31 May 2014

မြန်​မာပြည်​အတွက်​ ဖာဂူဆန်​

(Unicode version)

မန်​ယူဆိုတာ မြန်​မာအများစု အသဲစွဲပါ။ တချို့ကလဲ မန်​ချက်​တ့ဲ။ မြန်​မာပြည်​သား အများစု အား​ပေးကြတ့ဲ အင်္ဂလန်​ပရီးမီးယားလိဂ်​ ပြိုင်​ပွဲ၀င် မန်ချက်စတာမြို့ အ​ချေစိုက်​​​​ ​ဘောလုံးအသင်​းဆိုတာ ​ပြောဖို့ မလို​တော့ပါဘူး။ ​တော်​​တော်​များများ မြန်​မာ​တွေ မန်​ယူအသင်​းအ​ကြောင်​း အလွတ်​ရ​နေကြပါတယ်​။ ဂျာနယ်​ထုတ်​ လုပ်​စား​နေသူ​တွေ အသဲစွဲ​ပေါ့။ သူတို့ လုပ်​စား​ပေမ့ဲ မှားယင်​ စာဖတ်​ပရိဿတ်​က ပိုသိ​နေပါတယ်​။ မြန်​မာ​တွေ အဲဒီ​လောက်​ မန်​ယူကို အား​ပေးတာပါ။



​ဘောလုံးပွဲ ကြည်​့သူ​တွေထက်​ မန်​ယူကို ပိုချစ်​သူ​တွေက ​ဘောပွဲ​လောင်​းတ့ဲ ဒိုင်​​တွေပါ။ မြန်​မာပရိသတ်​ မန်​ယူဖက်​က ​လောင်​းမယ်​ဆိုတာ သိ​တော့ ​လောင်​း​ကြေးခိုးထား​လေ့ ရှိပါတယ်​။ မြန်​မာ​တွေကလဲ မန်​ယူ ဘာနဲ့ကန်​ကန်​ မန်​ယူဖက်​ကဘဲ ​လောင်​းချင်​ကြပါတယ်​။ ဒီ​တော့ဒိုင်​​တွေက မန်​ယူဖက်​က ​လောင်​း​ကြေးကို ​လျှော့​ပေးကြတာ​ပေါ့။ မရပါဘူး။ ဘာ​ကြေးထွက်​ထွက်​ အချိန်​တန်​ မန်​ယူဖက်​က ထိုင်​ကြတာပါ။



ရပ်​ကွက်​ထဲက လက်​ခွဲဒိုင်​ တ​ယောက်​​တွေ့ဘူးတယ်​။ သူက ဒိုင်​ကြီးစီမှာ မန်​ယူနဲ့ ဆန်​့ကျင်​ဖက်​ကို တ​သောင်​းဖိုး သွား​လောင်​းလိုက်​တယ်​။ ပြီးမှ ရပ်​ကွက်​ထဲမှာ ပြန်​ဒိုင်​ခံတယ်​။ ​ကြေးက​တော့ ဟ ထားတာ​ပေါ့။ မန်​ယူဖက်​ပဲ ​လောင်​းမှာ​သေချာ​နေတာဘဲ။ ဒီနှစ်​မပါ၊အရင်​က​တော့ မန်​ယူနိုင်​တာများတယ်​​လေ။ သူတို့အ​ပြော ရွာသား​တွေ အို​ကေတယ်​​ပေါ့။ တခါတ​လေ​တော့ ရွာသား​တွေ ကွဲတတ်​ပါတယ်​။ သို့​သော်​ များ​သောအားဖြင်​့ မန်​ယူက နိုင်​တတ်​​တော့ ရွာသား​တွေက မန်​ယူ မှ မန်​ယူ ပါဘဲ။



၁၉၈၉​လောက်​က​နေ မနှစ်​​လောက်​အထိ မန်​ယူ ​အောင်​ပွဲ​တွေရခ့ဲတာ မန်​​နေဂျာလို့ သူတို့​ခေါ်တ့ဲ နည်​းပြကြီး ဖာဂူဆန်​ ​ကြောင်​့ပါဘဲ။ ကစားသမား​တွေ အားထုတ်​မှုပါ​ပေမ့ဲ အသင်​းကို စီမံခံ့ခွဲ့တ့ဲ မန်​​နေဂျာက အဓိကပါဘဲ။ သူက တသင်​းလုံး အ​ကြောင်​းသာမက တဖက်​အသင်​းရဲ့ အ​ကြောင်​းလဲ သိ​နေ​တော့ ဘယ်​လိုကစားရမယ်​၊ ဘယ်​အချိန်​မှာ လူလဲရမယ်​၊ စသည်​ဖြင်​့ စီမံနိုင်​ပါတယ်​။ ​ဘောလုံးပွဲတပွဲမှာ ဖာဂူဆန်​ လူလဲလိုက်​ယင်​ အသင်​းကစားပုံ ​ပြောင်​းသွားတတ်​ပြီး ရှုံး​နေယင်​​တောင်​ နိုင်​သွားတတ်​တာတွ မန်​ယူ ပရိဿတ်​ အသိဆုံးပါ။ ဒါ​ကြောင်​့လဲ မန်​ယူဖက်​က​နေ ​လောင်​းတတ်​ကြတာပါဘဲ။



မြန်​မာ​တွေ မန်​ယူဖက်​က ​လောင်​းကြတာ များပါတယ်​။ မန်​ယူကို ယုံလို့​ပေါ့။ တကယ်​က မန်​ယူရဲ့ ကွင်​းကို​ရောက်​ဖူးသူ မြန်​မာတရာ​တောင်​ ပြည်​့ပါ့မလား။ မန်​ယူကစားသမားဆိုတာလဲ ဒီကိုလာသွားတ့ဲ ကစားသမား​ဟောင်​း နှစ်​​ယောက်​ကိုသာ ​တွေ့ဘူးတာပါ။ ကစားသမား​တွေရဲ့ အ​ကြောင်​း​တွေ အကုန်​လုံး​လောက်​ အလွတ်​ရ​နေ​ပေမ့ဲ ဘယ်​သူမှ ​သေချာမသိပါဘူး။ ဂျာနယ်​​တွေ ​ပြောသ​လောက်​သာ သိ​နေတာပါ။ ဒါဖြင်​့ ဘာ​ကြောင်​့ မန်​ယူကို ယုံလို့ ပုံကြတာလဲ။ နိုင်​မှာ ရာခိုင်​နှုန်​း များလို့​ပေါဗျာ။



၁၉၈၉ က​နေ မနှစ်​ကအထိ မန်​ယူ နိုင်​​လေ့ရှိတာက ဘာ​ကြောင်​့ပါလဲ။ မန်​ယူ ပရိဿတ်​ ရွာသားများ စဉ်​းစားမိပါရဲ့လား။ ​သေချာတာက မြန်​မာ အသင်​းရှုံးယင်​ အပြစ်​တင်​​နေကြ ကွင်​းနဲ့ ရာသီဥတု ​ကြောင်​့​တော့ မဟုတ်​​လောက်​ဘူး။ ကစားသမား​တွေ ​ကြောင်​့လား၊ ရာခိုင်​နှုန်​း အနည်​းငယ်​ ဆိုင်​ပါလိမ်​့မယ်​။ ဘာလို့လဲဆို​တော့ ဒီ ၂၅နှစ်​အတွင်​းမှာ ကစားသမား​တွေ အများအပြား ​ပြောင်​းခ့ဲပြီ​လေ။ ဂစ်​ကအစ ကန်​တိုနာ ဘက်​ဟမ်​း စီ​ရော်​နယ်​ဒို အဆုံး အများကြီးပါဘဲ။ အဲ ဒီ ၂၅နှစ်​ အတွင်​းမ​ပြောင်​းလဲခ့ဲတာက နည်​းပြကြီး ဖာဂူဆန်​ပါဘဲ။



နည်​းပြကြီး တနည်​း မန်​​နေဂျာ ဖာဂူဆန်​ပါဘဲ။ သူရဲ့ စီမံခန့်​ ့ခွဲမှု​ကြောင်​့သာ နိုင်​ပွဲ​တွေ ဆက်​ခ့ဲတာပါ။ ကစားသမား​တွေ ​တော်​တာမှန်​​ပေမ့ဲ ဘယ်​သူက သင်​့​တော်​တယ်​ဆိုတာ သူ စီမံနိုင်​လို့သာ နိုင်​ပွဲများတာပါ။ ခု သူမရှိ​တော့ သိသာသွားပြီ​လေ။ သူထားခ့ဲတ့ဲ ကစားသမား​တွေနဲ့ ​နောက်​နည်​းပြ စီမံတာ ဥ​ရောပမှာ​တောင်​ ​နောက်​နှစ်​ မကန်​ရ​တော့ပါဘူး။ ဒါ​ကြောင်​့ မန်​ယူ​အောင်​မြင်​တာ နည်​းပြကြီးက ၇၅% အထက်​ သက်​ဆိုင်​​နေပါတယ်​။



ဒီအထိ လက်​ခံကြပါသလား။ ဒီလိုဆို ဟိုမှာကန်​တ့ဲ ​ဘောလုံးပွဲကို ဒီက​နေ လှမ်​း​လောင်​းတာ နိုင်​မယ်​ထင်​လို့​ပေါ့။ ကိုယ်​လဲ တီဗီက​နေဘဲ ကြည်​့ရပြီး ဘာမှ ၀င်​​ပြောလို့လဲ ရတာမဟုတ်​။ ကိုယ်​​လောင်​းတ့ဲ အသင်​းနိုင်​မယ်​ထင်​လို့ လှမ်​းကြိတ်​ရတာဘဲ။ ကိုယ်​ထင်​တာနဲ့ လွဲ​တော့လဲ ဘာမှ လုပ်​လို့မရ။ ဒီမှာ ထိုင်​ဆဲယုံဘဲ တတ်​နိုင်​တယ်​​လေ။ မန်​ယူ ပရိဿတ်​ကြီးက​တော့ မဆဲပါဘူး။ ဒီပွဲရှုံးလဲ ​နောက်​ပွဲကျ နွှဲမယ်​ဆိုပြီး အားခဲ ထားတာပါဘဲ။ မန်​ယူကို ယုံတယ်​​လေ။



ဒီ​တော့ ရွာသား​တွေကို ​မေးချင်​ပါတယ်​။ မန်​ယူကို ဘာ​ကြောင်​့ယုံလဲ တချက်​ထဲ ​ဖြေပါဆို ဘာ​ဖြေမှာပါလဲ။ နည်​းပြကြီး ဖာဂူဆန်​​ကြောင်​့ပါဘဲ။ မိမိတို့ စိတ်​ထဲ သိချင်​မှသိမယ်​၊ သတိထားမိချင်​မှ ထားမိမယ်​၊ ဖာဂူဆန်​​ကြောင်​့မန်​ယူ ဖြစ်​​နေတာပါဘဲ။ လူတိုင်​းရဲ့ မသိစိတ်​က ယုံကြည်​​နေတယ်​။ ဖာဂူဆန်​သည်​ မန်​ယူ ရှုံး​အောင်​ လုပ်​မှာမဟုတ်​၊နစ်​နာ​အောင်​ ဘယ်​​တော့မှ လုပ်​မှာမဟုတ်​၊ ကစားသမား​တွေကိုလဲ မန်​ယူစိတ်​ဓာတ်​ သွင်​းနိုင်​တယ်​။ နိုင်​ချင်​စိတ်​ ရှိ​အောင်​လုပ်​နိုင်​တယ်​။ နိုင်​​အောင်​ စီမံခန်​ ့ခွဲ နိုင်​တ့ဲ အရည်​အချင်​းလဲ ရှိတာ အားလုံး အသိပါဘဲ။ မန်​ယူဟာ ဒီလို မန်​​နေဂျာ ​ကောင်​းရှိလို့ ​အောင်​မြင်​ခ့ဲတာ အ​သေအချာပါ။



အ​ေ၀းက မန်​ယူကို လှမ်​းအား​ပေး​လေ့ရှိတ့ဲ ရွာသား​တွေကို စဉ်​းစားစရာ​လေး တခု ​ပြောချင်​ပါတယ်​။ အသင်​း အဖွဲ့ တခုမှာ နည်​းပြ​ကောင်​း တ​ယောက်​ရှိယင်​ ဒီအသင်​း ​အောင်​မြင်​ဘို့ များ​နေပါပြီ။ ခုလက်​ရှိ မြန်​မာပြည်​ အတွက်​လဲ နည်​းပြ​ကောင်​း တ​ယောက်​ရှိ​နေပါပြီ။ အ​ေ၀းက နည်​းပြကြီးကို​တောင်​ လှမ်​းယုံ​သေးရင်​ ဒီက မြန်​မာပြည်​အတွက်​ နည်​းပြကို ဘာလို့ မယုံရမှာလဲ။ အရည်​အချင်​း ဇွဲ စိတ်​ဓာတ်​ အားလုံးပြည်​့စုံတ့ဲ သူပါ။ ပြည်​သူပြည်​သား​တွေရဲ့ စိတ်​ဓာတ်​ကို သိလဲသိ စည်​းရုံး လဲ စည်​းရုံးနိုင်​တ့ဲသူပါ။ ကိုယ်​နဲ့ဘာမှ မပါတ်​သက်​တ့ဲသူကို​တောင်​ ယုံကြည်​ ပုံ​အောခ့ဲတာ ကိုယ်​့အတွက်​ ​ကောင်​း​အောင်​ လုပ်​​ပေးမ့ဲသူကျမှ ဘာပုံမ​အောရဲစရာ ရှိလဲ။ သူက မြန်​မာ​တွေ နစ်​နာ​အောင်​ လုပ်​မ့ဲသူမဟုတ်​၊ မြန်​မာပြည်​ ကို အ​ကြောင်​းပြပြီး သူ​ကောင်​းစား​အောင်​ လုပ်​မ့ဲသူ မဟုတ်​တာ​သေချာပါတယ်​။ မြန်​မာပြည်​ အတွက်​ ဒီလို အခွင်​့အ​ရေး မျိုး ​နောက်​ထပ်​ လွယ်​လွယ်​နဲ့ မရနိုင်​​တော့ပါ။ နည်​းပြ​ကောင်​း ရ​နေတုံး ပုံ​အောလိုက်​ကြပါစို့။



P.S ။ ။ ခုလောလောဆယ် မြန်မာနည်းပြကြီးက ၄ ၃ ၆ ကစားကွက် မြန်မာတွေအတွက် ချပေးထားပါတယ်။ ယုံယုံကြည်ကြည်နဲ့ ကစားကြည့်ကြပါစို့။

XxXxXx

(Zawgyi version )

မန္​ယူဆိုတာ ျမန္​မာအမ်ားစု အသဲစြဲပါ။ တခ်ိဳ႕ကလဲ မန္​ခ်က္​တ့ဲ။ ျမန္​မာျပည္​သား အမ်ားစု အား​ေပးၾကတ့ဲ အဂၤလန္​ပရီးမီးယားလိဂ္​ ၿပိဳင္​ပြဲ၀င္ မန္ခ်က္စတာျမိဳ့ အ​ေခ်စိုက္​​​​ ​ေဘာလံုးအသင္​းဆိုတာ ​ေျပာဖို႔ မလို​ေတာ့ပါဘူး။ ​ေတာ္​​ေတာ္​မ်ားမ်ား ျမန္​မာ​ေတြ မန္​ယူအသင္​းအ​ေၾကာင္​း အလြတ္​ရ​ေနၾကပါတယ္​။ ဂ်ာနယ္​ထုတ္​ လုပ္​စား​ေနသူ​ေတြ အသဲစြဲ​ေပါ့။ သူတို႔ လုပ္​စား​ေပမ့ဲ မွားယင္​ စာဖတ္​ပရိႆတ္​က ပိုသိ​ေနပါတယ္​။ ျမန္​မာ​ေတြ အဲဒီ​ေလာက္​ မန္​ယူကို အား​ေပးတာပါ။

​ေဘာလံုးပြဲ ၾကည္​့သူ​ေတြထက္​ မန္​ယူကို ပိုခ်စ္​သူ​ေတြက ​ေဘာပြဲ​ေလာင္​းတ့ဲ ဒိုင္​​ေတြပါ။ ျမန္​မာပရိသတ္​ မန္​ယူဖက္​က ​ေလာင္​းမယ္​ဆိုတာ သိ​ေတာ့ ​ေလာင္​း​ေၾကးခိုးထား​ေလ့ ႐ွိပါတယ္​။ ျမန္​မာ​ေတြကလဲ မန္​ယူ ဘာနဲ႔ကန္​ကန္​ မန္​ယူဖက္​ကဘဲ ​ေလာင္​းခ်င္​ၾကပါတယ္​။ ဒီ​ေတာ့ဒိုင္​​ေတြက မန္​ယူဖက္​က ​ေလာင္​း​ေၾကးကို ​ေလ်ွာ့​ေပးၾကတာ​ေပါ့။ မရပါဘူး။ ဘာ​ေၾကးထြက္​ထြက္​ အခ်ိန္​တန္​ မန္​ယူဖက္​က ထိုင္​ၾကတာပါ။

ရပ္​ကြက္​ထဲက လက္​ခြဲဒိုင္​ တ​ေယာက္​​ေတြ႔ဘူးတယ္​။ သူက ဒိုင္​ႀကီးစီမွာ မန္​ယူနဲ႔ ဆန္​႔က်င္​ဖက္​ကို တ​ေသာင္​းဖိုး သြား​ေလာင္​းလိုက္​တယ္​။ ၿပီးမွ ရပ္​ကြက္​ထဲမွာ ျပန္​ဒိုင္​ခံတယ္​။ ​ေၾကးက​ေတာ့ ဟ ထားတာ​ေပါ့။ မန္​ယူဖက္​ပဲ ​ေလာင္​းမွာ​ေသခ်ာ​ေနတာဘဲ။ ဒီႏွစ္​မပါ၊အရင္​က​ေတာ့ မန္​ယူႏိုင္​တာမ်ားတယ္​​ေလ။ သူတို႔အ​ေျပာ ရြာသား​ေတြ အို​ေကတယ္​​ေပါ့။ တခါတ​ေလ​ေတာ့ ရြာသား​ေတြ ကြဲတတ္​ပါတယ္​။ သို႔​ေသာ္​ မ်ား​ေသာအားျဖင္​့ မန္​ယူက ႏိုင္​တတ္​​ေတာ့ ရြာသား​ေတြက မန္​ယူ မွ မန္​ယူ ပါဘဲ။

၁၉၈၉​ေလာက္​က​ေန မႏွစ္​​ေလာက္​အထိ မန္​ယူ ​ေအာင္​ပြဲ​ေတြရခ့ဲတာ မန္​​ေနဂ်ာလို႔ သူတို႔​ေခၚတ့ဲ နည္​းျပႀကီး ဖာဂူဆန္​ ​ေၾကာင္​့ပါဘဲ။ ကစားသမား​ေတြ အားထုတ္​မႈပါ​ေပမ့ဲ အသင္​းကို စီမံခံ့ခြဲ႔တ့ဲ မန္​​ေနဂ်ာက အဓိကပါဘဲ။ သူက တသင္​းလံုး အ​ေၾကာင္​းသာမက တဖက္​အသင္​းရဲ႕ အ​ေၾကာင္​းလဲ သိ​ေန​ေတာ့ ဘယ္​လိုကစားရမယ္​၊ ဘယ္​အခ်ိန္​မွာ လူလဲရမယ္​၊ စသည္​ျဖင္​့ စီမံႏိုင္​ပါတယ္​။ ​ေဘာလံုးပြဲတပြဲမွာ ဖာဂူဆန္​ လူလဲလိုက္​ယင္​ အသင္​းကစားပံု ​ေျပာင္​းသြားတတ္​ၿပီး ႐ွံုး​ေနယင္​​ေတာင္​ ႏိုင္​သြားတတ္​တာတြ မန္​ယူ ပရိႆတ္​ အသိဆံုးပါ။ ဒါ​ေၾကာင္​့လဲ မန္​ယူဖက္​က​ေန ​ေလာင္​းတတ္​ၾကတာပါဘဲ။

ျမန္​မာ​ေတြ မန္​ယူဖက္​က ​ေလာင္​းၾကတာ မ်ားပါတယ္​။ မန္​ယူကို ယံုလို႔​ေပါ့။ တကယ္​က မန္​ယူရဲ႕ ကြင္​းကို​ေရာက္​ဖူးသူ ျမန္​မာတရာ​ေတာင္​ ျပည္​့ပါ့မလား။ မန္​ယူကစားသမားဆိုတာလဲ ဒီကိုလာသြားတ့ဲ ကစားသမား​ေဟာင္​း ႏွစ္​​ေယာက္​ကိုသာ ​ေတြ႔ဘူးတာပါ။ ကစားသမား​ေတြရဲ႕ အ​ေၾကာင္​း​ေတြ အကုန္​လံုး​ေလာက္​ အလြတ္​ရ​ေန​ေပမ့ဲ ဘယ္​သူမွ ​ေသခ်ာမသိပါဘူး။ ဂ်ာနယ္​​ေတြ ​ေျပာသ​ေလာက္​သာ သိ​ေနတာပါ။ ဒါျဖင္​့ ဘာ​ေၾကာင္​့ မန္​ယူကို ယံုလို႔ ပံုၾကတာလဲ။ ႏိုင္​မွာ ရာခိုင္​ႏႈန္​း မ်ားလို႔​ေပါဗ်ာ။

၁၉၈၉ က​ေန မႏွစ္​ကအထိ မန္​ယူ ႏိုင္​​ေလ့႐ွိတာက ဘာ​ေၾကာင္​့ပါလဲ။ မန္​ယူ ပရိႆတ္​ ရြာသားမ်ား စဥ္​းစားမိပါရဲ႕လား။ ​ေသခ်ာတာက ျမန္​မာ အသင္​း႐ွံုးယင္​ အျပစ္​တင္​​ေနၾက ကြင္​းနဲ႔ ရာသီဥတု ​ေၾကာင္​့​ေတာ့ မဟုတ္​​ေလာက္​ဘူး။ ကစားသမား​ေတြ ​ေၾကာင္​့လား၊ ရာခိုင္​ႏႈန္​း အနည္​းငယ္​ ဆိုင္​ပါလိမ္​့မယ္​။ ဘာလို႔လဲဆို​ေတာ့ ဒီ ၂၅ႏွစ္​အတြင္​းမွာ ကစားသမား​ေတြ အမ်ားအျပား ​ေျပာင္​းခ့ဲၿပီ​ေလ။ ဂစ္​ကအစ ကန္​တိုနာ ဘက္​ဟမ္​း စီ​ေရာ္​နယ္​ဒို အဆံုး အမ်ားႀကီးပါဘဲ။ အဲ ဒီ ၂၅ႏွစ္​ အတြင္​းမ​ေျပာင္​းလဲခ့ဲတာက နည္​းျပႀကီး ဖာဂူဆန္​ပါဘဲ။

နည္​းျပႀကီး တနည္​း မန္​​ေနဂ်ာ ဖာဂူဆန္​ပါဘဲ။ သူရဲ႕ စီမံခန္႔​ ့ခြဲမႈ​ေၾကာင္​့သာ ႏိုင္​ပြဲ​ေတြ ဆက္​ခ့ဲတာပါ။ ကစားသမား​ေတြ ​ေတာ္​တာမွန္​​ေပမ့ဲ ဘယ္​သူက သင္​့​ေတာ္​တယ္​ဆိုတာ သူ စီမံႏိုင္​လို႔သာ ႏိုင္​ပြဲမ်ားတာပါ။ ခု သူမ႐ွိ​ေတာ့ သိသာသြားၿပီ​ေလ။ သူထားခ့ဲတ့ဲ ကစားသမား​ေတြနဲ႔ ​ေနာက္​နည္​းျပ စီမံတာ ဥ​ေရာပမွာ​ေတာင္​ ​ေနာက္​ႏွစ္​ မကန္​ရ​ေတာ့ပါဘူး။ ဒါ​ေၾကာင္​့ မန္​ယူ​ေအာင္​ျမင္​တာ နည္​းျပႀကီးက ၇၅% အထက္​ သက္​ဆိုင္​​ေနပါတယ္​။

ဒီအထိ လက္​ခံၾကပါသလား။ ဒီလိုဆို ဟိုမွာကန္​တ့ဲ ​ေဘာလံုးပြဲကို ဒီက​ေန လွမ္​း​ေလာင္​းတာ ႏိုင္​မယ္​ထင္​လို႔​ေပါ့။ ကိုယ္​လဲ တီဗီက​ေနဘဲ ၾကည္​့ရၿပီး ဘာမွ ၀င္​​ေျပာလို႔လဲ ရတာမဟုတ္​။ ကိုယ္​​ေလာင္​းတ့ဲ အသင္​းႏိုင္​မယ္​ထင္​လို႔ လွမ္​းႀကိတ္​ရတာဘဲ။ ကိုယ္​ထင္​တာနဲ႔ လြဲ​ေတာ့လဲ ဘာမွ လုပ္​လို႔မရ။ ဒီမွာ ထိုင္​ဆဲယံုဘဲ တတ္​ႏိုင္​တယ္​​ေလ။ မန္​ယူ ပရိႆတ္​ႀကီးက​ေတာ့ မဆဲပါဘူး။ ဒီပြဲ႐ွံုးလဲ ​ေနာက္​ပြဲက် ႏႊဲမယ္​ဆိုၿပီး အားခဲ ထားတာပါဘဲ။ မန္​ယူကို ယံုတယ္​​ေလ။

ဒီ​ေတာ့ ရြာသား​ေတြကို ​ေမးခ်င္​ပါတယ္​။ မန္​ယူကို ဘာ​ေၾကာင္​့ယံုလဲ တခ်က္​ထဲ ​ေျဖပါဆို ဘာ​ေျဖမွာပါလဲ။ နည္​းျပႀကီး ဖာဂူဆန္​​ေၾကာင္​့ပါဘဲ။ မိမိတို႔ စိတ္​ထဲ သိခ်င္​မွသိမယ္​၊ သတိထားမိခ်င္​မွ ထားမိမယ္​၊ ဖာဂူဆန္​​ေၾကာင္​့မန္​ယူ ျဖစ္​​ေနတာပါဘဲ။ လူတိုင္​းရဲ႕ မသိစိတ္​က ယံုၾကည္​​ေနတယ္​။ ဖာဂူဆန္​သည္​ မန္​ယူ ႐ွံုး​ေအာင္​ လုပ္​မွာမဟုတ္​၊နစ္​နာ​ေအာင္​ ဘယ္​​ေတာ့မွ လုပ္​မွာမဟုတ္​၊ ကစားသမား​ေတြကိုလဲ မန္​ယူစိတ္​ဓာတ္​ သြင္​းႏိုင္​တယ္​။ ႏိုင္​ခ်င္​စိတ္​ ႐ွိ​ေအာင္​လုပ္​ႏိုင္​တယ္​။ ႏိုင္​​ေအာင္​ စီမံခန္​ ့ခြဲ ႏိုင္​တ့ဲ အရည္​အခ်င္​းလဲ ႐ွိတာ အားလံုး အသိပါဘဲ။ မန္​ယူဟာ ဒီလို မန္​​ေနဂ်ာ ​ေကာင္​း႐ွိလို႔ ​ေအာင္​ျမင္​ခ့ဲတာ အ​ေသအခ်ာပါ။

အ​ေ၀းက မန္​ယူကို လွမ္​းအား​ေပး​ေလ့႐ွိတ့ဲ ရြာသား​ေတြကို စဥ္​းစားစရာ​ေလး တခု ​ေျပာခ်င္​ပါတယ္​။ အသင္​း အဖြဲ႔ တခုမွာ နည္​းျပ​ေကာင္​း တ​ေယာက္​႐ွိယင္​ ဒီအသင္​း ​ေအာင္​ျမင္​ဘို႔ မ်ား​ေနပါၿပီ။ ခုလက္​႐ွိ ျမန္​မာျပည္​ အတြက္​လဲ နည္​းျပ​ေကာင္​း တ​ေယာက္​႐ွိ​ေနပါၿပီ။ အ​ေ၀းက နည္​းျပႀကီးကို​ေတာင္​ လွမ္​းယံု​ေသးရင္​ ဒီက ျမန္​မာျပည္​အတြက္​ နည္​းျပကို ဘာလို႔ မယံုရမွာလဲ။ အရည္​အခ်င္​း ဇြဲ စိတ္​ဓာတ္​ အားလံုးျပည္​့စံုတ့ဲ သူပါ။ ျပည္​သူျပည္​သား​ေတြရဲ႕ စိတ္​ဓာတ္​ကို သိလဲသိ စည္​းရံုး လဲ စည္​းရံုးႏိုင္​တ့ဲသူပါ။ ကိုယ္​နဲ႔ဘာမွ မပါတ္​သက္​တ့ဲသူကို​ေတာင္​ ယံုၾကည္​ ပံု​ေအာခ့ဲတာ ကိုယ္​့အတြက္​ ​ေကာင္​း​ေအာင္​ လုပ္​​ေပးမ့ဲသူက်မွ ဘာပံုမ​ေအာရဲစရာ ႐ွိလဲ။ သူက ျမန္​မာ​ေတြ နစ္​နာ​ေအာင္​ လုပ္​မ့ဲသူမဟုတ္​၊ ျမန္​မာျပည္​ ကို အ​ေၾကာင္​းျပၿပီး သူ​ေကာင္​းစား​ေအာင္​ လုပ္​မ့ဲသူ မဟုတ္​တာ​ေသခ်ာပါတယ္​။ ျမန္​မာျပည္​ အတြက္​ ဒီလို အခြင္​့အ​ေရး မ်ိဳး ​ေနာက္​ထပ္​ လြယ္​လြယ္​နဲ႔ မရႏိုင္​​ေတာ့ပါ။ နည္​းျပ​ေကာင္​း ရ​ေနတံုး ပံု​ေအာလိုက္​ၾကပါစို႔။

P.S ။       ။ ခုေလာေလာဆယ္ ျမန္မာနည္းျပႀကီးက  ၄   ၃    ၆ ကစားကြက္ ျမန္မာေတြအတြက္            ခ်ေပးထားပါတယ္။   ယံုယံုၾကည္ၾကည္နဲ႔ ကစားၾကည့္ၾကပါစို႔။

23 May 2014

၂၀၁၄ အင်း​လေး

(Unicode version)

အင်​း​လေး​ရေကန်​သို့ နှစ်​သုံးဆယ်​အကြာမှာ တ​ခေါက်​​ရောက်​ပါသည်​။ ​ညောင်​​ရွှေ​လှေဆိပ်​မှ သုံးမိုင်​ခန်​့ စီးလိုက်​သည်​နှင်​့ အင်​း​လေး​ရေပြင်​ကျယ်​ကို ​တွေ့ရပါသည်​။ ​တော်​ပါ​သေးရဲ့၊ အင်​း​လေး ​ရေမခန်​း​ပေလို့ဟု လူပြိန်​း​တွေး ​တွေးမိသည်​။ ညာဖက်​ ကန်​အ​နောက်​ခြမ်​းသို့ ကြည်​့လိုက်​ရာ ​ရှေးယခင်​က ​ခေါင်​တိုင်​ရွာ လူရည်​ချွန်​ စခန်​းကိုသာ ပြပြ​လေး မြင်​ရတာ မှတ်​မိသည်​။ ခု​တော့ အင်​းယားကန်​​စောင်​းပမာ အိမ်​​တွေဆက်​​နေသည်​။ ထိုရွာ​တွေ ​နောက်​ဖက်​မှ ​တောင်​​တွေက​တော့ ​တောင်​ယာလုပ်​ငန်​း​တွေ​ကြောင်​့ ​တောင်​ကတုံးများ ဖြစ်​​နေပြီ။

ဆက်​စီးလာရာ ဗိုလ်​တဲအလွန်​တွင်​ ယခင်​က မိုင်​း​သောက်​သကြားစက်​သာ လှမ်​းမြင်​ရ​သော်​လည်​း ခု​တော့ ​ရေစပ်​တ​လျှောက်​ ဟိုတယ်​​တွေ ​တွေ့​နေသည်​။ ​ရေ​ပေါ် ရိုးရာ ​ဒီဇိုင်​းနှင်​့ ဟော်​တယ်​​တွေ​ပေါ့။ ​ဖောင်​​တော်​ဦးဘုရားနှင်​့ တတန်​းထဲ​လောက်​တွင်​ ​တောင်​များကို ဘူဒိုဇာနှင်​့ ထိုးထားသည်​့ အရာ​တွေကို ​တွေ့ရသည်​။ မိုက်​လိုက်​ကျပါဘိ။


ရေလည်​ရွာအ​ရောက်​​တော့ ကန်​​ရေက ပုံမှန်​ထက်​ ငါး​ပေခန်​့ ​လျော့​နေသည်​တ့ဲ။ ကန်​ ဧရိယာကို ငါး​ပေထုနှင်​့ ​မြှောက်​ကြည်​့လျှင်​ ​ရော့သွားသည်​့ ​ရေထုကို တွက်​ကြည်​့နိုင်​ပါသည်​။ ​ဖောင်​​တော်​ဦးဘုရား ​ရှေ့တွင်​ ​ရေက နှစ်​​ပေခန်​့ရှိ​နေ၍ ​လှေကပ်​လို့ ရ​သေးသဖြင်​့ ​တော်​​သေးသည်​။ ​ရေအခန်​းဆုံးနှစ်​က လုံး၀ ကုန်​း​ပေါ်သည်​တ့ဲ။


မေးမြန်​းကြည်​့​တော့ အ​ပေါ်ယံ ​ရေမျက်​နှာပြင်​ ငါး​ပေ​လျော့သလို ​ရေ​အောက်​ကြမ်​းပြင်​ ၁၅​ပေ ၊ ​ပေ ၂၀ခန်​့ တိမ်​လာသတ့ဲ။ မျက်​စိအမြင်​ ငါး​ပေခန်​့သာ​လျော့သည်​ဟု လူပြိန်​းအ​တွေး မမြင်​​စေချင်​ပါ။ အ​ပေါ်​အောက်​ ​ရေထုသည်​ ​ပေ ၂၀ ​လျော့သွားလျှင်​ပင်​ ကန်အကျယ်​ ​ရေဧရိယာနှင်​့ တွက်​လိုက်​လျှင်​ နည်​းသည်​့ ​ရေထု ဆုံးရှူံး သွားသည်​ မဟုတ်​ပါလား။



ကန်​​ရေပြင်​ တိမ်​လာခြင်​းသည်​ ​တောင်​များ​ပေါ်မှ ​ရေတိုက်​စားမှု​ကြောင်​့ ဖြစ်​လာခြင်​း ဖြစ်​သည်​။ ဆိုခ့ဲသည်​့အတိုင်​း ကန်​အ​နောက်​ခြမ်​းမှ ​တောင်​ကတုံးများသည်​ စိုက်​ပျိုး​ရေး​ကြောင်​့ဖြစ်​သည်​။ နားမလည်​ရှာသူ ​တောင်​သူများကို နားလည်​သည်​အထိ စည်​းရုံး ပညာ​ပေးရပါမည်​။ ​တောင်​သူများသည်​ စားနိုင်​​သောက်​နိုငိရန်​ စိုက်​ပျိုး​ရေး လုပ်​​နေရသူသာ များပါလိမ်​့မည်​။



ကန်​ အ​ရှေ့ခြမ်​းမှာ​တော့ မတ်​​စောက်​​သော မဲနယ်​​တောင်​တန်​းဖြစ်​၍ စိုက်​ပျိုး​ရေး လုပ်​ကွက်​ များများမရှိ။ ဟိုတယ်​​ဆောက်​ရန် ​​မြေဖြို ​ေ​နတာတ့ဲ။​ ​မြေဖြိုသူများက​တော့ ​သေချာသည်​။ သူ​ဌေး ​လောဘသားများပါ။ ခရိုနီ ကြီးငယ်​များ​ပေါ့။ ပတ်​၀န်​းကျင်​ထိမ်​းသိမ်​း​ရေးကို ဘာမျှ ထည်​့တွက်​မည်​့သူများ မဟုတ်​။ ဘယ်​သူ​သေ​သေ မာမည်​့ င​တေ​တွေသာ။



တကယ်​က အင်​း​လေးထဲ လာလည်​သည်​ဆိုကတည်​းက စက်​​လှေစီးဖို့ ပါ စဉ်​းစားလာပြီးသားပါ။ အထူးသဖြင်​့ နိုင်​ငံခြားသားများကို ကန်​အ​နောက်​ဖက်​ လမ်​းအတိုင်​း ဟိုတယ်​​တွေ ​ရောက်​သည်​အထိ ကားစီး​စေလျှင်​ စက်​​လှေသမားများလဲ ၀င်​​ငွေ​ရော့​စေမည်​။ သူတို့လဲ ကားကို တသက်​လုံး စီး​နေသူများဖြစ်​ရာ နှစ်​ခြိုက်​လိမ်​့မည်​ မထင်​ပါ။ ဤက့ဲသို့ နှစ်​ဖက်​ အကျိုးမရှိသည်​့အထဲ ကန်​ကို ​ကော​စေသည်​မှာ ရိုက်​သတ်​ဖို့သာ ​ကောင်​း​တော့သည်​။



လူပြိန်​းအ​တွေး မ​တွေးဘဲ ပညာရှင်​များ၏ စကားကို နား​ထောင်​သင်​့ပါသည်​။ မိမိ မိသားစု ချမ်​းသာလျှင်​ နှစ်​ဆက်​ သုံးဆက်​​ပေါ့။ ဤကန်​ကြီး ပျက်​စီးသွားလျှင်​ ​နောင်​ ဘယ်​​တော့မှ ပြန်​ရနိုင်​မည်​ မဟုတ်​​တော့သည်​ကို နဲနဲ​လေး ဉာဏ်​မှီသ​လောက်​ စဉ်​းစား​စေချင်​​ကြောင်​းပါ ခရိုနီ ကြီးငယ်​တို့။

XxXxXx

(Zawgyi version )

အင္​း​ေလး​ေရကန္​သို႔ ႏွစ္​သံုးဆယ္​အၾကာမွာ တ​ေခါက္​​ေရာက္​ပါသည္​။ ​ေညာင္​​ေရႊ​ေလွဆိပ္​မွ သံုးမိုင္​ခန္​႔ စီးလိုက္​သည္​ႏွင္​့ အင္​း​ေလး​ေရျပင္​က်ယ္​ကို ​ေတြ႔ရပါသည္​။ ​ေတာ္​ပါ​ေသးရဲ႕၊ အင္​း​ေလး ​ေရမခန္​း​ေပလို႔ဟု လူၿပိန္​း​ေတြး ​ေတြးမိသည္​။ ညာဖက္​ ကန္​အ​ေနာက္​ျခမ္​းသို႔ ၾကည္​့လိုက္​ရာ ​ေ႐ွးယခင္​က ​ေခါင္​တိုင္​ရြာ လူရည္​ခြၽန္​ စခန္​းကိုသာ
ျပျပ​ေလး ျမင္​ရတာ မွတ္​မိသည္​။ ခု​ေတာ့ အင္​းယားကန္​​ေစာင္​းပမာ အိမ္​​ေတြဆက္​​ေနသည္​။ ထိုရြာ​ေတြ ​ေနာက္​ဖက္​မွ ​ေတာင္​​ေတြက​ေတာ့ ​ေတာင္​ယာလုပ္​ငန္​း​ေတြ​ေၾကာင္​့ ​ေတာင္​ကတံုးမ်ား ျဖစ္​​ေနၿပီ။

ဆက္​စီးလာရာ ဗိုလ္​တဲအလြန္​တြင္​ ယခင္​က မိုင္​း​ေသာက္​သၾကားစက္​သာ လွမ္​းျမင္​ရ​ေသာ္​လည္​း ခု​ေတာ့ ​ေရစပ္​တ​ေလ်ွာက္​ ဟိုတယ္​​ေတြ ​ေတြ႔​ေနသည္​။ ​ေရ​ေပၚ ႐ိုးရာ ​ဒီဇိုင္​းႏွင္​့ ေဟာ္​တယ္​​ေတြ​ေပါ့။ ​ေဖာင္​​ေတာ္​ဦးဘုရားႏွင္​့ တတန္​းထဲ​ေလာက္​တြင္​ ​ေတာင္​မ်ားကို ဘူဒိုဇာႏွင္​့ ထိုးထားသည္​့ အရာ​ေတြကို ​ေတြ႔ရသည္​။ မိုက္​လိုက္​က်ပါဘိ။

​ေရလည္​ရြာအ​ေရာက္​​ေတာ့ ကန္​​ေရက ပံုမွန္​ထက္​ ငါး​ေပခန္​႔ ​ေလ်ာ့​ေနသည္​တ့ဲ။ ကန္​ ဧရိယာကို ငါး​ေပထုႏွင္​့ ​ေျမႇာက္​ၾကည္​့လ်ွင္​ ​ေရာ့သြားသည္​့ ​ေရထုကို တြက္​ၾကည္​့ႏိုင္​ပါသည္​။ ​ေဖာင္​​ေတာ္​ဦးဘုရား ​ေ႐ွ့တြင္​ ​ေရက ႏွစ္​​ေပခန္​႔႐ွိ​ေန၍ ​ေလွကပ္​လို႔ ရ​ေသးသျဖင္​့ ​ေတာ္​​ေသးသည္​။ ​ေရအခန္​းဆံုးႏွစ္​က လံုး၀ ကုန္​း​ေပၚသည္​တ့ဲ။

​ေမးျမန္​းၾကည္​့​ေတာ့ အ​ေပၚယံ ​ေရမ်က္​ႏွာျပင္​ ငါး​ေပ​ေလ်ာ့သလို ​ေရ​ေအာက္​ၾကမ္​းျပင္​ ၁၅​ေပ ၊ ​ေပ ၂၀ခန္​႔ တိမ္​လာသတ့ဲ။ မ်က္​စိအျမင္​ ငါး​ေပခန္​႔သာ​ေလ်ာ့သည္​ဟု လူၿပိန္​းအ​ေတြး မျမင္​​ေစခ်င္​ပါ။ အ​ေပၚ​ေအာက္​ ​ေရထုသည္​ ​ေပ ၂၀ ​ေလ်ာ့သြားလ်ွင္​ပင္​ ကန္အက်ယ္​ ​ေရဧရိယာႏွင္​့ တြက္​လိုက္​လွ်င္​ နည္​းသည္​့ ​ေရထု ဆံုးရွံဴး သြားသည္​ မဟုတ္​ပါလား။

ကန္​​ေရျပင္​ တိမ္​လာျခင္​းသည္​ ​ေတာင္​မ်ား​ေပၚမွ ​ေရတိုက္​စားမႈ​ေၾကာင္​့ ျဖစ္​လာျခင္​း ျဖစ္​သည္​။ ဆိုခ့ဲသည္​့အတိုင္​း ကန္​အ​ေနာက္​ျခမ္​းမွ ​ေတာင္​ကတံုးမ်ားသည္​ စိုက္​ပ်ိဳး​ေရး​ေၾကာင္​့ျဖစ္​သည္​။ နားမလည္​႐ွာသူ ​ေတာင္​သူမ်ားကို နားလည္​သည္​အထိ စည္​းရံုး ပညာ​ေပးရပါမည္​။ ​ေတာင္​သူမ်ားသည္​ စားႏိုင္​​ေသာက္​ႏိုငိရန္​ စိုက္​ပ်ိဳး​ေရး လုပ္​​ေနရသူသာ မ်ားပါလိမ္​့မည္​။

ကန္​ အ​ေ႐ွ့ျခမ္​းမွာ​ေတာ့ မတ္​​ေစာက္​​ေသာ မဲနယ္​​ေတာင္​တန္​းျဖစ္​၍ စိုက္​ပ်ိဳး​ေရး လုပ္​ကြက္​ မ်ားမ်ားမ႐ွိ။ ဟိုတယ္​​ေဆာက္​ရန္ ​​ေျမျဖိဳ ​ေ​နတာတ့ဲ။​ ​ေျမၿဖိဳသူမ်ားက​ေတာ့ ​ေသခ်ာသည္​။ သူ​ေဌး ​ေလာဘသားမ်ားပါ။ ခ႐ိုနီ ႀကီးငယ္​မ်ား​ေပါ့။ ပတ္​၀န္​းက်င္​ထိမ္​းသိမ္​း​ေရးကို ဘာမ်ွ ထည္​့တြက္​မည္​့သူမ်ား မဟုတ္​။ ဘယ္​သူ​ေသ​ေသ မာမည္​့ င​ေတ​ေတြသာ။

တကယ္​က အင္​း​ေလးထဲ လာလည္​သည္​ဆိုကတည္​းက စက္​​ေလွစီးဖို႔ ပါ စဥ္​းစားလာၿပီးသားပါ။ အထူးသျဖင္​့ ႏိုင္​ငံျခားသားမ်ားကို ကန္​အ​ေနာက္​ဖက္​ လမ္​းအတိုင္​း ဟိုတယ္​​ေတြ ​ေရာက္​သည္​အထိ ကားစီး​ေစလ်ွင္​ စက္​​ေလွသမားမ်ားလဲ ၀င္​​ေငြ​ေရာ့​ေစမည္​။ သူတို႔လဲ ကားကို တသက္​လံုး စီး​ေနသူမ်ားျဖစ္​ရာ ႏွစ္​ၿခိဳက္​လိမ္​့မည္​ မထင္​ပါ။ ဤက့ဲသို႔ ႏွစ္​ဖက္​ အက်ိဳးမ႐ွိသည္​့အထဲ ကန္​ကို ​ေကာ​ေစသည္​မွာ ႐ိုက္​သတ္​ဖို႔သာ ​ေကာင္​း​ေတာ့သည္​။

လူၿပိန္​းအ​ေတြး မ​ေတြးဘဲ ပညာ႐ွင္​မ်ား၏ စကားကို နား​ေထာင္​သင္​့ပါသည္​။ မိမိ မိသားစု ခ်မ္​းသာလွ်င္​ ႏွစ္​ဆက္​ သံုးဆက္​​ေပါ့။ ဤကန္​ႀကီး ပ်က္​စီးသြားလွ်င္​ ​ေနာင္​ ဘယ္​​ေတာ့မွ ျပန္​ရႏိုင္​မည္​ မဟုတ္​​ေတာ့သည္​ကို နဲနဲ​ေလး ဥာဏ္​မွီသ​ေလာက္​ စဥ္​းစား​ေစခ်င္​​ေၾကာင္​းပါ ခ႐ိုနီ ႀကီးငယ္​တို႔။


30 April 2014

ယတျာ











(Unicode version)


ယတျာဆိုတာအည့ံ​ပြေ​ပျောက်​​​အောင်​ လုပ်​တာလို့ဘဲ နားလည်​ပါတယ်​။ အ​သေးစိတ်​​တော့ မသိပါ။ ကိုယ်​တိုင်​လဲ လုပ်​ဘူးပါတယ်​။ ​ဗေဒင်​ဆရာ စံဇာနီဘိုရဲ့ မ​ဟေသီ​ခေတ်​က ယတျာ​တွေဆို ​တွေ့ရင်​ လုပ်​ဖြစ်​ပါတယ်​။ ဆရာက ရာသီနဲ့ တွက်​​ပေး​လေ့ရှိပါတယ်​။ သူ့အရင်​ မဂ္ဂဇင်​း​တွေမှာက ​နေ့နဲ့ဘဲ တွက်​​ပေး​လေ့ရှိ​တော့ ဆရာ​ဟောချက်​က ထူးဆန်​း​နေတာ​ပေါ့။ သူ့ယတျာနည်​း​တွေကလဲ အလွန်​​ခေတ်​မှီပါတယ်​။

စိတ်​၀င်​စားဖို့လဲ ​ကောင်​းပါတယ်​။ ကြာသပ​တေး​နေ့တွင်​ ​သောကြာသားသူငယ်​ချင်​းအား မုန်​့​ကြွေးပါ။ စ​နေ​နေ့တွင်​ ဖိနပ်​အသစ်​၀ယ်​စီးပါ။ ​မွေး​နေ့တွင်​ အ​နောက်​အရပ်​သို့လှည်​့၍ ​ရေတခွက်​​သောက်​ယင်​း ဆု​တောင်​းပါ၊ ဆိုတာ​တွေပါ။ လွယ်​လွယ်​ကူကူ လုပ်​နိုင်​တာမျိုး​လေး​တွေ ဆို​တော့ကြုံယင်လ​ုပ်​လိုက်​ကျတာပါဘဲ။ မြန်​မာပြည်​ မှာ​တော့ ​ဗေဒင်​ယတျာနဲ့ ကင်​းသူ ရှားပါလိမ်​့မယ်​။ ကိုယ်​ စိတ်​မ၀င်​စားလို့ မလုပ်​တာ​တောင်​ မိဘ​ဆွေမျိုး အ​ပေါင်​းအသင်​း ​တွေက လုပ်​​ပေးဘူးတာ ကြုံဘူးကြမှာပါ။

ယတျာ​ကောင်​းရင်​ မင်​း​လောင်​း​ပျောက်​တယ်​လို့ စွဲ​နေကြတ့ဲ မြန်​မာပြည်​ဘဲ​လေ။ တိုင်​းပြည်​​ကောင်​း​အောင်​သာ မစွမ်​းရှိမယ်​။ အုပ်​ချုပ်​သူ​တွေအတွက်​ဆို ယတျာ​တွေက စွမ်​းမှစွမ်​းဖြစ်​​နေတာလား မသိပါ။

ခုပုံမှ​ တွေ့ရသလိုပါဘဲ။ နာမည်​ကြီး​စေတီ တဆူအ​ပေါ်မှာ ​တွေ့ခ့ဲရပါတယ်​။ လှမ်​းမြင်​ရသ​လောက်​​တော့ ယိုးဒယားမြ​စေတီပုံတူ တဆူတင်​ထားတာပါ။ ယတျာလို့ဘဲ ထင်​တာပါဘဲ။ အ​ရှေ့​တောင်​​ထောင်​့​လောက်​ကို လှည်​့ထားပါတယ်​။ သာမန်​က​တော့ ​စေတီ အလှပျက်​ပါတယ်​။ ဘာရည်​ရွယ်​ချက်​လဲ မသိပါဘူး။ ဒီ​နေရာမျိုးမှာ ဒီ​လောက်​ထူးထူးခြားခြား လုပ်​ခွင်​့ရတာ ​တော်​ယုံ၀ိတ်​နဲ့ မရ​လောက်​ပါ။ နိုင်​ငံ​တော်​ အဆင်​့​လောက်​ဖြစ်​နိုင်​ပါတယ်​။

နိုင်​ငံ​တော်​ကြီး တိုးတက်​​ရေးအတွက်​လား။ အုပ်​ချုပ်​သူ မင်​းများအတွက်​လား​တော့ မသိပါ။

ဘာ​ကြောင်​့ဖြစ်​ဖြစ်​ ဘုရားကို ကြည်​ညိုရတာ စိတ်​အ​နှောင်​့အယှက်​ဖြစ်​မိ​ကြောင်​းပါ။ ။



XxXxXx


(Zawgyi version)

ယတ်ာဆိုတာအည့ံ​ေျပ​ေပ်ာက္​​​ေအာင္​ လုပ္​တာလို႔ဘဲ နားလည္​ပါတယ္​။ အ​ေသးစိတ္​​ေတာ့ မသိပါ။ ကိုယ္​တိုင္​လဲ လုပ္​ဘူးပါတယ္​။ ​ေဗဒင္​ဆရာ စံဇာနီဘိုရဲ႕ မ​ေဟသီ​ေခတ္​က ယတ်ာ​ေတြဆို ​ေတြ႔ရင္​ လုပ္​ျဖစ္​ပါတယ္​။ ဆရာက ရာသီနဲ႔ တြက္​​ေပး​ေလ့႐ွိပါတယ္​။ သူ႔အရင္​ မဂၢဇင္​း​ေတြမွာက ​ေန႔နဲ႔ဘဲ တြက္​​ေပး​ေလ့႐ွိ​ေတာ့ ဆရာ​ေဟာခ်က္​က ထူးဆန္​း​ေနတာ​ေပါ့။ သူ႔ယတ်ာနည္​း​ေတြကလဲ အလြန္​​ေခတ္​မွီပါတယ္​။
စိတ္​၀င္​စားဖို႔လဲ ​ေကာင္​းပါတယ္​။ ၾကာသပ​ေတး​ေန႔တြင္​ ​ေသာၾကာသားသူငယ္​ခ်င္​းအား မုန္​႔​ေႂကြးပါ။ စ​ေန​ေန႔တြင္​ ဖိနပ္​အသစ္​၀ယ္​စီးပါ။ ​ေမြး​ေန႔တြင္​ အ​ေနာက္​အရပ္​သို႔လွည္​့၍ ​ေရတခြက္​​ေသာက္​ယင္​း ဆု​ေတာင္​းပါ၊ ဆိုတာ​ေတြပါ။ လြယ္​လြယ္​ကူကူ လုပ္​ႏိုင္​တာမ်ိဳး​ေလး​ေတြ ဆို​ေတာ့ၾကံဳယင္လ​ုပ္​လိုက္​က်တာပါဘဲ။ ျမန္​မာျပည္​ မွာ​ေတာ့ ​ေဗဒင္​ယတ်ာနဲ႔ ကင္​းသူ ႐ွားပါလိမ္​့မယ္​။ ကိုယ္​ စိတ္​မ၀င္​စားလို႔ မလုပ္​တာ​ေတာင္​ မိဘ​ေဆြမ်ိဳး အ​ေပါင္​းအသင္​း ​ေတြက လုပ္​​ေပးဘူးတာ ၾကံဳဘူးၾကမွာပါ။
ယတ်ာ​ေကာင္​းရင္​ မင္​း​ေလာင္​း​ေပ်ာက္​တယ္​လို႔ စြဲ​ေနၾကတ့ဲ ျမန္​မာျပည္​ဘဲ​ေလ။ တိုင္​းျပည္​​ေကာင္​း​ေအာင္​သာ မစြမ္​း႐ွိမယ္​။ အုပ္​ခ်ဳပ္​သူ​ေတြအတြက္​ဆို ယတ်ာ​ေတြက စြမ္​းမွစြမ္​းျဖစ္​​ေနတာလား မသိပါ။
ခုပံုမွ​ ေတြ႔ရသလိုပါဘဲ။ နာမည္​ႀကီး​ေစတီ တဆူအ​ေပၚမွာ ​ေတြ႔ခ့ဲရပါတယ္​။ လွမ္​းျမင္​ရသ​ေလာက္​​ေတာ့ ယိုးဒယားျမ​ေစတီပံုတူ တဆူတင္​ထားတာပါ။ ယတ်ာလို႔ဘဲ ထင္​တာပါဘဲ။ အ​ေ႐ွ့​ေတာင္​​ေထာင္​့​ေလာက္​ကို လွည္​့ထားပါတယ္​။ သာမန္​က​ေတာ့ ​ေစတီ အလွပ်က္​ပါတယ္​။ ဘာရည္​ရြယ္​ခ်က္​လဲ မသိပါဘူး။ ဒီ​ေနရာမ်ိဳးမွာ ဒီ​ေလာက္​ထူးထူးျခားျခား လုပ္​ခြင္​့ရတာ ​ေတာ္​ယံု၀ိတ္​နဲ႔ မရ​ေလာက္​ပါ။ ႏိုင္​ငံ​ေတာ္​ အဆင္​့​ေလာက္​ျဖစ္​ႏိုင္​ပါတယ္​။
ႏိုင္​ငံ​ေတာ္​ႀကီး တိုးတက္​​ေရးအတြက္​လား။ အုပ္​ခ်ဳပ္​သူ မင္​းမ်ားအတြက္​လား​ေတာ့ မသိပါ။
ဘာ​ေၾကာင္​့ျဖစ္​ျဖစ္​ ဘုရားကို ၾကည္​ညိဳရတာ စိတ္​အ​ေႏွာင္​့အယွက္​ျဖစ္​မိ​ေၾကာင္​းပါ။ ။


20 April 2014

အသဲနုသူ

(Unicode version)
မ​နေ့က​နေ့ခင်​း ထုံးစံအတိုင်​း ဘီယာ​လေး​သောက်​လိုက်​ပါတယ်​။

ပြီး​တော့ အိမ်​ပြန်​ပြီး air con: ဖွင်​့ပြီး အိပ်​လိုက်​တာ ၇နာရီမှ နိုးပါတယ်​။

ဘာမှ မဖြစ်​ဘဲ ထမင်​းစားပါ​သေးတယ်​။

ည က့ိုးနာရီ​လောက်​မှ ဇတ်​လမ်​းစပါတယ်​။

ဘာမျှ ရစ်​ခြင်​း နာခြင်​း မရှိဘဲ ၀မ်​းသွားပါတယ်​။ က​တော့ပါရဲ့။ အရည်​​တွေကြီးဘဲ ငါးခါ​လောက်​သွားတာ ဆယ်​နာရီ​ကျော်​​တော့ နုံးလာလို့ ဓာတ်​ဆားရည်​ စ​သောက်​ပါတယ်​။

ည သန်​း​ခေါင်​​လောက်​ ​နောက်​ဆုံး တ​ခေါက်​သွားပြီး​တော့၊ ထင်​ပါတယ်​၊ နှစ်​နာရီ​ကျော်​​လောက်​မှ အိပ်​​ပျော်​သွားပါတယ်​။

မနက်​ ငါးနာရီိ ဆယ်​မိနစ်​ နိုးလာ​တော့ အရမ်​းချမ်​း​နေပါတယ်​။ ​စောင်​ပါး​လေး ရင်​ဘတ်​​ပေါ်တင်​ပြီး ဆက်​နှပ်​ပါတယ်​။

​ခြေက်​နာရီထိုးခါနီး နိုးလာ​တော့ ​ချွေး​တွေရွှဲ​နေတာနဲ့ စွပ်​ကျယ်​လဲြပ်​ီး ဓတာဆားရည်​ ​သောက်​ပါတယ်​။

မနက်​စာ ထမင်​း​ကျော်​ကိုထုံးစံအတိုင်​း စားလိုက်​ပါ​သေးတယ်​။ ဘာနာကျင်​ခြင်​းမှ မရှိ​တော့ပါ။

ကိုးနာရိိ​လောက် အိပ်​ချင်​လာလို့ အိပ်​မလားစဉ်​းစား​နေတုံး ကို​ရွှေက လဘက်​ရည်​ဆိုင်​ ထွက်​လာဖို့ ဖုန်​းဆက်​​တော့ အားနာနာနဲ့ဘဲအ​ခြေအ​နေကို ရှင်​းပြပြီး ငြင်​းလိုက်​ရပါတယ်​။

ကိုးနာရီ ဆယ်​့ငါး​လောက်​မှာ အားရပါးရ အိပ်​​ပျော်​သွားပြီး ​ဘေးမှာ မိန်​းမသံနဲ့ အဆက်​မပြတ်​ ​ပြော​နေသံကြားပြီး လန်​့နိုးလာပါတယ်​။

ဆယ်​နာရီခွဲ​ကျော်​​နေပါပြီ။ နိုး​တော့လဲ ဘာသံမှ မကြားရပါ။ အိပ်​မက်​လဲ မမက်​ပါ။ အဲဒီလို လန်​့နိုးသွားမှ သူငယ်​ချင်​း တ​ယောက်​လွန်​ခ့ဲတ့ဲ နှစ်​နှစ်​ဆယ်​​ကျော်​က ​ပြောဘူးတာ ချက်​ချင်​းသတိရမိပါတယ်​။

" ​မေဆွိလို မိန်​းမမျိုး​တော့ မယူ​လေနဲ့တ့ဲ "

မိန်​းမရှိတ့ဲ သူငယ်​ချင်​း​တွေ ဘယ်​​လောက်​များ အိပ်​​ရေးပျက်​ခ့ဲကြ မှာပါလိမ်​့။ ခုမှဘဲ ကိုယ်​ချင်​းစာမိ​တော့တယ်​။ ဒါ​ကြောင်​့ အလုပ်​ထဲ​ရောက်​ယင်​ အိပ်​ကြ​တော့တာကိုး။ ​ဆောရီးဘဲ သူငယ်​ချင်​းတို့။

ဇတ်​လမ်​းဆက်​ရယင်​ ခုတ​ခေါက်​ နိုးလာ​တော့ တုပ်​​ကွေးဖြစ်​ပြီးကာစလို မာဆယ်​​တွေ အဆစ်​​တွေ နာ​နေပါတယ်​။ ဒီကိုဂျင်​​သောက်​ပြီး ဒီစာကို ​ရေးပါတယ်​။

သည်​းခံ ဖတ်​သူများ ​ကျေးဇူးတင်​ပါတယ်​။

XxXxXx

(Zawgyi version)

မ​ေန႔က​ေန႔ခင္​း ထံုးစံအတိုင္​း ဘီယာ​ေလး​ေသာက္​လုိက္​ပါတယ္​။
ၿပီး​ေတာ့ အိမ္​ျပန္​ၿပီး air con: ဖြင္​့ၿပီး အိပ္​လိုက္​တာ ၇နာရီမွ ႏိုးပါတယ္​။
ဘာမွ မျဖစ္​ဘဲ ထမင္​းစားပါ​ေသးတယ္​။
ည က့ိုးနာရီ​ေလာက္​မွ ဇတ္​လမ္​းစပါတယ္​။
ဘာမွ် ရစ္​ျခင္​း နာျခင္​း မ႐ွိဘဲ ၀မ္​းသြားပါတယ္​။ က​ေတာ့ပါရဲ႕။ အရည္​​ေတြႀကီးဘဲ ငါးခါ​ေလာက္​သြားတာ ဆယ္​နာရီ​ေက်ာ္​​ေတာ့ ႏံုးလာလို႔ ဓာတ္​ဆားရည္​ စ​ေသာက္​ပါတယ္​။
ည သန္​း​ေခါင္​​ေလာက္​ ​ေနာက္​ဆံုး တ​ေခါက္​သြားၿပီး​ေတာ့၊ ထင္​ပါတယ္​၊ ႏွစ္​နာရီ​ေက်ာ္​​ေလာက္​မွ အိပ္​​ေပ်ာ္​သြားပါတယ္​။
မနက္​ ငါးနာရီိ ဆယ္​မိနစ္​ ႏိုးလာ​ေတာ့ အရမ္​းခ်မ္​း​ေနပါတယ္​။ ​ေစာင္​ပါး​ေလး ရင္​ဘတ္​​ေပၚတင္​ၿပီး ဆက္​ႏွပ္​ပါတယ္​။
​ေျခက္​နာရီထိုးခါနီး ႏိုးလာ​ေတာ့ ​ေခြၽး​ေတြရႊဲ​ေနတာနဲ႔ စြပ္​က်ယ္​လဲျပ္​ီး ဓတာဆားရည္​ ​ေသာက္​ပါတယ္​။
မနက္​စာ ထမင္​း​ေက်ာ္​ကိုထံုးစံအတိုင္​း စားလိုက္​ပါ​ေသးတယ္​။ ဘာနာက်င္​ျခင္​းမွ မ႐ွိ​ေတာ့ပါ။
ကိုးနာရိိ​ေလာက္ အိပ္​ခ်င္​လာလို႔ အိပ္​မလားစဥ္​းစား​ေနတံုး ကို​ေရႊက လဘက္​ရည္​ဆိုင္​ ထြက္​လာဖို႔ ဖုန္​းဆက္​​ေတာ့ အားနာနာနဲ႔ဘဲအ​ေျခအ​ေနကို ႐ွင္​းျပၿပီး ျငင္​းလိုက္​ရပါတယ္​။
ကိုးနာရီ ဆယ္​့ငါး​ေလာက္​မွာ အားရပါးရ အိပ္​​ေပ်ာ္​သြားၿပီး ​ေဘးမွာ မိန္​းမသံနဲ႔ အဆက္​မျပတ္​ ​ေျပာ​ေနသံၾကားၿပီး လန္​႔ႏိုးလာပါတယ္​။
ဆယ္​နာရီခြဲ​ေက်ာ္​​ေနပါၿပီ။ ႏိုး​ေတာ့လဲ ဘာသံမွ မၾကားရပါ။ အိပ္​မက္​လဲ မမက္​ပါ။ အဲဒီလို လန္​႔ႏိုးသြားမွ သူငယ္​ခ်င္​း တ​ေယာက္​လြန္​ခ့ဲတ့ဲ ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​က ​ေျပာဘူးတာ ခ်က္​ခ်င္​းသတိရမိပါတယ္​။
" ​ေမဆြိလို မိန္​းမမ်ိဳး​ေတာ့ မယူ​ေလနဲ႔တ့ဲ "
မိန္​းမ႐ွိတ့ဲ သူငယ္​ခ်င္​း​ေတြ ဘယ္​​ေလာက္​မ်ား အိပ္​​ေရးပ်က္​ခ့ဲၾက မွာပါလိမ္​့။ ခုမွဘဲ ကိုယ္​ခ်င္​းစာမိ​ေတာ့တယ္​။ ဒါ​ေၾကာင္​့ အလုပ္​ထဲ​ေရာက္​ယင္​ အိပ္​ၾက​ေတာ့တာကိုး။ ​ေဆာရီးဘဲ သူငယ္​ခ်င္​းတို႔။
ဇတ္​လမ္​းဆက္​ရယင္​ ခုတ​ေခါက္​ ႏိုးလာ​ေတာ့ တုပ္​​ေကြးျဖစ္​ၿပီးကာစလို မာဆယ္​​ေတြ အဆစ္​​ေတြ နာ​ေနပါတယ္​။ ဒီကိုဂ်င္​​ေသာက္​ၿပီး ဒီစာကို ​ေရးပါတယ္​။
သည္​းခံ ဖတ္​သူမ်ား ​ေက်းဇူးတင္​ပါတယ္​။