၊ ပတ္ဝန္းက်င္ေလ့လာမႈအား၊ စိတ္ဝင္စားမႈတို႔နဲ႔ ပတ္သက္ပါတယ္။ အေထြေထြဗဟုသုတေတြ ေမးတာ၊ လက္႐ွိသတင္းေတြထဲက ေမးတာေတြကို မေျဖႏိုင္ပါဘူး။ ဘင္လာဒင္ကို ၿငိမ္းခ်မ္းေရးသမားလို႔ ေျဖသူ႐ွိေနပါတယ္။ ဦးႏု နဲ႔ ဦးသန္႔ကို မကြဲျပားပါဘူး။ အရမ္းႀကိဳက္ပါတယ္ဆိုၿပီး သၾကၤန္မိုးဇတ္ကားရဲ႕ ဒါ႐ိုက္တာေမးေတာ့ ဦးသုခနဲ႔ ေမာင္တင္ဦး ခြေျဖလို႔ တဝက္မွန္သြားတာပါ။
.
ဒီလူငယ္ေတြ ဘာမွစိတ္မဝင္စားတာေတာ့ မျဖစ္ႏိုင္ပါ။ ဗဟုသုတ ညံ့တ့ဲသူေတြ လာေျဖလို႔ ဒီလိုျဖစ္တာ၊ ေတာ္တ့ဲ လူငယ္ေတြ ႐ွိဦးမွာဘဲလို႔ ေအာက္ေမ့ထားပါတယ္။ တဦးခ်င္း စာဖတ္အားနည္း ေလ့လာမႈအားနည္းတာက သူတဦးနဲ႔ဘဲ ပတ္သက္ေပမယ့္ မ်ားလာၿပီဆိုရင္ေတာ့ ငယ္စဥ္က စထိေတြ႔ခ့ဲရတ့ဲ ပညာေရးစံနစ္ကို ျပန္သံုးသပ္ဖို႔လိုၿပီလို႔ ထင္မိပါတယ္ခင္ဗ်ား။ ။

05 July 2017

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ

(Unicode version)

 ဟိုတနေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဖက်အဖွဲ့အစည်း ၁၅၀ကျော်က ကျောက်မီးသွေးစက်ရုံလုပ်မှာ ကို ဆန္ဒပြတယ်တ့ဲ။

.

တဖွဲ့မှာ လူဘယ်လောက်ရှိလဲတော့ မသိဘူး။ တဖွဲ့ တယောက်ဘဲရှိတယ်ထား၊ သူတို့တကယ်လုပ်သင့်တာက တဖွဲ့ တနေ့ သစ်ပင် တပင်ဘဲစိုက်သင့်တာ။ ဒါမျိုးတော့ မလုပ်ဘဲ NGO ဆိုပြီး ပိုက်ဆံယူ ခိုင်းတာလုပ်နေကြတာဘဲ။

.

သစ်ပင်စိုက်တာလည်း ဗိုလ်ချုပ်တွေခေတ်လို စိုက်ပွဲလုပ်၊ ဓညတ်ပုံရိုက်ပြီး ပြီးတာမလိုချင်။ ဒီအပင်တွေ ရှင်တ့ဲအထိ လိုချင်တာ။ အရင်က နှစ်တိုင်း ဒီနေရာ ဒီနေရာဘဲ စိုက်ပျိုးပွဲ လုပ်လို့ရတယ်။ မနှစ်က စိုက်တ့ဲအပင်က ရှင်တာမှ မဟုတ်ဘဲ။ သူတို့ နှစ်အစိတ်အတွင်း စိုက်ခ့ဲသမျှ ရှင်ခ့ဲရင် မြန်မာပြည် တောကြီး ပြန်ဖြစ်နေလောက်ပြီ။

.

ခုလည်း ပတ်ဝန်ူကျင်ထိမ်းမ့ဲသူတွေ ခုလိုမိုးတွင်း တပတ်တပင်ဘဲ ရှင်အောင်စိုက်ကြ။ တနှစ်ပြည့်ရင် လူတွေက ကျေးဇူးတင်နေကြလိမ့်မယ်။

XxXxXx

(Zawgyi version )

 ဟိုတေန႔က ပတ္ဝန္းက်င္ထိန္းသိမ္းေရး အရပ္ဖက္အဖြဲ႔အစည္း ၁၅၀ေက်ာ္က ေက်ာက္မီးေသြးစက္ရံုလုပ္မွာ ကို ဆႏၵျပတယ္တ့ဲ။
.
တဖြဲ႔မွာ လူဘယ္ေလာက္႐ွိလဲေတာ့ မသိဘူး။ တဖြဲ႔ တေယာက္ဘဲ႐ွိတယ္ထား၊ သူတို႔တကယ္လုပ္သင့္တာက တဖြဲ႔ တေန႔ သစ္ပင္ တပင္ဘဲစိုက္သင့္တာ။ ဒါမ်ိဳးေတာ့ မလုပ္ဘဲ NGO ဆိုၿပီး ပိုက္ဆံယူ ခိုင္းတာလုပ္ေနၾကတာဘဲ။
.
သစ္ပင္စိုက္တာလည္း ဗိုလ္ခ်ဳပ္ေတြေခတ္လို စိုက္ပြဲလုပ္၊ ဓညတ္ပံု႐ိုက္ၿပီး ၿပီးတာမလိုခ်င္။ ဒီအပင္ေတြ ႐ွင္တ့ဲအထိ လိုခ်င္တာ။ အရင္က ႏွစ္တိုင္း ဒီေနရာ ဒီေနရာဘဲ စိုက္ပ်ိဳးပြဲ လုပ္လို႔ရတယ္။ မႏွစ္က စိုက္တ့ဲအပင္က ႐ွင္တာမွ မဟုတ္ဘဲ။ သူတို႔ ႏွစ္အစိတ္အတြင္း စိုက္ခ့ဲသမွ် ႐ွင္ခ့ဲရင္ ျမန္မာျပည္ ေတာႀကီး ျပန္ျဖစ္ေနေလာက္ၿပီ။
.
ခုလည္း ပတ္ဝႏ္ူက်င္ထိမ္းမ့ဲသူေတြ ခုလိုမိုးတြင္း တပတ္တပင္ဘဲ ႐ွင္ေအာင္စိုက္ၾက။ တႏွစ္ျပည့္ရင္ လူေတြက ေက်းဇူးတင္ေနၾကလိမ့္မယ္။

22 June 2017

အသက်မွေးဝမ်းကျောင်းပညာ

(Unicode version)

     အသက်မွေးဝမ်းကျောင်းပညာနှင့် ပတ်သက်၍ ဒေါ်စုပြောစကားအပေါ် ဖွနေတာ တွေ့ရပါသည်။ ဘွဲ့နှင့် အသက်မွေးဝမ်းကျောင်းပညာ ဘယ်ကမြင့်သလည်း ဇဝေဇဝါ ဖြစ်ကုန်ကြပါသည်။ တကယ်က အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွင်လည်း ဘွဲ့သာမက မာစတာ ဒေါက်တာဘွဲ့အထိ ရှိပါသည်။ ဟိုတယ်အခန်း ပြင်ဆင်တတ်ယုံ၊ တွင်ခုံခုတ်တတ်ယုံလောက်ကိုသာ သက်မွေးဝမ်းကျောင်းပညာဟု ခေါ်တာမဟုတ်ကြောင်း သိစေလိုပါသည်။

.

မဆလခေတ်တွင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်များကို အင်္ဂလိပ်လို Institute ဟု သုံးပါသည်။ Institute of Medicine, Rangoon Institute of Technology ဟု ခေါ်ခ့ဲပါသည်။ အခြား စိုက်ပျိုးရေး စီးပွားရေး မွေးမြူရေး တက္ကသိုလ်များကိုလည်း အင်္ဂလိပ်လို Institute ဟုသာ ခေါ်ဆိုခ့ဲပါသည်။ မြန်မာလို ဘွဲ့ရတာချင်းတူသော်လည်း အလုပ်ရလွယ်မှုအပေါ် မူတည်၍ ဝင်ခွင့်အမှတ် မြင့်လာခ့ဲပါသည်။ ရှေးယခင်က အမြင့်ဆုံးဖြစ်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘွဲ့များမှာ နိမ့်သလို ဖြစ်ခ့ဲရပါသည်။

.

ယနေ့ထက်တိုင် မြန်မာအများစုသည် ပညာတတ်စရာမလို၊ ဘွဲ့ရရင် ကြေနပ်နေဆဲ ဖြစ်ပါသည်။ တချို့ဆိုလျင် လေးနှစ်အချိန်ကုန်ခံ ငွေကုန်ခံပြီး ဘွဲ့ယူကြသည်။ နောက်ပိုင်း စာပေးစာယူ (ယခု အဝေးသင်) ပေါ်လာတော့ ဘွဲ့ယူရတာ ပိုလွယ်သွားသည်။ မိမိ အဓိကယူသည့် မေဂျာအမည်ကို အင်္ဂလိပ်လို မသိသည့် ဘွဲ့ရများ ပေါ်ထွက်လာသည်အထိ ဝမ်းနည်းဖွယ် ကောင်းခ့ဲပါသည်။ ဤအဖြစ်များကို ဗိုလ်ချုပ်နေဝင်း အာဏာယူချိန်မှစ၍ ပျက်သည်ဟု စွပ်စွြဲကတာ မှန်သော်လည်း ပညာတတ်ဖို့ထက် ဘွဲ့ရဖို့က ပိုအဓိကဖြစ်နေသော မြန်မာတို့ရဲ့ ဓလေ့ထုံးစံကြောင့်လည်း ပါပါသည်။

.

အင်္ဂလန်တို့ အမေရိကန်တို့မှာတောင် မြန်မာပြည်လောက် ဘွဲ့ရအရည်အတွက် များရဲ့လား သံသယဖြစ်မိသည်။ ရှေးအင်္ဂလိပ်ခေတ်က မြန်မာပြည်တွင် ဘွဲ့ရရှားပါးသည်။ ဘွဲ့ရပါက ရာထူးရာခံရ၍ လူတန်းစေ့ နေနိုင်သဖြင့် ဘွဲ့ကို တန်ဖိုးထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘွဲ့ရများပြီး အလုပ်မပေးနိုင်သဖြင့် ဘွဲ့ရအလုပ်လက်မ့ဲ များလာသော်လည်း မြန်မာများကား ဘွဲ့ကို မက်မောနေဆဲပင်။

.

ကမ်ဘာကျော် ရုပ်ရှင်မင်းသားများ မင်းသမီးများ ၊ အားကစား ဘောလုံးသမားများ ဘွဲ့ရတာ မရှိသလောက်ပါ။ မိမိအလုပ်တွင် ကျွမ်းကျင်လျှင် အောင်မြင်တာဘဲ ဖြစ်သည်။ အပြောများသည့် ဘီလ်ဂိတ်တို့လို အိုင်တီလောကမှ ပဂေးကြီးတွေ ဘွဲ့မရခ့ဲကြပါ။ ဘွဲ့ရလျှင် မကောင်းဘူးလား၊ ကောင်းပါသည်။ သို့သော် ဘွဲ့ရပြီး ဘာမှမတတ်တာနှင့် စာလျှင် အသက်မွေးဝမ်းကျောင်း ပညာတခု တတ်တာက ပိုကောင်းမည် ထင်ပါသည်။ မြန်မာပြည်တွင်လည်း ချမ်းသာ အောင်မြင်နေသူများထဲ ဘွဲ့ရသူ ဘယ်လောက်ရှိမလည်း။ မိမိရသည့် ဘွဲ့နှင့် မဆိုင်သော အလုပ်တွင် အောင်မြင်နေသူရော ဘယ်လောက်များမလည်း။

.

ဒေါ်စုက ကမ်ဘာ့အခြေအနေကို မြင်၍ မြန်မာပြည် လိုအပ်ချက်အတွက် အသက်မွေးပညာတတ်သူ ပညာရှင်များ လိုအပ်နေတာကို ဖြည့်ဖို့ ပြောခ့ြဲခင်း ဖြစ်ပါလိမ့်မည်။ တမင်တကာ အကျအနကောက်၍ က့ဲရဲ့စကားဆိုနေသူများကို ပြန်မရှင်းလိုပါ။ ထိုသူများစကား (အထူးသဖြင့် ဖွဘုတ်ပေါ်မှ) နဝေတိမ်တောင် ဖြစ်နေသူများ အမြင်ရှင်းစေရန် အတွက်ဖြစ်ကြောင်းပါ။ ။


XxXxXx

(Zawgyi version )

    အသက္ေမြးဝမ္းေက်ာင္းပညာႏွင့္ ပတ္သက္၍ ေဒၚစုေျပာစကားအေပၚ ဖြေနတာ ေတြ႔ရပါသည္။ ဘြဲ႔ႏွင့္ အသက္ေမြးဝမ္းေက်ာင္းပညာ ဘယ္ကျမင့္သလည္း ဇေဝဇဝါ ျဖစ္ကုန္ၾကပါသည္။ တကယ္က အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ပညာရပ္တြင္လည္း ဘြဲ႔သာမက မာစတာ ေဒါက္တာဘြဲ႔အထိ ႐ွိပါသည္။ ဟိုတယ္အခန္း ျပင္ဆင္တတ္ယံု၊ တြင္ခံုခုတ္တတ္ယံုေလာက္ကိုသာ သက္ေမြးဝမ္းေက်ာင္းပညာဟု ေခၚတာမဟုတ္ေၾကာင္း သိေစလိုပါသည္။
.
မဆလေခတ္တြင္ သက္ေမြးဝမ္းေက်ာင္း တကၠသိုလ္မ်ားကို အဂၤလိပ္လို Institute ဟု သံုးပါသည္။ Institute of Medicine, Rangoon Institute of Technology ဟု ေခၚခ့ဲပါသည္။ အျခား စိုက္ပ်ိဳးေရး စီးပြားေရး ေမြးျမဴေရး တကၠသိုလ္မ်ားကိုလည္း အဂၤလိပ္လို Institute ဟုသာ ေခၚဆိုခ့ဲပါသည္။ ျမန္မာလို ဘြဲ႔ရတာခ်င္းတူေသာ္လည္း အလုပ္ရလြယ္မႈအေပၚ မူတည္၍ ဝင္ခြင့္အမွတ္ ျမင့္လာခ့ဲပါသည္။ ေ႐ွးယခင္က အျမင့္ဆံုးျဖစ္ေသာ ဝိဇၨာသိပၸံတကၠသိုလ္မွ ဘြဲ႔မ်ားမွာ နိမ့္သလို ျဖစ္ခ့ဲရပါသည္။
.
ယေန႔ထက္တိုင္ ျမန္မာအမ်ားစုသည္ ပညာတတ္စရာမလို၊ ဘဲြ႔ရရင္ ေၾကနပ္ေနဆဲ ျဖစ္ပါသည္။ တခ်ိဳ႕ဆိုလ်င္ ေလးႏွစ္အခ်ိန္ကုန္ခံ ေငြကုန္ခံၿပီး ဘြဲ႔ယူၾကသည္။ ေနာက္ပိုင္း စာေပးစာယူ (ယခု အေဝးသင္) ေပၚလာေတာ့ ဘြဲ႔ယူရတာ ပိုလြယ္သြားသည္။ မိမိ အဓိကယူသည့္ ေမဂ်ာအမည္ကို အဂၤလိပ္လို မသိသည့္ ဘြဲ႔ရမ်ား ေပၚထြက္လာသည္အထိ ဝမ္းနည္းဖြယ္ ေကာင္းခ့ဲပါသည္။ ဤအျဖစ္မ်ားကို ဗိုလ္ခ်ဳပ္ေနဝင္း အာဏာယူခ်ိန္မွစ၍ ပ်က္သည္ဟု စြပ္စြၾဲကတာ မွန္ေသာ္လည္း ပညာတတ္ဖို႔ထက္ ဘြဲ႔ရဖို႔က ပိုအဓိကျဖစ္ေနေသာ ျမန္မာတို႔ရဲ႕ ဓေလ့ထံုးစံေၾကာင့္လည္း ပါပါသည္။
.
အဂၤလန္တို႔ အေမရိကန္တို႔မွာေတာင္ ျမန္မာျပည္ေလာက္ ဘြဲ႔ရအရည္အတြက္ မ်ားရဲ႕လား သံသယျဖစ္မိသည္။ ေ႐ွးအဂၤလိပ္ေခတ္က ျမန္မာျပည္တြင္ ဘြဲ႔ရ႐ွားပါးသည္။ ဘြဲ႔ရပါက ရာထူးရာခံရ၍ လူတန္းေစ့ ေနႏိုင္သျဖင့္ ဘြဲ႔ကို တန္ဖိုးထားခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ဘြဲ႔ရမ်ားၿပီး အလုပ္မေပးႏိုင္သျဖင့္ ဘြဲ႔ရအလုပ္လက္မ့ဲ မ်ားလာေသာ္လည္း ျမန္မာမ်ားကား ဘြဲ႔ကို မက္ေမာေနဆဲပင္။
.
ကမ႓ာေက်ာ္ ႐ုပ္႐ွင္မင္းသားမ်ား မင္းသမီးမ်ား ၊ အားကစား ေဘာလံုးသမားမ်ား ဘြဲ႔ရတာ မ႐ွိသေလာက္ပါ။ မိမိအလုပ္တြင္ ကြၽမ္းက်င္လွ်င္ ေအာင္ျမင္တာဘဲ ျဖစ္သည္။ အေျပာမ်ားသည့္ ဘီလ္ဂိတ္တို႔လို အိုင္တီေလာကမွ ပေဂးႀကီးေတြ ဘြဲ႔မရခ့ဲၾကပါ။ ဘြဲ႔ရလွ်င္ မေကာင္းဘူးလား၊ ေကာင္းပါသည္။ သို႔ေသာ္ ဘြဲ႔ရၿပီး ဘာမွမတတ္တာႏွင့္ စာလွ်င္ အသက္ေမြးဝမ္းေက်ာင္း ပညာတခု တတ္တာက ပိုေကာင္းမည္ ထင္ပါသည္။ ျမန္မာျပည္တြင္လည္း ခ်မ္းသာ ေအာင္ျမင္ေနသူမ်ားထဲ ဘြဲ႔ရသူ ဘယ္ေလာက္႐ွိမလည္း။ မိမိရသည့္ ဘြဲ႔ႏွင့္ မဆိုင္ေသာ အလုပ္တြင္ ေအာင္ျမင္ေနသူေရာ ဘယ္ေလာက္မ်ားမလည္း။
.
ေဒၚစုက ကမ႓ာ့အေျခအေနကို ျမင္၍ ျမန္မာျပည္ လိုအပ္ခ်က္အတြက္ အသက္ေမြးပညာတတ္သူ ပညာ႐ွင္မ်ား လိုအပ္ေနတာကို ျဖည့္ဖို႔ ေျပာခ့ျဲခင္း ျဖစ္ပါလိမ့္မည္။ တမင္တကာ အက်အနေကာက္၍ က့ဲရဲ႕စကားဆိုေနသူမ်ားကို ျပန္မ႐ွင္းလိုပါ။ ထိုသူမ်ားစကား (အထူးသျဖင့္ ဖြဘုတ္ေပၚမွ) နေဝတိမ္ေတာင္ ျဖစ္ေနသူမ်ား အျမင္႐ွင္းေစရန္ အတြက္ျဖစ္ေၾကာင္းပါ။ ။ 

19 June 2017

မွေးနေ့ဆုတောင်း



(Unicode version)




ဒေါ်စု အနည်းဆုံး နောက်နှစ်နှစ်ဆယ်လောက် ကျန်းမာနေ အသက်ရှင်နေဖို့ လိုပါတယ်။

.

မြန်မာတွေက NLD မကလို့ ဘာပါတီဖြစ်ဖြစ် စိတ်မချရပါဘူး။ လစ်ရင်တွယ်တတ်မှ လူတော်လို့ သတ်မှတ်ထားတ့ဲ သူတွေများလို့ပါ။ ခုတောင် သူရှိလို့ သူ့ကြောက်လို့ ငြိမ်နေသူတွေ အများကြီးပါ။

.

ပြီးတော့ ဒေါ်စုကို ကိုယ့်ကိုယ်ကိုထက် ပိုယုံပါတယ်။ ကိုယ်သာ သူ့လောက်ပိုက်ဆံရှိရင် ဒီဗမာတွေကို ပစ်ထားခ့ဲလောက်ပါပြီ။ နင်တို့ဖာသာ ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံလို့ အော်ပြီး နေခ့ဲကြပေတော့လို့။

.

တကယ်က ၇၂နှစ်အရွယ် အမေအို မုဆိုးမတယောက်ဟာ တရားဘာဝနာပွား မြေးထိန်းရင်း အေးဆေးစွာ ဘဝကို ကုန်ဆုံးစေရမှာပါ။

.

ခုတော့ အားနာနာနဲ့ဘဲ ဆုတောင်းရဦးမယ်။

#ဒေါ်အောင်ဆန်းစုကြည်_သက်တော်ရာကျော်_ရှည်ပါစေသတည်း။



XxXxXx

(Zawgyi version)

ေဒၚစု အနည္းဆံုး ေနာက္ႏွစ္ႏွစ္ဆယ္ေလာက္ က်န္းမာေန အသက္႐ွင္ေနဖို႔ လိုပါတယ္။
.
ျမန္မာေတြက NLD မကလို႔ ဘာပါတီျဖစ္ျဖစ္ စိတ္မခ်ရပါဘူး။ လစ္ရင္တြယ္တတ္မွ လူေတာ္လို႔ သတ္မွတ္ထားတ့ဲ သူေတြမ်ားလို႔ပါ။ ခုေတာင္ သူ႐ွိလို႔ သူ႔ေၾကာက္လို႔ ၿငိမ္ေနသူေတြ အမ်ားႀကီးပါ။
.
ၿပီးေတာ့ ေဒၚစုကို ကိုယ့္ကိုယ္ကိုထက္ ပိုယံုပါတယ္။ ကိုယ္သာ သူ႔ေလာက္ပိုက္ဆံ႐ွိရင္ ဒီဗမာေတြကို ပစ္ထားခ့ဲေလာက္ပါၿပီ။ နင္တို႔ဖာသာ ေပျဖစ္ရင္ခံ၊ တူျဖစ္ရင္ႏွံလို႔ ေအာ္ၿပီး ေနခ့ဲၾကေပေတာ့လို႔။
.
တကယ္က ၇၂ႏွစ္အရြယ္ အေမအို မုဆိုးမတေယာက္ဟာ တရားဘာဝနာပြား ေျမးထိန္းရင္း ေအးေဆးစြာ ဘဝကို ကုန္ဆံုးေစရမွာပါ။
.
ခုေတာ့ အားနာနာနဲ႔ဘဲ ဆုေတာင္းရဦးမယ္။
#ေဒၚေအာင္ဆန္းစုၾကည္_သက္ေတာ္ရာေက်ာ္_႐ွည္ပါေစသတည္း။