13 July 2016

မဟန နဲ့ မဘသ

(Unicode version )

       မဟန နဲ့ မဘသ နှိုင်​းယှဉ်​စရာလားဆိုပြီး အပစ်​တင်​မ​စော​စေချင်​ပါ။

.

   မဟနသည်​ မြန်​မာနိုင်​ငံရဲ့ တခုတည်​း​သော သံဃာ့အဖွဲ့အစည်​းဖြစ်​ပါတယ်​။ သံဃာဂိုဏ်​း​ပေါင်​းစုံ အစည်​းအ​ဝေးကြီးက​နေ ဖြစ်​​ပေါ်လာတ့ဲ အဖွဲ့အစည်​းပါ။ သံဃာနဲ့ပတ်​သက်​တ့ဲ ကိစ္စများကို ဓမ္မစက်​နဲ့ ကိုင်​တွယ်​ဖို့ အမြင်​့ဆုံး အဖွဲ့အစည်​းပါ။

.

   ဒါ​ပေမ့ဲ လွန်​ခ့ဲ​သော သုံးနှစ်​ပတ်​ဝန်​းကျင်​မှာ ​ပေါ်လာတ့ဲ မဘသဆိုတ့ဲအဖွဲ့ကို ထိုစဉ်​က နိုင်​ငံ​ရေး အ​ခြေအ​နေအရ မကိုင်​တွယ်​နိုင်​ခ့ဲပါ။ မ​နေ့ကမှ မဟနအဆုံးအဖြတ်​အရ မဘသအဖွဲ့ဟာ တရားမဝင်​​တော့ပါ။ ပြည်​သူ​တွေလဲ မဟနကို ပြန်​လည်​ယုံကြည်​အားကိုးလာကြပါပြီ။ ဒီအချိန်​မှာ မဟနရဲ့ တိုင်​း ပြည်​နယ်​ ခရိုင်​ မြို့နယ်​ ရပ်​ကွက်​ သံဃာအဖွဲ့အစည်​းများကို ပြန်​လည်​​ရွေးချယ်​ ဖွဲ့စည်​းသင်​့ပါတယ်​။ ဒီတခါမှာ အစိုးရအပါအဝင်​ မည်​သည်​့ အပြင်​အဖွဲ့များရဲ့ လွှမ်​းမိုးမှုမှမပါဘဲ သံဃာ့အသံသာ ဖြစ်​ရပါမယ်​။ သာသနာ​ရေးဦးစီးဌာန တခုထဲကသာ ဖြစ်​​မြောက်​​ရေးအတွက်​ အကူအညီ ​ပေးရပါမယ်​။

.

   မဘသလဲ သံဃာအဖွဲ့မဟုတ်​​တော့ဘဲ သာသနာပြုအဖွဲ့ ဖြစ်​သွားပါပြီ။ သာဓုပါ။ မဘသရဲ့ စာအုပ်​ထဲက ရည်​ရွယ်​ချက်​​တွေက ​ကောင်​းမွန်​ပါတယ်​။ ချို့တ့ဲသူ​တွေပညာသင်​နိုင်​​ရေးအတွက်​ ဘက​ကျောင်​း​တွေ အား​ပေးရပါမယ်​။ ဆင်​းရဲသူ​တွေ စီးပွား​ရေးအရ ရပ်​တည်​နိုင်​​ရေးအတွက်​ မဘသက အကူအညီ​ပေးရင်​ ​ကောင်​းပါတယ်​။ လူငယ်​​တွေ ဗုဒ္ဓဘာသာအ​ကြောင်​း ရင်​းနှီးလာ​စေဘို့ သင်​တန်​း​တွေ​ပေးရင်​ ​ကောင်​းပါတယ်​။ မိမိဖာသာ ခိုင်​မာ​အောင်​လုပ်​ရမှာဖြစ်​ပြီး အခြားသူများကို ရှုတ်​ချတိုက်​ခိုက်​ဖို့ မဟုတ်​ပါ။ အစွန်​းလုံးဝ မ​ရောက်​​စေချင်​ပါ။ မဘသထဲမှာ အစွန်​း​ရောက်​ချင်​သူများ ရှိလျှင်​ ဖယ်​ထုတ်​ပြီး သီတဂူဆရာ​တော်​လို လူရို​သေရှင်​ရို​သေ ဆရာ​တော်​များမှသာ ဦး​ဆောင်​သင်​့ပါတယ်​။

.

   မဘသကို ခုလိုအချိန်​မှာ တခါထဲ ဖျက်​လိုက်​ရင်​ မ​ကောင်​းဘူးလား။ ဘာလို့ အသက်​ဆက်​​ပေးချင်​​နေရတာလဲလို့ အ​ငေါ်တူးသူများကို ​ပြောချင်​ပါတယ်​။ "မဘသအဖွဲ့မှာ အရင်​အစိုးရက လှူထားတ့ဲ ပြည်​သူ့​ငွေ​တွေ သိန်​း​သောင်​းချီရှိတယ်​လို့ " ကြားသိလို့ပါခင်​ဗျား။

XxXxXx

(Zawgyi version) 

      မဟန နဲ႔ မဘသ ႏိႈင္​းယွဥ္​စရာလားဆိုၿပီး အပစ္​တင္​မ​ေစာ​ေစခ်င္​ပါ။
.
   မဟနသည္​ ျမန္​မာႏိုင္​ငံရဲ႕ တခုတည္​း​ေသာ သံဃာ့အဖြဲ႔အစည္​းျဖစ္​ပါတယ္​။ သံဃာဂိုဏ္​း​ေပါင္​းစံု အစည္​းအ​ေဝးႀကီးက​ေန ျဖစ္​​ေပၚလာတ့ဲ အဖြဲ႔အစည္​းပါ။ သံဃာနဲ႔ပတ္​သက္​တ့ဲ ကိစၥမ်ားကို ဓမၼစက္​နဲ႔ ကိုင္​တြယ္​ဖို႔ အျမင္​့ဆံုး အဖြဲ႔အစည္​းပါ။
.
   ဒါ​ေပမ့ဲ လြန္​ခ့ဲ​ေသာ သံုးႏွစ္​ပတ္​ဝန္​းက်င္​မွာ ​ေပၚလာတ့ဲ မဘသဆိုတ့ဲအဖြဲ႔ကို ထိုစဥ္​က ႏိုင္​ငံ​ေရး အ​ေျခအ​ေနအရ မကိုင္​တြယ္​ႏိုင္​ခ့ဲပါ။ မ​ေန႔ကမွ မဟနအဆံုးအျဖတ္​အရ မဘသအဖြဲ႔ဟာ တရားမဝင္​​ေတာ့ပါ။ ျပည္​သူ​ေတြလဲ မဟနကို ျပန္​လည္​ယံုၾကည္​အားကိုးလာၾကပါၿပီ။ ဒီအခ်ိန္​မွာ မဟနရဲ႕ တိုင္​း ျပည္​နယ္​ ခ႐ိုင္​ ၿမိဳ႕နယ္​ ရပ္​ကြက္​ သံဃာအဖြဲ႔အစည္​းမ်ားကို ျပန္​လည္​​ေရြးခ်ယ္​ ဖြဲ႔စည္​းသင္​့ပါတယ္​။ ဒီတခါမွာ အစိုးရအပါအဝင္​ မည္​သည္​့ အျပင္​အဖြဲ႔မ်ားရဲ႕ လႊမ္​းမိုးမႈမွမပါဘဲ သံဃာ့အသံသာ ျဖစ္​ရပါမယ္​။ သာသနာ​ေရးဦးစီးဌာန တခုထဲကသာ ျဖစ္​​ေျမာက္​​ေရးအတြက္​ အကူအညီ ​ေပးရပါမယ္​။
.
   မဘသလဲ သံဃာအဖြဲ႔မဟုတ္​​ေတာ့ဘဲ သာသနာျပဳအဖြဲ႔ ျဖစ္​သြားပါၿပီ။ သာဓုပါ။ မဘသရဲ႕ စာအုပ္​ထဲက ရည္​ရြယ္​ခ်က္​​ေတြက ​ေကာင္​းမြန္​ပါတယ္​။ ခ်ိဳ႕တ့ဲသူ​ေတြပညာသင္​ႏိုင္​​ေရးအတြက္​ ဘက​ေက်ာင္​း​ေတြ အား​ေပးရပါမယ္​။ ဆင္​းရဲသူ​ေတြ စီးပြား​ေရးအရ ရပ္​တည္​ႏိုင္​​ေရးအတြက္​ မဘသက အကူအညီ​ေပးရင္​ ​ေကာင္​းပါတယ္​။ လူငယ္​​ေတြ ဗုဒၶဘာသာအ​ေၾကာင္​း ရင္​းႏွီးလာ​ေစဘို႔ သင္​တန္​း​ေတြ​ေပးရင္​ ​ေကာင္​းပါတယ္​။ မိမိဖာသာ ခိုင္​မာ​ေအာင္​လုပ္​ရမွာျဖစ္​ၿပီး အျခားသူမ်ားကို ႐ႈတ္​ခ်တိုက္​ခိုက္​ဖို႔ မဟုတ္​ပါ။ အစြန္​းလံုးဝ မ​ေရာက္​​ေစခ်င္​ပါ။ မဘသထဲမွာ အစြန္​း​ေရာက္​ခ်င္​သူမ်ား ႐ွိလွ်င္​ ဖယ္​ထုတ္​ၿပီး သီတဂူဆရာ​ေတာ္​လို လူ႐ို​ေသ႐ွင္​႐ို​ေသ ဆရာ​ေတာ္​မ်ားမွသာ ဦး​ေဆာင္​သင္​့ပါတယ္​။
.
   မဘသကို ခုလိုအခ်ိန္​မွာ တခါထဲ ဖ်က္​လိုက္​ရင္​ မ​ေကာင္​းဘူးလား။ ဘာလို႔ အသက္​ဆက္​​ေပးခ်င္​​ေနရတာလဲလို႔ အ​ေငၚတူးသူမ်ားကို ​ေျပာခ်င္​ပါတယ္​။ "မဘသအဖြဲ႔မွာ အရင္​အစိုးရက လႉထားတ့ဲ ျပည္​သူ႔​ေငြ​ေတြ သိန္​း​ေသာင္​းခ်ီ႐ွိတယ္​လို႔ " ၾကားသိလို႔ပါခင္​ဗ်ား။ 

12 July 2016

​တော်​​တော်​စွမ်းတဲ့ ကွီးဖြိုး

(Unicode version )



ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်ကာပူဆွေးနွေးပွဲတွင် မဘသမရှိသင့်ဟု ပြောလိုက်သောအခါ ကျွန်တော်လန့်သွားပါသည်။ စကတည်းက မရှိသင့်သည့် အဖွဲ့ဟု လက်ခံသော်လည်း ခုအချိန်မှာ ပြောဖို့ စောသေးသည်ဟု ထင်သောကြောင့်ပါ။ နဂိုရ်ကတည်းက ပြဿနာရှာနေသော အဖွဲ့မို့ ကန့်ကွက်ဆန္ဒပြတော့မည်။ သူတို့ပြောခ့ဲသလို ကဖျက်ယဖျက် လုပ်တော့မည်ဟု ထင်လိုက်ပါသည်။

     ထင်သည့်အတိုင်းသာမကဘဲ သမတနှင့် NLD ပါတီကပင် တောင်းပန်ရမည်ဟု စာထုတ်ပါသည်။ စစ်ပွဲရပ်စဲရေးအတွက် အလုပ်ရှုတ်နေချိန်၊ နှစ်ငါးဆယ်စာ အမှိုက်ပုံ ရှင်းနေချိန်တွင် လူအုပ်စုနှင့် လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု ခြိမ်းခြောက်စာထုတ်သည်။ အစိုးရကနုနု မုန်တိုင်းကထန်ထန် ဖြစ်တော့မည်ဟု ပူပင်မိပါသည်။

     ဒီကိစ္စနဲ့ပတ်သက်၍ အမေ ဒေါ်အောင်ဆန်းစုကြည် တခွန်းမျှမဟပါ။ လူကြီးထဲက ဦးဝင်းထိန်တယောက်သာ ရယ်စရာလုပ် တုံ့ပြန်ပါသည်။ ပါတီအနေနှင့်၊ အစိုးရအနေနှင့် ဘာမျှမဖြေရှင်းခ့ဲပါ။

     တချို့က သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပျောက်နေရသလား အပစ်တင်နေကြပါပြီ။ သူကလဲ ပျောက်ခြင်းမလှ ပျောက်နေသည်။ ထွက်မ့ဲထွက်လာတော့လည်း ၄၇ပါးစုံညီ မဟနအစည်းအဝေးနေ့မှ ပေါ်လာသည်။ ဘာတွေလျောက်ထားမှန်း သတင်းမထုတ်ပြန်။ အိမ်သာပြန်သွားသည်။ နှစ်ဖက်လုံးမှ အသံမျိုးစုံထွက်လာသည်။ မဘသ ဖျက်စရာမလိုတော့။ မဘသ စည်းမျဉ်းနဲ့မညီ။ ဘယ်ဟာ ယုံကြရမယ်မသိ။

     ယနေ့မနက်မှာတော့ ဆုံးဖြတ်ချက်မူကြမ်း ဖတ်ရပါသည်။ စိတ်မချရသေး။ ဒီနေ့ဖွဘုတ်ဆိုတာ အတုအစစ် မနည်းခွဲနေရချိန်။ နေ့ခင်းဘက်မှ မဘသမှ သာသနာပြုလူမှုရေးအသင်းပါဟု စာထုတ်လာသည်။ ဆန္ဒမပြကြပါနှင့်တော့ဟု သူ့လူသူတားလာသည်။ ကျေးဇူးတင်ပါသည် မဘသ။ ကိစ္စကြီးတခုတော့ အေးအေးဆေးဆေးပဲ ပြီးစီးခ့ဲပြီ။

      ဒီကိစ္စကြီးသည် တကယ်တော့ စင်ကာပူတွင် ကွီးဖြိုးရဲ့ အပြောမှ ဇတ်လမ်းစခ့ဲခြင်းဖြစ်သည်။ လက်ရှိအစိုးရလက်ထက် တချိန်မဟုတ်တချိန် ထိပ်တိုက်ပြဿနာတက်မည့် ကိစ္စဖြစ်သည်။ ခုလို အေးချမ်းစွာ ပြီးစီးသွားတာ ကွီးဖြိုးရဲ့ အစွမ်းဖြစ်သည်။ ဒီတော့ ကွီးဖြိုးကို တခုထပ် တောင်းဆိုလိုပါသည်။ အမေရိကန်လောက် အလည်သွား၍ " တပ်မတော်သည် အစိုးရနှင့် ယှဉ်ပြိုင်မရှိသင့်ဘဲ အရပ်သားအစိုးရ ဝန်ကြီးအောက်တွင်သာ ရှိသင့်သည် " ဟု ပြောစေချင်ကြောင်းပါဗျာ။

XxXxXx


(Zawgyi version)


ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း စင္ကာပူေဆြးေႏြးပြဲတြင္ မဘသမ႐ွိသင့္ဟု ေျပာလိုက္ေသာအခါ ကြၽန္ေတာ္လန္႔သြားပါသည္။ စကတည္းက မ႐ွိသင့္သည့္ အဖြဲ႔ဟု လက္ခံေသာ္လည္း ခုအခ်ိန္မွာ ေျပာဖို႔ ေစာေသးသည္ဟု ထင္ေသာေၾကာင့္ပါ။ နဂိုရ္ကတည္းက ျပႆနာ႐ွာေနေသာ အဖြဲ႔မို႔ ကန္႔ကြက္ဆႏၵျပေတာ့မည္။ သူတို႔ေျပာခ့ဲသလို ကဖ်က္ယဖ်က္ လုပ္ေတာ့မည္ဟု ထင္လိုက္ပါသည္။
     ထင္သည့္အတိုင္းသာမကဘဲ သမတႏွင့္ NLD ပါတီကပင္ ေတာင္းပန္ရမည္ဟု စာထုတ္ပါသည္။ စစ္ပြဲရပ္စဲေရးအတြက္ အလုပ္႐ႈတ္ေနခ်ိန္၊ ႏွစ္ငါးဆယ္စာ အမိႈက္ပံု ႐ွင္းေနခ်ိန္တြင္ လူအုပ္စုႏွင့္ လမ္းေပၚထြက္ ဆႏၵျပမည္ဟု ၿခိမ္းေျခာက္စာထုတ္သည္။ အစိုးရကႏုႏု မုန္တိုင္းကထန္ထန္ ျဖစ္ေတာ့မည္ဟု ပူပင္မိပါသည္။
     ဒီကိစၥနဲ႔ပတ္သက္၍ အေမ ေဒၚေအာင္ဆန္းစုၾကည္ တခြန္းမွ်မဟပါ။ လူႀကီးထဲက ဦးဝင္းထိန္တေယာက္သာ ရယ္စရာလုပ္ တံု႔ျပန္ပါသည္။ ပါတီအေနႏွင့္၊ အစိုးရအေနႏွင့္ ဘာမွ်မေျဖ႐ွင္းခ့ဲပါ။
     တခ်ိဳ႕က သာသနာေရးဝန္ႀကီး သူရဦးေအာင္ကို ေပ်ာက္ေနရသလား အပစ္တင္ေနၾကပါၿပီ။ သူကလဲ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနသည္။ ထြက္မ့ဲထြက္လာေတာ့လည္း ၄၇ပါးစံုညီ မဟနအစည္းအေဝးေန႔မွ ေပၚလာသည္။ ဘာေတြေလ်ာက္ထားမွန္း သတင္းမထုတ္ျပန္။ အိမ္သာျပန္သြားသည္။ ႏွစ္ဖက္လံုးမွ အသံမ်ိဳးစံုထြက္လာသည္။ မဘသ ဖ်က္စရာမလိုေတာ့။ မဘသ စည္းမ်ဥ္းနဲ႔မညီ။ ဘယ္ဟာ ယံုၾကရမယ္မသိ။
     ယေန႔မနက္မွာေတာ့ ဆံုးျဖတ္ခ်က္မူၾကမ္း ဖတ္ရပါသည္။ စိတ္မခ်ရေသး။ ဒီေန႔ဖြဘုတ္ဆိုတာ အတုအစစ္ မနည္းခြဲေနရခ်ိန္။ ေန႔ခင္းဘက္မွ မဘသမွ သာသနာျပဳလူမႈေရးအသင္းပါဟု စာထုတ္လာသည္။ ဆႏၵမျပၾကပါႏွင့္ေတာ့ဟု သူ႔လူသူတားလာသည္။ ေက်းဇူးတင္ပါသည္ မဘသ။ ကိစၥႀကီးတခုေတာ့ ေအးေအးေဆးေဆးပဲ ၿပီးစီးခ့ဲၿပီ။
      ဒီကိစၥႀကီးသည္ တကယ္ေတာ့ စင္ကာပူတြင္ ကီြးၿဖိဳးရဲ႕ အေျပာမွ ဇတ္လမ္းစခ့ဲျခင္းျဖစ္သည္။ လက္႐ွိအစိုးရလက္ထက္ တခ်ိန္မဟုတ္တခ်ိန္ ထိပ္တိုက္ျပႆနာတက္မည့္ ကိစၥျဖစ္သည္။ ခုလို ေအးခ်မ္းစြာ ၿပီးစီးသြားတာ ကီြးၿဖိဳးရဲ႕ အစြမ္းျဖစ္သည္။ ဒီေတာ့ ကြီးၿဖိဳးကို တခုထပ္ ေတာင္းဆိုလိုပါသည္။ အေမရိကန္ေလာက္ အလည္သြား၍ " တပ္မေတာ္သည္ အစိုးရႏွင့္ ယွဥ္ၿပိဳင္မ႐ွိသင့္ဘဲ အရပ္သားအစိုးရ ဝန္ႀကီးေအာက္တြင္သာ ႐ွိသင့္သည္ " ဟု ေျပာေစခ်င္ေၾကာင္းပါဗ်ာ။

11 July 2016

စာအုပ်​ ၊ တီဗီ နှင့်​ အင်​တာနက်​

(Unicode version)

         ကျွန်​​တော်​ငယ်​စဉ်​က စာအလွန်​ဖတ်​ပါသည်​။ မကစားသည်​့အချိန်​ဆို တခုခုဖတ်​​နေရမှ ​နေတတ်​သည်​။ ဘာမျှဖတ်​စရာ စာအုပ်​မရှိလျှင်​ အစိုးရထုတ်​ သတင်​းစာကို အစအဆုံး​လျောက်​ဖတ်​သည်​။ ဝတၳုဖတ်​လာချိန်​တွင်​ တချို့စာ​ရေးဆရာ ​ရေးသမျှကို စာရင်​းလုပ်​၍ လိုက်ရှာ​ဖတ်​သည်​။ ​ကျောင်​းပြီးဘွဲ့ရချိန်​မှစ၍ အင်္ဂလိပ်​လို ဖတ်​သည်​။ ဝတၳုများသာမက သတင်​းစာ​တွေပါ ရှာဖတ်​သည်​။ စာဖတ်​​နေရလျှင်​ ဘဝတွင်​ ​နေ​ပျော်​ပြီဟုပင်​ ထင်​ခ့ဲပါသည်​။

.

     ၈၈​နောက်​ပိုင်​း ဖတ်​စရာ ​တော်​​တော်​ရှာလာရသည်​။ ထိုအချိန်​တွင်​ ​ပေါ်လာ​သော စ​လောင်​းဆိုတာကြီးကို သ​ဘောကျ​တော့သည်​။ မြန်​မာတီဗီလွှင်​့တာ ကြာပြီဖြစ်​​သော်​လည်​း တီဗီကြည်​့ခဲသည်​။ စ​လောင်​းကြည်​့ရမှ ကမ္ဘာမှာ ဘာဖြစ်​တာ ချက်​ချင်​းသိရသည်​။ ​ဘောလုံးပွဲ​တွေ တိုက်​ရိုက်​ကြည်​့ရသည်​။ ပရီမီးယားလိဂ်​ စခါစ အင်​ဒိုချယ်​နယ်​​တွေ အသဲစွဲ​ပေါ့။ သတင်​းဆို CNN , BBC , CNA , DW , CNBC စသဖြင်​့ ကြည်​့သည်​။ ​နောက်​ပိုင်​း Nat Geo , Discovery, History တို့လို ချယ်​နယ်​​တွေကြည်​့ဖြစ်​သည်​။ စာဖတ်​လည်​း ​လျော့သွားသည်​။ သို့​သော်​ စာဖတ်​ရင်​း သတင်​းချယ်​နယ်​တခုခု ဖွင်​့ထားသည်​။ သတင်​းထူးလျှင်​ လှမ်​းကြည်​့​ပေါ့။ CNN မှ Breaking News ဆိုပြီး တီးလုံးသံကြားရရင်​ ​ပျော်​ပြီ။ သတင်​း​တော့ထူးပြီ​ပေါ့။ သို့​သော်​ ခုချိန်​ထိ တရုပ်​ ကိုရီးယား စီးရီးစ်​များ မကြည်​့ခ့ဲပါ။

.

     ခု​နောက်​ဆုံးကျမှ အင်​တာနက်​နဲ့ ညိသည်​။ အင်​တာနက်​ဆိုရင်​၊ ကြီးကျယ်​ရာ​ရောက်​ပါမည်​။ ခပ်​ရှင်​းရှင်​းဆို ​ဖေ့ဘုတ်​​ပေါ့။ အင်​တာနက်​ချိန်​ရဲ့ ၉၅%ကို ဖွ​နေတာဘဲ​လေ။ သူက စာအုပ်​ တီဗီနှစ်​ခု​ပေါင်​းအပြင်​ ပြန်​လည်​တုံ့ပြန်​၍ ရသည်​။ ကြိုက်​သည်​၊ မကြိုက်​ပါ။ ​ဝေဖန်​နိုင်​​သေးသည်​။ တခြားလူကို မိမိမှတ်​ချက်​က​လေးနဲ့ ကြည်​့ဖို့ပို့နိုင်​​သေးသည်​။ ဒီ​တော့ စာဖတ်​ဖြစ်​ဖို့ကို သီးသန်​့အချိန်​ ​ပေးရ​တော့သည်​။ ​​ဖေ့ဘုတ်​က စာအုပ်​ကို​တော့ ​လော​လောဆယ်​ မမှီ​သေး။ မကြာခင်​ စာအုပ်​အားလုံး ဖတ်​နိုင်​​တော့မည်​ထင်​သည်​။ ဖြစ်​ရပ်​တခုကို သတင်​းစာက ​နောက်​​နေ့မနက်​မှ သိရမည်​။ တီဗီကလည်​း ​နောက်​ကျ​သေးသည်​။ ​ဖေ့ဘုတ်​တွင်​ နက်​တီဇင်​များ​ကောင်​းမှုနှင်​့ ချက်​ချင်​းသိ​နေရပြီ။ သူ့ အားသာချက်​ဆိုပါ​တော့။

.

     ​နောက်​ဆယ်​နှစ်​ဆိုလျှင်​ မည်​သို့​သော မီဒီယာ​ခေတ်​စားဦးမလဲ မ​တွေးတတ်​ပါ။ ကျွန်​​တော်​့အတွက်​က​တော့ သုံးမျိုးလုံးမှ အကျိုးရှိခ့ဲပြီ။ ယူတတ်​ဖို့သာလိုပါလိမ်​့မည်​။ အကျိုးရှိစွာ အသုံးချနိုင်​ကြပါ​စေ။

XxXxXx

(Zawgyi version)

         ၾကၽႏ္​​ေတာ္​ငယ္​စၪ္​က စာအၾလႏ္​ဖတ္​ပါသၫ္​။ မကစားသၫ္​့အခ္ိႏ္​ဆို တခုခုဖတ္​​ေနရမြ ​ေနတတ္​သၫ္​။ ဘာမြ္ဖတ္​စရာ စာအုပ္​မ႐ြိလြ္င္​ အစိုးရထုတ္​ သတင္​းစာကို အစအဆံုး​ေလ္ာက္​ဖတ္​သၫ္​။ ဝတၳဳဖတ္​လာခ္ိႏ္​ၾတင္​ တခ္ိဳ႕စာ​ေရးဆရာ ​ေရးသမြ္ကို စာရင္​းလုပ္​၍ လိုက္႐ြာ​ဖတ္​သၫ္​။ ​ေက္ာင္​းၿပီးႀဘဲ႔ရခ္ိႏ္​မြစ၍ အဂလႋပ္​လို ဖတ္​သၫ္​။ ဝတၳဳမ္ားသာမက သတင္​းစာ​ေၾတပါ ႐ြာဖတ္​သၫ္​။ စာဖတ္​​ေနရလြ္င္​ ဘဝၾတင္​ ​ေန​ေပ္ာ္​ၿပီဟုပင္​ ထင္​ခ့ဲပါသၫ္​။

.

     ၈၈​ေနာက္​ပိုင္​း ဖတ္​စရာ ​ေတာ္​​ေတာ္​႐ြာလာရသၫ္​။ ထိုအခ္ိႏ္​ၾတင္​ ​ေပၚလာ​ေသာ စ​ေလာင္​းဆိုတာႀကီးကို သ​ေဘာက္​ေတာ့သၫ္​။ ်မႏ္​မာတီဗီလႊင္​့တာ ၾကာၿပီ်ဖစ္​​ေသာ္​လၫ္​း တီဗီၾကၫ္​့ခဲသၫ္​။ စ​ေလာင္​းၾကၫ္​့ရမြ ကမာၻမြာ ဘာ်ဖစ္​တာ ခ္က္​ခ္င္​းသိရသၫ္​။ ​ေဘာလံုးၿပဲ​ေၾတ တိုက္​႐ိုက္​ၾကၫ္​့ရသၫ္​။ ပရီမီးယားလိဂ္​ စခါစ အင္​ဒိုခ္ယ္​နယ္​​ေၾတ အသဲၿစဲ​ေပါ့။ သတင္​းဆို CNN , BBC , CNA , DW , CNBC စသ်ဖင္​့ ၾကၫ္​့သၫ္​။ ​ေနာက္​ပိုင္​း Nat Geo , Discovery, History တို႔လို ခ္ယ္​နယ္​​ေၾတၾကၫ္​့်ဖစ္​သၫ္​။ စာဖတ္​လၫ္​း ​ေလ္ာ့ၾသားသၫ္​။ သို႔​ေသာ္​ စာဖတ္​ရင္​း သတင္​းခ္ယ္​နယ္​တခုခု ျဖင္​့ထားသၫ္​။ သတင္​းထူးလြ္င္​ လြမ္​းၾကၫ္​့​ေပါ့။ CNN မြ Breaking News ဆိုၿပီး တီးလံုးသံၾကားရရင္​ ​ေပ္ာ္​ၿပီ။ သတင္​း​ေတာ့ထူးၿပီ​ေပါ့။ သို႔​ေသာ္​ ခုခ္ိႏ္​ထိ တ႐ုပ္​ ကိုရီးယား စီးရီးစ္​မ္ား မၾကၫ္​့ခ့ဲပါ။

.

     ခု​ေနာက္​ဆံုးက္မြ အင္​တာနက္​နဲ႔ ညိသၫ္​။ အင္​တာနက္​ဆိုရင္​၊ ႀကီးက္ယ္​ရာ​ေရာက္​ပါမၫ္​။ ခပ္​႐ြင္​း႐ြင္​းဆို ​ေဖ့ဘုတ္​​ေပါ့။ အင္​တာနက္​ခ္ိႏ္​ရဲ႕ ၉၅%ကို ျဖ​ေနတာဘဲ​ေလ။ သူက စာအုပ္​ တီဗီႏြစ္​ခု​ေပါင္​းအ်ပင္​ ်ပႏ္​လၫ္​တံု႔်ပႏ္​၍ ရသၫ္​။ ႀကိဳက္​သၫ္​၊ မႀကိဳက္​ပါ။ ​ေဝဖႏ္​ႏိုင္​​ေသးသၫ္​။ တ်ခားလူကို မိမိမြတ္​ခ္က္​က​ေလးနဲ႔ ၾကၫ္​့ဖို႔ပို႔ႏိုင္​​ေသးသၫ္​။ ဒီ​ေတာ့ စာဖတ္​်ဖစ္​ဖို႔ကို သီးသႏ္​႔အခ္ိႏ္​ ​ေပးရ​ေတာ့သၫ္​။ ​​ေဖ့ဘုတ္​က စာအုပ္​ကို​ေတာ့ ​ေလာ​ေလာဆယ္​ မမြီ​ေသး။ မၾကာခင္​ စာအုပ္​အားလံုး ဖတ္​ႏိုင္​​ေတာ့မၫ္​ထင္​သၫ္​။ ်ဖစ္​ရပ္​တခုကို သတင္​းစာက ​ေနာက္​​ေန႔မနက္​မြ သိရမၫ္​။ တီဗီကလၫ္​း ​ေနာက္​က္​ေသးသၫ္​။ ​ေဖ့ဘုတ္​ၾတင္​ နက္​တီဇင္​မ္ား​ေကာင္​းမႈႏြင္​့ ခ္က္​ခ္င္​းသိ​ေနရၿပီ။ သူ႔ အားသာခ္က္​ဆိုပါ​ေတာ့။

.

     ​ေနာက္​ဆယ္​ႏြစ္​ဆိုလြ္င္​ မၫ္​သို႔​ေသာ မီဒီယာ​ေခတ္​စားဦးမလဲ မ​ေၾတးတတ္​ပါ။ ၾကၽႏ္​​ေတာ္​့အၾတက္​က​ေတာ့ သံုးမ္ိဳးလံုးမြ အက္ိဳး႐ြိခ့ဲၿပီ။ ယူတတ္​ဖို႔သာလိုပါလိမ္​့မၫ္​။ အက္ိဳး႐ြိျစာ အသံုးခ္ႏိုင္​ၾကပါ​ေစ။ 

06 July 2016

ဂျိုလီ​ပြောတဲ အကြမ်းဖက်​ဝါဒ











(Unicode version )


ရုပ်​ရှင်​မင်​းသမီး အင်​ဂျလီနာဂျိုလီ ​ပြောပြတာ​လေးပါ။

.

     မ​နေ့က ခရစ်​ယာန်​စုံတွဲ ​မောင်​းလာတ့ဲကားကို ISIS တ​ယောက်​က တားပါတယ်​။



ISIS ; ခင်​ဗျားတို့ မူစလင်​​တွေလား။



ခရစ်​ယာန်​ ; ဟုတ်​ပါတယ်​၊ မူစလင်​​တွေပါ။



ISIS ; မူစလင်​ဆိုရင်​ ကူရမ်​ကျမ်း​ထဲက စာတပိုဒ်​ ရွတ်​ပြ။



ခရစ်​ယာန်​က ဘိုင်​ဘယ်​ကျမ်း​ထဲက စာတပိုဒ်​ ရွတ်​ပြလိုက်​တယ်​။



ISIS : OK . သွားနိုင်​ပြီ၊ အလ္လာ။



လွတ်​ရာလဲ​ရောက်​​ရော မိန်​းမက ကားသမား​ယောက်ကျား​ကို အပစ်​တင်​ပါ​တော့တယ်​။



"ကျွန်​မတို့ မူစလင်​​တွေလို့ ဘာ​ကြောင်​့​ပြောလိုက်​တာလဲ၊ မဟုတ်​မှန်​းသိရင်​ ကျွန်​မတို့ကို သူက သတ်​ပစ်​မှာ။



"မပူပါနဲ့ မိန်​းမရာ၊ ကူရမ်​ကို သူတို့​သေချာသိရင်​ သူတို့လူသတ်​​တော့မှာ မဟုတ်​ပါဘူး။"လို့ ​ယောက်​ကျားက ပြန်​​ပြောပြလိုက်​ပါတယ်​။



ISIS ​တွေသည်​ အစ္စလမ်​ကိုးကွယ်​သူများ မဟုတ်​ပါ။ အကြမ်​းဖက်​ဝါဒမှာ ကိုးကွယ်​ရာ ဘာသာမရှိပါ တ့ဲ။

XxXxXx

(Zawgyi version)

႐ုပ္​႐ွင္​မင္​းသမီး အင္​ဂ်လီနာဂ်ဳိလီ ​ေျပာျပတာ​ေလးပါ။
.
     မ​ေန႔က ခရစ္​ယာန္​စံုတြဲ ​ေမာင္​းလာတ့ဲကားကို ISIS တ​ေယာက္​က တားပါတယ္​။

ISIS ; ခင္​ဗ်ားတို႔ မူစလင္​​ေတြလား။

ခရစ္​ယာန္​ ; ဟုတ္​ပါတယ္​၊ မူစလင္​​ေတြပါ။

ISIS ; မူစလင္​ဆိုရင္​ ကူရမ္​က်မ္း​ထဲက စာတပိုဒ္​ ရြတ္​ျပ။

ခရစ္​ယာန္​က ဘိုင္​ဘယ္​က်မ္း​ထဲက စာတပိုဒ္​ ရြတ္​ျပလိုက္​တယ္​။

ISIS : OK . သြားႏိုင္​ၿပီ၊ အလႅာ။

လြတ္​ရာလဲ​ေရာက္​​ေရာ မိန္​းမက ကားသမား​ေယာက္က်ား​ကို အပစ္​တင္​ပါ​ေတာ့တယ္​။

"ကြၽန္​မတို႔ မူစလင္​​ေတြလို႔ ဘာ​ေၾကာင္​့​ေျပာလိုက္​တာလဲ၊ မဟုတ္​မွန္​းသိရင္​ ကြၽန္​မတို႔ကို သူက သတ္​ပစ္​မွာ။

"မပူပါနဲ႔ မိန္​းမရာ၊ ကူရမ္​ကို သူတို႔​ေသခ်ာသိရင္​ သူတို႔လူသတ္​​ေတာ့မွာ မဟုတ္​ပါဘူး။"လို႔ ​ေယာက္​က်ားက ျပန္​​ေျပာျပလိုက္​ပါတယ္​။

ISIS ​ေတြသည္​ အစၥလမ္​ကိုးကြယ္​သူမ်ား မဟုတ္​ပါ။ အၾကမ္​းဖက္​ဝါဒမွာ ကိုးကြယ္​ရာ ဘာသာမ႐ွိပါ တ့ဲ။




05 July 2016

like မလား၊ မန်​့မလား။

(Unicode version )

  ဖတ်စရာစာအုပ်တွေလဲ

တော်တော်ရထားတယ်။

စာအုပ်ဖတ်ဖို့ကို

သီးသန့်အချိန် ပေးဖတ်ရတယ်။

.

တီဗီက ဇတ်လမ်းတွေတော့

မကြည့်ဖြစ်တာ ကြာပါပြီ။

သတင်းထူးရင် သိရအောင်လို့သာ

တီဗီကြီး ဖွင့်ထားဖြစ်တာ။

.

လူတွေ စာမဖတ်ကြတော့ဘူး၊

တီဗီကြည့်သူ နည်းလာပြီ။

အသံတွေကြားရတာ

မထူးဆန်းတော့ပါ။

.

စာအုပ်က ရေးသူကို

ကြိုက် မကြိုက် ပြန်ပြောလို့လဲ မရဘူး။

တီဗီကလဲ သူတို့လွှင့်နေတာကို

လိုင်းပြောင်းတာကလွဲလို့ မတုံ့ပြန်နိုင်ဘူး။

.

ဖွဘုတ်ကမှ ကိုယ်ဖတ်ရကြည့်ရတာကို

ချက်ချင်းတုံ့ပြန်နိုင်တာ။

ဒီတော့ စာမဖတ် တီဗီမကြည့်ဖြစ်လာတာ

အံ့သြစရာ မဟုတ်တော့ပါ။

.

ကြီးကြီးကျယ်ကျယ်ဆို

အင်တာအက်တစ်ဗ် ဖြစ်တယ်ပေါ့။

ဒီ​တော့

လိုက်​မှာလား ၊ မန်​့မှာလား။

XxXxXx

  ဖတ္စရာစာအုပ္ေတြလဲ
ေတာ္ေတာ္ရထားတယ္။
စာအုပ္ဖတ္ဖို႔ကို
သီးသန္႔အခ်ိန္ ေပးဖတ္ရတယ္။
.
တီဗီက ဇတ္လမ္းေတြေတာ့
မၾကည့္ျဖစ္တာ ၾကာပါၿပီ။
သတင္းထူးရင္ သိရေအာင္လို႔သာ
တီဗီႀကီး ဖြင့္ထားျဖစ္တာ။
.
လူေတြ စာမဖတ္ၾကေတာ့ဘူး၊
တီဗီၾကည့္သူ နည္းလာၿပီ။
အသံေတြၾကားရတာ
မထူးဆန္းေတာ့ပါ။
.
စာအုပ္က ေရးသူကို
ႀကိဳက္ မႀကိဳက္ ျပန္ေျပာလို႔လဲ မရဘူး။
တီဗီကလဲ သူတို႔လႊင့္ေနတာကို
လိုင္းေျပာင္းတာကလဲြလို႔ မတံု႔ျပန္ႏိုင္ဘူး။
.
ဖြဘုတ္ကမွ ကိုယ္ဖတ္ရၾကည့္ရတာကို
ခ်က္ခ်င္းတံု႔ျပန္ႏိုင္တာ။
ဒီေတာ့ စာမဖတ္ တီဗီမၾကည့္ျဖစ္လာတာ
အံ့ၾသစရာ မဟုတ္ေတာ့ပါ။
.
ႀကီးႀကီးက်ယ္က်ယ္ဆို
အင္တာအက္တစ္ဗ္ ျဖစ္တယ္ေပါ့။
ဒီ​ေတာ့
လိုက္​မွာလား ၊ မန္​႔မွာလား။

04 July 2016

`ရခိုင်​လူမျိုး´ဟု​ခေါ်ပါ၊






(Unicode version)

ပြီးခ့ဲ​သော လထဲက ကုလညီလာခံတခုမှာ မြန်​မာကိုယ်​စားလှယ်​က ရိုဟင်​ဂျာလို့ မသုံးကြဘဲ ရခိုင်​ပြည်​နယ်​မှ မူစလင်​အသိုင်​းအဝိုင်​းလို့ သုံးကြပါလို့ ​ပြောဆိုလိုက်​ပါတယ်​။ ပြဿနာ​တော့ တက်​​တော့မယ်​လို့ ထင်​ခ့ဲပါတယ်​။ ကမ္ဘာ့အသိုင်​းအဝိုင်​းမှာ လူမျိုးအမည်​တပ်​သုံးရင်​ကို နှစ်​ဖက်​မ​ပြေလည်​နိုင်​ကြတာ၊ မကြိုက်​ကြတာ ရှိပါတယ်​။ ကိုးကွယ်​တ့ဲ ဘာသာနဲ့အမည်​တပ်​​ခေါ်တာ ဒါ ပထမဆုံးဘဲလို့ ထင်​မိလို့ပါ။ အင်​ဒိုက​နေ အီဂျစ်​အထိ မူစလင်​မျိုးစုံက ဆူညံ​နေ​အောင်​ ကန်​့ကွက်​​တော့မယ်​ ထင်​လိုက်​ပါတယ်​။

.

   ထင်​တ့ဲအတိုင်​း ကန်​့ကွက်​သံ ညံခ့ဲပါတယ်​။ ကမ္ဘာ့မူစလင်​ အသိုင်​းအဝိုင်​းက မဟုတ်​ဘဲ ပြည်​တွင်​း NLD အစိုးရကို မကြိုက်​တ့ဲသူ​တွေ ဖြစ်​​နေပါ​တော့တယ်​။ ဆန္ဒပြမှု​တွေလဲ ​ပေါ်ထွက်​လာပါတယ်​။ ဒီ​နေရာမှာ စဉ်​းစားစရာ ​ပေါ်လာပါတယ်​။

.

   ဘီဘီစီအပါအဝင်​ ကမ္ဘာ့အင်​အားကြီး မီဒီယာ​တွေက ရိုဟင်​ဂျာလို့ဘဲ သုံးမြဲပါ။ ဒါ​ပေမ့ဲ မြန်​မာအစိုးရက ​ခေါ်​ဝေါ်ခိုင်​းတ့ဲ အသုံးအနှုံးကို​တော့ ကန်​့ကွက်​ခြင်​း မပြုကြပါဘူး။ ဒါဘာကိုပြသလဲဆိုရင်​ လက်​ရှိမြန်​မာအစိုးရရဲ့ သိက္ခာကိုပြတာပါ။ မြန်​မာအစိုးရရဲ့ ဆန္ဒကို မကန်​့ကွက်​ကြပါဘူး။ ​ရေရှည်​ လိုက်​လုပ်​မှု ရှိမရှိ​တော့ ​စောင်​့ကြည်​့ရပါဦးမယ်​။

.

   ကန်​့ကွက်​တ့ဲသူ​တွေကလဲ ကမ္ဘာနဲ့ချီ စဉ်​းစား​စေချင်​ပါတယ်​။ ​ပြောင်​းလဲ​ခေါ်ခိုင်​းတ့ဲ အ​ခေါ်အ​ဝေါ်ကို ကြိုက်​သလား၊ အရင်​အ​ခေါ်အ​ဝေါ်ကို ကြိုက်​သလား။ နှစ်​ခုလုံး လက်​မခံဘူး​တော့ ခုအချိန်​မှာ မလုပ်​​စေချင်​ပါ။ အ​ကြောင်​းက ကန်​့ကွက်​သူ​တွေရဲ့အသံက ပြည်​တွင်​းမှာ​တောင်​ မကျယ်​ပြန်​့​သေးခင်​ သူတို့ရဲ့အသံက ကမ္ဘာနဲ့အနှံ့ပြန်​့နိုင်​ပါတယ်​။ ဘီဘီစီတခုထဲ​တောင်​ ဘာသာစကား ​လေးငါးဆယ်​နဲ့ လွှင်​့​နေတာပါ။

.

   မိမိတို့ အဓိကလိုအပ်​ချက်​က ဘာလဲ။ အမည်​သမုတ်​တာလား၊ နိုင်​ငံသား မ​ပေးရ​ရေးလား။ ပွင်​့ပွင်​့လင်​းလင်​း​မေးရရင်​ ဘင်္ဂလီလို့​ခေါ်ပြီး နိုင်​ငံသား​ပေးမှာလား၊ ရိုဟင်​ဂျာလို့ ​ခေါ်ပြီး ပြည်​တွင်​းမှာလက်​မခံ​ရေးလား ဆိုတာပါ။ လက်​ရှိအစိုးရလက်​ထက်​မှာ ခိုးဝင်​တ့ဲသူ တ​ယောက်​ကိုမှ ဝှိုက်​ကဒ်​​တောင်​ မ​ပေးရ​သေးပါ။ လက်​ရှိပြည်​တွင်​း​ရောက်​​နေသူ​တွေကို မည်​သည်​့အဆင်​့ သတ်​မှတ်​မလဲ စာရင်​း​ကောက်​​နေတုံး ရှိပါ​သေးတယ်​။ စာရင်​းရမှ ၁၉၈၂နိုင်​ငံသားဥပ​ဒေနဲ့ ဆုံးဖြတ်​ရမှာ ဖြစ်​ပါတယ်​။

.

   ဒီ​နေ့ သတင်​းတခုအရ ပြည်​သူ့အသံနား​ထောင်​တ့ဲ အစိုးရက ရခိုင်​လူမျိုးလို့ သုံးဖို့ အမိန်​့တခု ထုတ်​ခ့ဲပါပြီ။ လိုချင်​တာ အပြည်​့မရ​သေးခင်​ တချို့ရလိုက်​တယ်​လို့ ခံယူသင်​့ပါတယ်​။ အခြား အာဏာပြန်​လိုချင်​လို့ ဘာသာ​ရေးခုတုံးလုပ်​သူ​တွေရဲ့ လှုံ​ဆော်​စကား​တွေကို နားမ​ယောင်​သင်​့ပါဘူး။ အစိုးရရဲ့ အစီအစဉ်​​တွေမှာ ပူး​ပေါင်​းကူညီကြရင်​ မိမိလိုအင်​​တွေ အပြည်​့အဝ မကြာခင်​ပြည်​့မှာပါ။

.

   ကမ္ဘာနဲ့ ဆက်​ဆံတ့ဲ​နေရာမှာ အစိုးရရဲ့ အခက်​အခဲ​တွေလဲ ရှိနိုင်​ပါတယ်​။ အရင်​ မြန်​မာအစိုးရ အဆက်​ဆက်​ဟာ ကမ္ဘာမှာ အသံမထွက်​နိုင်​ခ့ဲပါဘူး။ အခုအစိုးရ​ခေတ်​​ရောက်​မှ မြန်​မာအစိုးရရဲ့ အသံကို နား​ထောင်​ယုံဘဲ ရှိပါ​သေးတယ်​။ လိုက်​လုပ်​​သေးတာ မဟုတ်​​သေးပါဘူး။ ကိုယ်​လိုဘ အမြန်​ပြည်​့ဝဖို့ အစိုးရနဲ့ ပူး​ပေါင်​း​ဆောင်​ရွက်​ခြင်​းသာ အ​ကောင်​းဆုံးဖြစ်​မယ်​လို့ တိုက်​တွန်​းချင်​ပါတယ်​ခင်​ဗျား။

XxXxXx

(Zawgyi version )

       ၿပီးခ့ဲ​ေသာ လထဲက ကုလညီလာခံတခုမွာ ျမန္​မာကိုယ္​စားလွယ္​က ႐ိုဟင္​ဂ်ာလို႔ မသံုးၾကဘဲ ရခိုင္​ျပည္​နယ္​မွ မူစလင္​အသိုင္​းအဝိုင္​းလို႔ သံုးၾကပါလို႔ ​ေျပာဆိုလိုက္​ပါတယ္​။ ျပႆနာ​ေတာ့ တက္​​ေတာ့မယ္​လို႔ ထင္​ခ့ဲပါတယ္​။ ကမာၻ႔အသိုင္​းအဝိုင္​းမွာ လူမ်ိဳးအမည္​တပ္​သံုးရင္​ကို ႏွစ္​ဖက္​မ​ေျပလည္​ႏိုင္​ၾကတာ၊ မႀကိဳက္​ၾကတာ ႐ွိပါတယ္​။ ကိုးကြယ္​တ့ဲ ဘာသာနဲ႔အမည္​တပ္​​ေခၚတာ ဒါ ပထမဆံုးဘဲလို႔ ထင္​မိလို႔ပါ။ အင္​ဒိုက​ေန အီဂ်စ္​အထိ မူစလင္​မ်ိဳးစံုက ဆူညံ​ေန​ေအာင္​ ကန္​႔ကြက္​​ေတာ့မယ္​ ထင္​လိုက္​ပါတယ္​။
.
   ထင္​တ့ဲအတိုင္​း ကန္​႔ကြက္​သံ ညံခ့ဲပါတယ္​။ ကမာၻ႔မူစလင္​ အသိုင္​းအဝိုင္​းက မဟုတ္​ဘဲ ျပည္​တြင္​း NLD အစိုးရကို မႀကိဳက္​တ့ဲသူ​ေတြ ျဖစ္​​ေနပါ​ေတာ့တယ္​။ ဆႏၵျပမႈ​ေတြလဲ ​ေပၚထြက္​လာပါတယ္​။ ဒီ​ေနရာမွာ စဥ္​းစားစရာ ​ေပၚလာပါတယ္​။
.
   ဘီဘီစီအပါအဝင္​ ကမာၻ႔အင္​အားႀကီး မီဒီယာ​ေတြက ႐ိုဟင္​ဂ်ာလို႔ဘဲ သံုးျမဲပါ။ ဒါ​ေပမ့ဲ ျမန္​မာအစိုးရက ​ေခၚ​ေဝၚခိုင္​းတ့ဲ အသံုးအႏႈံးကို​ေတာ့ ကန္​႔ကြက္​ျခင္​း မျပဳၾကပါဘူး။ ဒါဘာကိုျပသလဲဆိုရင္​ လက္​႐ွိျမန္​မာအစိုးရရဲ႕ သိကၡာကိုျပတာပါ။ ျမန္​မာအစိုးရရဲ႕ ဆႏၵကို မကန္​႔ကြက္​ၾကပါဘူး။ ​ေရ႐ွည္​ လိုက္​လုပ္​မႈ ႐ွိမ႐ွိ​ေတာ့ ​ေစာင္​့ၾကည္​့ရပါဦးမယ္​။
.
   ကန္​႔ကြက္​တ့ဲသူ​ေတြကလဲ ကမာၻနဲ႔ခ်ီ စဥ္​းစား​ေစခ်င္​ပါတယ္​။ ​ေျပာင္​းလဲ​ေခၚခိုင္​းတ့ဲ အ​ေခၚအ​ေဝၚကို ႀကိဳက္​သလား၊ အရင္​အ​ေခၚအ​ေဝၚကို ႀကိဳက္​သလား။ ႏွစ္​ခုလံုး လက္​မခံဘူး​ေတာ့ ခုအခ်ိန္​မွာ မလုပ္​​ေစခ်င္​ပါ။ အ​ေၾကာင္​းက ကန္​႔ကြက္​သူ​ေတြရဲ႕အသံက ျပည္​တြင္​းမွာ​ေတာင္​ မက်ယ္​ျပန္​႔​ေသးခင္​ သူတို႔ရဲ႕အသံက ကမာၻနဲ႔အႏွံ႔ျပန္​႔ႏိုင္​ပါတယ္​။ ဘီဘီစီတခုထဲ​ေတာင္​ ဘာသာစကား ​ေလးငါးဆယ္​နဲ႔ လႊင္​့​ေနတာပါ။
.
   မိမိတို႔ အဓိကလိုအပ္​ခ်က္​က ဘာလဲ။ အမည္​သမုတ္​တာလား၊ ႏိုင္​ငံသား မ​ေပးရ​ေရးလား။ ပြင္​့ပြင္​့လင္​းလင္​း​ေမးရရင္​ ဘဂၤလီလို႔​ေခၚၿပီး ႏိုင္​ငံသား​ေပးမွာလား၊ ႐ိုဟင္​ဂ်ာလို႔ ​ေခၚၿပီး ျပည္​တြင္​းမွာလက္​မခံ​ေရးလား ဆိုတာပါ။ လက္​႐ွိအစိုးရလက္​ထက္​မွာ ခိုးဝင္​တ့ဲသူ တ​ေယာက္​ကိုမွ ဝိႈက္​ကဒ္​​ေတာင္​ မ​ေပးရ​ေသးပါ။ လက္​႐ွိျပည္​တြင္​း​ေရာက္​​ေနသူ​ေတြကို မည္​သည္​့အဆင္​့ သတ္​မွတ္​မလဲ စာရင္​း​ေကာက္​​ေနတံုး ႐ွိပါ​ေသးတယ္​။ စာရင္​းရမွ ၁၉၈၂ႏိုင္​ငံသားဥပ​ေဒနဲ႔ ဆံုးျဖတ္​ရမွာ ျဖစ္​ပါတယ္​။
.
   ဒီ​ေန႔ သတင္​းတခုအရ ျပည္​သူ႔အသံနား​ေထာင္​တ့ဲ အစိုးရက ရခိုင္​လူမ်ိဳးလို႔ သံုးဖို႔ အမိန္​႔တခု ထုတ္​ခ့ဲပါၿပီ။ လိုခ်င္​တာ အျပည္​့မရ​ေသးခင္​ တခ်ိဳ႕ရလိုက္​တယ္​လို႔ ခံယူသင္​့ပါတယ္​။ အျခား အာဏာျပန္​လိုခ်င္​လို႔ ဘာသာ​ေရးခုတံုးလုပ္​သူ​ေတြရဲ႕ လႈံ​ေဆာ္​စကား​ေတြကို နားမ​ေယာင္​သင္​့ပါဘူး။ အစိုးရရဲ႕ အစီအစဥ္​​ေတြမွာ ပူး​ေပါင္​းကူညီၾကရင္​ မိမိလိုအင္​​ေတြ အျပည္​့အဝ မၾကာခင္​ျပည္​့မွာပါ။
.
   ကမာၻနဲ႔ ဆက္​ဆံတ့ဲ​ေနရာမွာ အစိုးရရဲ႕ အခက္​အခဲ​ေတြလဲ ႐ွိႏိုင္​ပါတယ္​။ အရင္​ ျမန္​မာအစိုးရ အဆက္​ဆက္​ဟာ ကမာၻမွာ အသံမထြက္​ႏိုင္​ခ့ဲပါဘူး။ အခုအစိုးရ​ေခတ္​​ေရာက္​မွ ျမန္​မာအစိုးရရဲ႕ အသံကို နား​ေထာင္​ယံုဘဲ ႐ွိပါ​ေသးတယ္​။ လိုက္​လုပ္​​ေသးတာ မဟုတ္​​ေသးပါဘူး။ ကိုယ္​လိုဘ အျမန္​ျပည္​့ဝဖို႔ အစိုးရနဲ႔ ပူး​ေပါင္​း​ေဆာင္​ရြက္​ျခင္​းသာ အ​ေကာင္​းဆံုးျဖစ္​မယ္​လို႔ တိုက္​တြန္​းခ်င္​ပါတယ္​ခင္​ဗ်ား။ 

03 July 2016

ဘာသာ​ရေး ပဋိပက္ခများနဲ့ မြန်​မာပြည်​

(Unicode version)

စင်​ကာပူသတင်​းဌာနရဲ့ ပို့စ်​တခုမှ မန်​့​တွေပါ။

.

မြန်​မာကို ဗုဒ္ဓဘာသာနဲ့ပတ်​သက်​လို့ ဘယ်​လိုထင်​လာကြသလဲ ​တွေ့ရမှာပါ။

.

စင်​ကာပူမှာ အလုပ်​လုပ်​​နေရတ့ဲ မြန်​မာ​တွေအဆင်​့က ထိုင်​းနဲ့မ​လေးရှားမှ မြန်​မာ​တွေထက်​ အများကြီးသာပါတယ်​။

.

ဒီမှာ လုပ်​လိုက်​သမျှဟာ ပြည်​ပနိုင်​ငံ​တွေက မြန်​မာအလုပ်​သမား​တွေအ​ပေါ် ဘယ်​​လောက်​သက်​​ရောက်​နိုင်​တယ်​ဆိုတာ စဉ်​းစားမိ​စေချင်​ပါတယ်​။

.

မိမိ​ဆွေမျိုး မိမိနိုင်​ငံသား ပြည်​ပမှာ မျက်​​နှာမငယ်​ရ​အောင်​ ပြည်​တွင်​းက ဗုဒ္ဓဘာသာမြန်​မာ​တွေဘဲ လုပ်​လို့ရမှာပါ။ အာဏာပြန်​လိုချင်​လို့ ဘာသာ​ရေးမှိုင်​းတိုက်​နေ​သော အဖွဲ့အစည်​း​တွေရဲ့ လုပ်​ရပ်​​တွေကို နားမ​ယောင်​​စေချင်​ပါ။

.

ခုတ​လော မြန်​မာနိုင်​ငံမှာ ဖြစ်​ပွား​နေတ့ဲ ဘာသာ​ရေးပဋိပက္ခ ဖြစ်​တ့ဲ​နေရာများမှာ ​နေကြတ့ဲ ပြည်​သူ​တွေရဲ့ ​ဆွေမျိုးမိတ်​​ဆွေ​တွေလဲ ပြည်​ပမှာ သွားလုပ်​​နေသူ​တွေ ရှိမှာပါ။ သူတို့ကို လူမျိုး​ရေး ဘာသာ​ရေးအရ နှိပ်​ကွပ်​ခံရရင်​ ဆိုတာကို စဉ်​းစား​စေချင်​ပါတယ်​။ ခု​တောင်​ ထိုင်​းနဲ့မ​လေးမှာ အများကြီး နှိမ်​့ချခံရပြီး ပိုက်​ဆံရှာ​နေကြရတာပါ။

.

တက်​လာတာ မကြာ​သေးတ့ဲ ​ဒေါ်စုအစိုးရက ဒီပြဿနာ​တွေကို ​ဖြေရှင်​းဖို့ ကြိုးစား​နေချိန်​မှာ ပိုမဆိုး​စေချင်​ပါ။ ဘာသာ​ရေးပြဿနာဖြစ်​​အောင်​ လုပ်​​နေသူ​တွေဟာ ပိုက်​ဆံရလို့ရယ်​၊ အရင်​လူ​တွေ အာဏာပြန်​ရ​အောင်​လို့ရယ်​၊ လက်​ရှိအစိုးရ အကျပ်​အတည်​းဖြစ်​​အောင်​လို့ရယ်​ ရည်​ရွယ်​​နေကြတာဖြစ်​ပါတယ်​။

.

ပြည်​သူအများစုအ​နေနဲ့ နားမ​ယောင်​ဘဲ အစိုးရရဲ့ ​ဖြေရှင်​းမှုကို ယုံကြည်​ကြပါလို့ တိုက်​တွန်​းချင်​ပါတယ်​။

#မကူညီချင်​​နေ_မ​နှောင်​့ယှက်​ပါနဲ့။





XxXxXx

(Zawgyi version)

စင္​ကာပူသတင္​းဌာနရဲ႕ ပို႔စ္​တခုမွ မန္​႔​ေတြပါ။
.
ျမန္​မာကို ဗုဒၶဘာသာနဲ႔ပတ္​သက္​လို႔ ဘယ္​လိုထင္​လာၾကသလဲ ​ေတြ႔ရမွာပါ။
.
စင္​ကာပူမွာ အလုပ္​လုပ္​​ေနရတ့ဲ ျမန္​မာ​ေတြအဆင္​့က ထိုင္​းနဲ႔မ​ေလး႐ွားမွ ျမန္​မာ​ေတြထက္​ အမ်ားႀကီးသာပါတယ္​။
.
ဒီမွာ လုပ္​လိုက္​သမွ်ဟာ ျပည္​ပႏိုင္​ငံ​ေတြက ျမန္​မာအလုပ္​သမား​ေတြအ​ေပၚ ဘယ္​​ေလာက္​သက္​​ေရာက္​ႏိုင္​တယ္​ဆိုတာ စဥ္​းစားမိ​ေစခ်င္​ပါတယ္​။
.
မိမိ​ေဆြမ်ိဳး မိမိႏိုင္​ငံသား ျပည္​ပမွာ မ်က္​​ႏွာမငယ္​ရ​ေအာင္​ ျပည္​တြင္​းက ဗုဒၶဘာသာျမန္​မာ​ေတြဘဲ လုပ္​လို႔ရမွာပါ။ အာဏာျပန္​လိုခ်င္​လို႔ ဘာသာ​ေရးမိႈင္​းတိုက္​ေန​ေသာ အဖြဲ႔အစည္​း​ေတြရဲ႕ လုပ္​ရပ္​​ေတြကို နားမ​ေယာင္​​ေစခ်င္​ပါ။
.
ခုတ​ေလာ ျမန္​မာႏိုင္​ငံမွာ ျဖစ္​ပြား​ေနတ့ဲ ဘာသာ​ေရးပဋိပကၡ ျဖစ္​တ့ဲ​ေနရာမ်ားမွာ ​ေနၾကတ့ဲ ျပည္​သူ​ေတြရဲ႕ ​ေဆြမ်ိဳးမိတ္​​ေဆြ​ေတြလဲ ျပည္​ပမွာ သြားလုပ္​​ေနသူ​ေတြ ႐ွိမွာပါ။ သူတို႔ကို လူမ်ိဳး​ေရး ဘာသာ​ေရးအရ ႏွိပ္​ကြပ္​ခံရရင္​ ဆိုတာကို စဥ္​းစား​ေစခ်င္​ပါတယ္​။ ခု​ေတာင္​ ထိုင္​းနဲ႔မ​ေလးမွာ အမ်ားႀကီး ႏွိမ္​့ခ်ခံရၿပီး ပိုက္​ဆံ႐ွာ​ေနၾကရတာပါ။
.
တက္​လာတာ မၾကာ​ေသးတ့ဲ ​ေဒၚစုအစိုးရက ဒီျပႆနာ​ေတြကို ​ေျဖ႐ွင္​းဖို႔ ႀကိဳးစား​ေနခ်ိန္​မွာ ပိုမဆိုး​ေစခ်င္​ပါ။ ဘာသာ​ေရးျပႆနာျဖစ္​​ေအာင္​ လုပ္​​ေနသူ​ေတြဟာ ပိုက္​ဆံရလို႔ရယ္​၊ အရင္​လူ​ေတြ အာဏာျပန္​ရ​ေအာင္​လို႔ရယ္​၊ လက္​႐ွိအစိုးရ အက်ပ္​အတည္​းျဖစ္​​ေအာင္​လို႔ရယ္​ ရည္​ရြယ္​​ေနၾကတာျဖစ္​ပါတယ္​။
.
ျပည္​သူအမ်ားစုအ​ေနနဲ႔ နားမ​ေယာင္​ဘဲ အစိုးရရဲ႕ ​ေျဖ႐ွင္​းမႈကို ယံုၾကည္​ၾကပါလို႔ တိုက္​တြန္​းခ်င္​ပါတယ္​။
#မကူညီခ်င္​​ေန_မ​ေႏွာင္​့ယွက္​ပါနဲ႔။