12 June 2019

၂၀၂၀အတွက် လျှပ်စစ်မီး

(Zawgyi version)

   ဒီဇယားေတြကို ရန္ကုန္ေနသူေတြ တသက္လံုးမွတ္မိေနေတာ့မွာပါ။ မီးေပးမ့ဲအခ်ိန္ဇယားလား၊ မီးျဖတ္မ့ဲအခ်ိန္ဇယားလား။ ႐ႈျမင္သူအေပၚဘဲ မူတည္ပါတယ္။
.
ေပးစရာလွ်ပ္စစ္ မလံုေလာက္ပါဘူး၊ ဒါေၾကာင့္မို႔ ခြဲတမ္းခ်ေပးရမယ္လို႔ အီးပီစီက တရားဝင္ေျပာတာ ေက်းဇူးတင္စရာပါ။ အရင္လို ျဖတ္ခ်င္သလိုျဖတ္၊ ျပတ္ခ်င္သလို ျပတ္ေနတာထက္စာရင္ အလုပ္လုပ္လို႔ရပါတယ္။ ႀကိဳတင္စီစဥ္ခြင့္ ရတာေပါ့။ ဇယားအတိုင္းလည္း အနီးစပ္ဆံုး မပ်က္ဘဲေပးတာ ေတာ္ပါေသးတယ္။
.
ဒါေပမယ့္ လြန္ခ့ဲတ့ဲ တပတ္ခန္႔ကစ မီးျဖတ္ခ်ိန္ေလ်ာ့ၿပီဆိုလို႔ ေပ်ာ္ေနၾကတာ မေန႔ညဆယ္နာရီက အီးပီစီကတင္တ့ဲ ဇယားအသစ္အရ ပိုဆိုးလာတာေတြ႔ေတာ့ စိတ္မေကာင္းပါ။ လြန္ခ့ဲေသာ ႏွစ္ငါးဆယ္ေလာက္ကစ မယံုၾကည္ခ့ဲတ့ဲ ျမန္မာ့လွ်ပ္စစ္ဌာန အီးပီစီအတြက္ နာမည္ေကာင္းရဖို႔ နီးကာမွ လြဲေခ်ာ္ျပန္ပါၿပီ။
.
အေရးႀကီးတာက ေနာက္ႏွစ္ေႏြမွာ ဒါမ်ိဳးမျဖစ္ႏိုင္ေအာင္ စီမံဖို႔ပါ။ တႏွစ္ဆိုတ့ဲအခ်ိန္သည္ ပေရာဂ်က္ႀကီးေတြအတြက္ေတာ့ နည္းပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ႏွစ္၂၀၂၀မွာ အေထြေထြေရြးေကာက္ပြဲ ႐ွိတာေၾကာင့္ ဒါကို မဲဆြယ္ဖို႔ အသံုးခ်ၾကပါလိမ့္မယ္။ ခုေတာင္ မီးေပးႏိုင္ရက္နဲ႔ NLDအစိုးရ နာမည္ပ်က္ေအာင္လုပ္ေနတာလို႔ ထင္ေနသူေတြ႐ွိသဗ်။
.
ပတ္ထိန္းေတြကလည္း သူတို႔အလုပ္ သူတို႔လုပ္မွာဘဲ။ ေက်ာက္မီးေသြးသမားေတြကလည္း ကန္႔ကြက္မွာဘဲ။ ဆည္ေဆာက္မွာ ေၾကာက္သူေတြကလည္း ဆန္႔က်င္မွာပါဘဲ။ ေနာက္ဆံုး အစိုးရနာမည္ေကာင္းရမွာစိုးလို႔ ကဖ်က္ယဖ်က္လုပ္သူေတြ လုပ္မွာပါဘဲ။
.
လွ်ပ္စစ္မီးပိုထြက္လာလို႔ ရမ့ဲအက်ိဳးနဲ႔ ထိခိုက္မ့ဲအပစ္ အခ်ိဳးကို တြက္ခ်က္ၿပီး ေ႐ွ႕ဆက္လုပ္ဖို႔က အစိုးရနဲ႔လႊတ္ေတာ္ တာဝန္ဘဲလို႔ ယူဆေၾကာင္းပါဗ်ာ။ အဆင္အေျပဆံုး ေရြးခ်ယ္ၿပီး ေ႐ွ႕ဆက္ႏိုင္ၾကပါေစ။ ေနာင္ႏွစ္ေႏြမွာ မီးထိန္ႏိုင္ပါေစ။   ။

XxXxXx

(Unicode version)

   ဒီဇယားတွေကို ရန်ကုန်နေသူတွေ တသက်လုံးမှတ်မိနေတော့မှာပါ။ မီးပေးမ့ဲအချိန်ဇယားလား၊ မီးဖြတ်မ့ဲအချိန်ဇယားလား။ ရှုမြင်သူအပေါ်ဘဲ မူတည်ပါတယ်။
.
ပေးစရာလျှပ်စစ် မလုံလောက်ပါဘူး၊ ဒါကြောင့်မို့ ခွဲတမ်းချပေးရမယ်လို့ အီးပီစီက တရားဝင်ပြောတာ ကျေးဇူးတင်စရာပါ။ အရင်လို ဖြတ်ချင်သလိုဖြတ်၊ ပြတ်ချင်သလို ပြတ်နေတာထက်စာရင် အလုပ်လုပ်လို့ရပါတယ်။ ကြိုတင်စီစဉ်ခွင့် ရတာပေါ့။ ဇယားအတိုင်းလည်း အနီးစပ်ဆုံး မပျက်ဘဲပေးတာ တော်ပါသေးတယ်။
.
ဒါပေမယ့် လွန်ခ့ဲတ့ဲ တပတ်ခန့်ကစ မီးဖြတ်ချိန်လျော့ပြီဆိုလို့ ပျော်နေကြတာ မနေ့ညဆယ်နာရီက အီးပီစီကတင်တ့ဲ ဇယားအသစ်အရ ပိုဆိုးလာတာတွေ့တော့ စိတ်မကောင်းပါ။ လွန်ခ့ဲသော နှစ်ငါးဆယ်လောက်ကစ မယုံကြည်ခ့ဲတ့ဲ မြန်မာ့လျှပ်စစ်ဌာန အီးပီစီအတွက် နာမည်ကောင်းရဖို့ နီးကာမှ လွဲချော်ပြန်ပါပြီ။
.
အရေးကြီးတာက နောက်နှစ်နွေမှာ ဒါမျိုးမဖြစ်နိုင်အောင် စီမံဖို့ပါ။ တနှစ်ဆိုတ့ဲအချိန်သည် ပရောဂျက်ကြီးတွေအတွက်တော့ နည်းပါလိမ့်မယ်။ ဒါပေမယ့် နောက်နှစ်၂၀၂၀မှာ အထွေထွေရွေးကောက်ပွဲ ရှိတာကြောင့် ဒါကို မဲဆွယ်ဖို့ အသုံးချကြပါလိမ့်မယ်။ ခုတောင် မီးပေးနိုင်ရက်နဲ့ NLDအစိုးရ နာမည်ပျက်အောင်လုပ်နေတာလို့ ထင်နေသူတွေရှိသဗျ။
.
ပတ်ထိန်းတွေကလည်း သူတို့အလုပ် သူတို့လုပ်မှာဘဲ။ ကျောက်မီးသွေးသမားတွေကလည်း ကန့်ကွက်မှာဘဲ။ ဆည်ဆောက်မှာ ကြောက်သူတွေကလည်း ဆန့်ကျင်မှာပါဘဲ။ နောက်ဆုံး အစိုးရနာမည်ကောင်းရမှာစိုးလို့ ကဖျက်ယဖျက်လုပ်သူတွေ လုပ်မှာပါဘဲ။
.
လျှပ်စစ်မီးပိုထွက်လာလို့ ရမ့ဲအကျိုးနဲ့ ထိခိုက်မ့ဲအပစ် အချိုးကို တွက်ချက်ပြီး ရှေ့ဆက်လုပ်ဖို့က အစိုးရနဲ့လွှတ်တော် တာဝန်ဘဲလို့ ယူဆကြောင်းပါဗျာ။ အဆင်အပြေဆုံး ရွေးချယ်ပြီး ရှေ့ဆက်နိုင်ကြပါစေ။ နောင်နှစ်နွေမှာ မီးထိန်နိုင်ပါစေ။ ။

No comments:

Post a Comment

Thank you.