17 June 2020

ဒီတခါ ပျံဝံဖွတ်တော်တယ်၊

   ဒီတပတ်ထဲ ကြားရတဲ့ နိုင်ငံရေးသတင်းတခုက ရယ်စရာကောင်းတယ်ဗျ။
.
အရင် သံပဒတ်ကြီးလက်ထက်က အဖာကောင်းသော ပျံဝံက သူ့ဆရာ ကာလိုဇောနဲ့ မီဒီယာတခုမှာပြောလိုက်တယ်။ ဖေ့ဘုတ်တွင်မြင်စဥ်က မယုံမိ။ အသံဖိုင်ကြားရမှ တအံ့တသြယုံရတော့တယ်။ သူ့ဆရာလက်ထက် ဖွတ်ဝန်ကြီးချုပ်တွေ တိုင်းရန်ပုံငွေဆိုပြီး ဘတ်ခဲ့တာ ဒင်းတို့တာဝန်သာဖြစ်ကြောင်း၊ တိုင်းတိုးတက်ရေးလုပ်ဆောင်ဖို့ ရန်ပုံငွေကောက်ခဲ့တာဖြစ်လို့ ကိုယ်ပိုင်ယူ၍မရကြောင်း၊ နောက်တက်တဲ့တိုင်းအစိုးရကို လွှဲခဲ့ရမှာသာဖြစ်ကြောင်း၊ ဒီကိစ္စ သူ့ဆရာနဲ့ လုံးဝမဆိုင်ကြောင်း စသဖြင့်ပြောချလိုက်ရောဗျ။
.
မကြာခင် လာတော့မယ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးနေချိန် နှာနုဖြတ်ရိုက်ခံရသလို ဘာသံမှကို ထွက်မလာတော့ဘူးဗျာ။ မဟုတ်ကြောင်း မမှန်ကြောင်း သတင်းစာရှင်းပွဲလေးတောင် ကြားမိပါ။ ပျံဝံပြောတဲ့အထဲပါသေးတာက လက်ရှိအစိုးရက သေချာစစ်ပြီး အရေးယူသင့်တာတဲ့ဗျ။ သူတို့ချင်း ဘယ်သူဘယ်လောက်ဘတ်တယ် သေချာသိထားမှာဘဲ။
.
 ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်လုပ်သူတွေ အသံထွက်လည်း မဆဲရဲ။ ဒီတခေါက်ရွေးကောက်ပွဲမှာ သူတို့ကိုယ်တိုင် မပါကြတော့မှာ သေချာပေမယ့် ရွေးပေးမယ့်သူတွေက သူတို့လူယုံ သူတို့တပည့်ရင်းတွေဖြစ်မှာ သေချာတယ်။ ခုတော့ ဘယ်လိုဆက်လုပ်ရမလဲ။ ဒေသခံတွေက ဘယ်သူတွေက ဖွတ်တပည့်ရင်းတွေဆိုတာ သေချာသိပြီးသားတွေလေ။ သူတို့ဆရာ ဝန်ကြီးချုပ်ဟောင်းတွေအရှိန်နဲ့ ဖိခြောက်မဲပေးခိုင်းမလို့ဟာကို။ ဖွတ်ဝံကြီးဟောင်းက သူတို့ဆရာတွေ ဘတ်ထားတာတွေရှိတယ်လို့ ဖွင့်ချလိုက်တော့ အသံတိတ်ဘဲ ဆဲနေကြမှာ အသေအချာပါဘဲဗျာ။ 
.
ဘာဘဲဖြစ်ဖြစ် ဒီတခါ ပျံဝံဖွတ် တော်တယ်။

13 June 2020

ဝူဟန်ကိုဗစ် ဇွန်၁၃



ဝူဟန်ကိုဗစ် ဇွန် ၁၃၊
.
အမေရိကန်ဆန္ဒပြပွဲများ ငြိမ်သွားချ်န် ကိုဗစ်သတင်းတွေ ပြန်တက်လာပါပြီ။ အပြန့်ဆုံးဒေသတွေကတော့ တောင်နဲ့မြောက်အမေရိကတိုက်များဘဲ ဖြစ်တယ်။ နောက်ဆိုးတာက တောင်အာရှ။
.
#ဝူနာ ကမ္ဘာမှာ ၇၇သိန်း၃သောင်း ကျော်ပြီ။ တရက်ထဲ တသိန်းလေးသောင်းလောက်တိုးတယ်။ အများဆုံးဝူတဲ့ အမေရိကားနဲ့ ဘရာဇီး နှစ်နိုင်ငံပေါင်း ငါးသောင်းကျော်တိုးတယ်။ အန္ဒိယက တသောင်းကျော်။ ဇယားမှာကြည့်ရင် ဝူနာစာရင်းက တိုးနေဆဲပါ။ 
.
ကံကောင်းတာက ဒုတိယဇယားမှာကြည့်ရင် သေနှုန်းက လိုက်မတက်ဘူး။ ရောဂါခံနိုင်လာတဲ့ သဘောများလား။ သေသူပေါင်း လေးသိန်းသုံးသောင်းလောက်ရှိတယ်။ ဝူဒုအများဆုံး ဘရာဇီးက သေစာရင်းမှာလည်း ဒုရောက်သွားပြီ။ သေသူ လေးသောင်းကျော်။
.
အန္ဒိယက ဝူနှုန်းတက်နေပြီး သုံးသိန်းကျော်ပြီ။ ဒါပေမယ့်သေသူတော့ ကိုးထောင်ကျော်ဘဲ။ ကုလားတွေက ကိုယ်ခံစွမ်းကောင်းဟန်တူရဲ့။ ဘကုန်းလည်း ရှစ်သောင်းတထောင်ကျော်ပြီ။ ဒီညနေလောက် တရုပ်ကို ကျော်တက်လိမ့်မယ်။ ရုရှက ငါးသိန်းကျော်ပြီ။
.
အာဖရိကက ဘူရွန်ဒီသမတကွယ်လွန်တာ ဝူကြောင့်လို့ ပြောနေတယ်။ မှန်ရင်ပထမဆုံး နိုင်ငံခေါင်းဆောင်ဘဲ။ အစိုးရကတော့ နှလုံးဖောက်လို့ပါတဲ့။
.
ယူအက်စ်မှာ ၂၁ပြည်နယ် ဝူတက်နေဆဲ။ စီးပွားရေးတွေတော့ ပြန်ဖွင့်ကုန်ပြီ။ ဆန္ဒပြတဲ့ဆယ်ရက်လောက် ဝူစည်းတွေဖောက်ခဲ့ကြတော့ မကြာခင်အတွင်း ဝူနှုန်းတက်မယ်ထင်တယ်။
.
အန္ဒိယပြည်နယ်အချို့မှာ လော့ဒေါင်းပြန်လုပ်ခိုင်း​ေနတယ်။ ဆရာဝန်အချို့ပါ ဆန္ဒပြရတဲ့အထိဘဲ။ ပြန်ဖွင့်ပြီးရက်ပိုင်းအတွင်း ဝူနှုန်းသိသာစွာ တက်လာလို့တဲ့။
.
တရုပ်က အာဆီယံနိုင်ငံတွေနဲ့ ပေါင်းပြီး ဝူဆေးသုတေသန လုပ်ချင်ပါသတဲ့။ ဝူဆေးဖော်နေသူ တရာကျော်ပြီး သုံးကုမ္ပဏီလောက်ဘဲ ​ရှေ့ရောက်နေပါတယ်။ မြန်မာဘိုးတော်တွေတော့ မသိ။
.
ဂျပန်အစိုးရက စီးပွားရေးနလံထမှာသုံးဖို့ ဒေါ်လာဘီလီယံ ၃၀၀ ဒုအကြိမ်ခွင့်ပြုလိုက်ပြန်ပြီ။ ဗြိတိန်ကလေကြောင်းလိုင်းတွေက အစိုးရရဲ့ လော့ဒေါင်းကို တရားစွဲဖို့လုပ်နေသတဲ့။ နားတော့မလည်ဘူး။ ကြည့်ရတာ နစ်နာကြေးလိုချင်လို့ထင်တယ်။ 
.
ထိုင်းက ညကာဖျူးကို ဇွန်၁၅မှာသိမ်းမယ်။ ထိုင်းရဲ့နာမည်ကျော် ညဘဝတွေပြန်အသက်ဝင်လာမှာပေါ့။ အရေးပေါ်အခြေအနေ ကြေငြာထားတာတော့ ရှိနေအုံးမယ်။ ထိုင်းမှာလေးဦး တွေ့သေးတယ်။ တရုပ်မှာလည်း ၇ဦးတွေ့ပေမယ့် ခြောက်ဦးကပြည်ပပြန်တွေပါ။
.
အော်စီက လူတသောင်းအထိ အားကစားကွင်းမှာ ခွင့်ပြုတော့မယ်။ ေဖာ်မြူလာဝမ်းကားပြိုင်ပွဲရဲ့ စင်ကာပူ ဂျပန်နဲ့ အဇာလိုင်ဂျန်ပွဲစဥ်တွေ ဖျက်တာသေချာသွားပါပြီ။
.
CNN မှာ သုတေသနတွေအရ မတ်စ်တပ်တာ ဝူကူးတာကို အနည်းစေဆုံးဘဲလို့ ပြသွားတယ်။ အီတလီနဲ့ နယူးယောက်မှာ လေ့လာချက်တွေအရ ဝူကူးနှုန်းသိသာစွာ ကျသွားတာကို စာရင်းဇယားနဲ့ပြတယ်။ မတ်စ်တပ်ကြပါအုံး။
.
မြန်မာ့တီဗီသတင်းမှာ မနေ့ညရှစ်နာရီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆိုပြီးခေါင်းစဥ်ကြေငြာသံကြားတော့ လန့်သွားတယ်။ မဆလခေတ်ကဆို ငွေစက္ကူမသုံးရ ကြေငြာလေ့ရှိသကိုး။ အခုက ကုမ္ပဏီတွေအတွက် အခွန်လျော့ပေးဖို့ပါ။ အမှန်အကန်အခွန်ကြေငြာထားရင် သက်သာခွင့်ရမှာဘဲ။ အင်ထားသူတွေ ကိုယ့်ဒေါသနဲ့ကိုယ်ဘဲ။
.
မြန်မာပြည်မှာ ဝူပြန်တွေ့တာ တပတ်ဆက်တိုက်လောက်ရှိပြီ။ အများစုကပြည်ပပြန်တွေနဲ့ အစွန်မြို့တွေမှာဆိုတော့ မြို့တွေကလူတွေ ပေါ့လာကြပြီ။ ရန်ကုန်မှာဆို အရင်လက ၈၀% နှုန်းလောက်မတ်စ်တပ်ကြတယ်။ အခု တဝက်မတပ်ကြတော့။ ဂွတ်လပ်ပါမြန်မာပြည်ကြီး။
.
  • ဝူဟန်ဘေးကင်းဝေးကြပါစေ။

08 June 2020

ကွီးဖြိုးနဲ့ အယုံအကြည်မရှိအဆို



  • ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒီရာထူးခန့်မှသာ စတင်ကြားဘူးခဲ့တာပါ။ သိဖို့ဝေးလို့ အပြင်မှာပင် ခုထိမမြင်ဘူးပါ။ NLDမှ ခန့်အပ်သူတဦး၊ တနည်းအားဖြင့် အမေစုမှ စိတ်ချ၍ ရန်ကုန်လိုနေရာတွင် တာဝန်ပေးသူတဦးအဖြစ် ထောက်ခံခဲ့ပါတယ်။
  • .
  • ရာထူးရပြီး လပိုင်းအတွင်း ထောက်ခံသူတွေ ကွီးဖြိုးဆိုပြီးဖြစ်လာသလို မလိုသူတွေလည်း များလာပါတယ်။ အပင်မြင့်လို့ လေပိုအတိုက်ခံရတယ်ဆိုပေမယ့် အခြားသူများထက် ပိုအတိုက်ခံရတယ်လိုမြင်ရတယ်။
  • .
  • သင်္ကြန်ပြဿနာကစလို့ အထပ်မြင့်၊ လက်ပတ်နာရီ၊ မဘသ၊ ရန်ကုန်မြို့သစ်၊ YBS ကစလို့ ကျူးကျော်နေသူတွေအထိပါဘဲ။ ဒီကြားထဲဘယ်သူကစ ချွန်တယ်မသိ၊ ကွီးဖြိုးက အမေစုခေတ်အလွန် NLD ခေါင်းဆောင်လောင်းလို့ ဆိုလိုက်တော့ ဝိုင်းသမကြတာပေါ့။ NLDထဲကသူတွေတောင် ပါကြသေးတယ်။ စစ်တပ်ကာချုပ်သည် အစိုးရဌာနတခုရဲ့ ညွှန်ချုပ်အဆင့်ပါဆိုလိုက်တော့လည်း အစိမ်းအုပ်စုကြီး ပြိုဆင်းလာတာပေါ့။
  • .
  • ကွီးဖြိုးသည် လူတဦးသာဖြစ်တဲ့အတွက် အားလုံးမမှန်နိုင်ပါဘူး။ ခုလေးနှစ်ကျော်အတွင်း လုပ်ခဲ့သမျှကြည့်ရင် Well above အောင်မှတ်ပါ။ မြန်မာပြည်ရဲ့ အရှုပ်ထွေးဆုံး ရန်ကုန်ကိုအုပ်ချုပ်နေတာပါ။ ဒေသစွဲမရှိကြဘဲ ကွကိုဆရာကြီးတွေလို့ ထင်နေသူတွေကြား အလုပ်လုပ်နေရတာပါ။
  • .
  • ခုနောက်ဆုံး ရွေးကောက်ခံအမတ်မဟုတ်တဲ့ တပ်ကိုယ်စားလှယ်၊ ဖွတ်ကိုယ်စားလှယ်တွေနဲ့ NLDအမတ်ပြုတ်တွေပေါင်းပြီး ရန်ကုန်လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သတဲ့။ ဒါ နိုင်ငံရေးသိက္ခာကျအောင်လုပ်တာပါ။ ဦးတီခွန်မြတ်တုံးကလိုဘဲ မအောင်မြင်မှန်းသိရက်နဲ့လုပ်တာ။ နိုင်ငံရေးနားမလည်သူတွေလုပ်တော့ သူတို့နှစ်ယောက်လုံးကို လူတွေပိုထောက်ခံသွားတာ တွေ့ရတယ်။ သိသာတာက ကွီးဖြိုးကို မကြိုက်သူတွေတောင် ဒီလိုလုပ်တာ မကြိုက်ကြတာဘဲ။
  • .
  • နိုင်ငံရေးသိက္ခာကျအောင်လုပ်တာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဖြစ်ကြမှာပါ။ မသမာနည်းသုံးကြတာတွေလည်း တွေ့နေရတာဘဲ။ ဒါပေမယ့် နိုင်ငံရေးသမား စစ်စစ်တွေက အရေထူကြတယ်။ တကယ့်အမှားထောက်ပြနေတာတောင် မဆိုင်သလိုပြောနိုင်ကြတယ်။ ကွီးဖြိုးပြောပုံ လုပ်ကိုင်ပုံတွေကြည့်ရတာ နိုင်ငံရေးသမားပုံ ပေါက်နေပါပြီ။ တက္ခနီရှဲန်ထက် ပေါ်လတစ်ရှဲန်ပုံ ပိုပေါက်တယ်။ ကျောင်းသားတွေ ဆန္ဒပြသူတွေကိုဖြေရှင်းတာမှာ အေးဆေးဘဲပြောနိုင်တယ်။ ခုလိုမသေချာဘဲ စွပ်စွဲပစ်တင်တာလောက်တော့ သူအေးဆေးဖြေရှင်းနိုင်မှာဘဲ။
  • .
  • ထူးတာတခုက အရင်ကသတင်းဖြန့်နေသလို ကွီးဖြိုးလာဘ်စားတယ်လို့ မစွပ်စွဲတော့တာပါဘဲ။ တစ်ပူးသတင်းစာ၊ ထောက်လှန်းရေးနဲ့ ဖွတ်ပါတီတွေသာမက NLDအထဲကပါ ဒီကိစ္စမြေလှန်ရှာနေကြတာပါ။ ဘယ်လိုမှ ရှာမရလို့သာ ရန်ကုန်အစိုးရအလုပ်မဖြစ်ဘူးဆိုပြီး ဖြစ်လာတာ။ ရန်ကုန်လွှတ်တော်မှာ မဲခွဲလို့ ကွီးဖြိုးနိုင်ခဲ့ရင် ပိုပြီးနာမည်ကြီးအောင် လုပ်ပေးတာဘဲ ထင်မိကြောင်းပါဗျာ။ 
  • .
  • ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ NLDအစိုးရနဲ့ အမေစုက တာဝန်ပေးထားသ၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကွီးဖြိုးကို ထောက်ခံအားပေးနေမှာ ဖြစ်ပါကြောင်း။ 

01 June 2020

COVID19 နဲ့ အမေရိကန်ဆန္ဒပြပွဲများ



  • မနေ့ညက အမေကြီးကားမှာ အကြီးအကျယ် ဆန္ဒဆက်ပြကြတယ်။ အိမ်ဖြူတော်အနီးအထိ လာဆော်နေကြလို့ ဒေါ်နွယ်ထွမ်းကို မြေအောက်ခန်းကနေ ထုတ်သွားရဟန်တူတယ်။ ခုမနက် ဝါရှင်တန်စံတော်ချိန် မနက်ကိုးနာရီအထိ ဘာသံမှထွက်မလာသေးဘူး။ စဖြစ်ကာစက သူ့အပြောတွေက လေပင့်ပေးသလို ဖြစ်နေပါတယ်။
  • .
  • တပြည်လုံးဆန္ဒပြချိန်က အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ် ပြန့်နေတုံးအချိန်ပါ။ တရုပ်ဗိုင်းရပ်စ်ဘဲခေါ်ခေါ်၊ ဝူဟန်ဗိုင်းရပ်စ်ဘဲခေါ်ခေါ် လူသေစေနိုင်တဲ့ဗိုင်းရပ်စ် လူအများကြားပြန့်နေဆဲပါ။ ဒီဗိုင်းရပ်စ် ပြန့်ပွားပုံကို အသေးစိတ်မသိကြရသေးပေမယ့် လက်ရှိအချိန်ထိသိတာ သုံးမျိုးရှိပါတယ်။
  • .
  • ၁၊ လူစုလူဝေးကြား မသွားပါနဲ့။ 
  • ၂၊ အပြင်ထွက်တိုင်း မတ်စ်တပ်ပါနဲ့
  • ၃၊ ဆိုရှယ်ဒစ်စတဲန့် တဦးနဲ့တဦး နှစ်မီတာခွာနေကြပါပါ။ ဒီသုံးချက်ကဘဲ ရောဂါပြန့်နှုန်းကို ထိန်းနိုင်ပါလိမ့်မယ်။
  • .
  • မနေ့ကသတင်းတွေမှာ ဆန္ဒပြသူအများစုက မလိုက်နာနိုင်ကြတော့ပါ။ တီဗီမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့တော်ဝန်တွေ၊ ပြည်နယ်ရဲမှူးတွေတောင် မတ်စ်မတပ်တာတွေ တွေ့ရတယ်။ ဆန္ဒပြသူတွေနဲ့ သူတို့ကိုတားရတဲ့ရဲတွေတော့ မပြောနဲ့တော့ပေါ့။
  • .
  • ချီတက်နေချိန် ရဲနဲ့ထိပ်တိုက်တွေ့နေချိန်တွေမှာလည်း ဘယ်ဆိုရှယ်ဒစ်စတဲန့်နိုင်မှာလည်း။ မတ်စ်မပါဘဲ တယောက်နဲ့တယောက် မျက်နှာချင်းကပ်အော်နေတာတွေလည်း ရှိရဲ့။ ဆန္ဒပြသူနဲ့ရဲ အဆင်ပြေတဲ့နေရာတွေကျ လက်ဆွဲနှုတ်ဆက်ရုံမက အရင်လို ဖက်လှဲတကင်း နှုတ်ဆက်နေကြသေး။
  • .
  • ဒါတွေကို မြင်တွေ့နေရတဲ့ ဆေးပညာရှင်တွေက လာမဲ့ရက်ပိုင်းအတွင်း  ဝူနာတိုးလာဖို့ အခွင့်အရေး များတယ်လို့ ဗျူးမှာပြောသွားတယ်။ အချို့ပြည်နယ်ဆို ဒီနေ့မှစ လော့ဒေါင်းတွေလျော့ပြီး အလုပ်တွေပြန်စမှာမို့ နားလည်သူတွေ စိုးရိမ်နေကြပြီ။ စိုးရိမ်သင့်ပါတယ်။ အမေရိကန်မှာ ဒ်ိနေ့ ဝူနာပေါင်း ၁၈သိန်း၃သောင်းကျော် ရှိပြီးတော့ သေသူ တသိန်းကို ၆ထောင်ကျော်ပါပြီ။
  • .
  • တကမ္ဘာလုံးအနေနဲ့ ဝူနာ ၆၃သိန်းကျော်ခဲ့ပြီး သေသူ ၃သိန်း၇သောင်းကျော်တယ်။ ပြန်ကောင်းသူ ၂၈သိန်း၆သောင်းကျော်ပါ။ ဝူနာ ဘရာဇီးမှာ ၅သိန်းကျော်ပြီး ရုရှမှာ ၄သိန်းကျော်ပါ။ အန္ဒိယမှာ နောက်ပိုင်းဝူသူများလာပြီး ၂သိန်းပြည့်ပါတော့မယ်။ ချီလီကလည်း တသိန်းကလပ်သို့ နံပတ်၁၃အဖြစ် မကြာခင်ဝင်ပါတော့မယ်။ ဝူနာတသောင်းကျော်တဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ၅၃နိုင်ငံရှိပြီ။
  • .
  • မြန်မာနိုင်ငံမှာ ၂၂၈ဦးရှိခဲ့တယ်ဆိုပေမယ့် နေကောင်းလို့ပြန်ဆင်းသူတွေ၊ သေဆုံးသူတွေဖယ်ရင် လက်ရှိဝူနာ ၈၄ဦးဘဲရှိတာပါ။ အရမ်းစိုးရိမ်စရာ မလိုတဲ့အခြေအနေပါ။ လက်မှန်မှန်ဆေးပြီး အပြင်သွားရင်တော့ မတ်စ်တပ်ကြပေါ့။
  • .
  • ဝူဟန်ဘေးကင်းဝေးကြပါစေ။

20 May 2020

ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်




ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် တံဆိပ်ခေါင်းထုတ်တယ်။ ၂၀၀ကျပ်တန် souvenir sheet အဖြစ်ထုတ်ဝေခြင်းပါ။ နှစ်ရာကျပ်တန် FDC ဆိုဒ်ကြီးလည်း တခါထဲထုတ်ဝေပေးတယ်။
.
 တံဆိပ်ခေါင်းအပေါ်တွင် နှစ်၁၀၀ပြည့်နှင့် ပတ်သက်သောစာသား မပါပါ။ အပြင်ဘောင်တွင်သာ နှစ်၁၀၀ပြည့်စာသား၊ ရန်ကုန်တက္ကသိုလ်တံဆိပ်နှင့် မောင်စိန်ဝင်း (ပုတီးကုန်း) ၏ကဗျာ ရိုက်နှိပ်ထားတယ်။ အင်္ဂလိပ်လို Yangon University Centenary ဒါမှမဟုတ် FDC ပေါ်ကလို 100th Anniversary of Yangon University လို့များ ရိုက်ထားရင် ပိုများတန်ဖိုးရှိမလားဘဲ။
.
FDC နောက်ကျောမှာ ''သီးခြားလွတ်လပ်သောတက္ကသိုလ်အဖြစ် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်'' လို့ ပါရှိပါလျှက် ဒီဇင်ဘာမှာမထုတ်ဘဲ မေလမှာထုတ်တာ အကြောင်းရှိပါလိမ့်မယ်။ 
.
Sheet ပေါ်က ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာကလည်း ရန်ကုန်တက္ကသိုလ်ဖွဲ့လို့တော့ မပြောနိုင်တဲ့ကဗျာပါ။ အလွန်ဆုံး ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုလေ့ရှိတဲ့ ကံ့ကော်ပွင့်ဖွဲ့ဘဲ ဖြစ်ပါလိမ့်မယ်။ တံဆိပ်ခေါင်းလောကအတွက် ပထမဆုံးဖြစ်ပါမယ်။
.
တံဆိပ်ခေါင်းနဲ့ FDC ဒီဇိုင်နာက တာမိုးညဲ ကိုသီဟလွင်လို့ပါတော့ မြန်မာ့တံဆိပ်ခေါင်းသမိုင်းကို စာအုပ်ထုတ်ပေးခဲ့သူဘဲ။ သူက မြန်မာ့စာပို့တံဆိပ်ခေါင်း ထုတ်ဝေရေးမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရနေရင် ယခုထက် တံဆိပ်ခေါင်းများကောင်းလာဖို့ ​မျှော့်လင့်ပါတယ်။ အခုလည်း တံဆိပ်ခေါင်းရော FDCပါ အဆင့်ရှိတယ်လို့ ပြောပါရစေ။

13 May 2020

ဝူဟန်ကိုဗစ် မေဆယ့်သုံး









ကမ္ဘာမှာ #ဝူနာ ၄၃သိန်းခွဲရှိပြီ၊ တသိန်းလောက်တိုးတဲ့အတွက် အကျဘက်မရောက်နိုင်သေး။ သေသူ ၂သိန်း၉သောင်းနဲ့ ပြန်ကောင်းသူ ၁၆သိန်းကျော်ပါ။ ယူအက်စ်မှာ ဝူနာ ၁၄သိန်းကျော်ပြီး သေသူ ၈သောင်း၃ထောင်ပါ။ တကယ့်စာရင်းက ပိုများနိုင်သေးတယ်လို့ ဖော့ဆီကပြောပါတယ်။
.
ဆီးနိတ်ကြားနားမှုမှာ ဖော့ဆီက စောဖွင့်တဲ့နိုင်ငံတွေ ပြန်ပိတ်ကြရတယ်။ အမေရိကန်မဖွင့်သင့်သေးဘူး၊ ​ရှောင်လွှဲနိုင်တဲ့ သေကြေမှု အဖြစ်ကိုကြုံမယ်။ စီးပွားလည်းပိုထိမယ်လို့ပြောပါတယ်။
.
ကယ်လီဖိုးနီးယားရှိ တယ်စလာကားစက်ရုံက အမိန့်အာခံပြီး ဖွင့်ပါတယ်။ ပြည်နယ်အစိုးရကိုလည်း တရားစွဲမယ်တဲ့။ မဖွငိ့ရရင် အခြားအနီးအနားပြည်နယ်ကို စက်ရုံရွှေ့မယ်လည်း ပြောတယ်။ ခုတော့ ကျန်းမာရေးဌာနက သတ်မှတ်ချက်လိုက်နာရင် ဖွင့်ခွင့်ပြုမယ့်ပုံဘဲ။
.
အင်္ဂလန် ကက်ဘိနက်အတွင်းရေးမှူးက ခွင့်ပေးတာကို လေးလတိုးပြီး အောက်တိုဘာအထိ ခွင့်ပြုမယ်တဲ့။ ခုထိဝူနာတိုးမြဲပါ။ ဘိုးဘွားရိပ်သာတွေမှာသေသူ ရှစ်ထောင်ကျော်လို့ စစ်ခိုင်းနေရတယ်။
.
ပူတင်ရဲ့ပြောခွင့်ရှိသူလည်း ဝူသွားပြီ။ စိန့်ပီတာစဘတ်မြို့ကဆေးရုံတခုမှာ အသက်ရှူစက်မီးထလောင်လို့ ဝူနာငါးယောက်သေပါတယ်။ တီဗီသတင်းအချို့မှာ ရုရှဝူနာ ဒုတိယရောက်နေပြီပြောကြပေမယ့် စပိန်နောက်မှာဘဲ ရှိပါသေးတယ်။
.
ဝူဟန်မြို့မှာ လူအစုလိုက် ဝူပြန်ဖြစ်လို့ တလအတွင်း မြို့နေလူ၁၁သန်းလုံး ဝူစစ်ပါမယ်။ မနေ့က တရုပ်မှာ၇ယောက်တွေ့တာ ၆ယောက်ကပြည်တွင်းကူးပါ။ စလုံးမှာခြောက်ရာကျော်တွေ့တာ နှစ်ယောက်ဘဲစလုံးပါ။ 
.
မတ်လ၉ရက်မှစရင် ထိုင်းမှာဒီနေ့ တယောက်မှမတွေ့တဲ့နေ့ပါ။ ကိုရီးယားမှာ ၂၆ယောက်တွေ့တယ်။ တောင်အမေရိကမှ ပီရူးက ဝူနာအတွေ့များနေတယ်။ ၇သောင်း၂ထောင်ကျော်လာပါပြီ။
.
မလေးမှာ ကျောင်းနဲ့ အရေးမကြီးတဲ့ဘိစနက်တွေ ဖွင့်ခွင့်မပေးသေးပါ။ အန္ဒိယမှာ လော့ဒေါင်းစည်းအချို့ပြင်ပြီး မေ၁၈နောက်ပိုင်း သက်တမ်းတိုးပါအုံးမယ်။ ဆော်ဒီက လာမယ့်အိဒ်ပွဲတော်ငါးရက်ကို ကာဖျူးထုတ်ထားမယ်ဆိုဘဲ။
.
ပရီမီးယားလိဂ်ပွဲ လက်ကျန်၉၂ပွဲ မကန်ရင် တီဗီပြခွင့်ပိုက်ဆံ ၄၁၉သန်း ပြန်အမ်းရဖို့ရှိနေတယ်။ လန်ဒန်မြို့တော်ဝန်ကတော့ သူ့မြို့မှာ ဒီအခြေအနေနဲ့ ဘောပွဲကန်ဖို့မဖြစ်နိုင်သေးဘူး ပြောလိုက်ပါပြီ။
.
မြန်ပြည်မှာ ဝူနာအခြေအနေကောင်းနေပါတယ်။ ရန်ကုန်ကမြို့နယ်အချို့မှာ ထုတ်ထားတဲ့ မေ၁၅ပြည့်မယ့် တားမြစ်အမိန့်ကို ရက်အကန့်အသတ်မရှိ တိုးလိုက်ပါပြီ။ အီးပီစီကငွေလျော့ပေးပုံ တွက်ချက်မှုအငြင်းပွားနေကြတယ်။ ကျသင့်ငွေထဲက တသောင်းငါးရာလား လျော့ထားတာနှုတ်ပြီး ပေးလိုက်တာ မှန်မယ်ထင်တယ်။ ဆက်လက်ငြင်းနိုင်ကြပါစေ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။