11 January 2009

STAMP

-->(unicode version)
ပြီးခ့ဲတ့ဲ အပါတ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထွက်တာနဲ့ ပြန်စဉ်းစားမိပါတယ်။ အယင်က တံဆိပ်ခေါင်း ထွက်တ့ဲနေ့ဆိုယင် စာတိုက်ကြီးမှာ တော်တော်စည်ပါတယ်။ First Day Cover ကိုယ်တိုင်လုပ်တဲ့သူတွေ၊ အယင်တံဆိပ်ခေါင်း ထွက်တုံးက အကြောင်းကြောင်းကြောင့် မ၀ယ်လိုက်ရဘဲ Miss ဖြစ်သွား သူတွေ၊ အဲဒီနေ့ ထွက်တ့ဲ တံဆိပ်ခေါင်း လာ၀ယ်သူတွေနဲ့ စည်ကားနေတတ်ပါတယ်။


First Day Cover ဆိုတာမှာလဲ စာတိုက်က အကယ်၍ ထုတ်ရောင်းယင်တောင် အားမရကြပါဘူး။ ကိုယ်စုနေကြ ပုံစံ ကိုယ့်ဖါသာကိုယ် လုပ်ပြီးမှ တံဆိပ်တုံး ထုကြတာပါ။


တံဆိပ်ခေါင်းစုတ့ဲ ဝါသနာကိုက Crazy တစ်မျိုးဆိုတော့ စုတဲ့ပုံစံ မှာလဲ Crazy အမျိုးမျိုးပါဘဲ။ တော်တော် ထူးထူးဆန်းဆန်း ပုံစံတွေကို အဲဒီနေ့မှာ တွေ့ရတတ်လေ့ ရှိပါတယ်။ ဒါတွေကို လိုက်ကြည့်ရတာကိုက အလုပ်တစ်ခုပါ။


ပြီးခ့ဲတ့ဲ အပါတ်ကတော့ လူတော်တော်ကို ရှင်းနေပါတယ်။


XxXxXx

(Zawgyi version)


-->
-->
ျပီးခ့ဲတ့ဲ အပါတ္က လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တံဆိပ္ေခါင္း ထြက္တာနဲ႔ ျပန္စဥ္းစားမိပါတယ္။ အယင္က တံဆိပ္ေခါင္း ထြက္တ့ဲေန႔ဆိုယင္ စာတိုက္ႀကီးမွာ ေတာ္ေတာ္စည္ပါတယ္။ First Day Cover ကိုယ္တိုင္လုပ္တဲ့သူေတြ၊ အယင္တံဆိပ္ေခါင္း ထြက္တံုးက အေၾကာင္းေၾကာင္းေၾကာင့္ မ၀ယ္လိုက္ရဘဲ Miss ျဖစ္သြား သူေတြ၊ အဲဒီေန႔ ထြက္တ့ဲ တံဆိပ္ေခါင္း လာ၀ယ္သူေတြနဲ႔ စည္ကားေနတတ္ပါတယ္။

First Day Cover ဆိုတာမွာလဲ စာတိုက္က အကယ္၍ ထုတ္ေရာင္းယင္ေတာင္ အားမရၾကပါဘူး။ ကိုယ္စုေနၾက ပံုစံ ကိုယ့္ဖါသာကိုယ္ လုပ္ၿပီးမွ တံဆိပ္တံုး ထုၾကတာပါ။

တံဆိပ္ေခါင္းစုတ့ဲ ၀ါသနာကိုက Crazy တစ္မ်ိဳးဆိုေတာ့ စုတဲ့ပံုစံ မွာလဲ Crazy အမ်ိဳးမ်ိဳးပါဘဲ။ ေတာ္ေတာ္ ထူးထူးဆန္းဆန္း ပံုစံေတြကို အဲဒီေန႔မွာ ေတြ႕ရတတ္ေလ့ ႐ွိပါတယ္။ ဒါေတြကို လိုက္ၾကည့္ရတာကိုက အလုပ္တစ္ခုပါ။

ၿပီးခ့ဲတ့ဲ အပါတ္ကေတာ့ လူေတာ္ေတာ္ကို ႐ွင္းေနပါတယ္။
အထူး Seal ထုပေးတ့ဲနေရာမှာတောင် တန်းမစီရပါဘူး။ ဟိုအရင် ဒီလိုနေ့တွေမှာ တွေ့နေကြသူတွေလဲ မမြင်သလောက်ပါဘဲ။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြကောင်းပါရဲ့။ ဝါသနာရှင် တစ်ဦးစ နှစ်ဦးစ သာတွေ့ရလို့ ငါလို Crazy တွေရှိသေးတယ် ဆိုပြီး စိတ်ချမ်းသာရပါတယ်။ တစ်ယောက်ကိုတော့ သူ့ကိစ္စနဲ့သူ အလုပ်ရှုပ်နေတုံး ဓါတ်ပုံရိုက်ခ့ဲပါတယ်။ ကိုယ်တော်ကတော့ သိဟန်မတူပါဘူး။

နောက် စါတိုက်ကြီးအပေါ်ထပ်မှာ ပြထားတ့ဲ တံဆိပ်ခေါင်းတွေလဲ တွေ့ခ့ဲပါတယ်။ အဲဒီထဲက တစ်ခုက ပြထားပုံသဘောကျလို့ ဓါတ်ပုံရိုက်ခ့ဲမိပါတယ်။ တကယ်က တံဆိပ်ခေါင်းစုတ့ဲ အလုပ်ဟာ ပျောက်ကွယ်တော့မှာပါ။ စုတ့ဲဓလေ့ ပျောက်ကွယ်ယင် အယင် စုထားတာတွေကိုတောင် တန်းဖိုးထားကြတော့ပါ့မလား မသိပါဘူး။ Antique ဓလေ့ဖြစ်နေပါပြီ။

ကျွန်တော် ကိုယ်တိုင်တောင် တံဆိပ်ခေါင်းတွေ ပြန်မကြည့်ဖြစ်တာ ကြပါပြီ။ ခုလို အသစ်ထွက်မှသာ ပြန်ကြည့်ဖြစ်ပါတယ်။ မှတ်မိတ့ဲ အရွယ်ကတည်းက ပါခ့ဲတ့ဲဝါသနာဆိုတော့ ဖြတ်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ တံဆိပ်ခေါင်းစုတဲ့ ဝါသနာရှင်တွေရဲ့ နှလုံးသားက နူးည့ံတယ်လေ။ မယုံကြဘူးလား။ ။


XxXxXx



--> -->
အထူး Seal ထုေပးတ့ဲေနရာမွာေတာင္ တန္းမစီရပါဘူး။ ဟိုအရင္ ဒီလိုေန႔ေတြမွာ ေတြ႕ေနၾကသူေတြလဲ မျမင္သေလာက္ပါဘဲ။ က်န္းက်န္းမာမာ ခ်မ္းခ်မ္းသာသာ ႐ွိၾကေကာင္းပါရဲ႕။ ၀ါသနာ႐ွင္ တစ္ဦးစ ႏွစ္ဦးစ သာေတြ႔ရလို႔ ငါလို Crazy ေတြ႐ွိေသးတယ္ ဆိုၿပီး စိတ္ခ်မ္းသာရပါတယ္။ တစ္ေယာက္ကိုေတာ့ သူ႕ကိစၥနဲ႔သူ အလုပ္႐ႈပ္ေနတံုး ဓါတ္ပံု႐ိုက္ခ့ဲပါတယ္။ ကိုယ္ေတာ္ကေတာ့ သိဟန္မတူပါဘူး။
ေနာက္ စါတိုက္ႀကီးအေပၚထပ္မွာ ျပထားတ့ဲ တံဆိပ္ေခါင္းေတြလဲ ေတြ႕ခ့ဲပါတယ္။ အဲဒီထဲက တစ္ခုက ျပထားပံုသေဘာက်လို႔ ဓါတ္ပံု႐ိုက္ခ့ဲမိပါတယ္။ တကယ္က တံဆိပ္ေခါင္းစုတ့ဲ အလုပ္ဟာ ေပ်ာက္ကြယ္ေတာ့မွာပါ။ စုတ့ဲဓေလ့ ေပ်ာက္ကြယ္ယင္ အယင္ စုထားတာေတြကိုေတာင္ တန္းဖိုးထားၾကေတာ့ပါ့မလား မသိပါဘူး။ Antique ဓေလ့ျဖစ္ေနပါၿပီ။
ကၽြန္ေတာ္ ကိုယ္တိုင္ေတာင္ တံဆိပ္ေခါင္းေတြ ျပန္မၾကည့္ျဖစ္တာ ၾကပါၿပီ။ ခုလို အသစ္ထြက္မွသာ ျပန္ၾကည့္ျဖစ္ပါတယ္။ မွတ္မိတ့ဲ အ႐ြယ္ကတည္းက ပါခ့ဲတ့ဲ၀ါသနာဆိုေတာ့ ျဖတ္ဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့ပါဘူး။ တံဆိပ္ေခါင္းစုတဲ့ ၀ါသနာ႐ွင္ေတြရဲ႕ ႏွလံုးသားက ႏူးည့ံတယ္ေလ။ မယုံၾကဘူးလား။ ။

04 January 2009

new stamps


-->
(Unicode version) 

ယနေ့ မြန်မာနိုင်ငံရဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ပါ။ အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုး ထုတ်ပါတယ်။ Quality ကတော့ အထူးပြောမနေတော့ပါဘူး။ တကယ်ထူးတာကတော့ ဈေးနှုံးပါ။ ၂၀၀ ကျပ်တန် နဲ့ ၃၀၀ကျပ် တန်တွေ ထုတ်တာပါ။ စုတ့ဲသူတွေ တော်တော်အီပါတယ်။ တစ်စုံ ဆို ၅၀၀ကျပ် ကျနေပါပြီ။ ခါတိုင်းဆို ကျွန်တော် First Day Cover ဆယ်စုံလောက် စုပါတယ်။ ခု ဒီတစ်ခါတော့ နှစ်စုံသာ ၀ယ်ပါတော့တယ်။ loose ကလဲ သတ်သတ် စုရသေးတယ်လေ။

တကယ်က အယင် တံဆိပ်ခေါင်း စုတာ ခေတ်စားတုံးက ဒါမျိုးလုပ်သင့်တာပါ။ ခုတော့ စိတ်၀င်စားသူ အလွန် နဲသွားတ့ဲခေတ် ဖြစ်နေပါပြီ။ Email ခေတ်ရောက်ကုန်ပြီလေ။ အယင်ကဆို အထိမ်းအမှတ် ဖျက်တုံး ရိုက်ဖို့ တန်းစီရတာ အတော်ကြာ စောင့်ရပါတယ်။ ဒီနေ့ လူတစ်ယောက်မှ မစောင့်ရပါဘူး။

ကိုယ်တိုင်သွားမိမှ အရင်လွတ်ထားတ့ဲ တံဆိပ်ခေါင်းတွေ သွားတွေ့ပါတယ်။ တံဆိပ်ခေါင်း၀ယ်မရခ့ဲဘဲ First Day Cover သာ ၀ယ်ခ့ဲရပါတယ်။ မနှစ်က (ဘာလိုလိုနဲ့ မနှစ်က ဖြစ်သွားပြီဗျို့) အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ တုံးကထုတ် ထားတာပါ။ ရတာလေးဘဲ post တင်လိုက်ပါတယ်ဗျာ။ ။



XxXxXx 

(Zawgyi version) 

ယေန႔ ျမန္မာႏိုင္ငံရဲ့ ၆၁ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ပါ။ အထိမ္းအမွတ္ တံဆိပ္ေခါင္း ႏွစ္မ်ိဳး ထုတ္ပါတယ္။ Quality ကေတာ့ အထူးေျပာမေနေတာ့ပါဘူး။ တကယ္ထူးတာကေတာ့ ေစ်းႏႈံးပါ။ ၂၀၀ က်ပ္တန္ နဲ႔ ၃၀၀က်ပ္ တန္ေတြ ထုတ္တာပါ။ စုတ့ဲသူေတြ ေတာ္ေတာ္အီပါတယ္။ တစ္စံု ဆို ၅၀၀က်ပ္ က်ေနပါၿပီ။ ခါတိုင္းဆို ကၽြန္ေတာ္ First Day Cover ဆယ္စံုေလာက္ စုပါတယ္။ ခု ဒီတစ္ခါေတာ့ ႏွစ္စုံသာ ၀ယ္ပါေတာ့တယ္။ loose ကလဲ သတ္သတ္ စုရေသးတယ္ေလ။
တကယ္က အယင္ တံဆိပ္ေခါင္း စုတာ ေခတ္စားတံုးက ဒါမ်ိဳးလုပ္သင့္တာပါ။ ခုေတာ့ စိတ္၀င္စားသူ အလြန္ နဲသြားတ့ဲေခတ္ ျဖစ္ေနပါၿပီ။ Email ေခတ္ေရာက္ကုန္ၿပီေလ။ အယင္ကဆို အထိမ္းအမွတ္ ဖ်က္တံုး ႐ိုက္ဖို႔ တန္းစီရတာ အေတာ္ၾကာ ေစာင့္ရပါတယ္။ ဒီေန႔ လူတစ္ေယာက္မွ မေစာင့္ရပါဘူး။
ကိုယ္တိုင္သြားမိမွ အရင္လြတ္ထားတ့ဲ တံဆိပ္ေခါင္းေတြ သြားေတြ႔ပါတယ္။ တံဆိပ္ေခါင္း၀ယ္မရခ့ဲဘဲ First Day Cover သာ ၀ယ္ခ့ဲရပါတယ္။ မႏွစ္က (ဘာလိုလိုနဲ႔ မႏွစ္က ျဖစ္သြားၿပီဗ်ိဳ႕) အေျခခံ ဥပေဒ ဆႏၵခံယူပြဲ တံုးကထုတ္ ထားတာပါ။ ရတာေလးဘဲ post တင္လိုက္ပါတယ္ဗ်ာ။ ။

03 January 2009

MY home 2009

ကျွှွန်တော့့်ရဲ့ အိမ်ကို ၂၀၀၇ အောက်တိုဘာ ၂၇ ရက်က ဓါတ်ပုံ ရိုက်ခ့ဲပါတယ်။ ရည်ရွယ်တာကတော့ နှစ်တိုင်း အဲဒီနေ့မှာ ရိုက်ဖို့ပါဘဲ။ ဒါပေမ့ဲ မေ့နေလို့ ၂၀၀၉ နှစ်ဆန်းတစ်ရက်နေ့ကျမျ ရိုက်နိုင်ပါတယ်။ နောက်နှစ်လဲ နှစ်ဆန်းတစ်ရက်နေ့တွေမှာ မမေ့အောင်ကြိုးစား ရတော့မှာပေါ့။