25 December 2012

ကုသိုလ်

(Unicode version )

ကမ္ဘာအေး လှိုင်ဂူကြီးထဲမှာ စာပြန်ပွဲလုပ်နေတုံးတွေ့ခ့ဲရတာပါ။ စာပြန်ပြီးထွက်လာမ့ဲ ဘုန်းဘုန်းများ မောရင် ဘုန်းပေးနိုင်အောင် သံပုရာသီးလေးတွေ ရှေ့မှာချပြီး စောင့်နေရှာတ့ဲ သီလရင်ဆရာကြီးတစ်ပါးပါ။ တတ်နိုင်သလောက် ကုသိုလ်ရအောင် ရှိတာလေးနဲ့ လုပ်နေပုံပါဘဲ။ သာဓု၊ သာဓု၊ သာဓု။


XxXxXx

(Zawgyi version)

ကမာၻေအး လႈိင္ဂူႀကီးထဲမွာ စာျပန္ပြဲလုပ္ေနတံုးေတြ႔ခ့ဲရတာပါ။ စာျပန္ၿပီးထြက္လာမ့ဲ ဘုန္းဘုန္းမ်ား ေမာရင္ ဘုန္းေပးႏိုင္ေအာင္ သံပုရာသီးေလးေတြ ေ႐ွ႕မွာခ်ၿပီး ေစာင့္ေန႐ွာတ့ဲ သီလရင္ဆရာႀကီးတစ္ပါးပါ။ တတ္ႏိုင္သေလာက္ ကုသိုလ္ရေအာင္ ႐ွိတာေလးနဲ႔ လုပ္ေနပံုပါဘဲ။ သာဓု၊ သာဓု၊ သာဓု။

22 December 2012

အမှတ်အသား

(Unicode version)

ဆရာတော်ကြီးတွေတောင် ဖိနပ်မှာ ကြိုးလေးချီလို့ အမှတ်အသားလုပ်ထားပါတယ်။

ဆွမ်းစားစဉ် ချွတ်ထားတ့ဲဖိနပ်တွေ များလွန်းတော့ မှားမှာစိုးလို့ပါ။

တလွဲမထင်ကြပါနဲ့။

XxXxXx

(Zawgyi version)

ဆရာေတာ္ႀကီးေတြေတာင္ ဖိနပ္မွာ ႀကိဳးေလးခ်ီလို႔ အမွတ္အသားလုပ္ထားပါတယ္။
ဆြမ္းစားစဥ္ ခၽြတ္ထားတ့ဲဖိနပ္ေတြ မ်ားလြန္းေတာ့ မွားမွာစိုးလို႔ပါ။
တလြဲမထင္ၾကပါနဲ႔။

10 December 2012

ဖြစ်သူ ၊ ပြုသူ ။

 (Unicode version)

               ဗုဓ္ဒဘာသာမှာ စကားတစ်ခွန်းရှိပါတယ်။ ဖြစ်သူအဟောင်း ပြုသူအသစ်တ့ဲ။ ကျွန်တော်နားလည်မိတာကတော့ တစ်ခုခုဖြစ်ခ့ဲမိယင် ကံ အဟောင်း ၀ဋ်ပါလာလို့လို့ စိတ်ဖြေပြီး တစ်ခုခုကို ပြုလုပ်လိုက်ယင်တော့ ကံ အသစ်ဖြစ်စေတယ်လို့ နားလည်မိပါတယ်။

              အခု လောလောဆယ် မြန်မာပြည်ကြီးမှာ နေနေရသူတွေဟာ အင်မတန်ည့ံ၊ အင်မတန် ကိုယ်ကျိုးကြည့်တ့ဲ ခေါင်းဆောင်တွေအောက်မှာ နှစ်ငါးဆယ် နေခ့ဲကြရပါတယ်။ ခုတော့ လွတ်လမ်းစလေး မြင်ရပြီဆိုပြီး ပျော်နေကြရ တာပါ။ ဒီလိုမြန်မာပြည်ကနေ မကြိုက်လို့ ဘယ်ကိုမှလည်း မသွားနိုင်ဘဲ နေနေရတာ ၀ဋ်ပါလာလို့ဘဲဆိုပြီး စိတ်ဖြေနေကြရပါတယ်။ ဖြစ်သူအဟောင်းပေါ့။

                 ခုတလော တယ်လီဖုန်းကနေ အင်တာနက်သုံးတ့ဲ ဈေးတွေတင်ဖို့ လုပ်နေပါတယ်။ Facebook သမားတွေ၊ Blogger တွေ အော်နေကြတာ ကြားမှာပေါ့။ မကိုက်လို့ ဈေးတင်တာ ရှင်းပြရင် လက်ခံရမှာပါ။ ခုဟာက မိနစ်နဲ့ ဈေးဖြတ်တ့ဲစံနစ်ထက် download နဲ့ဈေးဖြတ်တ့ဲစနစ်က ပိုကောင်းပါတယ်ဆို ပြီးရှင်းပြပါတယ်။ ဒီအထိလဲ ပြသနာမဟုတ်သေးပါ။ ပြသနာက ဒီလိုပြောင်းတာကောင်းတယ်ဆိုတ့ဲ ပုံပေါက်အောင် ပြောင်းမယ်ဆိုတ့ဲကြေငြာချက်ထွက်ကတည်းက တယ်လီဖုန်းနဲ့သုံးတ့ဲ အင်တာနက် speed ကို လျှော့ချလိုက်တာပါ။ သုံးလေ၊ speed လျှော့ထားတော့ page တစ်ခုပွင့်ဖို့ကြာကြာသုံးဖို့လိုပြီ။ ပြောတော့မယ်၊ ဒါကြောင့်ပြောတာ မိနစ်စံနစ်က မကောင်းပါဘူးလို့။ ဒါ အကျင့်ယုတ်တာပါ။ သုံးစွဲသူတွေ ဒီ MPT တစ်ခုထဲရှိတော့ ရွေးစရာလဲမရှိပါ။ ညစ်လဲ ခံ နေရတာပါဘဲ။ ဖြစ်သူ အဟောင်းလို့ဘဲ အောက်မေ့ပါတယ်။

                 ပြီးခ့ဲတ့ဲ အပါတ်တွေက အင်တာနက်ပေါ်မှာ မကြည့်ချင်ဆုံးပုံတွေက ဘုန်းကြီးတွေ မီးလောင်ထားတ့ဲ ပုံတွေပါ။ မကြည့်ချင်လို့ကို မရပါ။ ဘယ်မှာကြည့်ကြည့် ဒီပုံတွေကြီးပါဘဲ။ အင်မတန် စိတ်ဆင်းရဲစရာကောင်းပါတယ်။ ခုထိလဲ နောက်ဆက်တွဲပြသနာတွေ မငြိမ်းသေးပါ။ ဖမ်းဆီးတာတွေလဲ ရှိနေပါတယ်။ ဆရာတော်တွေလဲ ကိုယ့်မှာ ၀ဋ်ပါလာလို့ ဖြစ်ရတယ်လို့ သဘောထားလိုက်ကြပါ ဘုရား။ ဖြစ်သူ အဟောင်းလို့ဘဲ စိတ်သွင်းလိုက်ကြပါဘုရား။

                  မနေ့ညက TV ကြည့်လိုက်တော့ အင်မတန်စိတ်ချမ်းသာစရာ တစ်ခုကြည့်မိပါတယ်။ တာချီလိတ်မြို့မှာ နဂါးနှစ်ကောင်ဆရာတော်က ကျေးလက်ဒေသက ဆင်းရဲသူတွေအတွက် ဆေးရုံကြီးတစ်ရုံ လှုဒါန်းတာပါ။ တော်တော်ကို ကောင်းတ့ဲဆေးရုံပါ။ မြန်မာငွေနဲ့ ကျပ် သိန်းပေါင်း ငါးသောင်းခန့်ကျပါတယ်။ သာဓု၊ သာဓု၊ သာဓု ပါဗျာ။ ပြုသူ အသစ်ဖြစ်ပါစေ။ ။

XxXxXx

(Zawgyi version)

              ဗုဓၵဘာသာမွာ စကားတစ္ခြန္းရွိပါတယ္။ ျဖစ္သူအေဟာင္း ျပဳသူအသစ္တ့ဲ။ ကၽြန္ေတာ္နားလည္မိတာကေတာ့ တစ္ခုခုျဖစ္ခ့ဲမိယင္ ကံ အေဟာင္း ၀ဋ္ပါလာလို႔လို႔ စိတ္ေျဖၿပီး တစ္ခုခုကို ျပဳလုပ္လိုက္ယင္ေတာ့ ကံ အသစ္ျဖစ္ေစတယ္လို႔ နားလည္မိပါတယ္။
              အခု ေလာေလာဆယ္ ျမန္မာျပည္ႀကီးမွာ ေနေနရသူေတြဟာ အင္မတန္ည့ံ၊ အင္မတန္ ကိုယ္က်ိဳးၾကည့္တ့ဲ ေခါင္းေဆာင္ေတြေအာက္မွာ ႏွစ္ငါးဆယ္ ေနခ့ဲၾကရပါတယ္။ ခုေတာ့ လြတ္လမ္းစေလး ျမင္ရၿပီဆိုျပီး ေပ်ာ္ေနၾကရ တာပါ။ ဒီလိုျမန္မာျပည္ကေန မႀကိဳက္လို႔ ဘယ္ကိုမွလည္း မသြားႏိုင္ဘဲ ေနေနရတာ ၀ဋ္ပါလာလို႔ဘဲဆိုၿပီး စိတ္ေျဖေနၾကရပါတယ္။ ျဖစ္သူအေဟာင္းေပါ့။
                 ခုတေလာ တယ္လီဖုန္းကေန အင္တာနက္သံုးတ့ဲ ေစ်းေတြတင္ဖို႔ လုပ္ေနပါတယ္။ Facebook သမားေတြ၊ Blogger ေတြ ေအာ္ေနၾကတာ ၾကားမွာေပါ့။ မကိုက္လို႔ ေစ်းတင္တာ ရွင္းျပရင္ လက္ခံရမွာပါ။ ခုဟာက မိနစ္နဲ႔ ေစ်းျဖတ္တ့ဲစံနစ္ထက္ download နဲ႔ေစ်းျဖတ္တ့ဲစနစ္က ပိုေကာင္းပါတယ္ဆို ၿပီးရွင္းျပပါတယ္။ ဒီအထိလဲ ျပသနာမဟုတ္ေသးပါ။ ျပသနာက ဒီလိုေျပာင္းတာေကာင္းတယ္ဆိုတ့ဲ ပံုေပါက္ေအာင္ ေျပာင္းမယ္ဆိုတ့ဲေၾကျငာခ်က္ထြက္ကတည္းက တယ္လီဖုန္းနဲ႔သံုးတ့ဲ အင္တာနက္ speed ကို ေလွ်ာ့ခ်လိုက္တာပါ။ သံုးေလ၊ speed ေလွ်ာ့ထားေတာ့ page တစ္ခုပြင့္ဖို႔ၾကာၾကာသံုးဖို႔လိုၿပီ။ ေျပာေတာ့မယ္၊ ဒါေၾကာင့္ေျပာတာ မိနစ္စံနစ္က မေကာင္းပါဘူးလို႕။ ဒါ အက်င့္ယုတ္တာပါ။ သံုးစြဲသူေတြ ဒီ MPT တစ္ခုထဲရွိေတာ့ ေရြးစရာလဲမရွိပါ။ ညစ္လဲ ခံ ေနရတာပါဘဲ။ ျဖစ္သူ အေဟာင္းလို႔ဘဲ ေအာက္ေမ့ပါတယ္။
                 ၿပီးခ့ဲတ့ဲ အပါတ္ေတြက အင္တာနက္ေပၚမွာ မၾကည့္ခ်င္ဆံုးပံုေတြက ဘုန္းႀကီးေတြ မီးေလာင္ထားတ့ဲ ပံုေတြပါ။ မၾကည့္ခ်င္လို႔ကို မရပါ။ ဘယ္မွာၾကည့္ၾကည့္ ဒီပံုေတြႀကီးပါဘဲ။ အင္မတန္ စိတ္ဆင္းရဲစရာေကာင္းပါတယ္။ ခုထိလဲ ေနာက္ဆက္တြဲျပသနာေတြ မၿငိမ္းေသးပါ။ ဖမ္းဆီးတာေတြလဲ ရွိေနပါတယ္။ ဆရာေတာ္ေတြလဲ ကိုယ့္မွာ ၀ဋ္ပါလာလို႔ ျဖစ္ရတယ္လို႔ သေဘာထားလိုက္ၾကပါ ဘုရား။ ျဖစ္သူ အေဟာင္းလို႔ဘဲ စိတ္သြင္းလိုက္ၾကပါဘုရား။
                  မေန႔ညက TV ၾကည့္လိုက္ေတာ့ အင္မတန္စိတ္ခ်မ္းသာစရာ တစ္ခုၾကည့္မိပါတယ္။ တာခ်ီလိတ္ၿမိဳ႕မွာ နဂါးႏွစ္ေကာင္ဆရာေတာ္က ေက်းလက္ေဒသက ဆင္းရဲသူေတြအတြက္   ေဆးရံုႀကီးတစ္ရံု   လႈဒါန္းတာပါ။ ေတာ္ေတာ္ကို ေကာင္းတ့ဲေဆးရံုပါ။  ျမန္မာေငြနဲ့ က်ပ္ သိန္းေပါင္း ငါးေသာင္းခန္႔က်ပါတယ္။ သာဓု၊ သာဓု၊ သာဓု ပါဗ်ာ။ ျပဳသူ အသစ္ျဖစ္ပါေစ။      ။

09 December 2012

စည်းကမ်း နဲ့ မြန်မာ

 (Unicode version)

 ဦး၀ိစာရလမ်းနှင့် ဘောင်ဒရီလမ်း မီးပွိုင့်တွင် ၄၈Bus တစ်စီး လမ်းလယ်မှာ ကျော်တက်ရန် ကြိုးစားနေစဉ်။ မီးပွိုင့်ရဲ ကလည်းမသိချင်ယောင်ဆောင်နေပါတယ်။ ဂျာနယ်တွေမှာလည်း ပုံနဲ့တကွ ဖေါ်ပြနေပေမ့ဲလည်း စည်းကမ်းဖေါက်မှုတွေက ရှိနေဆဲပါဘဲ။ မြန်မာပီပီ စည်းကမ်းမရှိရမည်လေ။

XxXxXx

(Zawgyi version)

ဦး၀ိစာရလမ္းႏွင့္ ေဘာင္ဒရီလမ္း မီးပြိဳင့္တြင္ ၄၈Bus တစ္စီး လမ္းလယ္မွာ ေက်ာ္တက္ရန္ ႀကိဳးစားေနစဥ္။ မီးပြိဳင့္ရဲ ကလည္းမသိခ်င္ေယာင္ေဆာင္ေနပါတယ္။ ဂ်ာနယ္ေတြမွာလည္း ပံုနဲ႔တကြ ေဖၚျပေနေပမ့ဲလည္း စည္းကမ္းေဖါက္မႈေတြက ရွိေနဆဲပါဘဲ။ ျမန္မာပီပီ စည္းကမ္းမရွိရမည္ေလ။