04 January 2025

လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊

ပုံမှန်အတိုင်းဘဲ လွတ်လပ်ရေးနေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ သုံးခေါင်းပါ။ မြန်မာ့စာပို့ဌာနအနေနဲ့ အကြိမ်အများဆုံး ထုတ်ဝေလေ့ရှိတဲ့နေ့ပါ။ . ၂၀၀ ကျပ်တန် သုံးခေါင်းပါ။ ရန်ကုန် ပုဂံ နဲ့ အင်းလေးဒေသ ပုံတွေနဲ့ပါ။ FDCလည်း တံဆိပ်ခေါင်းပုံနဲ့အတူ သုံးမျိုးပါ။ ၂၀၂၅ နှစ်သစ်နဲ့အတူ FDCက ဈေးတက်သွားပါပြီ။ တအိပ် ၆၀၀ကျပ်ပါ။ ကွာလတီကတော့ ကောင်းမြဲပါ။ . တံဆိပ်ခေါင်းဒီဇိုင်း တိုးတက်လာတယ်လို့ ပြောရမယ်။ အရင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ခေါင်းဆို bill board ပိုစတာပုံတွေနဲ့ ထုတ်လေ့ရှိရာက အခုတခေါက် ပို့စကဒ်ပုံနဲ့ တူလာပါပြီ။ . အင်းလေးပုံနဲ့က သုံးခေါင်းထဲ အကြိုက်ဆုံးပါ။ ဒီတခေါက် ကာလာလည်း အခြားစီးရီးက ခေါင်းတွေထက် ပိုပါသလိုဘဲ။ မူရင်းဒီဇိုင်းမှာကိုက အရောင်တောက်လို့လား မသိပါ။